ကျန်းချင်
Vol. 3 Ch. 41
ကျန်းချင် ကြောက်ရွံ့နေကြသည့် ရွာသားများကို ကြည့်ကာ ရုတ်တရက် အရိုအသေ ပေးလိုက်သည်..။
"ကျုပ်...ကျန်းချင်..အနေနဲ့ ရွာသားတွေအတွက် ကပ်ဆိုးတွေ သယ်ဆောင်လာမိတဲ့ အတွက် လေးလေးနက်နက် တောင်းပန်ပါတယ်..!"
ရွာသားတွေဟာ ကျန်းချင်ကို ကြောက်ရွံ့မူ၊ ဒေါသထွက်မူ တွေနဲ့ ကြည့်နေခဲ့ကြပေမယ့်..စကားတော့ တစ်ခွန်းမှ မပြောရဲခဲ့ကြပေ..။
"ဆရာကျန်း...ကျွန်တော်တို့ အသက်တွေက ဆရာကျန်းဆီမှာ အကြွေးတင်နေတာပါ..။အဲဒီနှစ်တုန်းက ကျွန်တော်တို့ အကုန်လုံးကို ကယ်တင်ပေးထားတာကြောင့် ကျွန်တော်တို့က ဆရာကျန်းကို ..အပြစ်တင်မှာမဟုတ်ပါဘူး..။ဆရာကျန်းက..လူထု အတွက် အကျိုးပြုတာတွေလုပ်ပေးတာကြောင့် ကျွန်တော်တို့က ကျေးဇူးတင်ရပါတယ်.."
အဖိုးဝမ်က သူ့ကို နှစ်သိမ့်လိုက်သည်..။
ကျန်းချင် ခါးသက်စွာ ရယ်မောလိုက်ပြီး..
"ဒီလိုဆိုရင်တောင်မှ..ကျွန်တော်က ဒီလိုအရာတွေ ယူဆောင် လာခဲ့သေးတယ်လေ..။လူထုအတွက် ကောင်းမွန်တာတွေ လုပ်ခဲ့တယ်တဲ့လား..။ဒါတွေက ဟာသတစ်ခုလိုပါပဲ..။အဖိုး ဝမ်..ကျွန်တော်က အားလုံးရဲ့ ကျေးဇူးတင်ခံရဖို့အတွက် မထိုက်တန်ပါဘူး..."
ကျန်းချင် သက်ပြင်းချလိုက်ပြီး..စစ်သည်တွေဖက်ကို လှည့်လိုက်သည်..။
"ငါက မင်းတို့ရှာနေတဲ့လူပဲ..။အပြစ်ကင်းတဲ့ ရွာသားတွေကို ခက်ခဲအောင် မလုပ်ပါနဲ့.."
ကျီးကန်း စစ်တပ်၏ ခေါင်းဆောင်ဖြစ်သူသည်..ရုတ်တရက် ကျန်းချင်၏ ဝမ်းဗိုက်ကို ပြင်းထန်သည့် အားတစ်ခုနှင့် ကန်လိုက်သည်..။
ကျန်းချင်..သွေးတစ်ပွက် အန်လိုက်ပြီး မြေကြီးပေါ် ဒူးထောက်ကျသွားခဲ့သည်..။ခေါင်းဆောင်ဖြစ်သူက သူ့အပေါ် ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ..။
"ဟမ့်..ကျုပ်က ဆရာကျန်းလိူ့ ခေါ်နေတာနဲ့ ခင်ဗျားကိုယ် ခင်ဗျား ဟုတ်လှပြီလိူ့ထင်နေတာလား..။ကိုယ့်ကိုကို ဘာထင်နေတာလဲ..။ခင်ဗျားက ကျုပ်ကို အမိန့်ပေးလို့ရမယ်လိူ့ ထင်နေတာလား.."
ခေါင်းဆောင်ဖြစ်သူက အေးစက်သည့် အပြုံးတစ်ခုနှင့် အတူ ပြောလိုက်သည်..။
"မင်း..."
"သူ့ရဲ့ ချီ စက်ဝန်းကို ဖျက်ဆီးပြီး..ညှပ်ရိုးတွေကို ချိုးလိုက်.."
ခေါင်းဆောင်ဖြစ်သူက အမိန့်ပေးလိုက်သည်..။
"နားလည်ပါပြီ.."
အနက်ရောင်..ဝတ်စုံနှင် စစ်သည်များက ရှေ့ကို တက်လာခဲ့သည်..။သူတို့၏ ဓားများက ကျန်းချင်၏ ခြေလက်များဆီကို ဦးတည်ပြီး ဝင်သွားခဲ့၏..။သူ မြေကြီးပေါ်လဲကျသွားပြီး သွေးများထွက်ပေါ်လာခဲ့သည်..။
သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး ပြန်လည် မတုန့်ပြန်နိုင်ခဲ့ပေ..။
"ရပ်လိုက်ကြတော့.."
အဖိုးဝမ်က အော်ဟစ်ပြီး ပြေးတက်လာခဲ့၏..။
သူက ချက်ချင်းပဲ လေပေါ်ကို မြောက်တက်သွားပြီး အနီးနားက အိမ်နံရံနှင့် သွားတိုက်မိသွားခဲ့သည်..။သူ ပြန်ကျလာသည့် အချိန်တွင် ပါးစပ်နှင့်အပြည့် သွေးအန်လိုက်သည်..။
"ကျန်းချင်..အမတ်ကြီးက မင်းကို ရာထူးပေးထားပေမယ့် မင်းက ကိုယ့်အလုပ်ကို သေချာမလုပ်ပဲ သစ္စာဖောက်ဖို့ကို ရွေးချယ်ခဲ့တာပဲ..။မင်းက အမတ်ကြီးရဲ့ ရွှေတွေကိုတောင် ခိုးသွားခဲ့သေးတယ်..။တကယ်လို့ မင်းက သစ္စာမရှိဘူးဆိုရင်လည်း မင်းကို အသက်ရှင်လျက်ထားစရာ အကြောင်းမရှိတော့ဘူး..။ပိုက်ဆံတွေ ဘယ်မှာထားလဲ ငါ့ကိုပြောရင် မင်းကို အေးအေးဆေးဆေး သေခွင့်ပေးမယ်.."
ခေါင်းဆောငိဖြစ်သူက လေးနက်စွာပြောလိုက်ခြင်းဖြစ်သည်..။
"ရွှေတွေလား..။ငါ အမတ်ကြီးအတွက် ရှာပေးထားတဲ့ ရွှေတွေအကုန်လုံးကို လူထုအကျိုးအတွက် သုံးမယ်လို့ သူက ကတိပေးထားခဲ့တာလေ..။အဲဒီအစားသူက ကျီးကန်း စစ်တပ်အပေါ်မှာပဲ အသုံးပြုခဲ့တယ်..။ကုန်းမြေ အနှံ့က လူတွေက သေအံ့ဆဲဆဲဖြစ်နေပေမယ့် သူက ဂရုမစိုက်ခဲ့ဘူး.။ငါ ဘယ်လိုပဲ ပိုက်ဆံတွေ ရှာရှာ ဒါက မင်းတို့ အကျိုးအတွက်ချည်းပဒ..။မင်းတို့ ငါ့ဆီက ဘာမှထပ်ရတော့မှာမဟုတ်ဘူး.."
ကျန်းချန် ပြန်ဖြေလိုက်သည်..။
"မင်းက တကယ်သေချင်နေတာပဲ..ဟုတ်တယ်မလား."
ခေါင်းဆောင်ဖြစ်သူက မျက်လုံးကျဥ်းမြောင်းသွားခဲ့ပြီး ကျန်းချင်ကို နောက်တစ်ကြိမ် ထပ်ကန်လိုက်သည်..။
"သိပ်ကို ခေါင်းမာနေနိုင်တယ်ပေါ့..။စိတ်မပူနဲ့..ငါတို့ မင်းကို တိုင်ဝူ ကို ခေါ်သွားပြီးရင်..မင်းရဲ့ ပါးစပ်ကို ဖွင့်ချင်သွားလိမ့်မယ်.."
ခေါင်းဆောင်ဖြစ်သူက ခြိမ်းခြောက်လိုက်သည်..။
ကျန်းချင် သွေးရောင် လွှမ်းနေသည့် တံတွေးများဖြင့် လှမ်းထွေးလိုက်၏.။
"မင်းက ဒီရွာသားတွေကို ဂရုစိူက်တာမလား..။အမတ်ဝူ ကို သစ္စာဖောက်ရင် ဘာဖြစ်မလဲ ဆိုတာကို သိရလိမ့်မယ်..။စစ်သည်တို့..အကုန်လုံးကို သတ်လိုက်.."
ခေါင်းဆောင်က အမိန့်ပေးလိုက်သည်..။
" မလုပ်နဲ့..."
ကျန်းချင် အော်ပြောလိုက်သည်..။
"မ...မသတ်ပါနဲ့.."
ရွာသားများက မြေကြီးတွင် ဒူးထောက်ပြီး အသနာ ခံလိုက်ကြသည်..။
" သတ်ကြ.."
စစ်သည်များက ဓားများကို ဆွဲထုတ်ပြီး ပြင်ဆင်လိုက်ကြ၏..။
"ခနလေး.."
အသံတစ်သံက ထွက်ပေါ်လာခဲ့သည်..။
လူတိုင်းက လူအုပ်ထဲတွင် ရှိနေသည့် ရှောင်နန်ဖန်းကို ကြည့်လိုက်ကြ၏..။
"မင်းက ဘာပြောစရာ ရှိလို့လဲ.."
ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ပြောလိုက်သည်..။
"မိတိဆွေတို့က ဒေါင်ကျန်းရွာသားတွေကို လာသတ်တာမလ..။ဒါပေမဲ့ ကျုပ်က ခရီးသွားတစ်ယောက်ပဲ..။မိတ်ဆွေတို့မှားနေပြီ..."
ရှောင်နန်ဖန်း လေးနက်စွာရှင်းပြလိုက်သည်..။
ကျန်တဲ့လူများက သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြ၏..။
မင်းက ခရီးသွားဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ..
.
"ဒီလူငယ်လေးက တကယ် ခရီးသွားပဲ..။သူက ငါတို့ရွာမှာ တစ်ညလာတည်းတာ..။စစ်သည်တော်တို့ ဒီကိစ္စက သူနဲ့ဘာမှမဆိုင်ဘူး..။ကျေးဇူးပြုပြီး သူ့ကို သွားခွင့်ပေးလိုက်ပါ.."
အဖိုးဝမ်က အသက်ကို ကြိုးစားရူရင်း..တောင်းပန်လိုက်သည်..။
ရှောင်နန်ဖန်းသည် အဖိုးဝမ်၏ ကြင်နာမူကို အံ့ဩသင့်သွား၏..။သူကိုယ်တိုင် သေမလိုဖြစ်နေတာတောင် သူက တစ်ခြားတစိမ်းတစ်ယောက် အတွက် စကားပြောပေးနေသေးသည်..။
"ဟုတ်တယ်..ငါက ခရီးသွားတစ်ယောက်ပဲ..။ကျေးဇူးပြုပြီး ကျုပ်ကို သွားခွင့်ပေးပါ ဆရာတို့.."
"ဟားဟား..ကမ္ဘာပေါ်မှာ ဒီလို အရူးမျိုးလည်း ရှိသေးတာလား..။ကံဆိုးလွန်းတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့..။သူ့ကို သတ်.."
ခေါင်းဆောင်ဖြစ်သူက စစ်သည်များကို အမိန့်ပေးလိုက်သည်..။
သို့ပေမယ့် သူပြောလို့ မပြီးခင်မှာပဲ..ရှောင်နန်ဖန်းက အရင်လှုပ် ရှားလိုက်၏..။သူက အနီးဆုံးမှာ ရှိနေသည့် အစောင့်ကို လက်သီးဖြင့် ပိတ်ထိုးချလိုက်သည်..။
သူ၏ ဦးခေါင်းက ကွဲထွက်သွားပြီး သွေးများနေရာအနှံ့ကို ပျံကျဲသွားခဲ့၏..။လူတိုင်း မတုန့်ပြန်နိုင်ခဲ့ပါပဲ..ရှောင်နနိဖန်းက သူ၏ ဓားကို ယူလိုက်ပြီး နောက်ထပ် တပည့်တစ်ယောက်ကို အမြန်ထိုးချလိုက်သည်..။
ဓားသွားက..ကျန်းချင်အနားတွင် ရပ်နေသည့် စစ်သည်၏ ရင်ဘတ်ထဲကို ဖောက်ဝင်သွားခဲ့သည်..။
"ငါ မင်းကို သတ်မယ်.."
ခေါင်းဆောင်ဖြစ်သူက ဒေါသထွကိစွာ အော်ဟစ်လိုက်၏..။ဒီလူငယ်လေးက တစ်စုံတစ်ယောက်ကို ရုတ်တရက် သတ်လိုက်မယ်လိူ့ ဘယ်သူထင်ထားမှာလဲ..။
ရှောင်နနိဖန်းသည် စစ်သည်နှစ်ယောက်ကို သတ်ပြီးတာနဲ့ ကျန်းချင်ဆီကို ပြေးကာ ထမ်းပြီး ရွာပြင်ကို ပြေးထွက်သွားခဲ့၏..။
"တားထားလိုက်ကြ.."
"သူ့ကို သတ်.."
စစ်သည်တော်များက ရှောင်နန်ဖန်းနောက်ကို ပြေးလိုက်သွားခဲ့ကြသည်..။
ဒေါင်ကျန်းက..သစ်တော တောင်တန်း၏ ခြေရင်းတွင် ရှိနေတာကြောင့် ရှောင်နနိဖန်းသည် ကျန်းချင်ကို တောထဲ ခေါ်ပြေးသွားခဲ့သည်..။စစ်သည်တော် ၄၈ ယောက်ကတော့ နောက်က လိုက်နေကြ၏..။
ကျန်းချင်ကတော့ ဒဏ်ရာရထားခဲ့ပြီး ..သွေးများ ဆက်တိုက်ထွက်နေခဲ့သည်..။
"ကောင်လေး ကျေးဇူးပါ.."
ကျန်းချင် ရေရွတ်လိုက်သည်..။
"ကျုပ် ခင်ဗျားကို ကယ်တာမဟုတ်ဘူး.."
ရှောင်နန်ဖန်း ပြောလိုက်သည်..။
"ငါ့ကို မဟုတ်ဘူးလား.."
ကျန်းချင် ကြည့်ရတာ အံ့ဩသွားပုံရ၏..။
"ကျုပ်က အဖိုးဝမ်နဲ့သူ့ရဲ့ မိသားစုကို ကယ်တင်လိုက်တာပဲ.."
"မင်း..."
ကျမ်းချင် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး ထပ်မပြောနိုင်ခဲ့ပေ..။
ရှောင်နန်ဖန်းကတော့ ရပ်မနေခဲ့ပေ..။သူက..တောထဲကို ပိုပိုပြီး ဝင်လာခဲ့၏..။
နောက်ဖက်တွင်တော့ ဒေါသတကြီးအော်သံများကို ကြားနေရသည်..။သူက စစ်မှန်တဲ့ ယန်ချီများကို လေ့ကျင့်ထားပေမယ့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တာကြောင့်..သန္ဓေတည်အဆင့်များကို မယှဥ်နိုင်သေးပေ..။ကံကောင်းချင်တော့..မိုးဖွဲလေးများက စတင်ကျဆင်းလာပြီ တောတောင်တစ်ခုလုံးကို မြူများကျဆင်း လာခဲ့သည်..။
"ကျန်းချင် ..ကျုပ်ခင်ဗျားကို ဒီနားမှာ ထားခဲ့မယ်..။ကျုပ်သူတို့ကို မြှားခေါ်သွားမှာမို့လို့ ဘာအသံမှ မထွက်နဲ့.."
ရှောင်နန်ဖန်း တီးတိုးပြောလိုက်သည်..။ပြီးတဲ့နောက်မှာတော့ ကျန်းချင်ကို ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်၏ ခြေရင်းတွင် ထားခဲ့ကာ..သစ်ရွက်များဖြင့် အုပ်ထားခဲ့၏..။
ယင်းနောက် သူ ဆက်ပြီးပြေးသွားခဲ့သည်..။
"အား..."
ရှောင်နန်ဖန်း အသံတစ်ခုကို ပြုလုပ်လိုက်၏..။
"သူက ဟိုဘက်မှာပဲ.."
စစ်သည်တော်တစ်ခုက ရှောင်နန်ဖန်းရှိရာဘက်ကို ပြေးလာခဲ့ကြသည်..။
သစ်ပင် နားတွင်တော့ ကျန်းချင်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာတစ်ခုရှိနေခဲ့သည်..။
"ဒါက အဖိုးဝမ် မနေ့ညက ငါ့ကိုပြောခဲ့တဲ့ကောင်လေးလား..။သူ့ကြည့်ရတာတော့ အခြေတည်အဆင့် ကျင့်ကြံသူ ပဲ..။တကယ်လို့ သူသာ ငါတို့ကို ထားပြီး ပြေးရင် လွတ်မြောက်နိုင်လိမ့်မယ်..။ဒါပေမဲ့ သူက အသက်ကို စွန့်ပြီး ငါ့ကိုခေါ်လာတာက အဖိုးဝမ်တို့ရွာကို ကယ်တင်ဖို့အတွက်တဲ့လား..။သူ့ရဲ့ သတ္တိကတော့ လေးစားစရာပဲ.."
ကျန်းချင် ရေရွတ်လိုက်သည်..။
ကျန်းချင် ကို မသယ်ရတော့တာကြောင့် ရှောင်နန်ဖန်း အများကြီး ပိုမိုမြန်ဆန်သွားခဲ့၏..။
သိပ်မဝေးသည့် နေရာတွင်တော့ စစ်သားများ၏ အော်ဟစ်သံများကို ကြားနေကြရသည်..။
"ဒီခွေးသားလေး..သူ့ အမြန်နှုန်းကို ကြည့်ရသလောက်တော့ သူက ..အခြေတည် အထိတ်အထိပ်အဆင့်မှာပဲ ရှိဦးမယ်..။ဒါတောင် ငါတို့ကို ရန်စ ရဲတယ်တဲ့လား..။ဆက်ပြီး ရှာကြ..။ငါ သူ့ကို အရေခွံစုတ်ပြီး တစ်မိသားစုလုံးကို သတ်ပစ်မယ်.."
ခေါင်းဆောင်ဖြစ်သူက အော်ပြောလိုက်သည်..။
"နားလည်ပါပြီ.."
လူတိုင်းက သတိကြီးစွာဖြင့် ဆက်ပြီးရှာလိုက်ကြသည်..။
တောတောင်ထဲမှာတော့..မိုးအနည်းငယ် ရွာသွန်းမူနှင့် အတူ မြူများကလည်း ဆက်တိုက်ကျဆင်းနေခဲ့သည်..။
ဒီထဲမှာတော့ ရှောင်နန်ဖန်းသည်..ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေပြီး အဖွဲ့မှ ကွဲထွက်လာသည့် သန္ဓေတည်အဆင့်များကို ပစ်မှတ်ထားနေခဲ့၏..။
"ဒီကောင်တွေက ဓားပြတွေနဲ့ ဘာမှမထူးဘူး..။သူတို့က အပြစ်ကင်းတဲ့လူတွေကိုတောင်သတ်ချင် နေကြတာ..။ဒီနေ့တော့ သူတို့သတ်ခဲ့တဲ့ လူတွေအတွက် ပြန်ပြီး လက်စားချေပေးရမယ်.."
ရှောင်နန်ဖန်း၏ မျက်လုံးက အရောင်လက်သွားခဲ့သည်..။
"သန္ဓေတည် အဆင့် ကျင့်ကြံသူတွေအတွက်ကတော့..ငါ့မှာ..ခရမ်းရောင် အဆိပ် ပုဆိန် ရှိနေသေးတာပဲ..."