ကူညီမူ
Vol. 3 Ch. 43
တစ်ရက်ခန့် ကြာပြီးနောက်တွင် ။
ဒေါင်ကျန်း ရွာ၏ ဝင်ပေါက်တွင် ကျန်ရစ်နေခဲ့သည့် လူများက စုဝေးနေ ခဲ့ကြသည်။
"ဦးလေး ၅ ရဲ့ ကာကွယ်မူ ကြောင့်သာ မဟုတ်ရင် အဲ့ဒီနှစ် ကတည်းက ကျွန်တော် တို့ ရွှာက ပျက်ဆီး သွားခဲ့မှာ ။အဖေ မသေခင် ကလည်း ဒီကိစ္စတွေ အတွက် ကိုယ် အပြစ်မတင် ဖို့မှာကြား သွားခဲ့သေးတယ်။တကယ်လို့ အပြစ်တင် ရမယ် ဆိုရင် လည်းအဲ့တာက အမတ် ဝူပဲဖြစ်လိမ့် မယ် "
အသက် ရှင်နေသေးသည့် တစ်ယောက်က ကျန်းချင် ကို အကြံပေးလိုက် သည်။
သို့ပေမယ့် ကျန်းချင် ကတော့ သူ၏ကျန်ရှိနေသေးသည့် မိသားစု ဝင်များကို ထပ်ကာ ထပ်ကာ ဦးညွှတ်ရင်း မျက်ရည်များက ကျဆင်းလာ နေခဲ့သည်။သူက အတော်လေး ဝမ်းနည်း နေပြီး သူ၏လုပ်ရပ် အတွက်ဘယ်လိုတောင်း ပန်ရမည် မှန်းတောင် မသိတော့ပေ။
ရှောင်နန်ဖန်း နှင့် တစ်ခြားတပည့် များကတော့ ဒီအဖြစ် အပျက် များကို အဝေးကနေ ကြည့်နေခဲ့ သည်။
"ကျန်းချင် က ဘယ်သူလည်း ဆိုတာကို ငါမှတိမိပြီ ။ဒါက တကယ်ကို စိတ်မကောင်းစရာပဲ"
ရီဆန်းရွှေး ရေရွတ် လိုက်၏။
"ဂိုဏ်းတူ အစ်ကို ရီ က ကျန်းချင်ကို သိနေတာ လား "
ရှောငိနန်ဖန်း မေးလိုက်၏။
"ငါကြား ဖူးတယ် ။သူက တိုင် ဝူ အင်ပါယာရဲ့ ပြီးခဲ့တဲ့ အခေါက် စာမေးပွဲမှာ ပထမ ရရှိထားတဲ့ လူတစ်ယောက်ပဲ။စီးပွားရေး အမြင်လည်း အရမ်းကိုကောင်း မွန်တယ် ။အင်ပါယာကျရှုံး သွားပြီး ထျန်ရူ အင်ပါယာ အစားထိုးလာတဲ့ အချိန်မှာ အင်ပါယာ ထျန်ရူ က သူ့လက်အောက် မှာထမ်းဆောင်ဖို့ အတွက် အကြိမ် များစွာ ကြိုးပမ်း ခဲ့တယ် ။ဒါပေမယ့် ဖြစ်မလာ ခဲ့ဘူး ။ကျန်းချင် ရဲ့ အင်ပါယာအပေါ် ထားတဲ့ သစ္စာတရား ကြောင့် သူက အမတ်ဝူဆီ မှာသာ တာဝန် ထမ်းဆောင်ခဲ့ တယ် ။အဆုံးမှာ သူက ဘယ်လိုလုပ် ပြီး အမတ် ဝူနဲ့ ရန်သူတွေ ဖြစ်သွား ရတာလဲ"
ရီဆန်းရွှေး ပြန်ဖြေလိုက် ၏။
အဲ့အချိန် မှာပဲ တပည့် အချို့ သည် ရွေရောင် ကျီးကန်း ကို သယ်ကာ ရောက်လာ ခဲ့ကြသည်။
"ဂိုဏ်းတူ ညီလေး နန်ဖနိး ကတကယ်ကို အံ့ဩဖို့ ကောင်းတာ ပဲ ။ရွှေရောင် ကျီးကန်း က အမြုတေ ဖြစ်တည် နေပြီး တာတောင် အနိုင် တိုက်နိုင်သေးတယ် "
" တက်ရောက်မူ အဆငိ့ဖြစ်တဲ့ ဂိုဏ်းတူ အစ်ကို ရီတောင် ဘာမှမတတ်နိုင် တာကို ဂိုဏ်းတူ ညီလေး က ရအောင် သတ်နိုင်ခဲ့တယ် "
ရီဆန်းရွှေး ..........
"ဒါက ကံကောင်းသွား တာပါ ။ရွှောင်ရောင် ကျီးကန်း သာ အဆိပ်မိ သွားတာ မဟုတ်ဘူး ဆိုရင် လွယ်လွယ် သေနိုင်မှာ မဟုတ်ဘူးလေ "
ရှောင်နန်ဖန်း ပြောလိုက်၏။
"ဒါပေမဲ့..နင်က သူ့ကို အဆိပ်စားမိအောင် ဖန်တီးခဲ့တာ မဟုတ်ဘူးလား.."
ယွဲ့အာ ပြောလိုက်သည်..။
"တတိယ ဦးလေး..တကယ်လို့..ဒီတိုင်းသာ ဆက်ဖြစ်နေရင် ခေါင်းဆောင်နေရာကို ဆုံးရှုံးသွားရလိမ့်မယ်.."
ရီဒါဖူ သူ့ဦးလေးကို တီးတိုးပြောလိုက်၏..။
ရီဆန်းရွှေး သူ့ တူဖြစ်သူကို စိုက်ကြည့်လိုက်သည်..။ငါက ဘာလုပ်နိုင်မှာလဲ .။လူတိုင်းက နန်ဖန်းကို ဦးစားပေးနေကြတာ မမြင်ဘူးဘား..။
ပြီးတဲ့နောက်မှာတော့ တပည့်တစ်ယောက်က ရှောင်နန်ဖန်း ဆီကို လျောက်လာခဲ့သည် ။
"ဂိုဏ်းတူ ညီလေး နန်ဖန်း ငါတို့ ကျီးကန်းစစ်သည် အယောက် ၅၀ ကို မြေမြုပ်လိုက်ပြီ..။သူတို့ ကိုယ်ပေါ်မှာက ရွှေပြား ၆ ထောင်လောက် ရှိကြတယ်..။ပြီးတော့ သူတို့ လက်နက်တွေ..မြင်းတွေနဲ့ပါ ဆိုရင် အားလုံးပေါင်း..ရွှေပြားတစ်သောင်းလောက် တန်ကြေးရှိမယ်.."
"ကျေးဇူးပါ ဂိုဏ်တူ အစ်ကို.."
ရှောင်နန်ဖန်း ပြုံးပြီး ဘဏ်စာရွက်တွေကို ယူလိုက်၏..။
ရီဒါဖူ၏ မျက်လုံးများက..မနာလိုမူတွေနှင့် ပြည့်နေခဲ့သည်..။
အဲ့အချိန်မှာပဲ..ကျန်းချင် နဲ့ အဖိုးဝမ်တို့က လျောက်လာခဲ့သည်..။
"နောက်ကျသွားတဲ့ အတွက်တောင်းပန်ပါတယ် ကျေးဇူးရှင်လေး..။ဆရာကျန်း ပြောမှ..ကျွန်တော်တို့ ဒေါင်ကျန်းကို ကယ်တင်ပေးခဲ့တယ် ဆိုတာကို သိခဲ့ရပါတယ်..။ဒီ ကျေးဇူးအကြွေးကို မမေ့ပါဘူး.."
အဖိုးဝမ်က အရိုအသေပေးပြီးပြောလိုက်၏..။
"မဟုတ်တာ ကျေးဇူးပြုပြီးထပါ..။ကျွန်တော်တို့ တစ်ည တည်းခိုခွင့်ပြုခဲ့လို့ အကြွေးပြန်ဆပ်တာပါ.."
ရှောင်နန်ဖန်း အဖိုးဝမ်ကို ကူညီပြီး ထူပေးလိုက်၏..။
"ဘဝနဲ့ ရင်းခဲ့ရတဲ့ ကျေးဇူးတရားပါ ကျေးဇူးရှင်လေး..။ကျုပ် အဖိုးကြီးက ကြမ်းတမ်းတဲ့ရွာသား တစ်ယောက်ဖြစ်ပေမယ့်..ကျေးဇူးတရားကိုတော့ သိပါသေးတယ်..။တကယ်လို့ တစ်ခုခုလိုအပ်တာ ရှိရင် ကျွန်တော်ကို အချိန်မရွေးခိုင်းနိုင်ပါတယ်.."
အဖိုးဝမ် ပြောလိုက်သည်..။
"အဖိုးဝမ်က..တိုင်ဝူ အင်ပါယာခေတ်တုန်းက တော်ဝင်သမားတော် တစ်ယောက်ဖြစ်ပြီး..အခြေတည် အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်လေ..။တိုင်ဝူ အင်ပါယာ ကျရှုံးသွားတော့ သူက ကိုယ့်ရွာလေးကို ပြန်လာခဲ့တာပါ..။ဒီက တွေနဲ့..ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်လေး..။မဟုတ်ရင် မိတ်ဆွေတွေရဲ့ မျက်နှာကို ကြည့်ခွင့်ရတော့မှာမဟုတ်ဘူး.."
ကျန်းချင် အရိုအသေပေးကာ ပြောလိုက်၏..။
"ခင်ဗျားမှာ အစီစဥ် တစ်ခုခုရှိလား.."
ရှောင်နန်ဖန်း နှစ်ယောက်စလုံးကို မေးလိုက်သည်..။
"ကျုပ်ရဲ့ ကလန် အတွက် စီစဥ်ပြီးသွားရင် နာမည်ပြောင်းပြီး ဇာတ်မြုပ်နေတော့မယ်လို့ စဥ်းစားထားပါတယိ.."
ကျန်းချင် ပြုံးပြီး ပြန်ဖြေလိုက်သည်..။
"ဆရာကျန်း..ခင်ဗျား လွတ်မြောက်နိုင်မှာမဟုတ်ဘူး..။အမတ်ဝူက ဒီတိုင်း လွှတ်မထားပဲ ကျိန်းသေ လိုက်ပြီး ဖမ်းလိမ့်မယ်..။ခင်ဗျား ဘယ်မှာပုန်းမှာလဲ..။ကျုပ်လည်း ရွာကို တစ်နေရာရာကို ရွေ့မှ ရတော့မယ်.."
အဖိုးဝမ်က နာကျင်နေသည့် မျက်နှာဖြင့်ပြောလိုက်ခြင်းဖြစ်သည်..။
"ကျန်းချင်..ကျုပ်မှာ ကမ်းလှမ်းစရာရှိတယ်..။ခင်ဗျား စဥ်းစားကြည့်ချင်လား.."
ရှောင်နန်ဖန်း တောင်းဆိုလိုက်သည်..။
"ပြောပြပေးပါ ကျေးဇူးရှင်လေး.."
"ကျုပ် ခင်ဗျားကို အလုပ်ခန့်အပ်ချင်တယ်.."
"အာ.."
သိသာစွာပဲ ကျန်းချင် ဒါကို မျှော်လင့်မထားခဲ့ပေ..။
"ကျုပ်တို့ ဆယ်နှစ်ထက် မကျော်တဲ့ စာချုပ်တစ်ခု လုပ်ကြတာပေါ့..။ထပ်ပြောရရင် ခင်ဗျားကို ကိုယ်ကျင့်တရားနဲ့မညိီတဲ့ အရာတွေ မလုပ်ခိုင်းဘူးလို့ အာမခံတယ်..။ဒီဆယ်နှစ်အတွင်းမှာ ခင်ဗျားနဲ့ ဒေါင်ကျန်း ကလန် လုံခြုံစေရမယ်.."
ရှောင်နန်ဖန်း ကမ်းလှမ်းလိုက်၏..။
"ဆယ်နှစ်လား..။ဒါက ဂုဏ်ယူစရာပါ ကျေးဇူးရှင်လေး ဒါပေမဲ့ ကျုပ်တို့ ကလန် ရဲ့ အရေအတွက်နဲ့ ဆိုရင်.."
ကျန်းချန် မသေချာစွာပြောလိုက်သည်..။
"ကျုပ်က တိုင်ချငိဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ..။ကျုပ် ဆရာ ကို ပြောပေးလို့ရတယ်..။တိုင်ချင်ဂိုဏ်းရဲ့ ပတ်ဝန်းကျင်မှာ ကျွန်းတွေ အများကြီးရှိတယ်လေ..။ကျုပ်ခင်ဗျားတို့ကို ခနတာ ငှားပေးထားရင် အမတ်ဝူလည်း တိုင်ချင်ဂိုဏ်းရဲ့ ပိုင်နက်အထိ လာရဲမှာမဟုတ်ဘူး..။စိတ်အေးအေးထားလို့ရတယ်.."
ရှောင်နန်ဖန်းသည် ကျန်းချင်၏ စိုးရိမ်စိတ်များကို ဖြေဖျောက်ပေးလိုက်သည်..။
"ကျေးဇူးရှင်လေး..ဒီလိုဆိုရင်တော့ ဆယ်စုနှစ်တစ်ခု တာဝန် ထမ်းဆောင်ပေးပါ့မယ်.."
ကျန်းချင် ဂါဝရပြုကာ ပြောလိုက်သည်..။
"အဖိုးဝမ်က သမားတော်ဆိုတော့ ကျန်းချင်ကို ကုသပေးပါဦး..။တကယ်လို့ ဆေးပင်လိုအပ်တာဆိုရင် ကျွန်တော်နာမည်ကို သုံးပြီး တိုင်ချင်ဂိုဏ်းရဲ့ ဆေးဌာနမှာ မှာယူလို့ ရပါတယ်.."
ရှောင်နန်ဖန်း တောင်းဆိုလိုက်သည်..။
"ဒါပေါ့..အကောင်းဆိုးကြိုးစားပါ့မယ်.."
အဖိုးဝမ် လေးနက်စွာဖြေလိုက်သည်..။
"ကျန်းချင် ကျုပ် ဒီရွှေပြားခြောက်ထောင်နဲ့ မြင်းတွေကို ပေးလိုက်မယ်..။ဒါတွေကို သုံးပြီး..ကျွန်းဆီီကို ရွေ့ပြောင်းဖို့ လုပ်ပါ..။ကျုပ် အတွင်းစည်း တပည့်သုံးယောက်ကိုလည်း စောင့်ရှောက်ဖို့ ထည့်ပေးလိုက်ပါ့မယ်.."
"နားလည်ပါပြီ..!
ကျန်းချင် ရွှေပြားတွေကို လက်ခံလိုက်ပြီး..သူတို့ ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ဖို့ ထွက်သွားခဲ့ကြ၏..။
ဘေးနားတွင်တော့ ရီဒါဖူ မျက်လုံးပြူးနေခဲ့သည်..။
"ဒီခွေးသားလေးက အသိစိတ်လွတ်သွားတာလား..။တစ်ခါတည်း ဒီလောက်ပိုကိဆံ အများကြီးပေးလိုက်တယ်.."
တစ်ခြားတပည့်တွေလည်း ရှောင်နန်ဖန်း၏ လုပ်ရပ်ကို နားမလည်ခဲ့ကြပေ..။ယွဲ့အာတောင်မှ နားမလည်ဖြစ်နေခဲ့၏..။
"နန်ဖန်း နင်က ပိုက်ဆံ အကုန်ပေးလိုက်တာလား..
"ကျွန်တော်မှာ တစ်ခြား အစီစဥ် ရှိပါတယ်.."
ရှောင်နန်ဖန်း ပြန်ရှင်းပြလိုက်သည်..။
"ဘာကို တစ်ခြား အစီသဥ်လည်း..။နင်က အကုန်ပေးလိုက်ပြီး ကိုယ့်အတွက်ကိုယ်တောင် မချန်ဘူး..။ဒေါသထွက်စရာပဲ.."
ယွဲ့အာ ပြောလိုက်သည်..။
ရှောင်နန်ဖန်း ပြုံးလိုက်ပေမယ့် ထပ်မရှင်းပြတော့ပေ..။သူက အရည်အချင်းရှိတဲ့လူတွေကို လိုအပ်၏..။ပိုက်ဆံက အချိန်မရွေး ဆုံးရှုံးသွားနိုင်ပေမယ့် အရည်အချင်းဆိုတာက ဆုံးရှုံးသွားနိုင်သည့် အရာမဟုတ်ပေ..။
နောက်တစ်ရက် မနက်။
ရှောင်နန်ဖန်း နှင့် ကျန်းချင်တို့ သီးသန့် စကားပြောနေခဲ့ကြသည်..။
"ကျန်းချင်..ကျွန်းကို ရောက်ရင် အစကတော့ ခက်ခဲလိမ့်မယ်..။ဒီ ရွှေပြားတွေကို သုံးပြီး ဘဝကို တိုးတက်ပြီး တည်ငြိမ်အောင် ဖန်တီးထားပါ..။ပိုက်ဆံကို ကျုပ် ဂရုမစိုက်ဘူး..ဒါက ခင်ဗျားရဲ့ ကျွမ်းကျင်မူကို စမ်းသပ်တာပဲ.."
ရှောင်နန်ဖန်း ညွှန်ကြားလိုက်၏..။
"စိတ်မပျကိစေရပါဘူး ကျေးဇူးရှင်လေး.."
ကျန်းချင် ယုံကြည်မူ ရှိစွာပြောလိုက်သည်..။သူ တစ်ခုခုကို ထပ်ပြောချင်ပေမယ့်လည်း အနည်းငယ် တွေဝေနေခဲ့၏..။သို့ပေမယ့် နောက်ဆုံးမှာတော့
"ကျေးဇူးရှင်လေးက တိုင်ဝူ မြို့ကို သွားမလို့လား.."
ရှောင်နန်ဖန်း ခေါင်းညိမ့်လိုက်ပြီး..
"ဘာဖြစ်လို့လဲ.."
"အမတ်ဝူက သာမန်လူတွေရဲ့ အခွန်တွေကို အသုံးပြုပြီး သူ့ရဲ့ စစ်တပ်ကိုကြီးမားအောင် လုပ်နေတာ..။သူက သာမန်လူတွေ ခံစားနေရတာကို ဂရုမစိုက်ဘူး..။ပြီးတော့ ကျုပ်လည်း ဒေါသထွက်လာတာနဲ့ သူ့ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတွေ အကုန်လုံးကို ယူပြီး..ရာထူးကို စွန့်ပြီး ရွာကိုပြန်လာခဲ့တာပဲ.."
ကျန်းချင်ပြောလိုက်သည်..။
"အကုန်လုံးလား..တကယ်လား.."
ရှောင်နန်ဖန်း ကြောင်အသွားခဲ့သည်..။
"အမှန်ပဲ..ဒါပေမဲ့ ကျုပ်မသယ်လာခဲ့ဘူး..။တကယ်တော့ သူတို့အနားမှာတင် ရှိပြီး ဘယ်သူကမှ မသိခဲ့ကြတာ "
ရှောင်နန်ဖန်း မျက်လုံးတောက်ပသွားခဲ့ပြီး..
"ဒါဆို အဲ့မှာရှိနေတုန်းပေါ့.."
"အတိအကျပဲ..ပြီးတော့ လုံခြုံရေးလည်း အရမ်းတင်းကြပ်ထားတဲ့ တစ်နေရာမှာ..။ကျေးဇူးပြုပြီး အဲ့နေရာကို မြေပုံဆွဲပေးပါရစေ..။ဒါက လိုအပ်လာရင် ကျေးဇူးရှင်လေးကို ကာကွယ်နိုင်လိမ့်မယ်.."
ကျန်းချင် ကမ်းလှမ်းလိုက်သည်..။
"ကျုပ်ကို ကာကွယ်မှာလား.."
ရှောင်နန်ဖန်း ရှုပ်ထွေးသွားခဲ့၏..။
"ဘာလို့..အမတ်ဝူက အခုလို ဖိတ်ကြားလိုက်တာလဲ မသိပေမယ့်..သူက တိုင်ချငိဂိုဏ်းကို အမုန်းတရားတွေ ရှိနေတာကိုတော့ ကျုပ်ကောင်းကောင်းသိတယ်..။ဒါကို ဘာလို့ သူက ဒီလောက်လူအများကြီး ဖိတ်ကြားလိုက်တာလဲ.."
ကျန်းချင် ဆက်ပြောလိုက်သည်..။
"အမတ်ဝူက ထျန်ရူ အင်ပါယာကို ယှဥ်ပြိုင်နိုင်ဖို့ သူ့လက်အောက်က စစ်တပ်ကို အင်အားချဲ့ထွင်နေခဲ့တာ..။သူက အင်ပါယာ ထျန်ရူ ကို မုန်းသလို..အင်ပါယာကို မွေးဖွားပေးခဲ့တဲ့ တိုင်ချင် ဂိုဏ်းကိုလည်း မုန်းမှာပဲ..။တိုင်ဝူ မှာ ဖြစ်ပျက်လာမှာတွေ အတွက်ကြိုပြီး ပြင်ဆင်ထားပါ.."
ကျန်းချင် အကြံပေးလိုက်သည်..။
ရှောင်နန်ဖန်း အတော်ကြာအောင် တိတ်ဆိတ်နေခဲ့၏..။
ကျန်းချင် အမြန်ပဲ ထပ်ပြီး ပြောလိုက်သည်..။
"ရွှေပြားတွေ ရှိနေတဲ့ နေရာက..."