← Chapters

အပြစ်ပေးခြင်း

Vol. 3 Ch. 39

အပြစ်ပေးခြင်း

Vol. 3 Ch. 39

"ဒီဘက်မှာ မသေသေးတဲ့ ရွာသားတစ်ယောက် ရှိနေသေးတယ်.."

နောက်ထပ် တပည့်တစ်ယောက်က အော်ပြောလိုက်၏..။

"ဘယ်မှာလဲ.."

လူတိုင်းက လှမ်းကြည့်လိုက်သည်..။

ဒဏ်ရာတွေ များစွာနှင့် သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် လူတစ်ယောက်ကို တွေ့လိုက်ကြရသည်..။သူက ဒဏိရာတွေရနေပေမယ့် အမှန်ပင် အသက်ရှငိနေသေး၏..။

"ငါတို့ ဘာမှမလုပ်နိုင်တော့ဘူး..။သူက ဒဏ်ရာအတော်လေးကို ရနေတာ.."

"ငါတို့ ဂိုဏ်းက ပြန်လည် နုပျိုစေတဲ့ ဆေးလုံးလိုအပ်တယ်..။ဒါပေမဲ့ ဒါက ရွှေပြားသုံးထောင်လောက် ကုန်ကျပြီး လက်ထဲမှာလည်း မရှိဘူး.."

"ဒီဆေးလုံး မရှိပဲ သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး.."

စီနီယာ တပည့်များက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏..။

"ဂိုဏ်းတူ အစ်ကိုတို့..သစ်သားကျင့်စဥ်ကို ကျင့်တဲ့လူရှိလား.."

ရှောင်နန်ဖန်း ဒဏ်ရာရနေတဲ့လူကို ကြည့်ပြီး မေးလိုက်သည် .။

"သစ်သားဓာတ် ချီကျင့်စဥ်လား .။ငါ ကျင့်တယ်.."

တပည့်တစ်ယောက်က ပြောလိုက်၏..။

"အမြန် ဂိုဏ်းတူအစ်ကို ရဲ့ ချီကို သူ့ရဲ့နှလုံးကနေ တဆင့် သွေးကြောတွေဆီကို ပို့လွှတ်ပေးပါ.."

ရှောင်နန်ဖန်း ညွှန်ကြားလိုက်၏..။

"ဘာ..."

စီနီယာ တပည့်သည် ရှောင်နန်ဖန်းကို အံ့ဩစွာကြည့်လိုက်သည်..။

"ပြန်လည်နုပျိုမူ..သီချင်းကို ..ကျမ်းစာတိုက်ထဲမှာ မဖတ်ခဲ့ရဘူးလား..။အဲဒီမှာ ဆေးလုံးမရှိရင် ဘာလုပ်ရမလဲ ဆိုတာကို ဖော်ပြထားတယ်လေ.."

ရှောင်နန်ဖန်း အော်ပြောလိုက်၏..။

"ငါ..."

စီနီယာ ဖြစ်သူဟာ ဘာပြန်ပြောရမလဲတောင် မသိခဲ့ပေ..။ကျမ်းစာတိုက်ထဲတွင် စာလိပ်တွေအများကြီး ရှိနေပေမယ့် သူ့အတွက်က တစ်ခု ဖတ်ရလျင်ပင် ခေါင်းကိုက်နေပြီဖြစ်၏..။

" အမြန် .."

ရှောင်နန်ဖန်း တိုက်တွန်းလိုက်သည်..။

"အာ..ကောင်းပြီ.."

စီနီယာ တပည့်ဟာ ရှေ့ကို တက်လာခဲ့ပြီး..ရွာသား၏ နှလုံးထဲသို့..သစ်သားဓာတ်ချီကို ထည့်သွင်းပေးလိုက်၏..။

"ဘယ်သူက ရေ ဓာတ်ကျင့်စဥ်ကို လေ့ကျင့်နေလဲ.."

ရှောင်နန်ဖန်း တပည့်တွေဘက်ကို ထပ်ပြီးမေးလိုက်၏..။

" ငါရှိတယ်.."

"ငါ ရောပဲ.."

"စီနီယာ တို့လေးယောက်က ရွာသားရဲ့ ခြေလက်တွေကို ကိုင်ထားပြီး ကျွန်တော် အချက်ပြတာနဲ့ သူ့ကိုယ်ထဲကို ရေဓာတ်ချီတွေထည့်ဖို့ ပြန်ဆင်ပေးထားပါ.."

ရှောင်နန်ဖန်း ညွှန်ကြားလိုက်၏..။

"နားလည်ပြီ.."

တပည့်လေးယောက်က ပြန်ဖြေလိုက်သည်..။

"ဂိုဏ်းတူ အစ်မ ယွဲ့အာ..က..စိတ်ဝိဥာဥ် စွမ်းအင် နိုးထနေပြီ မလား..။ကျေးဇူးပြုပြီး..အဲဲဒီစွမ်းအင်နဲ့ သူ့ ဦးခေါငိးကို မထိခိုက်လာအောင် ကာကွယ်ပေးထားပါ.."

ရှောင်နန်ဖန်းသည် အခုမှ ရောက်လာခဲ့သည်ယွဲ့အာကို ညွှန်ကြားလိုက်သည်..။

"သိပြီ.."

ယွဲ့အာ ရှေ့ကို သိချငိစွာ တက်လာခဲ့၏..။

"ငါတို့ အခု စတင်လို့ရပြီ..။သစ်သားချီက ..သူ့ရဲ့ နှလုံးကို သွားမယ်..ရေ ချီ တွေက သူ့ရဲ့ ခန္တာကိုယ်ထဲကို သွားမယ်..စိတ်ဝိဥာဥ်စွမ်းအင်က သူ့ ဦးခေါင်းကို ကာကွယ်ထားမယ်..။အားလုံးပဲ စပြီး လုပ်ကြတော့.."

ရှောင်နန်ဖန်း ညွှန်ကြားလိုက်၏..။

တပည့်တွေ စပြီး လုပ်ဆောင်တာနဲ့ ရွာသား၏ ခန္တာကိုယ်က ကြမ်းတမ်းစွာ တုန်ရီလာခဲ့သည်..။ချွဲပျစ်သည့် သွေးတွေ အများကြီးကလည်း သူ၏ အနာများမှ ထွက်ကျလာခဲ့၏..။

"သူ၏ နှလုံးခုန်သံက မြန်လာပြီ..။သူက ပြန်လည် သန်စွမ်းလာနေပြီ.."

"လေးစားစရာပဲ..ဒါကတကယ်ကို ပြန်လည်နုပျိုစေတဲ့ ဆေးလုံးရဲ့ အာနိသင် အတိုင်းပဲ..။အခုသူ့ရဲ့ အဆိပ်ဖြစ်နေတဲ့သွေးတွေက..ထွက်သွားပြီ ဆိုတော့ ဒဏ်ရာ တွေလောပ်ပဲ ကျန်တော့တယ်.."

"သူ့ရဲ့ ခြေထောက်က လှုပ်လာတယ်..။သူက အသိစိတ်ဝင်လာပြီ.."

"ဂိုဏ်းတူ ညီလေး..မင်းက ဒီကျမ်းစာကို ဘယ်လိုများ ဖတ်မိသွားတာလဲ.."

ရွာသားရဲ့ မြန်ဆန်လှသည့် ပြန်ကောင်းလာနိုင်စွမ်းက အားလုံးကို အံ့ဩသင့်စေခဲ့သည်..။

"ဂိုဏ်းတူ အစ်ကိုရဲ့ချီက ထည့်တာ အရမ်းများနေပြီ..။နည်းနည်း လျော့လိုက်ဦး..။ပြီးတော့ ဟိုတစ်ယောက်က..ချီ လုံလောက်အောင် မရှိတော့တာလား..။တစ်ယောက်ယောက် ဒီတပည့်ရဲ့ နေရာမှာ အစားထိုးနိုင်မလား.."

ရှောင်နန်ဖန်း က ရွာသား၏ ဒဏ်ရာများကိုကြည့်နေရင်း..ညွှန်ကြားနေခဲ့၏..။

"ငါ နေရာယူပေးမယ်.."

"လိုတာ ရှိရင် ငါ့ကို ပြော..ဂျူနီယာ ညီလေး.."

"အာ..ဒီရွာသား မျက်လုံးက လှုပ်လာပြီ..သူက နိုးလာတော့မယ်.."

နန်ဖန်း ရဲ့ ညွှန်ကြားမူအတိုင်း လုပ်ဆောင် နေတုန်းမှာပဲ..ရွာသားက ပြန်ပြီး အသက်ဝင်လာတာကို မြင်လိုက်ကြရ၏..။

ရွာသားက ရုတ်တရက် ကြောင်အနေပြီးမှ..ရုတ်တရက် တစ်ခုခုကို ပြန်မှတ်မိသွားခဲ့သည်..။သူ ထိပ်လန့်သွားခဲ့ပြီး..

"ကျီးကန်း စစ်သည်တွေ..ကျီးကန်း စစ်သည်တွေ လာနေပြီ..။သူက ငါ့ရဲ့ နံပါတ် ၅ အန်ကယ်ဆီီကို လာကြတာ..။အမြန် နံပါတ် ၅ အန်ကယ်ကို ထွက်ပြေးဖို့ အသိပေးရမယ်.."

"ကျီးကန်း စစ်သည်တွေလား.."

တပည့်များက အရင်က ဒီအရာကို မကြားဖူးခဲ့ကြပေ..။

"ကျီးကန်း စစ်သည်တွေက..အမတ် ဝူ ရဲ့ အထူးစစ်တပ်တွေပဲ..။ပြီးတော့ သူတို့ကြားထဲမှာ သန္ဓေတည် အဆငိ့ တွေ အများကြီးရှိတယ်..။သူတို့က ထျန်ရူ အင်ပါယာထဲမှာတော့ အတော် နာမည်ကြီးတယ်.."

ယွဲ့အာ ရှင်းပြလိုက်၏..။

"ကျေးဇူးပြုပြီး..တောင်းပန်ပါတယ် နံပါတ် ငါး အန်ကယ်ကို အကြောင်းကြားပေးပါ..။သူ့နာမည်က ကျန်းချင်..သူက ဒေါင်ကျန်းက မိတ်ဆွေတစ်ယောက်ဆီကို အလည်အပတ်သွားတယ်.."

ရွာသားက တောင်းပန်လိုက်၏..။

"ငါတို့က ဒီဒေါင်ကျန်းကို မသိဘူးလေ..!

စီနီယာ တပည့်တစ်ယောက်က မျက်မှောင်ကျုတ်ပြီး ပြန်ဖြေလိုက်၏..။

"အာ...ဒါဆို...ငါ ...ငါ..."

ရွာသားရဲ့ ပုံစံက သိပ်ပြီး မူမမှန်ခဲ့ပေ..။

"သူ့ရဲ့ ခံစားချကိတွေက ရှူပ်ထွေးနေတုန်းပဲ..။ဆက်ပြီး ကုသ ပေးကြပါ..။တကယ်လို့ တစ်ယောက်ယောက် ပင်ပန်းလာပြီဆိုရင် ချက်ချင်း အစားထိုးရမယ်.."

နန်ဖန်းက ညွှန်ကြားလိုက်၏..။

"သိပြီ..."

"ဂိုဏ်းတူ ညီလေး နန်ဖန်း..ဒီမှာလည်း အသက်ရှိနေသေးတဲ့ နောက်တစ်ယောကိရှိနေတယ်..။ကြည့်ပေးပါဦး..ငါတို့ သူ့ကို ဘယ်လို ကုသသင့်လဲဆိုတာ.."

နောက်ထပ် တပည့်တစ်ယောက်က..သိပ်မဝေးသည့် နေရာကနေ ပြောလိုက်၏..။

ရှောင်နန်ဖန်းသည်..လျောက်သွားလိုက်ပြီး..သူ့ဘေးနားတွငိတော့..စီနီယာ တပည့်တွေဝန်းရံနေခဲ့သည်..။သူက ချက်ချင်းပဲ အဓိက လူတစ်ယောက်ဖြစ်သွားခဲ့၏..။

သိပ်မဝေးသည့် နေရာမှတော့ ရီဒါဖူသည် ရှောင်နန်ဖန်း လူတိုင်းကို အမိန့်ပေးနေတာကို ဆက်ပြီး ကြည့်မနေနိုင်တော့ပေ..။သူက အဝေးမှာရှိနေသည့် တောင်ကုန်း ဆီသို့ ဦးတည်သွားလိုက်၏..။ထိုနေရာတွင် ရီဆန်းရွှေး နှင့် ရွှေရောင်ကျီးကန်း တိုက်ခိုက်နေကြခြင်းဖြစ်သည်..။

ဓားချက်နှင့် မီးတောက် တို့ ထိတွေ့ပြီး ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်နေခဲ့၏..။ရွှေရောင်ကျီးကန်း ၏ အမွှေးများက ဆက်တိုက်ပြုတ်ကျနေပြီး..သူ့ခန္တာကိုယ်တွင် ဓားဒဏ်ရာတွေ ဖြစ်ပေါ်နေခဲ့ငည်..။ရီဆန်းရွှေး၏ ဝတ်ရုံက စုတ်ပြဲနေပြီး ခန္တာကိုယ်တွင်လည်း လောင်ကျွမ်းဒဏ်ရာတွေ ရှိနေခဲ့၏..။

"တတိယ ဦးလေး..တကယ်လို့ ဒီ ရွှောရောင်ကျီးကန်းကို အမြန် အဆုံးမသတ်ဘူးဆိူရင် ခေါင်းဆောင်နေရာကို ဆုံးရှုံးတော့မယ်..။နန်ဖန်းက ဦးလေးရဲ့ နေရာကို လုယူနေပြီ.."

ရီဒါဖူ အော်ပြောလိုက်၏..။

"ပါး စပ်ပိတ်ထား..။ငါ့ကို ကူညီဖို့တပည့်တစ်ချို့ကို ခေါ်လိုက်.."

ရီဆန်းရွှေး ပြန်အော်ပြောလိုက်သည်..။

"ကျွန်တော် ခေါ်လို့မရဘူးလေ..။လူတိုင်းက နန်ဖန်းရဲ့ စကားကိုပဲ နားထောင်နေကြတာ..။တတိယ ဦးလေး..တစ်ခုခု တော့ လုပ်ဖို့လိုနေပြီနော်.."

ရီဒါဖူ ပြောလိုက်၏..။

ရီဆန်းရွှေး မျက်မှောင်ကျုတ်လိုက်၏..။သူ ဒီမှာတိုက်ခိုက်နေတုန်း ဘာတွေဖြစ်နေတာလဲ..။ရှောင်နန်ဖန်း က အမိန့်ပေးနေတာလား..။အခြေတည် အဆင့် ကျင့်ကြံသူကလေ..။

အဲ့အချိန်မှာပဲ..ရွှေရောင်ကျီးကန်းက မီးလုံးတစ်လုံးမှုတ်ထုတ်လိုက်သည်..။

"မဟုတ်ဘူး.."

ရီဆန်းရွှေး အော်ပြောလိုက်သည်..။

ကြီးမားသည့် ..မီးလုံးကြီးတစ်ခုက ရီဆန်းရွှေး ဆီကို ဦးတည် ဝင်လာခဲ့၏..။ရွှေရောင် ကျီးကန်းသည် ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး..ရွာထဲကို ပျံသန်းသွားခဲ့သည်..။

သို့ပေမယ့် သူက တစ်ခုခု လွဲမှားနေတာကို သတိထားမိလိုက်၏..။သူကို့ တစ်စုံတစ်ယောက်က တားဆီးနေသည့် အချိနိတွင်..သူ၏ စစ်တပ် အားလုံးနီးပါးက အသတ်ခံခဲ့ရပြီဖြစ်သည်..။ဘာတွေဖြစ်သွားတာလဲ .။

သူ ရွာထဲကို ဦးတညိပျံသန်းသွားသည့် အချိန်တွင် ကျန်ရှိနေသည့်..ကျီးကန်းများက ရွှေရောင်ကျီးကန်းထံကို ဦးတညိပြီး ပျံသန်းလာခဲ့ကြသည်..။သူတို့က သူတို့အတွက် အန္တရာယ် အရှိဆုံးလူကို ..သတင်းပေးလိုက်ကြသည်..။ဘယ်သူက ကျီးကန်း အများစုကို သတ်ဖြတ်ခဲ့တာလဲ..။

ရွှေရောင် စိတ်ဝိဥာဥ် ကျီးကန်းသည် ချက်ချင်းဒေါသထွက်သွားခဲ့၏..။သူက တောင်ပံတွေကို ဖြန့်ကားရင်း ရွာထဲကို ဝင်သွားခဲ့ကြသည်..။

"ဂရိုစိုက်...ရွှေရောင် စိတ်ဝိဥာဥ် ကျီးကန်း ရောက်လာပြီ.."

တပည့်တွေက အော်လိုက်ကြ၏..။

ရွှေရောက် ကျီးကန်း သည် ..မီးလုံးတစ်လုံးမှုတ်ထုတ်လိုက်သည်..။ဒါက တပည့်တွေ၏ အလယ်တည့်တည့်ကို ရောက်သွားခဲ့ပြီး အားလုံးကို လူစုကွဲသွားစေခဲ့သည်..။

"ဂရုစိုက် နန်ဖန်း.."

ယွဲ့အာ အော်လိုက်ခြင်းဖြစ်၏..။

သို့ပေမယ့် ဒါက နောက်ကျသွားခဲ့ပြီဖြစ်သည်..။ရွှေရောင်ကျီးကန်း၏ ..လက်သည်းများက နန်ဖန်း၏ ပုခုံးပေါ်ကို ရောက်လာခဲ့၏..။တောင်ပံကို တစ်ချက်ခတ်လိုက်ပြီး သူက လေပေါ်ကို ပျံတက်သွားခဲ့သည်..။ကျန်နေသည့် ကျီးကန်းများကလည်း သူတို့၏ ခေါင်းဆောင်နောက်ကို လိုက်သွားခဲ့ကြ၏..။

"ရီဆန်းရွှေး...နန်ဖန်းကို နင့်ရဲ့ ဓားပျံနဲ့ကယ်လိုက်ဦး.."

ယွဲ့အာ ​အော်ပြောလိုက်၏..။

"စီနီယာ အစ်ကို ရီ...ဘာလို့ ဘာမှမလုပ်တာလဲ..။ဓားပျံကို သုံးလေ.."

တပည့်အများစုက အော်ဟစ်လိုက်ကြသည်..။

"ငါ အစောက ရွှေရောင်ကျီးကန်း နဲ့ တိုကိခိုက်ထားရတာကြောင့် ..အခု သူ့နောက်ကိုလိုက်နိုင်ဦးမှာမဟုတ်ဘူး.."

ရီဆန်းရွှေး ရှင်းပြလိုက်သည်..။

"ရီဆန်းရွှေး...နန်ဖန်းက နင့်ကို ရွှေရောင်ကျီးကန်းကို ထိန်းဖို့တာဝန်ပေးထားတာ မဟုတ်ဘူးလား..။ဘယ်လိုလုပ် သူက လွတ်လာပြီး ရုတ်တရက် တိုက်ခိုက်ရတာလဲ..။ဒါက ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာ မလား.."

ယွဲ့အာ စိတ်ပူလျက် အော်ပြောလိုက်သည်..။

"ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ ဂိုဏ်းတူအစ်ကို ရီ.."

"ဘယ်လိုလုပ် ဂိုဏ်းတူ ညီလေး နန်ဖန်းကို ကြံစည်နိင်ရတာလဲ ."

တပည့်အများစုက ဘာပြောရမလဲ မသိပဲဖြစိနေသည့် ရီဆန်ရွှေးကို ဝေဖန်လိုက်ကြသည်..။သူက အစောကပင် ရွှေရောင်ကျီးကန်းနဲ့ တိုကိခိုက်ထားရတာကြောငိ့ အားအင် ကုန်ခမ်းနေခဲ့ပြီဖြစ်၏..။

"ငါ တို့ နောက်ကလိုက်မှဖြစ်မယ်.."

ယွဲ့အာ အဝေးကိုကြည့်ပြီးအော်ပြောလိုက်သည်..။

"လာကြ..ငါတို့ ဂိုဏ်းတူညီလေး နန်ဖနိးကို ကူညီကြရမယ်.."

တပည့်အများစုက ..နောကိကလိုက်သွားခဲ့ကြ၏..။

"ရီဆန်းရွှေး..တကယ်လို့ နန်ဖန်းသာ တစ်ခုခုဖြစ်ရင် နင် သတိထားနေလိုက်တော့.."

ယွဲ့အာ ​အော်ပြောပြီး ထွက်သွားခဲ့သည် ။

"ငါ ရောပဲ..။တကယ်လို့ တစ်ခုခုဖြစ်ရင် ငါတို့က ရီဆန်းရွှေးကို ဂိုဏ်းမှာတိုင်ကြားရမယ်.."

"တူတူပဲ..."

ရီဆန်းရွှေး ခနလောက်တွေဝေနေပြီးကာမှ..အံကိုကြိတ်လိုက်၏..။ဘာတွေဖြစ်နေတာလဲ..။ဘာလို့ ဂိုဏ်းသားတွေ အကုန်လုံး အသိစိတ်လွတ်သွားကြတာလဲ..။သူတစ်ခုခု မှားယွင်းသွားခဲ့လို့လား..။

အဲ့အချိန်မှာတော့..ရွှေရောင်ကျီးကန်း၏ လက်သည်းများသည်..ရှောင်နန်ဖန်း၏ ပုခုံးကို ထိုးဖောက်ဝငိရောက်နေပြီ ..တောင်အချို့ကို ကျော်လွန်ကာ..ခေါ်သွားခဲ့၏..။

ရွှေရောင် ကျီးကန်းက အတော်လေး ဒဏ်ရာရနေသေးပေမယ့်..ရှောင်နန်ဖန်း၏ ချီစွမ်းအားကိုတော့ ဖိနှိပ်ထားနိုင်ခဲ့၏..။အကြောင်းပြချက် အချို့ကြောင့်သူက ရှောင်နန်ဖန်းကို မသတ်သေးပဲ နေရာတစ်ခုကိုသာ ခေါ်ဆောင်သွားနေခဲ့သည်..။

ရှောင်နန်ဖန်းကတော့..သူ၏ အပြာရောင် အဆိပ်ပါသည့် ပုဆိန်ကို ဆုပ်ကိုင်ထားခဲ့သည်..။

သူ၏ ချီ များက ဖိနိပ်ခံထားရပေမယ့်..ရှောင်နန်ဖန်းက သူ၏ စိတ်ဝိဥာဥ် စွမ်းအင်များကိုတော့ အသုံးပြုနိုင်နေဆဲဖြစ်၏..။

'ပြီးခဲ့သည့် အချိန်တုန်းက ရွှေရောင်ငါးရှဥ့်ကို မြှားဖို့ ငါ နတ်ဘုရား ငါးမျှားခြင်း စနစ်ကို အသုံးပြုခဲ့တာပဲ .။ရွှေရောင်ကျီးကန်းကို သုံးရင်လည်း ဒါက ရလာဒ် အတူတူပဲ ဖြစ်လိမ့်မယ်..'

ရှောင်နန်ဖန်း တစ်ယောက်တည်း တွေးနေခဲ့သည်..။

သူက ကျန်ရှိနေသေးသည့် ပုဆိန်တစ်ဝက်ကို စိတ်ဝိဥာဥ် စွမ်းအင်ထည့်သွင်းလိုက်သည့် အချိန်တွငိ အပြာရောင် အလင်းတန်းများထွက်လာခဲ့သည်..။ယင်းနောက် သူက ရွှေရောင် ကျီးကန်းမြင်နိုငိလောက်သည့် နေရာကိုပြလိုက်၏..။

ရွှေရောင် ကျီးကန်း၏ မျက်လုံးများက..အလင်းရောင်များ တောက်လာခဲ့သည်..။သူက အပြာရောင် ဆေးလုံးတစ်လုံး ကို မြင်လိုက်သလို ခံစားလိုက်ရသည်..။

ရှောင်နန်ဖန်းကတော့ ပုဆိန်၏ နောက်တွင် ဝေးနိုင်သမျှ ဝေးဝေးနေနေခဲ့သည်..။အသိစိတ်တစ်ချို့ ရှိနေသေးသည့် ရွှေရောင် ကျီးကန်းသည် ဒီဆေးလုံးကို မစားမိအောင် ထိန်းထားပေမယ့်လည်းနောက်ဆုံးမှာတော့..စားချင်စိတ်ကို မလွန်ဆန်နိုင်တော့ပေ..။သူက ပါးစပ်ကို ဟလိုက်ပြီး..အပြာရောင်အဆိပ်ပါသည့် ပုဆိန်ကို ပါစပ်နှင်ယူကာ မြိုချလိုက်၏..။

"ထင်ထားသလိုပဲ..သားရဲကသားရဲပဲ..။သူက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူး.."

ရှောင်နန်ဖန်း အထင်သေးစွာပြောလိုက်သည်..။

ရွှေရောင်ကျီးကန်းသည် ဆေးလုံးကို မြိုချပြီဟု ထင်လိုက်သည့် အခိုက်အတန့်တွင်..အဆိပ်များက ပျံ့နှံ့လာခဲ့သညိ..။သူ၏ ခန္တာကိုယ်ထဲ အဆိပ်တွေဝင်လာသည့် အချိန်မှ သူက တစ်ခုခုလွဲမှားနေတာကို သတိထားမိလိုက်၏..။

ရွှေရောင် ကျီးကန်းသည် သူ မြိုချထားသည့် အရာကို ပြန်အန်ထုတ်ဖို့ကြိုးစားလိုက်ပေမယ့် အဆိပ်တွေကို မထိန်းချုပ်နိုင်တော့ပေ..။အဆိပ်တွေ ပျံ့နှံ့လာတာနဲ့ အမျှ သူက ရုတ်တရက် ကမ္ဘာကြီးလည်ပတ် နေသလို ခံစားခဲ့ရသည်..။

ရွှေရောင် ကျီးကန်း ရုန်းကန် နေရသည့် အချိန်မှာတော့ ရှောင်နန်ဖန်းသည် ကျီးကန်း၏ ဖိနိပ်မူ အောက်မှ လွတ်သွားခဲ့သည် ..။သူက လက်သည်းများမှ လွတ်သွားသည်ကို..အခွင့်ကောင်းယူပြီး ကျီးကန်း၏ ကျောပေါ်ကို ရောက်အောင်တွယ်တက်လိုက်၏..။

ယင်းနောက် သူ၏ အိတ်ထဲမှ ချွန်းတစ်ခုကို ထုတ်ကာ..ရွှေရောင် ကျီးကန်း၏ ..ဦးနှောက်ရှိရာနေရာကို အားနှင့်ထိုးစိုက်လိုက်၏..။

ရွှေရောင်ကျီးကန်းက နာကျင်စွာ အော်ဟစ်သွားခဲ့သည်..။သူက အစောကတည်းက ဒဏ်ရာပြင်းထန်စွာ ရနေခဲ့သည်ဖြစ်ပြီး..ယခု..အဆိပ် အပါအဝင် ဦးခေါင်းကိုပါ ထိုးစိုက်ခံလိုက်ရတာကြောင့် မခံစားနိုင်တော့ပေ..။

ရွှေရောင် ကျီးကန်း၏ ခန္တာကိုယ်နှင့် ရှောင်နန်ဖန်းသည် အနီးနားရှိ သစ်တောကို ထိုးကျသွားခဲ့သည်..။

All Chapters