အားလုံးရဲ့ အဆုံးသတ်
Vol. 3 Ch. 42
သစ်တော ၏ အတွင်းပိုင်းတွင်တော့ တိုင်ချင်ဂိုဏ်းသားများသည် နေရာတိုင်းကို သေချာလိုက်ရှာနေခဲ့ကြသည်..။
"ရွှေရောင် ကျီးကန်း က..အတွင်းအမြုတည် ထွက်ပေါ်နေတဲ့အချိန်မှာ နန်ဖန်းက အခြေတည် အဆင့်မှာပဲ ရှိနေသေးတယ်..။ငါတို့ တစ်ညလုံးရှာနေပေမယ့် သူ့ကို မတွေ့ရသေးဘူး..။ငါ စိုးရိမ်တာက...နင့်စိတ်ကို ပြင်ဆင်ထားသင့်တယ် ယွဲ့အာ.."
ရီဆန်းရွှေးပြောလိုက်ခြင်းဖြစ်သည်..။
"အဓိပ္ပါယ်မရှိတာ..။တကယ်လို့ ..နန်ဖန်းသာ တစ်ခုခုဖြစ်ရင် ..နင်တာဝန်ယူရမယ် ရီဆန်းရွှေး.."
ယွဲ့အာ နီရဲနေသည့် မျက်လုံးများဖြင့်ပြောလိုက်သည်..။
""ငါ အစောကတည်းက ဒီအရာမှာ ဝင်မပါဖို့ပြောတာပဲလေ..ဂိုဏ်းတူညီလေး နန်ဖန်းက တိုက်ခိုက်ချင်နေတာမဟုတ်ဘူးလား..။တကယ်လို့ အပြစ်တင်ချင်တယ် ဆိုရင်လည်း သူ့ရဲ့ ခေါင်းမာမူကိုပဲ အပြစ်တင်ရလိမ့်မယ်.."
ရီဆန်းရွှေး မသက်သာစွာ ပြောလိုက်သည်..။
"ရီဆန်းရွှေး..နင် ဘယ်လိုပြောနိုင်ရတာလဲ..။ဂိုဏ်းတူ မောင်လေး နန်ဖန်းက ဂိုဏ်းရဲ့ ဆောင်ပုဒ်အတိုင်း လုပ်ခဲ့တာပဲ..။ဒါက ခေါင်းမာတယ်လို့ ဘယ်လိူလုပ်ပြောနိုင်မှာလဲ.."
"ဟုတ်တယ်..ဂိုဏ်းကို ပြန်ရောက်ရင်..ဂိုဏ်းရဲ့ဆောင်ပုဒ်ကို ပြသနာအပြစ်မြင်နေတဲ့လူ ရှိတယ်ဆိုတာ တင်ပြရမယ်.."
"အမှန်ပဲ.."
ကျန်သသည့် လူများကလည်း ရီဆန်းရွှေးကို ဒေါသတကြီး ကြည့်နေခဲ့ကြ၏..။ရီဆန်းရွှေး သူတို့ကို မြင်ပြီး ကြောင်အနေခဲ့သည်..။
ငါက မင်းတို့ရဲ့ ခေါင်းဆောင်ဆိုတာကိုလည်း သတိရကြဦးနော်...
အဲ့အချိန်မှာပဲ..တောက်ပသည့် မီးရူးတစ်ခုက သိပ်မဝေးသည့် လေထဲကို မြင့်တက်လာခဲ့၏..။
"ဒါက ငါတို့ရဲ့ အချက်ပေးစနစ်ပဲ..။တစ်ယောက်ယောက် နန်ဖန်းကိူ တွေ့သွားတာလား.."
ရီဆန်းရွှေး ပြောလိုက်သည်..။
"သူ့ကို တွေ့ပြီလား..။ငါတို့ အဲ့ကို ချက်ချင်းသွားကြမယ်.."
ယွဲ့အာ..အမြန်သွားလိုက်သည်..။
မီးရူးက ရှောင်နန်ဖန်းကို တွေ့ရှိကြောင်း အချက်ပေးလိုက်ခြင်းဖြစ်သာ်..။သို့ပေမယ့် သူက သေနေလား ရှင်နေသေးလား ဘယ်သူသိမှာလဲ..။
ယွဲ့အာ ၊ ရီဆန်းရွှေးနှင့် တစ်ခြားလူများသည်..အချက်ပေးသည့် နေရာကို ရောက်လာခဲ့ကြသည်..။
"ဂိုဏ်းတူ အစ်မ..ဒါက ဒေါင်ကျန်းပဲ..။ဂိုဏ်းတူညီလေး နန်ဖန်းက ဒီမှာတစ်ညနေသွားတယ်.."
တပည့်တစ်ယောက်က အဖိုးဝမ်ကို လက်ညိုးထိုးပြီးမေးလိုက်သည်..။
"နန်ဖန်းက အသက်ရှင်နေသေးတာလား.."
ယွဲ့အာ မေးလိုက်၏..။
"ရွှေရောင်ကျီးကန်းက အမြုတေ ရှိနေတဲ့ စိတ်ဝိဥာဥ် သားရဲလေ..။နန်ဖန်းဆိုတာက..အခြေတည် အဆင့်မှာပဲ ရှိနေသေးတာ..။သူက ဘယ်လို လွတ်မြောက်သွားတာလဲ.."
ရီဆန်းရွှေး ရှုပ်ထွေးနေခဲ့၏..။
"သူဘယ်မှာလဲ..။အခု နန်ဖန်းက ဘယ်မှာလဲ.."
ယွဲ့အာသည် အဖိုးဝမ်၏ အင်္ကျီများကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်..။
"ကျွန်တော်တို့ သူ့ကို အကြွေးတင်နေပြီထင်တယ်..။ဒီ မနက်က..."
အဖိုးဝမ်ဟာ..အစောက အဖြစ်အပျက်များကို ပြန်၍ ပြောပြလိုက်သည်..။
"ကျီးကန်း စစ်သည်တွေလား.."
ရီဆန်းရွှေး ရေရွတိလိုက်၏..။
"ကျီးကန်း စစ်တပ် ရဲ့ အဆင့်အနိမ့်ဆုံး စစ်သည်တော်တောင် ..အခြေတည် အထွတ်အထိပ် အဆင့်မှာ ရှိကြတယ်..။ပြီးတော့ သူတို့က နန်ဖန်းကို လိုက်ဖမ်းနေကြတာလား.."
ယွဲ့အာ ပြောလိုက်သည်..။
"ဟုတ်တယ်.. ဒီဘက်မှာပဲ.."
အဖိုးဝမ်ဟာ တောင်တန်းတွေဘက်ကို လက်ညိုးထိုးပြလိုက်သည်..။
ယွဲ့အာ စိုးရိမ်သွားခဲ့၏..။
"အမြန်..အားလုံးပဲ နန်ဖန်းကိုသွားကယ်ကြမယ်.."
"သွားကြစို့.."
တိုင်ချင်ဂိုဏ်းသားများက လက်နက်များကို ကိုင်စွဲပြီး ထွက်ခွာလာခဲ့ကြသည်..။
နေ့လည်ဘက်တွင်..။နွေဦး ရာသီ၏ မိုးက ရပ်တန့်သွားခဲ့ပြီဖြစ်၏..။သိပ်မဝေးသည့်နေရာမှာတော့ ယွဲ့အာ နှင့် အဖွဲ့သားတွေသည် ..ပတ်ဝန်းကျင်က အခြေအနေတွေကို မြင်ပြီး တိုက်ခိုက်မူတစ်ခု ဖြစ်ထားသည်ကို ခံစားမိလိုက်သည်..။
"နန်ဖန်း..ငါတို့ဒီမှာပဲ..နင်ဘယ်မှာလဲ.."
ယွဲ့အာ အော်ဟစ်လိုက်၏..။
လူတိုင်းကတော့ ရင်ထဲ တင်းကြပ်နေကြ၏..။ရှောင်နန်ဖန်း၏ ပြိုင်ဖက်များက..ကျီးကန်းစစ်သည်များဖြစ်ကြသည်..။
"ဂိုဏ်းတူအစ်မ ယွဲ့အာ..ကျွန်တော် ဒီမှာ.."
ရှောင်နန်ဖန်း အနီးနားကနေ လှမ်းအော်လိုက်သည်..။
"ဟင်.."
တပည့်တွေက အသံလာရာဆီကို အံ့ဩစွာလှမ်းကြည့်လိုက်ကြ၏..။
"နန်ဖန်း နင်အသက်ရှင်နေသေးတာလား.."
ယွဲ့အာ ကျေနပ်စွာပြေးသွားလိုက်သည်..။
"ဂိုဏ်းတူ အစ်ကို နန်ဖန်း အဆင်ပြေရဲ့လား..။တကယ်ကံကောင်းလို့ပဲ.."
တပည့်များက ဝန်းရံလာကြသည်..။
သို့ပေမယ့် နန်ဖန်း၏ ပုံစံက အခြေနေမကောင်းပေ..။သူက သွေးများပေကျန်နေပြီး..ဝတ်စုံကလည်း စုတ်ပြတ်နေခဲ့ပြီဖြစ်၏..။
"ဒီမှာဘာလုပ်နေကြတာလဲ.."
ရှောင်နန်ဖန်း အနည်းငယ် အံ့ဩသင့်နေခဲ့သည်..။
"ငါတို့က မင်းကို တစ်ညလုံး ရှာနေကြတာလေ.."
တပည့်တစ်ယောက်က ပြောလိုက်သည်..။
ယွဲ့အာ မေးလိုက်၏..။
"နင့်တစ်ကိုယ်လုံးသွေးတွေချည်းပဲ..ဒဏ်ရာရထားတာလား.."
"အဆင်ပြေပါတယ်..နည်းနည်း မောပန်းနေရုံပါပဲ.."
ရှောင်နန်ဖန်း ပြုံးပြီး ပြန်ဖြေလိုက်၏..။
"တကယ် အဆင်ပြေတာလား.."
ရှောင်နန်ဖန်း၏ အခြေအနေကို မြင်ပြီး တပည့်များက သိချင်သွားခဲ့သည်..။
"ကျုပ် အင်အားတွေ ကုန်နေပြီ..။ကျေးဇူးပြုပြီး ဟိုသစ်ပင်နားက ကျန်းချင်ကို ခေါ်ပေးပါလား.."
ရှောင်နန်ဖန်း အနီးနားက သစ်ပင်ကို လက်ညိုးထိုးပြလိုက်၏..။
အဲ့အချိန်မှပဲ တပည့်များသည် သွေးများစွာဖြင့် ချောင်းအနည်းငယ် ဆိုးနေသည့် လူတစ်ယောက်ကို တွေ့လိုက်ကြရသည်..။
"သူက ကျန်းချင်လား.."
"ကျန်းချင် နန်ဖန်းက နင့်ကိုကယ်ဖို့ကြိုးးခဲ့တာပဲ.."
ယွဲ့အာ သွေးများစိုရွဲနေသည့် ကျန်းချင်ကို စိုက်ကြည့်ပြီး အော်လိုက်သည်..။
ကျန်းချင် ယွဲ့အာကို ထူးဆန်းစွာကြည့်လိုက်၏..။သူ တစ်ခုခု ပြောချင်ပေမယ့်လည်း ရပ်တန့်လိုက်သည်..။
"နင်က ဘာကြည့်တာလဲ..။ဒါတွေ အကုန်နင့်ကြောင့်ပဲ..။နင်က အပင်နားမှာ ပုန်းပြီး အကောင်းအတိုင်းရှိနေပေမယ့် နန်ဖန်းရဲ့ အခြေနေကို ကြည့်လိုက်ဦး..။နင် ကိုယ့်ကိုကို မရှက်ရွံ့မိဘူးလား.."
ယွဲ့အာ ဆက်ပြောနေခဲ့သည်..။
ကျန်းချင် ဆွံ့အသွားခဲ့၏..။
'ငါ့ရဲ့ ချီစက်ဝန်း ဖျက်ဆီးခဲ့ရပြီး နံရိုးတွေကလည်း ကျိုးနေပြီလေ..။တစ်ကိုယ်လုံးလည်း သွေးတွေနဲ့ အပြည့်ပဲ..အဲတာကို ဘယ်လိုဖြစ်ပြီး သူ့အခြေအနေက ပိုဆိုးသွားတာလဲ..။ပြီးတော့ သူ့ကိုယ်ပေါ်က သွေးတွေဆိုတာကလည်း ကျီးကန် စစ်သည်တွေရဲ့ သွေးတွေချည်းပဲ..။သူတို့သာ အသက်ရှင်နေသေးရင် ရှောင်နန်ဖန်း ရှေ့ကနေ ထွက်ပြေးကြလိမ့်မယ်.."
"ကျွန်တော် တကယ်အဆင်ပြေပါတယ် ဂိုဏ်းတူအစ်မ.."
နန်ဖန်း ဝင်ပြောလိုက်သည်..။
"အဆင်ပြေတယ်တဲ့လား..။နင် ဒီလို အသက်ရှင်တာကိုက ဆန်းကျယ်မူတစ်ခုဖြစ်နေပြီ..။ဟုတ်သားပဲ..သူတို့တွေက အခု ဘယ်ရောက်သွားကြတာလဲ "
ပတ်ဝန်းကျင်ကို လျောက်ကြည့်နေသည့် တပည့်တစ်ချို့က စတင်ပြီး အော်ဟစ်လိုက်ကြသည်..။
"ဒီမှာ အလောင်းတစ်လောင်းရှိနေတယ်.."
"ဒီမှာလည်း ရှိနေတယ်.."
တူညီသည့် အသံများက ထွက်ပေါ်လာခဲ့၏..။အလောင်းတွေကို ရေတွက်ကြည့်လိုက်သည့် အချိန်တွင် အားလုံးပေါင်း ၄၈ ယောက် ရှိနေခဲ့သည်..။
"မဖြစ်နိုင်တာ . "
"ဂိုဏ်းတူ ညီလေး နန်ဖန်းက သူတို့အကုန်လုံးကို သတ်လိုက်တာလား.."
"ဘယ်လိုဖြစ်နိုင်မှာလဲ..။ဂိုဏ်းတူညီလေးက အခြေတည် အဆင့်မှာပဲ ရှိနေသေးတာကို.."
တပည့်တွေ အားလုံးက ရှောင်နန်ဖန်းကို အံ့ဩစွာကြည့်လိုက်ကြသည်..။
ရီဒါဖူ အခြေအနေကို မြင်ပြီး တံတွေးကို မြိုချလိုက်မိသည်..။သူက တကယ်ပဲ..ကျီးကန်း စစ်သည် အကုန်လုံးကို သတ်လိုက်တာလား..။
"နန်ဖန်း ..နင် ဒီစစ်သည်တွေ အကုန်လုံးကို သတ်လိုက်တာလား.."
ယွဲ့အာလည်း အံ့ဩသင့်စွာမေးလိုက်သည်..။
"မေ့နေပြီလား..ကျွန်တော်မှာ ခရမ်းရောင် အဆိပ်ပုဆိန် ရှိနေသေးတယ်လေ..။သူတို့အတော်များများကို အဆိပ်မိအောင်လုပ်လိုက်တာ.."
ရှောင်နန်ဖန်း အလောင်းတစ်ခူကို ကန်လိုင်ရင်း ရှင်းပြလိုက်သည်..။
အမှန်ပဲ သူတို့ရှေ့ကလူ၏ ပါးစက်ထဲတွင် ခန္တာကိူယ်မှာ ထွက်ပေါ်လာခဲ့သည့် အဆိပ်များ ရှိနေခဲ့၏..။သူက နာကျင်ပြီး ကြောက်လန့်စွာ သေဆုံးခဲ့ရပုံပေါ်သည်..။
"ဒီတော့ အဆိပ်နဲ့သတ်လိုက်တာပေါ့..။ဒါက အဓိပ္ပါယ် ရှိတယ်.."
ရီဒါဖူ ရေရွတိလိုက်သည်..။
ယွဲ့အာ နှင့် ရီဆန်းရွှေးတို့ နှစ်ယောက်သာ ရှောင်နန်ဖန်းကို သံသယဖြစ်စွာ ကြည့်လိုက်ကြ၏..။သူတို့က လူအနည်းငယ် လောက်သာ အဆိပ်မိထားသည့်ကို မြင်ထားကြသည်..။ကျန်သည့် စစ်သည်တွေကို နန်ဖန်းတစ်ယောက်တည်းက သတ်လိုက်တာလား..။
"နန်ဖန်း..မင်းတော့ ဒုက္ခရောက်တော့မယ်..။မင်းက အမတ်ဝူ လက်အောက်ကလူတွေကို သတ်လိုက်တာပဲ..။ငါတို့ ဒီကိုရောက်နေတာ သူ့ရဲ့ ဖိတ်ခေါ်မူကြောင့်လေ..။အခု မင်းက သူ့ရဲ့ နောက်လိုင်တွေကို သတ်လိုက်တော့ သူ မင်းကို တစ်ခုခူ လုပ်လိမ့်မယ်.."
ရီဒါဖူ သတိပေးလိုက်၏..။
သူပြောပြီးတာနဲ့ နောက်ကနေ ရိုက်နှက်လိုက်သည့် အသံထွက်ပေါ်လာခဲ့သည်..။
"တတိယဦးလေး..ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ.."
ရီဒါဖူ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်..။
"ဒီအကြောင်းကို အမတ် ဝူ ဆီ ဘယ်သူပြန်ပြောရဲလဲ..။နန်ဖန်းက ရွာသားတွေကို ကူညီခဲ့တာပဲ..။မင်းက သွားတိုင်မလို့လား.."
ရီဆန်းရွှေး သူ၏ တူကို သတိပေးလိုက်သည်..။
"မ..မဟုတ်ပါဘူး..ကျွန်တော်က ဒီတိုင်းပြောပြတာပါ.."
ရီဒါဖူ ပြန်ဖြေလိုက်သည်..။
"ရီဲဒါဖူ နားထောင်..တကယ်လို့ ဒီကိစ္စသာ လျောက်ဖြန့်မယ် ဆိုရင် ..နင့်ကို ဒီတိုင်းမထားဘူးနော်.."
ယွဲ့အာ လေးနက်စွာပြောလိုက်သည်..။
ရှောင်နန်ဖန်းလည်း..ရီဆန်းရွှေးကို အံ့ဩသင့်စွာကြည့်လိုက်၏..။သူက အနည်းဆုံးတော့ ဘယ်ဟာက အရေးကြီးလည်း ဆိုတာကို နားလည်ထားပြီး သူ့တူကို လုပ်ချင်တိုင်းလုပ်ခွင့် မပေးထားပေ..။
"ဟုတ်သားပဲ..ပျက်ဆီးသွားတဲ့ရွာ အခြေအနေ ဘယ်လိုရှိလဲ ."
ရှောင်နန်ဖန်း ရုတ်တရက် မေးလိုက်သည်..။
"ရွာသားတွေ ပြောတာကတော့ သူတို့ရွာက..ကျန်းဂျီဇောင် ရွာတဲပ..။အသက်ရှင်တဲ့လူတိုင်းကတော့ အခု အဆင်ပြေနေကြပြီ.."
တပည့်တစ်ယောက်က သက်ပြင်းချပြီးပြောလိုက်သည်..။
"ဘာ..ကျန်းဂျီဇောင် ရွာက ဘာဖြစ်သွားတာလဲ.."
"ရှင်မသိဘူးလား..။ဒါတွေအကုန် ရှင့်ရဲ့အမှားတွေချည်းပဲ..။နနိဖန်းကြောင့်သာ မဟုတ်ရင် အဲ့ရွာက ပြာပုံဖြစိနေလောက်ပြီ.."
ယွဲ့အာပြောလိုက်သည်..။
"ခနလေး..ကျန်းဂျီဇောင်ရွာက ဘာဖြစ်သွားတာလဲ.."
ကျန်းချင် အလန့်တကြားမေးလိုက်သည်..။
ယွဲ့အာ မျက်မှောင်ကျုတ်ပြီး အဖြစ်အပျက်အားလုံးကို ပြန်ပြောပြလိုက်၏..။.
"ဘယ်လိုလုပ်....အစ်ကို ၂ ...အစ်ကို ၄ ..။ငါဘာတွေ လုပ်ခဲ့တာလဲ..။အမတ်ဝူက ငါ့မိသားစုကို ဖျက်ဆီးလောက်တဲ့ အထိရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ငါ့အမှားတွေချည်းပဲ.."
ကျန်းချင် စတင်ပြီး ငိုကြွေးတော့သည်..။
"ကလေး ၆ ယောက်နဲ့ ရွာသားသုံးယောက်ကို ကယ်တင်နိုင်ခဲ့တယ်..။ပြီးတော့ ရှင် ...ရှင်က ရန်သူတွေလိုက်တာခံနေရတာတောင် ဘာလို့ မိတ်ဆွေတွေဆီကို လျောက်သွားနေရတာလဲ.."
ယွဲ့အာ နားမလည်နိုင်စွာပြောလိုက်သည်..။
"အသက်ရှင်နေကြသေးတာလား..။သူတို့ဘယ်မှာလဲ..။မဟုတ်ဘူး..ငါ တောငိးပန်ပါတယ်..။ကူညီမူအတွက် ကျေးဇူးပါ.."
ကျန်းချင် အသိစိတ်ပြန်ဝင်လာခဲ့ပြီး တပည့်များကို ဂါဝရပြုလိုက်သည်..။
ယွဲ့အာ ပြောလိုက်သည်..။
"သူ့ကိုသာ သေချာကျေးဇူးတင်လိုက်..သူ့ကြောင့်သာမဟုတ်ရင် ကျွန်မတို့ ရှင့်ရွာကို ဝင်ဖြစ်မှာမဟုတ်ဘူး..။ပြီးတော့ သူသာ ဒီရွာကို မတော်တဆ ရောက်မလာရင် ဒီကလူတွေ အကုန်လုံး အသတ်ခံရကြရမှာ ."
ကျန်းချင် ရှောင်နန်ဖန်းကို ထပ်ကြည့်လိုက်ပြီး မျက်ရည်များဖြင့် ပြောလိုက်သည်..။
"မျက်နှာပြဖို့တောင် ရှက်ရွံ့မိပါတယ်..။ကူညီပေးမူအတွက် ကျေးဇူး အထပ်ထပ် တင်မိပါတယ်..."
မှတ်ချက် - ကျန်းဂျီဇောင် ရွာသည်..အမှန်တော့ ကျန်းမိသားစု၏ ရွာဖြစ်ပြီး..ကျန်းချင်၏ မိသားစုဝင်များက ရွာ၏ အကြီးအကဲ နေရာများကို နေရာယူထားကြသည်..။