← Chapters

အခန်း (၄၄)

Vol. 3 Ch. 44

အခန်း (၄၄)

Vol. 3 Ch. 44

ဆယ်ရက် ကြာပြီးနောက်။

တိုင်ချင်ဂိုဏ်း မှ တပည့်များသည် ကြမ်းတမ်းသည့် လမ်း တစ် လျောက်မှခရီး နှင်နေခဲ့ကြသည်။

ဒေါင်ကျန်းမှ အဖြစ်အပျက်ပြီး နောက်တွင် ရှောင်နန်ဖန်း သည် တပည့်များ ၏ အသိအမှတ် ပြုမူကို ရရှိခဲ့၏။ယွဲ့အာ၏ ထောက်ပံ့မူ နှင့်အတူပဲ သူက ယုံကြည်မူ နှင့်အတူ ကာကွယ်မူ ကိုပါ ရရှိခဲ့သည်။

ရိီဆန်းရွှေး အနေဖြင့် သူ့ကို အလွယ်တကူ အမိန့်ပေးလို့မရတော့ပေ။ရီဒါဖူသည်လည်း သူနှင့် အဝေးမှာသာ ေနတော့၏၊။

" ကြည့်လိုက် ငါတို့ တိုင်ဝူကို ရောက်ပြီ "

တိုင်ဝူ မြို့ ဟူသည့် ဆိုင်းဘုတ် နှင့်အတူပဲ ကြီးမားသည့် မြို့ကြီး တစ်မြို့က သူတို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည့် စစ်သည် များကတော့ မြို့ဝင်ပေါက်တွင် စောင့်ကြပ်နေခဲ့ကြသည်။

မြို့ဝင်ပေါက်၏ ရှေ့တွင်တော့ ဝတ်စုံပြည့်ဝတ်ဆင် ထားသည့် လူတစ်ယောက် က အဝေးတစ်နေရာ ကိုကြည့်နေခဲ့သည်။သူက မြင်းများဖြင့် ချီတက် လာကြသည့် တပည့် များကို မြင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"သူက တိုင်ချင် ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်း သား ပဲ"

ရီဆန်ရွှေး က ဝတ်စုံဝတ်ထားသည့် လူကို မှတ်မိပြီး ရေရွတ် လိုက်ခြင်းဖြစ်သည်။

"ဂိုဏ်းတူ အစ်ကို တို့ကို့ နှုတ်ဆက် ပါတယ် ။ေနာက်ဆုံးတော့ ရောက်လာကြပြီ ပေါ့ "

အတွင်းစည်း တပည့် ဖြစ်သူက စတင် မိတ်ဆက် လိုက် ခြင်းဖြစ်သည်။

"တက်ရောက်မူ အဆင့်စီနီယာ က ရောက် နေပြီလား "

ရီဆန်ရွှေးမေးလိုက် ခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ် က စာအရ တော့ တက်ရောက်မူ အဆင့် စီနီယာတွေက တစ်ခြား လုပ်စရာ လေးတွေ ရှိသေးလို့ မလာနိုင် သေးဘူးလို့ ပြောပါတယ်။ရက်အနည်းငယ် ဆိုရင်တော့ ဂိုဏ်းရဲ့ အကြီးအကဲ က အစောင့်အကြပ်အဖြစ် ရောက်လာပါလိမ့်မယ်"

"အကြီးအကဲ လား ဘယ်အကြီးအကဲ လဲ "

ရီီဆန်းရွှေး မေးလိုက် သည်။

"အကြီးအကဲ ရဲ့ နာမည်ကိုေတာ့ မသိရသေးပါဘူး "

ဂိုဏ်းသား က ခေါင်းခါယမ်း ပြီိးပြန်ဖြေလိုက်သည်။

"အကြီးအကဲကိုယ်တိုင် လာပြီးစောင့်ကြပ်ပေးမှာ ဆိုတော့ ငါတို့ အတွက် ပြသနာမရှိတော့ ပါဘူး "

ရီဆန်းရွှေး စိတ်သက်သာရာ ရစွာ ပြောလိုက်ခြင်း ဖြစ်သည်။

တပည့်များစကား ပြောနေသည့် ကြားထဲကို ရယ်မောသံတစ်ခုက ဖြတ်တောက် သွားခဲ့၏။

"ဟားဟား တိုင်ချင်ဂိုဏ်း က တပည့်တွေ ရောက်လာကြပြီလား။ ငါတို့က မျော်နေတာ အတော်တောင် ကြာနေပြီ ။တိုင်ဝူကို လာပြီး ကူညီပေးတဲ့ အတွက် ကျေးဇူ'တင်ပါတယ် "

တပည့်များက မြို့ဝင်ပေါက်ကို လှမ်းကြည့်လိုက် သည့် အချိန်တွင် ယောက်ကျား နှစ်ယောက်နှင့် မိန်းမတစ်ယောက် လမ်းလျောက် ၍ ထွက်လာကြသည်ကို တွေ့လိုက်ရသည်။ရယ်မောလိုက် သည့်သူက သူတို့သုံးယောက်ကို ၍ဦးဆောင် လာသည့် သူဖြစ်သည်။

"ကျွန်တော် တို့ ဆက်ခံသူကို နှုတ်ဆက်ပါတယ် "

ရီဆန်းရွှေး အနည်းငယ် တွေဝေပြီးမှ နှုတ်ဆက် လိုက်သည်။သူတို့ မြို့ကို ရောက်ရောက် ချင်း အမတ် ဝူ၏ သားကိုယ်တိုင် လာကြိုလိမ့် မယ်လို့ မထင်ထားမိ ခဲ့ပေ။

"ကျွန်တော် နာမည်က ရှင်းခွန် ပါ လေးစားရတဲ့ ကျင့်ကြံသူ တွေကို နှုတ်ဆက်ပါတယ်။ဒါက ကျွန်တော် ရဲ့

ညီ ရှင်းဝေ နဲ့ ညီမ ဖြစ်သူ ရှင်းဇီရု ပါ။ကျွန်တော် အဖေ ရဲ့ အမိန့် နဲ့ စောင့် ဆိုင်းနေခဲ့ပြီး ရောက်လာပြီ ဆိုတာ ကို သတင်း ရတာနဲ့ တန်းပြီး လာခဲ့ လိုက်တာပါ "

ရှင်းခွန် က လေးစားစွာ ပြောလိုက်ခြင်း ဖြစ်သည်။

"ညီလေး ညီမလေး တို့ ကျငိ့ကြံသူတေွ ကိုလာပြီး နှုတ်ဆက် လိုက်ကြပါဦး "

ရှင်းခွန် ဆက်ပြောလိုက် ခြင်း ဖြစ်သည်။

" ဂုဏ်ယူရတဲ့ ကျင့်ကြံသူ တွေကို နှုတ်ဆက်ပါတယ်"

ဝမ်းကွဲ နှုတ်ဆက် လိုက်ခြင်း ဖြစ်သည်။

"အဖေက အသက်အရွယ်ရလာ တာကြောင့် နေမကောင်း ဖြစ်နေပြီး တံခါးပိတ် ကျင့်ကြံနေပါတယ် ။သူကိုယ်တိုယ် မကြိုဆိုနိုင် လို့လည်း တောင်းပန် စကား ဆိုခိုင်း ထားပါသေးတယ် "

ရှင်းခွန် အရိုအသေ ပေးကာ ပြောလိုက်ခြင်း ဖြစ်သည်။

ရီဆန်းရွှေး ခေါင်းညိတ််လိုက် ပြီး

"အမတ်ဝူ ရဲ့ ကျန်းမာရေးကို ဦးစားပေး သင့်ပါတယ်။ဒီလို သားသမီး သုံးယောက်က ကြိုဆိုပေးတာ နဲ့တင် ကျေးဇူးတင် ေနပါပြီ "

"နားလည်ပေး တဲ့ အတွက် ကျေးဇူးတငိ ပါတယ်။ကျွန်တော် အားလံုးအတွက် စားေသာက်ပွဲ ကျငိိးပ ပေးထားပါတယ် "

ရှင်းခွန် နွေးထွေးစွာ ပြောလိုက် ခြင်းဖြစ်သည်။

"ကျေး ဇူးအများကြီး တင်ပါတယ်"

"ဒီလိုဆိုရင်လည်း လိုက်ခဲ့ကြပါ "

ရှင်းခွန် လမိးပြကာပြောလိုက် ခြင်းဖြစ်သည်။

အနက်ရောင် စစ်သည် များက ဂိတ်တံခါးကို ဖွင့် ပေးလိုက်ကြသည် ။

ယွဲ့အာ အံ့သင့်စွာ ရေရွတ်လိုက် သည်။

"လမိးမှာ ေတွ့ခဲ့ ရတာ တွေကို မြင်ပြီး အမတ်ဝူကို သွေး အေးတဲ့ လူတစ်ယောက် လို့ထင်ထားခဲ့ တာ။သူ့ရဲ့ သားသမီး တွေက အတော် လေးကိုဖော်ရွှေကြတာ ပဲ"

"ရှောင်နန်ဖန်း မျက်မှောင်ကျုတ်ကာ ခေါင်းခါယမ်းလိုက် ပြီး

"မဟုတ်ဘူး သူတို့က အရမ်းကို စိတ်အား ထက်သန်နေကြသလို ပဲ ။တစ်ခုခု တော့ မှားနေပြီ"

"ဘာဖြစ်လို့လဲ "

ယွဲ့အာ သိချင်သွားခဲ့ သည်။

"သူတို့ ရဲ့ မျက်လုံးတွေမှာ တစ်ခုခု ကိုဖုံးကွယ် ထားကြသလိူပဲ ။ပြီးတော့ ကျီးကန်း စစ်တပ် မှာတောငိ သန္ဓေတည် အဆငိ့တွေ အများကြီး ရှိတာ သူတို့က ပုဲမှန် ဆိုရငိ ဒီလောက် အထိ ယဥ်ကျေးနေ စရာအကြောင်း မရှိဘူး။ဒါက မူမမှန်ဘူးလို့ မထင်ဘူး လား .။ထပ်ပြောရရင် သူတို့ရဲ့ အကြည့် တွေက..."

"ဘာဖြစ်လဲ "

"တို့က်ို ဝါးစားတော့ မလို ပုံစံ မျိးတွေ "

ရှောင်နန်ဖန်း ပြန်ဖြေလိုက် သည်။

ဒါပေမဲ့ သူတို့ စိတ်အားထက်သန် မူရှ်ိတာက ကောင်းမွန်တဲ့ အရာ မဟုတ်ဘူး လား "

ယွဲ့အာ ပြောလိုက်၏။

ကျင့်ကြံသူများ သည် အမတိ၏ စံအိမ်တော် ကို ရောက် လာခဲ့ ကြသည်။

ခန်းမတစ်ခု တည်းတွင်တော့ စားသောက်စရာများ ဖြင့် ပြည့် နှက်နေ ခဲ့၏။တူရိယာ တီးခတ်သည့် လူများကလည်း လှပသည့် မိန်းမပျို များနှင့်အတူ စင်ပေါ်တွင် ကခုန် နေခဲ့ကြသည်။စားသောက်ပွဲက အတော်လေးကို ခမ်းနား လှ၏။

"ဘယ်လိုအရာ မျိုးကို သဘော ကျလည်း မသိတာ ကြောင့် အဆငိပြေသလို လေး စီစဥ်ထားပါတယ်။အထင်မသေး ဖိူ့ မျော်လင့်ပါတယ်"

ရှင်းခွန် ယဥ်ကျေးစွာ ရှင်းပြလိုက်သည်၊။

"လုံလောက်တာ ထက်တောင် ပိုနေပါပြီ"

ရီဆန်းရွှေး စတင်ပြီး သဘောကျ လာခဲ့ပြီဖြစ်သည်၊။

ကျငိ့ကြံသူများက ထိုင်ချလိုက် ပြီး အစားအသောက် များကို စားသောက်လိုက် ကြသည်။

"စိတ်ဝိဥာဏ် ကျီီးကန်း တေွက နေရာ အနှံ့မှာ ထင်ရာ စိူင်း နေကြတာ ကျုပ်တို့လည်း ဘာမှမတတ်နိုင် ခဲ့ဘူး ။အခုလို လေးစားရတဲ့ ကျငိ့ကြံသူ တွေရောက် လာတော့ စိတ်ချမ်းသာ ရပါပြီ။ အဖေ့ကိုယ်စား အားလုံကို ကျေးဇူးတင်ပါတယ် ။ချီးယား "

ရှင်းခွန် ခွက်ကို မြောက်ကာပြောလိုက်ခြင်း ဖြစ်သည်။

တိုင်ချင်း ဂိုဏ်းသားများက ခွက်တွေကို မြောက်ကာ ေသာက်လိုက် ကြသည်။

"နန်ဖန်း ဘာလို့ ငါ့ကို လာပုတ်တာလဲ ။ငါ ဝိုင်အကုန် လုံးကို သွန် ပစ်လိုက် တယ်"

ယွဲ့အာ နန်ဖန်း၏ ခွက်ကို ကြည့် လိုက်ရာ အပြည့်အတိုင်းသာ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။

"နင်က အဆိပ်ပါနေမှာ ကို စိုးရိမ် နေတာလား "

ရှောင်နန်ဖန်း ခေါင်းခါယမ်းလိုက်ပြီး တီးတိုးပြောလိုက်၏..။

"ရှင်းဝေ နဲ့ ရှငိးဇီရု တို့ အကြည့်ချင်း မလှယ်လိုက်တာကို မတွေ့ဘူးလား..။ဒီ စားသောက်ပွဲက ပုံမှန်အတိုင်း ဖြစ်မလာမှာကို စိုးရိမ်မိတယ်..။ဖြစ်နိုင်သမျှ သောက်တာကို ရှောင်တာ အကောင်းဆုံးပဲ.."

"ကောင်းပြီလေ..."

ယွဲ့အာလည်း ထပ်ပြီးမစဥ်းစားတော့ပဲ..ရှောငိနန်ဖန်းကို ယုံကြည်ဖို့သာ ဆုံးဖြတ်လိုက်သည် .။

သုံးကြိမ်လောက် သောက်ပြီးနောက်မှတော့..ရှင်းခွန် ကယဥ်ကျေးနေဆဲဖြစ်ပေမယ့်..ရီဆန်းရွှေး နှင့်ကျန်သည့် လူများကတော့..သိပ်ပြီး သတိမရှိကြတော့ပေ..။သူတို့က ကိုယ့်ကိုကို လူကြီးလူကောင်းများဟုသာ ထင်မြင်လာခဲ့ကြ၏..။

အဆို အက တွေပြီးဆုံးသွားသည့် နောက်တွင်တော့..ရှင်းဇီရု ဟာ စင်ပေါ်ကို တက်သွားလိုက်သည် .

"ကျင့်ကြံသူ ရီ..ကျွန်မ အဖေနဲ့ အစ်ကို တွေဆီက ကြားတာကတော့ တိုင်ချင်ဂိုဏ်းရဲ့ နည်းစနစ်တွေက ကောင်းမွန်ပြီး..သူတို့ရဲ့ စိတ်ဝိဥာဥ် ကျင့်စဥ် တွေကိုလည်း မကြာခန ချီးကျူးကြတယ်..။ကျွန်မလည်း အတော်လေး စိတ်ဝင်စားတာကြောင့် ထောက်ပြမူ အချို့ လုပ်ပေးလို့ ရမလား."

ရှင်းဇီရု က ရီဆန်းရွှေးကို တိုက်ရိုက်ပြောလိုက်သည်..။

ရီဆန်းရွှေးသည် သူမ၏ တိုင်ချင်ဂိုဏ်းအပေါ်..ချီးကျူးမူကို ကြားပြီး ကျေနပ်သွားခဲ့သည်..။

"မိန်းကလေး ရှင်း ...ကျွန်တော်တို့ ကျိန်းသေ ဆွေးနွေးပေးနိုင်ပါတယ်..။ယျေဘုယျအားဖြင့် တော့ စိတ်ဝိဥာဏ် ကျင့်စဥ်တွေက..ကျင့်ကြံခြင်း သန္ဓေတည်အဆင့်ကို ရောက်မှ ကျင့်ကြံနိုင်ကြတာလေ..။စိတ်ဝိဥာဥ် ကျင့်စဥ်တွေမှာလည်း..ကောင်းကင် အဆင့် ၊ ကြယ်တာရာ အဆင့် ၊ လကြပ်ခြင်း အဆင့် နဲ့ ယင် ခန္တာကိုယ် အဆင့် ဆိုပြီးလေးဆင့် ခွဲခြားထားတယ်မလား.."

"ဒီက ကျင့်ကြံသူတွေက ဘယ်အဆင့်ကို ရောက်နေကြပြီလဲဆိုတာကို သိပါရစေ..။ပြီးတော့..ကျင့်ကြံသူ ရီ ရောပဲ.."

ရှင်းဇီရု ညှင်သာစွာ ပြုံးပြီးမေးလိုက်သည်..။

"တိုင်ချင်ဂိုဏ်းရဲ့ တပည့်တွေက စိတ်ဝိဥာဥ် ကျင့်စဥ်တွေကို သန္ဓေတည် အဆင့်မှာ အကြီးအကဲ တွေရဲ့ အကူအညီနဲ့ စတင်ပြီးလေ့ကျင့်ကြတယ်လေ..။ဂိုဏ်းတူ ညီငယ်လေးတွေ အများစုက အခုမှ ကောင်းကင် အစပျိုး အဆင့်မှာရှိနေပြီး..ကျွန်တော်ကတော့ ကောင်းကင်အဆင့် အပြည့်အဝ တည်ဆောက်ပြီးထားပါပြီ.."

ရီဆန်းရွှေး ဂုဏ်ယူစွာပြုံးပြီး ရှင်းပြလိုက်၏..။

"ဒီလိုလား..။ကျွန်မလည်း မိသားစု လက်ဆင့်ကမ်းလာတဲ့ စိတ်ဝိဥာဥ် နည်းစနစ်ကို အဖေ့ဆီက လေ့ကျင့်ထားပါတယ်..။ဒါပေမယ့်..ဒီနည်းစနစ်က ဘယ်လောက်ကောင်းမွန်လဲ ဆိုတာကို စမ်းသပ်လိူ့ အဆင်မပြေဖြစ်နေခဲ့တာ..။ဂုဏ်ယူရတဲ့ ကျင့်ကြံသူတို့က ကူညီပြီး စမ်းသပ်ပေးနိုင်မလား.."

ရှင်းဇီရု ပြုံးပြီးပြောလိုက်၏..။

"ဟင်..."

ရီဆန်းရွှေး မျက်ခုံးပင့်တင်သွားခဲ့သည်..။မင်းက စိတ်ဝိဥာဥ် ကျင့်စဥ်တတ်မြောက်ထားတာလား..။ဒါဆို မင်းက သိချင်တာရှိလို့ မေးချင်တာမဟုတ်ပဲ..ငါတို့ကို စိန်ခေါ်ချင်နေတာပေါ့..။

"ရယ်စရာပဲ..ဇီရု ...ညီမက လေ့ကျင့်တာကိုတောင် ပုံမှန်မလုပ်ဘူးလေ..။ဘယ်လိုလုပ် ဂုဏ်ယူရတဲ့ ကျင့်ကြံသူတွေနဲ့ ယှဥ်နိုင်မှာလဲ..။ကိုယ့်ကိူကို အရှက်ရအောင် မလုပ်နဲ့..အောက်ကို ဆင်းလာခဲ့.."

ရှင်းခွန် သူ၏ ညီမကို ဝင်ပြောလိုက်သည်..။

"အစ်ကို ..ဒီအခွင့်အရေးက ရှားပါးတာကြောင့် ခွင့်ပြုပေးပါ..!

ရှငိးဇီရု တောင်းပန်လိုက်၏..။

ရှောင်နန်ဖန်းကတော့ မောင်နှစ်မ နှစ်ယောက် ဟန်ဆောင်နေတာကို သေချာကြည့်နေခဲ့သည်..။သူတို့က ဘာကို လိုချင်နေကြတာလဲ ။

"ဂုဏ်ယူရတဲ့ ကျင့်ကြံသူတို့..ကျုပ်ညီမက ..ရှုံးနိမ့်တယ်ဆိုတာ နားမလည်သေးပဲ..အနည်းငယ်လောက် လေ့ကျင့်ပြီးတာနဲ့ ကိုယ့်ကိုကို ..အဆင့်မြင့်မားနေပြီ ထင်မှတ်နေတာပါ..။သူ့အပြုအမူအစား ကျွန်တော်ကပဲ ..မျက်နှာပူရပါတယ်.."

ရှင်းခွန် ပြောကြားလိုက်၏..။

သို့ပေမယ့် သူက ရှင်းဇီရုကို ဆင်းလာဖို့ ထပ်မပြောတော့ပေ..။ဘယ်သူ သတ္တိရှိလဲ ဆိုတာကတော့ ရီဆန်းရွှေး အပေါ်ကို မူတည်သွားပြီဖြစ်၏..။

ရှင်းခွန်၏ ယဥ်ကျေးလွန်းနေသည့်..အမူအရာကြောင့် ရီဆန်းရွှေး အနေဖြင့် ငြင်းပယ်ဖို့ ဆိုတာ မလွယ်ကူခဲ့ပေ..။တိုင်ချင်ဂိုဏ်း၏ ဂုဏ်သတင်းနှင့်ဆိုလျင် ငြင်းပယ်လိုက်သည်က ဂိုဏ်းကို သိက္ခာကျစေနိုင်၏..။

"မိန်းကလေးက ဘယ်လိုစမ်းသပ်ချင်တာလဲ သိပါရစေ.."

ရီဆန်းရွှေး ခနလောက်တွေးပြီး မေးလိုက်၏..။

"ကျွန်မ လတ်တလော သံစဥ် အသစ်သင်ယူထားပါတယ်..။ဒါကို စိတ်ဝိဥာဥ်စွမ်းအင် အသုံးပြုပြီး တီးခတ်သွားမှာပါ..။ဒါကို အဆုံးအထိ နားထောင်နိုင်တယ်ဆိုရင် အနိုင်ရပါပြီ.."

ရှင်းဇီရု အကြံပေးလိုက်၏..။

"ညီမလေး..မရိုမသေ မလုပ်ရဘူးလေ.."

ရှင်းခွန် ထပ်မံသတိပေးလိုက်သည်..။

"ကောင်းပြီလေ..။တိုင်ချင်ဂိုဏ်းက တပည့်တွေက မိန်းကလေး ရှင်း ပြောတဲ့ အတိုင်းလုပ်ပါ့မယ်.."

ရီဆန်းရွှေး သိပ်မကြည်လင်တဲ့ အမူအရာဖြင့် ပြန်ဖြေလိုက်၏..။

ရှောင်နန်ဖန်းသည် ယွဲ့အာကိုကြည့်ပြီး တီးတိုးပြောလိုက်၏..။

"ရှင်းဇီရု ရဲ့ စမ်းသပ်ချက်က လွယ်မှာမဟုတ်ဘူး ဂရုစိုက်ဦး..."

"ဂရုစိုက်ရမှာက နင်လေ..။နင်က အခုမှ အခြေတည်အဆင့်မှာပဲ ရှိနေသေးတာ..။စိတ်ဝိဥာဥ် ကျင့်စဥ်တောင် မကျင့်ရသေးဘူး..။ငါ့အနားမှာနေ ငါကာကွယ်ပေးမယ်.."

ယွဲ့အာ..ပြန်ပြောလိုက်၏..။

ရှောင်နန်ဖန်း ခနလောက်တွေဝေသွားပြီး ယွဲ့အာကို ထူးဆန်းစွာကြည့်လိုက်သည်..။သူ၏ စိတ်ဝိဥာဥ် ကျင့်စဥ်က ကြယ်တာရာ အဆင့်ကို ရောက်နေပြီဖြစ်ပြီး ဂိုဏ်းတူ ညီအစ်ကို များထက် မြင့်သည်ဟု ပြောနိုင်သည်..။သူက ရှင်းဇီရုကို မကြောက်သလို ကာကွယ်မူလည်း မလိုအပ်ပေ.။သို့ပေမယ့် သူ ပြုံးပြီးသာ ခေါင်းညိမ့်ပြလိုက်၏..။

သူ ရှင်းခွန် ၊ ရှင်းဝေ နဲ့ ရှင်းဇီရု တို့ မောင်နှစ်မ သုံးယောက်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်၏..။သူတို့ ဘာတွေလုပ်ဖို့ ကြံစည်နေကြတာလဲ..။

All Chapters