အတွင်းအမြုတေ
Vol. 3 Ch. 40
ရှောင်နန်ဖနိးသည် ကောင်းကင်မှ ပြုတ်ကျလာခဲ့ပြီး သစ်ပင်များဖြင့် တိုက်ကာ မြေကြီးပေါ် အရှိန်ဖြင့် ကျဆင်းလာခဲ့သည်..။သူ သွေးတစ်ပွက် အန်လိုက်ပြီး အတော်ကြာအောင် လဲလျောင်းနေခဲ့ရ၏..။
"ဒါက နာကျင်ပေမယ့် ငါ အနိုင်ရခဲ့တယ်.."
ရှောင်နန်ဖန်း..သူ့ဘေးနားတွင် ရှိနေသည့် ရွှေရောင်ကျီးကန်း၏ အလောင်းကို ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်..။သူ သားရဲအနားကို တုန်ရီစွာ ကပ်သွားလိုက်ပြီး..ဦးခေါင်းတွင်စိုက်နေသည့် သူ၏ ဓားမြောင်ကို ဆွဲထုတ်လိုက်သည်..။
"ဒီ ဓားမြောင်က ရွှေပြား သုံးရာ တန်ကြေးရှိတာ အံ့ဩစရာ မရှိတော့ဘူး..။ဒါက အတော်ထက်တာပဲ..အဟွတ် အဟွတ်..."
ရှောင်နန်ဖန်း..အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်..။
ယင်းနောက် သူက ရွှေရောင်ကျီးကန်း၏ ဗိုက်ကို ဓားဖြင့် ခွဲလိုက်ရာ မျက်နှာပေါ်သို့ သွေးများ ပန်းထွက်လာခဲ့၏..။သို့ပေမယ့် ရှောင်နန်ဖန်းသည် အခုချိန်တွင် ဒါကို အရေးမစိုက်နိုင်ပေ..။သူ အလျင်အမြန် ရှာဖွေလိုက်သည့် အခါမှာတော့..သွေးများပေကျန် နေသည့်အပြာရောင် အဆိပ် ပါသည့် ပုဆိန်ကို တွေ့လိုက်ရသည်..။
"အနည်းဆုံးတော့ ဒါက အသုံးဝင်နေတုန်းပဲ..။ဒီ ရွှေရောင်ကျီးကန်းရဲ့ အလောင်းကောင်က ရွှေပြားတစ်ထောင်လောက် တန်တယ် ဆိုတော့..ငါ မရှုံးသေးဘူး.."
ရှောင်နန်ဖန်း အပြာရောင် အဆိပ်ကို သိမ်းလိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။
ရုတ်တရက် သူ တစ်ခုခု ကို တွေးမိလိုက်ပြီး..သားရဲ၏ ဝမ်းဗိုက်ထဲမှ တစ်ခုခုကို ထပ်ရှာလိုက်၏..။သိပ်မကြာခင်မှာပဲ..သူက..ရွှေရောင် မီးတောက် တောက်လောင်နေသည်ဟု ထင်ရသည့် အရာတစ်ခုကို တွေ့လိုက်ရသည်..။
"ရွှေရောင် စိတ်ဝိဥာဥ် ကျီးကန်းရဲ့ အမြုတေ လား..။ဒါက တကယ်ကို ရတနာပဲ.."
ရှောင်နန်ဖန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့၏..။
"ဖြုန်းတီးခြင်းဆိုတာကလည်း အကုသိုလ် တစ်မျိုးပဲ..။ဒီတော့ ငါ အခုပဲ..အသုံးပြုလိုက်တော့မယ်.."
ရှောင်နန်ဖန်း အမြုတေကို ကြည့်ပြီးနောက်မှာတော့ ဒဏ်ရာများကို ဂရုမစိုက်ပဲ မြိုချလိုက်သည်..။
သူ မြိုချလိုက်ပြီး ခနအကြာမှာတော့..ယန်ဓာတ်စွမ်းအင် များသည် သူ၏ ခန္တကိုယ်များကို ပြည့်နှက်လာခဲ့သည်..။သူ့တစ်ကိုယ်လုံး နွေးထွေးလာခဲ့ပြီး နောက်ထပ် သွေးတစ်ပွက်အန်လိုက်၏..။
"ဘယ်လို စွမ်းအင်မျိုးလဲ..!
ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။ပြီးတာနဲ့ သူ အမြန် ထိုင်လိုက်ပြီး..ချီ စွမ်းအင် များကို ထိန်းချုပ်ရန်အတွက် တရားထိုင်လိုက်သည်..။
နှစ်နာရီခန့် ကြာပြီးနောက်တွင်..သူ၏ ခန္တာကိုယ်ထဲတွင် ပြည့်နှက်နေသည့် စွမ်းအင်လှိုင်းများက ပျောက်ကွယ်သွားခဲ့သည်..။ရှောင်နန်ဖန်း၏ ခန္တာကိူယ်မှ မယုံနိုင်စရာ ချီ စွမ်းအားတစ်ချို့က ပေါက်ကွဲထွက်လာခဲ့ပြီး..ဘေးနားရှိ သစ်ပင် အကိုင်းအခက်များကိုပါ တုန်လှုပ်စေခဲ့သည်..။
ရှောင်နန်ဖန်း မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏..။
"အခြေတည် အဆင့် ၉ ..လား..။သူ့ရဲ့ အမြုတေထဲမှာ ရှိနေတဲ့ ယန်ချီ တွေက အတော်ကို များတာပဲ.."
သူ အဆင့်တက်ခဲ့ပေမယ့် သူ၏ အတွင်းဒဏ်ရာများကတော့ ပျောက်ကင်းရန်အတွက် ခက်ခဲနေတုနိးဖြစ်သည်..။ရှောင်နန်ဖန်း သည် ဘေးနားတွင်ရှိသည့် သားရဲ အလောင်းကို ကြည့်ပြီး..အကိုင်းအခက်တစ်ချို့နှင့် ဖုံးအုပ်လိုက်ကာ သိပ်မဝေးသည့် နေရာတွင် ရှိနေသည့် ရေကန်တစ်ခုဆီကို တုန်ရီစွာ လျောက်သွားလိုက်သည်..။
သူ ကန်ထဲကို ဆင်းလိုက်ပြီး..ခန္တာကိုယ်ထဲတွင် ရှိနေသည့်..သွေးများကို..ဆေးကြောလိုက်သည်..။
သူ၏ ခေါင်းပေါ်တွင်တော့ စိတ်ဝိဥာဥ် ကျီးကန်း တစ်ချို့က အော်ဟစ်ပျံသန်း နေကြသည်..။ဖြစ်နိုင်တာက အနည်းငယ် မှောင်လာတာကြောင့် သူတို့က ရှောင်နန်ဖန်းကို သတိမပြုမိခြင်း ဖြစ်ပေလိမ့်မည်..။
"သူတို့က ရွှေရောင်ကျီးကန်း ကို ရှာနေတာလား..။ဒါဆိုရင်တော့ ငါ ဒီမှာအကြာကြီး နေလိူ့မဖြစ်ဘူး.."
ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။
"အဖိုး..ဟိုလူက အတော် ထူးဆန်းတာပဲ..။သူက အဲ့ရေကန်ထဲမှာ ရေဆင်းချိုးနေတယ်..။သူက နွေဦးရာသီ အစက ဘယ်လောက်တောင် အေးလဲ ဆိုတာ မသိဘူးလား.."
ကောင်လေး တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်..။
ရှောင်နန်ဖန်း အသံလာရာကို လှည့်ကြည့်လိုက်သည့် အချိန်တွင်..ဆေးခြင်းတောင်းကို လွယ်ထားသည့် အဖိုးအိုတစ်ယောက် နှင့် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်..။
"ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ လူငယ်လေး..။ကျုပ်ရဲ့ မြေးက ငယ်ရွယ်သေးတော့ တစ်ခြားလူတွေကို ဘယ်လို လေးစားမူ ပြသရမလဲ ဆိုတာ မသိသေးဘူးလေ..။တောင်းပန်ပါတယ်.."
လူကြီး ဖြစ်သူက ကလေးငယ်ကို အနားကို ဆွဲပြီး ပြောလိုက်ခြင်းဖြစ်သည်..။
" ကိစ္စမရှိပါဘူး.."
ရှောင်နန်ဖန်း အပေါ်ကို ပြန်တက်လာခဲ့ပြီး ပြောလိုက်ခြင်းဖြစ်သည်..။
"ဒီနေရာက ဘယ်နေရာလဲ မေးလို့ရမလား.."
ရှောင်နန်ဖန်းမေးလိုက်သည်..။
"ကျုပ်တို့က နာမည်အတည်တကျမရှိတဲ့ တောင်တန်းပေါ်က..တောတစ်ခုထဲမှာ ရောက်နေတာပါ..။ကျုပ်တို့ရဲ့ ရွာက ဒီတောင်ရဲ့ အောက်ဖက်မှာ ရှိတယ်လေ..။လူငယ်လေးကရော ဒီမှာ ဘာလုပ်နေတာလဲ.."
လူကြီးက ရှောင်နန်ဖန်းကို ပြုံးပြီး မေးလိုက်၏..။
"ကျွန်တော်က သားရဲတစ်ကောင် လိုက်တာခံရပြီး မတော်တဆ လမ်းပျောက်နေခဲ့တာပါ..။အခုက ညရောက်ခါ နီးနေပြီဆိုတော့..အဖိုးတို့ ရွာကို တစ်ညလောက် လိုက်တည်းခိုလို့ရနိုင်မလား..။ကျွန်တော် အခကြေးငွေ ပေးပါ့မယ်.."
ရှောင်နန်ဖန်း တောင်းဆိုလိုက်သည်..။
"ပိုက်ဆံအတွက်ကို စိတ်ပူစရာ မလိုပါဘူး..။ဧည့်သည် အဖြစ်လိုက်ခဲ့လို့ ရပါတယ်.."
အဖိုးအိုဖြစ်သူက ဧည့်ဝတ်ကျေစွာ ပြောလိုက်သည်..။
"ကျေးဇူးပါ.."
ရှောင်နန်ဖန်း အရိုအသေပေးလိုက်၏..။
"ကျုပ်နာမည်က ဝမ်ပါ..။အဖိုးဝမ်လို့ ခေါ်လို့ရပါတယ်.."
နှစိနာရီခန့်ကြာအောင် လမ်းလျောက်ပြီးနောက်မှာတော့ သူတို့က တောင်တန်း၏ အောက်ခြေတွင်ရှိနေသည့် ရွာငယ်လေးဆီကို ရောက်လာခဲ့သည်..။အဖိုးဝမ်က သူ့ကို ခြံဝန်းငယ်တစ်ခုကို ခေါ်သွားခဲ့ပြီး အဖွားအို တစ်ယောက်က ကြိုဆိုနေခဲ့သည်..။
"နောက်ဆုံးတော့ ပြန်လာပြီပေါ့..။ဂုဏ်ယူစရာ ဧည့်သည်တစ်ယောက် ရောက်နေတယ်.."
အဖွားအိုဖြစ်သူက..အသိပေးပြီး အလျင်အမြန်ပဲ အိမ်ထဲကို ခေါ်သွားခဲ့သည်..။
"ဂုဏ်ယူစရာ ဧည့်သည်လား.."
အဖိုးဝမ် အတော်လေး အံ့ဩသင့်သွားခဲ့သည်..။
သူမ ဘေးနားမှာရှိနေသည့် ရှောင်နန်ဖန်းကို မြင်တာကြောင့် အနည်းငယ် သတိထားသွားခဲ့ပြီး အဖိုးဝမ် ၏ နားဆီကို ကပ်ကာ တီးတိုးပြောလိုက်သည်..။
"ဘာ..။သူ ဒီကို ရောက်နေတာလား..။ဒါဆိုရင်တော့ ငါတို့ ဒီည ကောင်းကောင်းသောက်ပြီး စကားပြောရတော့မှာပေါ့.."
အဖိုး ဝမ်က တက်ကြွသွားခဲ့သည်..။ယင်းနောက် သူက ရှောင်နန်ဖန်း ဖက်ကို လှည့်လိုက်ပြီး..
"အာ .ငါ မေ့တော့မလို့..။ငါ့ဆီမှာလည်း ..ဂုဏ်ယူစရာ ဧည့်သည်တစ်ယောက် ပါလာတာပဲ..။ကောင်လေး မင်း ဘယ်လိုဒဏ်ရာ ရလာတာလဲ..။ငါ မင်းကို ဧည့်ဆောင်ကို လိုက်ပို့ပေးမယ်..။ခနနေကျရင် ဆေးအရက်နဲ့ အစားအစာအချို့ပို့ပေးပါ့မယ်..။ဒီညတော့ ဒီမှာပဲ နားလိုက်တော့ပေါ့.."
"ဒါက လုံလောက်တာထက်တောင်ပိုနေပါပြီ..။ကျေးဇူးပါ.."
ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။
သူက ဧည့်ဆောင်တွေ နေရပြီး..အဖိုးဝမ်၏ မြေးကတော့ သူ့အတွက် ..အစားအသောက် ၊ ဆေးအရက် နှင့်..အဝတ်အစားအချို့လာပေးခဲ့သည်..။
သို့ပေမယ့် ရှောင်နန်ဖန်း အနားမယူခဲ့ပေ..။အဲဒီအစား..သူက တပ္ပလင်ခွေ ထိုင်လိုက်ပြီး တရားထိုင်၏..။မနက်ခင်း အာရုံတက်ခါနီးတွင်တော့ ရှောင်နန်ဖန်းသည်..ရွှေရောင် စိတ်ဝိဥာဥ် ကျီးကန်း၏ အမြုတေမှ စွမ်းအင်များကို ကုန်စင်အောင် စုပ်ယူနိုင်ခဲ့သည်..။ထိုမှတဆင့်..သူ၏ အတွင်းဒဏ်ရာများ သက်သာလာခဲ့ပြီး..ကျင့်ကြံခြင်း အဆင့်ကလည်း တည်ငြိမ်လာခဲ့၏..။
မနက်ခင်းတွင်တော့..ရှောင်နန်ဖနိး ပါးစပ်နဲ့ အပြည့်လေကို မှုတ်ထုတိလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်..။
ရုတ်တရက် အဖိုးဝမ်၏ မြေးဖြစ်သူက အမြန်ပြေးလာခဲ့ပြီး..
"မစ္စတာ..အဖိုးက..မနက်စာစားဖို့ လာခေါ်ခိုင်းလို့.."
"အန်ကယ်က မနက်စာမစားတော့ဘူး..ကျေးဇူးပါ..။ကျေးဇူးပြုပြီး အဖိုးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒါလေး ပေးပေးပါ..။အန်ကယ် အခု သွားတော့မယ်.."
ရှောင်နန်ဖန်းသည် ကလေးငယ်ကို ရွှေပြားတစ်ချို့ လှမ်းပေးလိုက်၏..။
"အဖိုးက..ပိုက်ဆံမယူဖို့ ပြောထားတယ်..
ကလေးဖြစ်သူဟာ ချက်ချင်း ငြင်းဆန်လိုက်သည်..။
"ထပ်ပြောရရင်..တကယ်လို့ ဒီပိုက်ဆံကို ယူလိုက်ရင် ကျွန်တောိက ညီအစ်ကိုတွေ ရှေ့မှာ ခေါင်းမော့နိုင်မှာမဟုတ်ဘူး..။ဒါက ကျွန်တော်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်.."
"ဟားဟား..မင်းရဲ့ ဂုဏ်သတင်းလား..။ဘယ်လို ဂုဏ်သတင်းမျိုးလဲ.."
ရှောင်နန်ဖန်းသည် ကလေးငယ်ကို သဘောကျသွားခဲ့၏..။
"ဒါပေါ့..အနာဂတ်ရဲ့ ရွာသူကြီးဖြစ်လာဖို့လေ..။ကျွန်တော်က အဖိုးရဲ့ အမွေကို ဆက်ခံပြီး ဒေါင်ကျန်း ရဲ့ ရွာသူကြီးတစ်ယောက် ဖြစ်လာမှာ.."
ကလေးငယ်က ဂုဏ်ယူစွာပြောလိုက်၏..။
"ဒေါင်ကျနိးလား..။ဘာ ဒေါင်ကျန်းလဲ.."
ရှောင်နန်ဖန်း၏ အပြုံးများက အေးခဲသွားခဲ့သည်..။
"ဒီရွာနာမည်က ဒေါင်ကျန်းလေ..!
ကလေးဖြစ်သူက သူ့ကိုပြောလိုက်၏..။
"တကယ်လား.."
မနေ့က..ကျီးကန်းများတိုက်ခိုက်ခဲ့သည့် ရွာတွငိ..သူတို့ ကယ်ခဲ့သည့် ရွာသားတစ်ယောက်က ဒေါင်ကျန်း ဆိုသည်ကို ထုတ်ပြောခဲ့သည်..။ကျီးကန်း စစ်တပ်များက သူတို့ရွာကို ဦးတည်တိုက်ခိုက်ခြင်းက..ကျန်းချင် ဆိုသည့်လူကို ..လိုက်ဖမ်းနေခြင်းဖြစ်၏..။ထိုသူကတော့ ဤရွာတွင် ရောက်နေခဲ့သည်..။
"ဒါပေါ့ ပြသနာ ရှိလို့လား.."
ကလေးဖြစ်သူက မေးလိုက်သည်..။
ပြသနာ သိပ်ရှိတာပေါ့..။သူက ဘယ်လိုလုပ် ဒေါင်ကျန်းရွာ မှာ ပေါ်လာခဲ့တာလဲ..။ဒါက တိုက်ဆိုင်မူ တစ်ခုပဲလား..။ရွှေရောင်ကျီးကန်းက သူ့ကို တိုက်ဆိုင်စွာပဲ ဒေါင်ကျန်း ရွာကို ခေါ်လာခဲ့တာလား..။နန်ဖန်း မယုံကြည်နိုင်ခဲ့ပေ..။
"အမြန်..အန်ကယ် က သား အဖိုးနဲ့ တွေ့ရတော့မယ်..။ရွာမှာ ပြသနာ ကြီးဖြစ်လာနိုင်တယ်.."
ရှောင်နန်ဖန်း အမြန်ပြောလိုက်၏..။
"ဘာ..."
ကလေးဖြစ်သူက ရှုပ်ထွေးသွားခဲ့၏..။
ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်မှ အသံများကို ကြားလိုက်ရသည်..။
ရှောင်နန်ဖန်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့် အချိန်တွင်..ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် မြင်းသည်တော် အယောက် ၅၀ ခန့်ကို တွေ့လိုက်ရသည်..။
" ရွာထဲမှာ ကလေးတွေရှိတယ် မြင်းစီးပြီး ဝင်လိူ့ မရဘူး..."
ရွာသား အချို့က ရွာဝင်ပေါက်ကို သွားပြီး တားဆီးရန် ကြိုးစားလိုက်ကြသည်..။သို့ပေမယ့် စစ်သည်တွေက ဓားတွေကို ဆွဲထုတ်ပြီး ရွာထဲကိုသာ ဆက်ဝင်လာခဲ့ကြ၏..။
"ကျီးကန်း စစ်သည်တွေကို တားဆီးတဲ့လူတိုင်းက အသတ်ခံကြရမယ်.."
အနက်ရောင် ချပ်ဝတ်စစ်သည် တစ်ယောက်က အော်ပြောလိုက်ခြင်းဖြစ်သည်..။
ရွာသားတွေဟာ ရုတ်တရက် ပေါ်လာသည့် သွေးဆာနေသည့် စစ်သည်များကြောင့် ကြောက်လန့်သွားခဲ့ကြ၏..။
"ရွာသားတွေ အကုန်လုံး ရွာရဲ့ ခန်းမမှာ အခုပဲ စုဝေးကြ.."
စစ်သည် တစိယောက်က ပြောလိုက်ခြင်းဖြစ်သည်..။
စစ်သည်တွေဟာ ချက်ချင်းပဲ ရွာရဲ့ ထွက်ပေါက်များကို ဝန်းရံကာ ပိတ်ထားလိုက်ကြ၏..။ထွက်ပြေးရန် ကြိုးစားသည့်သူက အရင်ဆုံးသေဆုံးရမည်ဖြစ်သည်..။
ရှောင်နန်ဖန်းသည် ကလေးငယ်ကို ကုတင်အောက်တွင်ထားခဲ့ပြီး အပြင်ကို ထွက်လာကာ..ရွာသားတွေနှင့် အတူ ရောပြီး..ခန်းမဆီကို ထွက်လာခဲ့၏..။
ရွာသားတွေကတော့ ကြောက်လန့်နေကြပြီး..မည်သူမှ မနာခံပဲ မနေရဲကြပေ..။
'ဒါက ပထမရွာကို ဖျက်ဆီးခဲ့တဲ့ ကျီးကန်း စစ်တပ်လား..။သန္ဓေတည် အဆင့် ဆယ်ယောက်နဲ့..အခြေတည် အထွတ်အထိပ် အဆင့် အယောက်လေးဆယ်..'
ရှောင်နန်ဖန်း တစ်ဖက်လူများကို ဂရုတစိုက်သုံးသပ်နေခဲ့သည်..။
"ကျေးဇူးပြုပြီး စစ်သည်တော်တို့ ကျွန်တော်တို့ကို မသတ်ပါနဲ့..။ကျွန်တော်က ရွာသူကြီးပါ..။ကျွန်တော်တို့ ဒေါင်ကျန်းရွာလေးက အမြဲတမ်း ပုံမှန် အခွန်ဆောင်ပါတယ်..။ငွေအနည်းငယ်တောင်မှ မလွဲချော်ပါဘူး..။ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်.."
အဖိုးဝမ်က အသနားခံလိုက်သည်..။
စစ်သည်တော်တွေရဲ့ ခေါင်းဆောင်က အဖိုးဝမ်ကို စိုက်ကြည့်လိုက်ပြီး..
"ကျန်းချင် ဘယ်မှာလဲ.."
"ကျန်းချင်လား သူက ဘယ်သူလဲ.."
အဖိုးဝမ် ကြောက်လန့်စွာ ခေါင်းခါယမ်းလိုက်သည်..။
"ထပ်မေးမယ်..ကျန်းချင် ဘယ်မှာလဲ..။တကယ်လို့ ပြန်မဖြေနိုင်ဘူးဆိုရင် ဒီမှာရှိတဲ့ လူတိုင်းကို သတ်ရလိမ့်မယ်.."
ခေါင်းဆောင်ဖြစ်သူက ဓားဖြင့်ချိန်ရွယ်ပြီး သတိပေးလိုက်သည်..။
"မ...မသိပါဘူး.."
အဖိုးဝမ် ကြောက်ရွံ့မူကြောင့် ခေါင်းကိုငုံ့ထားခဲ့သည်..။
"မသိဘူးလား.."
ခေါင်းဆောင်ဖြစ်သူက အေးစက်သည့် အသံဖြင့်ပြောလိုက်၏..။
"ဒါဆိုရင်လည်း အကုန်သေလိုက်ကြတော့..."
"မသတ်ပါနဲ့ ..ချမ်းသာပေးပါ.."
ရွာသားအများစုဟာ ကြောက်ရွံ့မူကြောင့် ဒူးထောက်ပြီး တောင်းပန်လိုက်ကြသည်..။
အနက်ရောင် စစ်သည်များက သူတို့၏ အသနားခံမူကို လျစ်လျူရူလိုက်ကြပြီး ဓားတွေကို လှုပ်ရှားလာခဲ့ကြသည်..။
"ရပ်လိုက်..ငါ ဒီမှာပဲ.."
အသံတစ်ခုက အဖိုးဝမ်၏ အိမ်နားမှ ထွက်လာခဲ့သည်..။
မြေကျင်းတစ်ခု၏ အဖုံးက ပွင့်လာခဲ့ပြီး အညိုရောင် ဝတ်စုံဖြင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ထွက်လာခဲ့သည်..။
လူကြီးဟာ လေးနက်ပြီး တည့်ငြိမ်ပုံရပေမယ့်..အတော်လေး မောပန်းပုံ ရနေခဲ့၏..။
"အာ..ဘာလို့ထွက်လာရတာလဲ.."
အဖိုးဝမ် ..လှမ်းကြည့်ပြီး နောင်တရစွာ ရေရွတ်လိုက်သည်..။
"အဖိုးဝမ်း..ကျွန်တော် မနေ့က လာလည်တာက အဖိုးနဲ့ တွေ့ချင်လို့ပဲ..။ဒါပေမဲ့ ရွာကို ဒီလို ပြသနာ တွေ ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး..။သူတို့က ကျွန်တော့်ဆီကို လာကြတာ ဆိုတော့ ရှောင်ပြေးလို့ မရတော့ဘူး.."
အဖိုးဝမ် သက်ပြင်းချလိုက်သည်..။
"ဆရာ ကျန်း..ခင်ဗျားက ပြသနာကြီး တစ်ခုကို ဖန်တီး ခဲ့တာပဲ.."
စစ်သည်တော်များ၏ ခေါင်းဆောင်ဖြစ်သူက အော်ပြောလိုက်သည်..။