← Chapters

အရှုပ်အထွေး

Vol. 3 Ch. 36

အရှုပ်အထွေး

Vol. 3 Ch. 36

အရိုးစုကတော့ မာရှန်းကို သတ်ပြီးသည့် နောက်မှာခည်း ဆက်လက် ရွေ့လျားနေခဲ့သည်..။မျကိစိ တစ်မှတ်အတွင်းမှာပဲ..နောကိထပ် တပည့်နှစ်ယောက်ဟာ သေဆုံးသွားခဲ့၏..။

"ဂိုဏ်းတူညီလေး နန်ဖန်း..ငါတို့ မှားယွင်းသွားပါတယ်..။ကျေးဇူးပြုပြီး ..ကယ်တင်ပေးပါဦး.."

ဒဏ်ရာ ရနေသည့်..တပည့်ငါးယောက်က ရှောင်နန်ဖန်းဆီကို ပြေးလာလိုက်ကြသည်..။

ရှောင်နန်ဖန်း သူတို့ကို တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..အရိုးစူက သူ့ရှေ့တွင် ပေါ်လာပြီး အရိုးနှင့်ထိုးရန် ကြိုးစားလိုက်သည်..။သူ၏ စိတ်ဝိဥာဥ် စွမ်းအင် အပြည့်အဝ သုံးထားသည့်တိုင်အောင်..နောက်ကို သုံးလှမ်းခန့် ပြန်ဆုတ်လိုက်ရ၏..။

"ဒါက ဒီလောက် မြန်မြန်ကြီး သန်မာလာတာလား.."

သူတို့အစောကတင် လက်ရည်တူ တိုက်ခိုက်ခဲ့ကြသည်..။အခုတော့ ဒါက သူ့ကို ကျော်လွန်သွားပြီဖြစ်၏..။

အရိုးစုဟာ ရှောင်နန်ဖန်း၏ နောက်ဘက်တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်..။သူ တံတောင်ဖြင့် တိုက်ခိုက်လိုက်ပေမယ့် အရိုးစုက အတော်လေးကို မြန်ဆန်လှ၏..။သူ၏ လက်သည်းတစ်ဖက်က တံတောင်ကို ကာပြီး ကျန်တစ်ဖက်က ရှောင်နန်ဖန်း၏ နောက်ကျောကို တိုက်ခိုက်လိုက်သည်..။ကျယ်လောင်သည့် အသံနှင့်အတူပဲ သူ လွင့်ထွက်သွားခဲ့၏..။

ရှောင်နန်ဖန်း အတော်လေး စိတ်ပူသွားခဲ့သည်..။တကယ်လို့ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုလျင် သူ၏ စိတ်ဝိဥာဥ် စွမ်းအင်များက မကြာခင် ကုန်သွားတော့မည်ဖြစ်၏..။

သို့ပေမယ့် အရိုးစုတွင်တော့ မတူညီသည့် အစီစဥ်များ ရှိနေခဲ့သည်..။သူက ချကိချင်းဆိုသလိုပဲ နောက်ထပ် တပည့်တွေဆီကို ရောက်သွားခဲ့၏..။

"အား..ကယ်ပါဦး.."

သူတို့က သွေးအိုင်ထဲကို လဲကျသွားခဲ့သည်..။

အရိုးစူက သူဆို့၏ စိတ်ဝိဥာဥ်ကို စုပ်ယူပြီး ပိုသန်မာလာခဲ့၏..။

ရှောင်နန်ဖန်း ချွေးပျံလာခဲ့သည်..။သူက ပုံရိပ်ယောင် ကမ္ဘာထဲမှာ ပိတ်မိနေပြီး အပြင်က ဘယ်သူနဲ့မှလည်း ဆကိသွယ်လို့ မရပေ..။

"သူက ပိုပြီး သန်မာလာပြီ..။သူ့ကို တိုက်ခိုကိဖို့ ငါ့မှာ စိတ်ဝိဥာဥ် စွမ်းအင်လုံလောက်အောင် မရှိတော့ဘူး..။တစ်ခြား ဘာလုပ်လို့ ရသေးလဲ..။ယင် ပုလဲလုံးက တစ်ခုခု လုပ်နိုငိလောက်လား.."

ရှောင်နန်ဖန်းလည်း တစ်ခြား ဘာလုပ်ရမလဲ ဆိုတာ မသိတော့ပေ..။အရာဝတ္တုတွေက ပုံရိပ်ယောငိ ကမ္ဘာကို မသက်ရောက်နိုင်ပေမယ့်လည်း သူ စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်..။

သူ၏ အစစ်အမှနိ ခန္တာကိုယ်ရဲ့ နှာဖူးထိပ်တွင်တော့..အထူးယင် ပုလဲလုံးသည် စိတ်ဝိဥာဥ် စွမ်းအင်များ စီးဆငိးလာသည်ကို အာရုံခံမိလိုက်သည်..။သူက ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်ရောက်မလာခဲ့ပေမယ့် အအေးဓာတ်များကို စတင်ထုတ်လွတ်ပေးခဲ့၏..။

အေးစက်သည့် လေထုက စိတ်ဝိဥာဥ် စွမ်းအင်ကနေတဆငိ့..ပုံရိပ်ယောင် ကမ္ဘာထဲကို ဝင်လာခဲ့၏..။

ပုံရိပ်ယောင် ကမ္ဘာထဲတွင်တော့ ရှောင်နန်ဖန်း၏ ပတ်လည်တွင် အေးစက်သည့် လေထုတစ်ခု ဖြစ်ပေါ်လာခဲ့သည်..။

"အရမ်းအေးတာပဲ.."

ရှောင်နန်ဖန်း ပြောလိုက်၏..။

ဒါက မြင်ကွက်းထဲမှာ ရှိနေသည့် အရာအားလုံးကို အေးခဲပစ်နေခဲ့သည်..။ယင်းနောက် ..အေးခဲသွားသည့် လေထုသည် အက်ကွဲသွားခဲ့ပြီး အပေါက်တစ်ခု ပေါ်လာခဲ့သည်..။

ရှောင်နန်ဖန်း တွေဝေခြင်း မရှိပဲ အပေါက်ထဲကနေ တဆင့် တိုးဝင်သွားခဲ့၏..။

ရုတ်တရက် သူ ပျော်ရွှင်မူကို ခံစားလိုက်ရပြီး မျက်လုံးများကို ဖွင့်လိုက်သည်..။

သူ၏ ခန္တာကိုယ် ဝန်းကျင်တွင် အအေးဓာတ်ကြောင့်..ဆီးနှင်းခဲတွေဖြစ်ပေါ်လာနေပေမယ့် ရှောင်နန်ဖန်းကတော့ ပျော်ရွှင်နေခဲ့၏..။သူက ပုံရိပ်ယောင် ကမ္ဘာထဲကနေ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သည်..။

"အထူး ယင် ပုလဲလုံးက ငါ့ကို ပုံရိပ်ယောင် ကမ္ဘာထဲကနေ ထုတ်ပေးနိုင်တယ်လား..။ငါ နောက်ဆုံးတော့ မဒမ် အလှလေး ဆီကနေ ထွက်ပြေးလို့ရပြီ.."

ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။

ပုံရိပ်ယောင် ထဲမှာတော့ အရိုးစုသာ် နောကိဆုံးတစ်ယောက်ကို သတ်လိုက်ပြီး ရှောင်နန်ဖန်း ထွက်သွားခဲ့သည့် အပေါက်ကို ကြည့်လိုက်သည်..။

သူက နောက်ဆုံးတပည့်၏ စိတိဝိဥာဥ်ကို စုတ်ယူလိုက်ပြီး အတော်လေးကို ဒေါသထွက်နေခဲ့၏..။

အစစ်အမှန် ကမ္ဘာတွင်တော့..ရှောင်နန်ဖန်း သည် သူ့ကိုယ်ထဲက ချီ များကို လှည့်ပတ်လိုက်ပြီး ခန္တာကိုယ်ကို အနွေးဓာတ်ရစေခဲ့သည်..။

ဘေးနားတွင်တော့ မာရှန်းနှင့် တစ်ခြားလူများ၏ အလောင်းများရှိနေခဲ့၏..။မြေကြီးပေါ်တွင်တော့ အဆောင်ပုံစံ ပြာပုံလေးပါ ရှိနေခဲ့သည်..။

ရှောင်နန်ဖန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ခုခုကို ခံစားမိလိုက်သည်..။သူ့ မျက်နှာပေါ်မှာ ဒေါသတွေပြည့်လာခဲ့၏..။

"ကျိုးယွန်ဂျီ..မင်း ဒီမှာရှိနေတာ ငါသိတယ်.."

သူ၏ ပတ်လည်မှာတော့ ငြိမ်သက်နေခဲ့၏..။

"ကျိုးယွန်ဂျီ ..ဒါတွေက မင်းကြောင့်ဖြစ်လာတယ် ဆိုတာ ငါသိထားတယ်..။မင်း ဒီမှာ ရှိနေတယ်မလား..ဒါမှမဟုတ် မင်းက တာဝန်မယူရဲတာလား.."

အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက်မှ ပုံရိပ်သုံးခုဟာ..မြူတွေကြားထဲကနေ ထွက်လာခဲ့သည်..။ဒီသုံးယောက်က ကျိုးယွန်ဂျီတို့ဖြစ်၏..။

ကျိုးယွန်ဂျီ ," မင်းဘယ်လို သိတာလဲ.."

"ငါသာ မာစတာကို အနှောက်ယှက်မဖြစ်စေချငိလို့မဟုတ်ရင် အလိမ်ခံရမှာမဟုတ်ဘူး..။မင်းဘယ်လိုများ မာစတာကို အသုံးချနိုင်ရတာလဲ..။ဒါက စည်းကျော်နေပြီ.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

"ငါ့ တုန်ကင်က အခိုးခံလိုက်ရတာပဲ.."

ကျိုးယွန်ဂျီ မျက်မှောင်ကျုတ်ပြီး ရှင်းပြလိုက်၏..။

"ခိုးခံရတာလား..။မင်းက တမင်အခိုးခံရအောင် ဖန်တီးလိုက်တာ မဟုတ်ဘူးလား..။ပုံရိပ်ယောင် ကမ္ဘာထဲမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာရော သိရဲ့လား..။မင်း နောက်ဆက်တွဲတွေကိုရော သိရဲ့လား.."

ရှောင်နန်ဖန်း ဒေါသတကြီး ဆကိပြောလိုက်သည်..။

"ဒီအဆောင်က မင်းကို ခနလောက်ပဲ..ပိတ်မိစေလိမ့်မမှာ..။မင်းကို သူတို့ သတ်နိုင်မှာမဟုတ်ဘူး.."

ကျိုးယွန်ဂျီ ပြောလိုက်သည်..။

ဂျူနီယာ တပည့်နှစ်ယောက်ကတော့ ရုတ်တရက်..အလောင်းတွေနားကို သွားကာ စစ်ဆေးကြည့်လိုက်၏..။

"ဂိုဏ်းတူ အစ်ကို..သူတို့သေနေကြပြီ.."

ဂျူနီယာ တပည့်တစ်ယောက်က တင်ပြလိုက်သည်..။

"ဘာ..သူတို့သေကုန်ကြပြီလား.."

ကျိုးယွန်ဂျီ ရေရွတိလိုက်သည်..။အခုချိန်ကျမှ တစ်ခုခု ဆိုးဝါးတာ ဖြစ်ခဲ့တယ် ဆိုတာကို သူ သိလိုက်၏..။

"ကိုယ့်ကိုကို အရမ်းယုံကြည်မူ မရှိနဲ့..။အရာရာတိုင်းကို ထိန်းချုပ်နိုင်ပြီလို့ မထင်လိုက်နဲ့..။မဟုတ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် မင်းနာမည်က အဖတ်ဆယ်လို့ မရဖြစ်သွားလိမ့်မယ်.."

ရှောင်နန်ဖန်း အေးစက်စွာပြောလိုက်၏..။

"ပုံရိပ်ယောင်ထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ.."

ကျိုးယွန်ဂျီ မေးလိုက်၏..။

"မာစတာကို ဘယ်လိုရှင်းပြမလဲ သာ တွေးထားလိုက်.."

ကျိုးယွန်ဂျီကို ရှင်းပြမယ့်အစား ရှောင်နန်ဖန်းသည် မြူတွေကြားထဲမှ လှည့်ထွက်လာခဲ့သည်..။

"ဒီ အစီစဥ်က ပြီးပြည့်စုံတယ်..။မာရှန်း နဲ့ ချန်းရန် တို့တောင်..မသိခဲ့ကြဘူးလေ..။ဂိုဏ်းတူအစ်ကိုက အားလုံးကို လှည့်စားနိုင်ခဲ့ပေမယ့် သူက ဘယ်လိုလုပ် သိသွားရတာလဲ.."

တပည့်တစ်ယောက်က မေးလိုက်သည်..။

"နန်ဖန်းက စူးရှတဲ့ အမြင်တွေ ရှိတာကိုတော့ လက်ခံရမယ်..။သူက သေးငယ်တဲ့ သဲလွန်စလေးတွေကိုတောင် မြင်နိုင်တယ်.."

ကျိုးယွန်ဂျီ ဖြေလိုက်သည်..။

"ဂိုဏ်းတူ အစ်ကို အခုတော့ နန်ဖန်းက ..စပိုင်မဟုတ်ဘူးဆိုတာ သေချာသွားပြီပေါ့.."

တပည့်တစ်ယောက်က မေးလိုက်သည်..။

ကျိုးယွန်ဂျီ စဥ်းစားနေခဲ့၏..။ပြီးခဲ့သည့် လအနည်းငယ်က သူက မာရှန်းနဲ့ တစ်ခြားလူတွေကို စစ်မေးပြီး ရှောင်နန်ဖန်း၏ နာမည်ကို ထွက်လာရန် စောင့်ဆိုင်းနေခဲ့သည်..။သူက ကျွန်းက ထွက်သွားရန်ပင် ဟန်ဆောင်ပြီး ချန်းရန် ကို သူ့လူတွေကို ကယ်ဖို့ အခွင့်အရေး ပေးထားခဲ့၏..။သူက ဒီလူတွေ နန်ဖန်းကို ဘယ်လိုဆက်ဆံမလဲ ဆိုတာကို သိချင်နေခြင်းဖြစ်သည်..။ကံဆိုးချင်တော့....

"သိပ်တော့ မသေချာသေးဘူး..!

ကျိုးယွန်ဂျီ ဖြေလိုက်၏..။

"ဂိုဏ်းတူ အစ်ကို..ဂိုဏ်းတူညီလေး နန်ဖန်းကို နည်းနည်း ကြမ်းတမ်းနေတာမဟုတ်ဘူးလား..။အကြီးကဲ ကု တောင် သူက အပြစ်ကင်းတယ်လို့ ပြောပေးခဲ့တာလေ.."

"နန်ဖန်းရဲ့ နောက်ခံက ဟာကွက်တွေရှိနေတယ်..။သူက တစ်ခုခုမှားနေတာပဲ..ငါကတော့ သံသယ..ကို မရုတ်သိမ်းနိုင်သေးဘူး.."

ကျိုးယွန်ဂျီ ခေါင်းမာစွာပြောလိုက်သည်..။

"ကောင်းပါပြီ..ဒါပေမယ့် ဒီအလောင်းတွေကို ဘယ်လိုလုပ်ကြမလဲ.."

"သူတို့က ဆက်မေးလည်း အသုံးမဝင်တာကြောင့် သေသွားတာက အသေးအမွှားလေးပဲ..။ဖြစ်နိုင်တာက သူတို့ကို နှုတ်ပိတ်ချင်လို့ ရှောင်နန်ဖန်းက သတ်လိုက်တာတောင်ဖြစ်နိုင်တယ်.."

ကျိုးယွန်ဂျီ သုံးသပ်လိုက်သည်..။

ကျန်သည့် တပည့်နှစ်ယောက်က ကျိုးယွန်ဂျီကို ကြောင်တောင်တောင်ကြည့်လိုက်ကြ၏..။စီနီယာက နန်ဖန်းကို တကယ်ပဲ..သူလျိုဖြစ်စေချင်နေတာလား..။

"ဂိုဏ်းတူ အစ်ကို ကျွန်တော်တို့သွားကြရအောင်..။ကျွန်တော်တို့က အလင်းအိမ်တော်နား ရောက်နေကြတာလေ..။နည်းနည်းတော့ စိုးရိမ်မိတယ်.."

တပည့်တစ်ယောက်က အကြံပေးလိုက်၏..။

ကျိုးယွန်ဂျီလည်း တစ်ခုခုကို တွေးမိသွား၏..။

"သွားကြမယ်.."

တပည့်နှစ်ယောက်က အလောင်းတွေကို သယ်လိုက်ပြီး အလင်းအိမ်တော်နားကနေ အမြန်ထွက်ခွာသွားခဲ့ကြသည်..။

လေးနာရီ ခန့်ကြာပြီးနောကိ ရှောင်နန်ဖန်း သူ၏ အိပ်ဆောငိသို့ ပြန်ရောက်ပြီး ရေချိုး အဝတ်အစားလဲကာ အကြီးအကဲ ကုကို သွားတွေ့ခဲ့သည်..။

အကြီးအကဲ ကု၏ ခန်းမထဲတွင်တော့ ရှောင်နန်ဖန်း ဖြစ်ပျက်သမျှအားလုံးကို ပြန်ပြောနေခဲ့၏..။

"ကျိုးယွန်ဂျီက တပည့်ကို ထောင်ခြောကိဆင်ပြီး ဘာလုပ်ချငိနေတာလဲ.."

အကြီးအကဲ ကု မျက်မှောင်ကျုတိလိုက်သည်..။

"ဂိုဏ်းတူ အစ်ကို က..သူလျိုတွေကို ဖော်ထုတ်ချင်လိူ့ ဖြစ်မှာပါ မာစတာ..။တပည့် ဒီကိစ္စကို ဘယ်လိုမှ သဘောမထားပါဘူး.."

သူတကယ် စိတ်မရှိတာလား..။ဒါပေါ့ ဒီလို မဟုတ်ကေ..။သို့ပေမယ့် ကျိုးယွန်ဂျီက အကြီးအကဲ ကု ၏ အကြီးဆုံး တပည်ဖြစ်နေတာကြောင့် သူ ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် လိုအပ်၏..။လက်စားချေတာကတော့ သူကိုယ်တိုင်လုပ်ရမည့်အရာဖြစ်သည်..။

အကြီးအကဲ ကု က ရှောင်နန်ဖန်း၏ ပုခုံးကို ပုတ်လိုက်ပြီး..

"မင်းက လူကောင်းလေးပဲ..။ကျိုးယွန်ဂျီက ဒီတစ်ကြိမ် စည်းကျော်သွားပြီ..။ဆရာ သူ့ကို အပြစ်ပေးလိုက်မယ်.."

"သိပါပြီ မာစတာ.."

အကြီးအကဲ ကု ရှောင်နန်ဖန်းကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး..

"တပည့်က ပုံရိပ်ယောင်ထဲကနေ တစ်ယောက်တည်း လွတ်လာခဲ့တာပဲ..။ဒီလို လွတ်မြောက်လာတာ တကယ် ကံကောင်းတယ်လို့ ပြောလို့ရတယ်..။မဟုတ်ရင် အခြေအနေတွေ ဆိုးသွားနိုင်တယ်.."

"တပည့် ဘာလုပ်သင့်လဲ မာစတာ.."

ရှောင်နန်ဖန်း စိူးရိမ်စွာပြောလိုက်သည်..။

"တိုင်ချင်ကျွန်းကနေ ခနလောက်ထွက်ပြီး မော်တယ် ကမ္ဘာကို ပြန်သွားရင်ရော ဘဟ်လိုလဲ..။ဖြစ်နိုင်တာက မဒမ် အလှလေးက တပည့်ကို စိတ်ဝင်စားမူ မရှိတော့တာ ဖြစ်နိုင်တယ်လေ.."

အကြီးအကဲ ကု အကြံပေးလိုက်သည်..။

ရှောင်နန်ဖန်း : သူက ငါ့ကို တစ်လလောက် မရပ်မနား..ကြံစည်နေတာလေ..။ဘယ်လိုလုပ် မြန်မြန်ကြီး စိတ်မဝင်စားတော့မှာလဲ..။

"အရမ်းကြီး မကြောက်ရွံ့နဲ့..။အရာရာတိုင်းက ကောင်းဖို့ ဖြစ်လာတာ..။အပြင်ဘက်ထွက်ပြီး လမ်းလျောက်ပြီး စား သောက် နေလိုက်ရင် ကိုယ့်ကိုကို ပိုပြီး သိလာလိမ့်မယ်.."

ရှောင်နန်ဖန်း အကြီးအကဲကို တိတ်ဆိတ်ပြီး ကြည့်နေခဲ့၏..။မာစတာရဲ့ လေသံက ဘာလို့ ငါ့အပေါ်မျှော်လင့်ချက်တွေကို လက်လျော့သလိုဖြစ်နေရတာလဲ..။

"ဒီအတော်အတွင်းမှာ ဆရာ့အနေနဲ့ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်.."

အကြီးအကဲ ကု သတိပေးလိုက်၏..။

"ဟုတ်ကဲ့ပါ မာစတာ..!

"တိုင်ချင်ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို စိတ်ထဲမှာ မှတ်ထားပါ..။တပည့်အများစုက မေ့ဖျောက်ထားကြတတ်ပေမယ့် တပည့်ကတော့ တိုင်ချင်ဂိုဏ်းရဲ့ သင်ကြားမူတွေကို လေးလေးနက်နက် လိုက်နာမယ်လို့ ဆရာမျှော်လင့်မိတယ်.."

အကြီးအကဲ ကု ပြောလိုက်၏..။

"ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်တွေကို လားဆရာ..။ဂိုဏ်းရဲ့ ဆောင်ပုဒ်တွေ.."

ရှောင်နန်ဖန်းမေးလိုက်သည်..။

"နတ်ဆိုးတစ်ယောက် မဖြစ်လာစေနဲ့..အဲဒီအစား နဂါးတစ်ကောင်ဖြစ်အောင် ကြိုးစားပါ.."

အကြီးအကဲ ကု ရေရွတ်လိုက်၏..။

All Chapters