အပြာရောင် အဆိပ်
Vol. 3 Ch. 38
စိတ်ဝိဥာဥ် သားရဲ အများစုတွင် အနည်းငယ်ကသာ သန္ဓေတည် အဆင့်ကို ရောက်နေကြသည်..။ဒါကြောင့် တိုင်ချင် ဂိုဏ်းသားများက အင်အားသာလွန် နေခဲ့၏...။
ရီဆန်ရွှေး ..၏ နောက်ကျောတွင် လွယ်ထားသည့် ဓားရှည်က..အေးစက်သည့် အော်ရာ များ ထုတ်လွတ်လျက်ရှိ၏..။ရုတ်တရက် သူ့ရဲ့ ဓားက ပျံထွက်သွားပြီး ရွှေရောင် ကျီးကန်းဆီကို ဦးတည်သွားခဲ့သည်..။
ရွှေရောင်ကျီးကန်း၏ အတောင်ပံတွေဟာ တဖြတ်ဖြတ် ခတ်လာခဲ့ပြီး..မီးတောက်များထုတ်လွတ်လာခဲ့၏..။
ဓားပျံဟာ..ကျီးကန်းဆီက ထွက်လာသည့် အရှိန်ကြောင့် နောက်ကို ပြန်ဆုတ်သွားခဲ့၏..။သူက ဒေါသတကြီး အော်ဟစ်ပြီး..ဒီလူသားတွေကို သတ်ရန် နောက်လိုက်တွေကို အမိန့်ပေးလိုက်သည်..။
စိတ်ဝိဥာဥ် ကျီးကန်းများက ချက်ချင်း ဆိုသလိုပဲ..ရွားသားများကို စားသုံးနေရာ ရပ်လိုက်သည်..။ယင်းနောက် သူတို့က တောင်ပံတွေကို ခတ်ပြီး တိုင်ချင် ဂိုဏ်းသားများရှိရာကို ဦးတည်လာခဲ့၏..။
"သတ်ကြ..."
တိုင်ချင်ဂိုဏ်းသားများသည် ဓားတွေကို လက်ကကိုင်ပြီး အကြောက်အလန့်ကင်းစွာ ချီတက်သွားခဲ့ကြသည်..။
ရွှေရောင် စိတ်ဝိဥာဥ် ကျီးကန်းဟာ တောင်ပံများကို ကြမ်းတမ်းစွာ ရိုက်ခတ်ရင်း ရီဆန်းရွှေးဆီကို တိုးဝင်သွားခဲ့၏..။
"သေစမ်း..သောက် သားရဲ.."
ရီဆန်းရွှေး ..အော်ဟစ်ပြီး ဓားနဲ့ ခုတ်ချလိုက်သည်..။
ရွှေရောင် ကျီးကန်း ..ဓားအလင်းရောင်ကို တိမ်းရှောင်လိုက်ပြီး..ရီဆန်းရွှေး ထဲကို မီးလုံးများ မှုတ်ထုတိလိုက်၏..။ရီဆန်ရွှေးသည် ..မီးလုံးများကို တားဆီးနိုင်လိုက်ပေမယ့် သူကိုယ်တိုင်လည်း အနောက်ကို ဆုတ်လိုက်ရ၏..။
ရွှေရောင် ကျီးကန်းသည် အော်ဟစ်လိုက်ပြီး သူ့ဆီကို တိုးဝင်လာခဲ့၏..။
ဓား နှင့်..လက်သည်း များက ထိခိုက်သွားခဲ့ပြီး သွေးများ ပေါ်ထွက်လာခဲ့သည်..။ တိုက်ခိုက်မူများက နေရာတိုင်းတွင် ဖြစ်နေခဲ့ခြင်းဖြစ်၏..။
"ဂိုဏ်းတူ အစ်မ ယွဲ့အာ..ကျွန်တော်ကို စောင့်ရှောက်ဖို့မလိုပါဘူး..။သားရဲတွေကို သွားတိုက်ခိုက်ပါ.."
ရှောင်နန်ဖန်း နောက်ကနေ ပြောလိုက်၏..။
"ငါ သွားရင် ..နင် ဘာလုပ်မှာလဲ..။ဒီမှာက သန္ဓေတည်အဆင့် စိတ်ဝ်ိဥာဥ် ကျီးကန်းတွေ အများကြီးမရှိပေမယ့်..အခြေတည် အဆင့် သားရဲတွေက အများကြီးပဲလေ..။နင် သူတို့ကို တိုကိခိုက်နိုင်မှာမဟုတ်ဘူး.."
ယွဲ့အာ သတိပေးလိုက်၏..။
"စိတ်မပူနဲ့..ကျွန်တော်လည်း ကိုယ့်တာဝန် ကိုယ်ယူရလိမ့်မယ်..။ကျွန်တော်က..သာမန် တပည့်တစ်ယောက်ထက်တော့ သားရဲတွေကို ပိုပြီး သတ်ဖြတ်သင့်တယ်လေ.."
ရှောင်နန်ဖန်း ယုံကြည်မူရှိစွာ ပြန်ဖြေလိုက်၏..။
"နင်..နင့်မှာက ဓားလည်း ပါတာ မဟုတ်ဘူးလေ..။နင်က သားရဲတွေကို လက်ဗလာနဲ့ တိုက်ခိုက်မလို့လား.."
ယွဲ့အာ..သံသယဖြစ်စွာ မျက်မှောင်ကျုတ်လိုက်၏..။
ရှောငိနန်ဖန်း..သူ ယူလာသည့် ..လက်သီးအရွယ်ခန့်ရှိသည့် အပြာရောင်..ပုဆိန်တစ်လက်ကို ထုတ်လိုက်သည်..။
"ဒီကို မထွက်လာခင်မှာ.. ခရမ်းရောင် အဆိပ်ပါတဲ့ပုဆိန်ကို ကိုယ့်ကိုကို ကာကွယ်ဖို့အတွက်ဝယ်ခဲ့တယ်လေ.."
ရှောင်နန်ဖန်း ရှင်းပြလိုက်၏..။
"ခရမ်းရောင် အဆိပ်လား..။နင် အဲတာနဲ့ဘာလုပ်မလို့လဲ..။ဒါက နင် ထိန်းနိုင်တဲ့အရာမဟုတ်ဘူး..။ပြီးတော့ ဒါက အဆိပ်တွေနဲ့ ပြည့်နေတာ..။နင် ဒီအတွက်ကို ရွှေပြား သုံးထောင်လောက်သုံးခဲ့တာလား.."
ယွဲ့အာ မျက်မှောင်ကျုတ်ပြီးပြောလိုက်၏..။
"ဒါက အသုံးဝင်မယ်ဆိုရင် တန်ပါတယ်..။ကျေးဇူးပြုပြီး အနားကို သိပ်မကပ်ပါနဲ့..။ကျွန်တော် စပြီး တိုက်ခိုကိတော့မယ်.."
ရှောင်နန်ဖန်းသည် အဆိပ်ဖြေဆေးကို အရင်သောက်ထားလိုက်ပြီး ရှေ့ကို တက်သွားခဲ့၏..။
သူ..ဆေးလုံးကို ချီနှင့် လှုံ့ဆော်လိုက်သည်..။အခုချိန်မှာတော့ ခရမ်းရောင် အဆိပ်ပါတဲ့ ပုဆိန်ကြောင့် ရှောင်နန်ဖန်း ပတ်လည်မှာ အပြာရောင် အငွေ့တွေ ထွက်ပေါ်နေခဲ့၏..။
"စီနီယာ အစ်ကို..စီနီယာ အစ်မ တို့..သတိထားကြဦး..။ကျွန်တော် လာပြီ.."
ရှောင်နန်ဖန်း အော်လိုက်သည်..။
တပည့်တွေ အများကြီးသည် အသံလာရာကို ကြည့်လိုက်ကြ၏..။
"ခရမ်းရောင် အဆိပ်လား..။ဘယ်သူက ဒါကို ပိုက်ဆံကုန်ခံပြီး ဝယ်ထားတာလဲ..။သူ့ရဲ့ တန်ကြေးက ရွှေပြားသုံးထောင်လောက်ရှိတယ်.."
စီနီယာ တပည့်တစ်ယောက်က ပြောလိုက်၏..။
"နင်ဖန်း..မင်းကြားတယ်နော်..။သူတို့က မင်းကို အရူးတစ်ယောကိလို့ပြောနေတာ"
ရီဒါဖူ အော်ဟစ်ပြီး လှောငိပြောင်လိုက်၏..။
ရှောင်နန်ဖန်း သူတို့ကို လျစ်လျူရူထားလိုက်ပြီး သားရဲတွေ အများကြီးရှိနေတဲ့ နေရာကိုသာ ဦးတည်သွားလိုက်သည်..။ခရမ်းရောင် အဆိပ်ပါတဲ့ ပုဆိန်က စျေးကြီးပေမယ့်..စနစ်တကျ အသုံးပြုလျင် သူ၏ အသုံးဝင်ပုံက..မယုံနိုင်စရာ ကောင်းလှသည်..။
စိတ်ဝိဥာဥ် သားရဲများက ရှောင်နန်ဖန်းဆီကို ဒေါသတကြီး တိုးဝင်သွားခဲ့ကြပေမယ့်..သူတို့ရဲ့ မျက်လုံးတွေကတော့..ရှောင်နန်ဖန်းနဲ့ ရင်ဆိုင်လိုက်နာနဲ့ သွေးများထွက်လာခဲ့သည်..။ရလာဒ်အနေနဲ့..သူတို့ ျမြကြီးပေါ် ကျပြီး မကြာခင် သေဆုံးသွားခဲ့ကြ၏..။
ရှောင်နန်ဖန်း ဝန်းကျင်မှ ခရမ်းရောင် အငွေ့များက အဆိပ်များဖြစ်သည်..။သူ့ပတ်ဝန်းကျင်မှ တပည့်များက အမြန်လမ်းဖယ်ပေးလိုက်ကြ၏..။
စိတ်ဝိဥာဥ် ကျီးကန်းများက အသိဥာဏ်များ ဖွံ့ဖြိုးနေပြီဖြစ်တာကြောင့်..သူတို့ရဲ့ အပေါင်းအပါတွေသေတာ မြင်တာနဲ့ ချက်ချင်း နောက်ကို ဆုတ်ပြေးကြတော့သည်..။ရှောင်နန်ဖန်း သူတို့နောက်ကို အတတ်နိုငိဆုံး ပြေးလိုက်ပြီး..တိုက်ခိုက်လိုက်၏..။သာမန် ကျီးကန်း သားရဲ တစ်ချို့က အဆိပ်မိသွားခဲ့ကြသည်..။
"ဒါကဟာသပဲ..သူသတ်လိုက်တာ တစ်ဒါဇင်လောက် ရှိမယ်.."
"ရွှေပြားသုံးထောင်က ရင်းနှီးရတာ တကယ်ထိုက်တန်တာပဲ.."
စီနီယာ တပည့်တွေကလည်း အံ့ဩနေခဲ့ကြ၏..။
"သူ လုပ်နိုင်တာက အခြေတည် အဆင့်သားရဲတွေနဲ့ တိုကိခိုက်ဖို့ပဲ..။တစ်ခြားဘာလုပ်နိုင်သေးလို့လဲ.."
အဲ့အချိန်မှပဲ..သန္ဓေတည် အဆင့် စိတ်ဝိဥာဥ်သားရဲတစ်ကောင်က နန်ဖန်းဆီကို တိုးဝင်လာခဲ့သည်..။
"သတိထား..နန်ဖန်း.."
ယွဲ့အာ အော်ပြောလိုက်၏..။
သန္ဓေတည်အဆင့် သားရဲက လူတစ်ယောက်၏ အရပ် တစ်ဝက်ခန့်ရှိသည်..။ဒါက ပျံ့နှံ့နေသည့် အဆိပ်များကို ကျော်ဖြတ်ကာ သူ့ရှေ့ကို ရောကိသွားသည်..။
"လွှမ်းမိုးမူ လက်သီး.."
ရှောင်နန်ဖန်းသည် ပြင်းထန်သည့် လက်သီးချက် တစ်ခုနှင့်ကြိုဆိုခဲ့၏..။
သူကိုယ်တိုင်လည်း ရိုက်ခတ်လာသည့် အရှိန်ကြောင့် နောက်ို ဆုတ်လိုက်ရ၏..။သူက ရှောင်နန်ဖန်း ကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ လုပ်လိုက်ပေမယ့် တစ်ခုခုကို ..ခံစားမိလိုက်ပြီး မျက်လုံးပြူးကျယ်ကာ နောက်ကို ထွက်ပြေးဖို့လုပ်လိုက်၏..။
"အဆိပ်က မင်းကိုယ်ပေါ်မှာရောက်နေပြီ..အခုမှ ထွက်ပြေးချင်လို့ မရတော့ဘူး.."
ရှောင်နန်ဖန်း ရှေ့ကို အမြန်တက်လိုက်ကာ သူ၏ တောင်ပံကို လက်နဲ့ ဖမ်းဆွဲထားလိုက်သည်..။
သန္ဓေတည်အဆင့်..စိတ်ဝိဥာဥ် ကျီးကန်းက အစွမ်းကုန်ရုန်းလိုက်ပေမယ့်..အဆိပ်က သူ၏ ခန္တာကိုယ်မှ အားအင်များကို ကုန်ဆုံးစေခဲ့သည်..။ရှောင်နနန်ဖန်း..ရှေ့ကို ထပ်တက်လိုက်ပြီး တောင်ပံနှင့် ခန္တာကိုယ်ကို ပြုတ်ထွက်သွားသည်အထိ ဆွဲလိုက်၏..။
ယွဲအာကတော့..အံ့ဩစွာကြည့်နေခဲ့သည်..။
"သူက စိတ်ဝိဥာဥ် ကျီးကန်းရဲ့ တောင်ပံကို တကယ်ပဲဆွဲဆုတ်လိုက်တာလား.."
ကောင်းပြီ..ဒါဆိုလည်း သူ့အတွက် စိုးရိမ်နေစရာ မရှိတော့ပေ..။သူမက ဓားကို ဝေ့ယမ်းပြီး ရှေ့ကို တက်သွားခဲ့၏..။
ရှောင်နန်ဖန်း ၏ လုပ်ရပ်များက တပည့်အများစူကို အံ့ဩသင့်စေခဲ့သည်..။
ရှောင်နန်ဖန်းကတော့ ဆက်ပြီး တိုက်ခိုက်နေခဲ့၏..။သာမန် စိတ်ဝိဥာဥ် ကျီးကန်း များကတော့..အဆိပ်ထိယုံဖြင့်..ပြုတ်ကျသွားခဲ့ကြသည်..။သန္ဓေတည်အဆင့် စိတ်ဝိဥာဥ် ကျီးကန်းများတောင်မှ..အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည်နှင့်..သေဆုံးသွားခဲ့ကြ၏..။
အချိန်အတော်ကြာပြီးနောက်တွငိတော့..စိတ်ဝိဥာဥ် ကျီးကန်း များက ရှောင်နန်ဖန်း၏ အနားကို မလာရဲကြတော့ပေ..။
"အခြေတည်အဆင့် တပည့်တစ်ယောက်က ဒီလောက်အထိ လုပ်ပြနိုင်တာ တကယ်မယုံနိင်စရာပဲ.."
"ငါ လည်း..ခရမ်းရောင်အဆိပ် ပုဆိန် တစ်လက်လောက် ဝယ်ရမယ်..။နန်ဖန်း လုပ်သွားတာတွေက တကယ်ကို မယုံနိုင်စရာပဲ.."
"ဂိုဏ်းတူ ညီလေး နန်ဖန်းက တကယ်မယုံနိုင်စရာပဲ.."
အဲ့အချိန်မှာတော့ ရှောင်နန်ဖန်းက သက်ပြင်းချလိုက်၏..။သူက အဆိပ်ကို အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့်..စိတ်ဝိဥာဥ် ကျီးကန်းများက သူ့ဆီကို မလာရဲကြတော့ပေ..။
သူ၏ ပုဆိန်ကို ကြည့်လိုက်သည့်အခါမှာတော့ မူလထက် တစ်ဝက်ခန့် သေးသွားတာကို သတိထားမိလိုက်၏..။
"ဒီကျီးကန်း တွေကသာ အနည်းဆုံး ရွှေပြား ၁၅၀၀ လောက် မတန်ဘူးဆိူရင် ငါတော့အရှုံးပေါ်ပြီပဲ.."
ဘယ်သားရဲမှ မလာတော့တာ မြင်တာကြောင့် ရှောင်နန်ဖန်း ရွာထဲကို ဝင်သွားလိုက်သည်..။
အချို့ စီနီယာ တပည့်တွေကတော့ ဒီကို ရောက်နှင့်နေကြပြီဖြစ်ပြီး အလောင်းများကို ရှင်းလင်းနေကြသည်..။သို့ပေမယ့် အလောင်းတွေက ကျီးကန်းတွေကြောင့် အတော်လေးကို ပျက်ဆီးနေခဲ့၏..။
ရှောင်နန်ဖန်း သူ၏ စီနီယာ များကို ကူညီကာ အလောင်းတွေကို ရှင်းလင်းနေခဲ့သည်..။
"ဒီမှာ အသက်ရှင်နေတဲ့ ကလေးတစ်ယောက်ရှိသေးတယ်.."
တပည့်တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်..။
"အသက်ရှင်တဲ့လူတွေ ရှိနေတာလား..။အမြန် ..ဂိုဏ်းတူ အစ်ကိုတို့.. ကျေဇူးပြုပြီး အိမ်တွေထဲကို လိုက်ပြီး စစ်ဆေးကြပါ..။အသက်ရှင်နေတဲ့လူတွေကို ကယ်ထုတ်ပြီး အလောင်းတွေကိုလာ အသက်ရှင်နေသေးလား သေချာအောင် စစ်ဆေးပါ..။သူတို့ နှလုံးခုန်နေသေးသ၍ ကယ်တင်ရလိမ့်မယ်.."
ရှောင်နန်ဖန်း အော်ပြောလိုက်၏..။
"နားလည်ပါပြီ.."
စီနီယာ တပည့်များဟာ ချက်ချင်းဆိုသလိုပဲ ပြန်ဖြေလိုက်ကြသည်..။
သူတို့ ဖြေပြီးသွားကာမှ မျက်မှောင်ကျုတ်လိုက်ကြ၏..။သူတို့ကို ဘယ်သူက အမိန့်ပေးနေတာလဲ..။သူတို့ ရှောင်နန်ဖန်းကို ကြည့်လိုက်ကြသည်..။သူကလား..။
စီနီယာ တပည့်များက..သူတို့၏ ဂျူနီယာ တစ်ယောက်က အမိန့်လာပေးနေတာကြောင့် စိတ်ရှုတ်ထွေးသွားကြပေမယ့် အခုက ဒါကို စိူးရိမ်နေဖို့ အချိန်မရှိပေ..။သူတို့က ရွာထဲက အိမ်တွေထဲကို ဝင်ပြီး အသက်ရှင်သည့်လူများကို လိုက်ကြည့်လိုက်ကြ၏..။
လျင်မြန်စွာပဲ ကလေး ၁၅ ယောက်ခန့်ကို တွေ့လိုက်ကြရ၏..။သူတို့၏ မိဘများက ဒီအခြေအနေကို ကြိုတွက်ပြီး ကလေးများ၏ ပါးစပ်ကို အဝတ်များစည်းက တစ်နေရာတွင် ပုန်းနေစေကြခြင်းဖြစ်သည်..။
တိုင်ချင်ဂိုဏ်းမှ တပည့်များက ကလေးတွေကို မြင်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏..။
"နန်ဖန်းရဲ့ ပြတ်သားမူကြောင့်သာ မဟုတ်ရင် ဒီကလေးတွေကိုလည်း သားရဲတွေက တွေ့သွားနိုင်တယ်.."
စီနီယာ တပည့်များက သူတို့ကယ်တင်လာခဲ့သည့် တပည့်များကို ကြည့်ပြီး စိတ်သက်သာရာရနေခဲ့ကြသည်..။မသ်ိစိတ်ထဲမှာတော့ သူတို့က နန်ဖန်းကို ထောက်ခံမိလိုက်ကြ၏..။