ကောင်းကင်ထက်က ဖီးနစ်
Vol. 3 Ch. 45
ရှင်းဇီရု သည် စင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူမ၏ ရှေ့တွင်တော့..ကုချင်းတစ်ခု ရှိနေခဲ့၏..။သူမက တိုင်ချင် ဂိုဏ်းက တပည့်တွေကို တောက်ပပြီး မောက်မာသည့် အကြည့်များဖြင့် ကြည့်လိုက်၏..။
"ကျင့်ကြံသူတို့..ကာကွယ်ထားကြပါ.."
ရှင်းဇီရု ချိုသာစွာ ပြုံးလိုက်သည်..။သူမက ကုချင်းကြိုးတစ်ချောင်းကို စတင်ပြီး တီးခတ်လိုက်၏..။ချက်ချင်း ဆိုသလိုပဲ..စိတ်ဝိဥာဥ် စွမ်းအင်များသည် ခန်းမ အတွင်းတွင် ပြည့်နှက်လာခဲ့ပြီး တပည့်များ၏ ဦးနှောက်ဆီသို့ ဦးတည်သွားခဲ့သည်..။
"သူမက အတော်..သန်မာတာပဲ.."
ယွဲ့အာ ရေရွတိလိုက်သည်..။
သံဏဥ်က တပည့်များကို..အနည်းငယ် ဝေဝါးနေစေခဲ့၏..။သူတို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး..ပုံရိပ်ယောင်နယ်မြေကို အခေါ်ခံရတော့မည်ဟု ထင်လိုက်မိကြသည်..။
ရှငိးဇီရု ၏ သံစဥ်က တပည့်များ၏..ဝိဥာဥ်ကို စတင်ပြီး တိုကိခိုက်တော့၏..။
"နှလုံးသားနဲ့ ချီကို တည်ငြိမ်အောင်ထား..။မင်းတို့ရဲ့ စိတ်ဝိဥာဥ် စွမ်းအင်ကို လှည့်ပတ်ပြီး..ကိုယ် နဲ့ စိတ် ၊ ဦးနှောက်နဲ့နှလုံးသားကို ကာကွယ်ထားကြ.."
ရီဆန််းရွှေး ညွှန်ကြားလိုက်သည်..။
ရှင်းဇီရု ၏ စိတ်ဝိဥာဥ် စွမ်းအင်က သူ့ထက် အားမနည်းတာကို သူ သတိထားမိလိုက်သည်..။သို့ပေမယ့် သူမက စိတ်ဝိဥာဥ် စွမ်းအင်ကို အသုံးချရန်အတွင် ကုချင်းကိုပါ လေ့ကျင့်ထားခဲ့၏..။
လူတိုင်းက ..သူတို့တွေ အခက်အခဲကြီးတစ်ခုနှင့် တွေ့နေရပြီဟု ခံစားလိုက်ရ၏..။အမတ်ဝူရဲ့ သမီးက ဒီလောက်အထိ သန်မာနေမယ်လို့ မထင်ထားခဲ့ကြပေ..။ပုံမှန်အတိုင်းရှိနေနိုင်သည့် တစ်ယောက်တည်းသော သူက ရှောင်နန်ဖန်းသာ ဖြစ်၏..။
ရှောင်နန်ဖန်း၏ စိတ်ဝိဥာဥ် ကျင့်စဥ်က ..ကြယ်တာရာ အဆင့်ကို ရောက်နေပြီဖြစ်သည်..။ဒါက ရှင်းဇီရုဘယှဥ်ပြိုင်လို့ ရတဲ့အဆင့်မဟုတ်ပေ..။သူမ၏ ကုချင်းနှင် ပေါင်းစပ်လျင်တောင်မှ..သူ့အပေါ်မှာ သက်ရောက်မူ မရှိနိုင်ပေ..။
ရှောင်နန်ဖန်းသည် ..စိတ်ဝိဥာဥ် စွမ်းအင်တစ်ချို့ကို မျက်လုံးထဲ လွှတ်လိုက်ပြီး.တစ်ခြားလူတွေ မမြင်ရတာကို ကြည့်လိုက်၏..။
ရှငိးဇီရု..ကုချင်း စတင် တီးခတ်တာနဲ့..စိတ်ဝိဥာဥ် စွမ်းအင်တွေက တပည့်တွေဆီကို ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်..။တစ်ခြားလူတွေက အသံလှိုင်းကို မမြင်ရပေမယ့်..ရှောင်နန်ဖန်းကတော့..ကုချင်းထဲမှ ထွက်လာသည့် အနက်ရောင်မြွေများကို တွေ့နေခဲ့ရသည်..။
အနက်ရောင် မြွေများက..တောက်ပနေပြီး အတော်လေးကို ကြီးမားကြ၏..။သူတို့က တိုင်ချင် ဂိုဏ်းသများကို ရစ်ပတ်ပြီး..သူတို့၏ ဦးနှောက်များကို ဦးတည်နေခဲ့ကြသည်..။
"အာ..အလှလေးပဲ..။လာ..ဖက်ထားရအောင်..။အာ တကယ်ကို သက်သောင့်သက်သာ ရှိတာပေ..။
အာဘွားလေး ပေးပါဦး.."
ရီဒါဖူ၏ အသံက သံစဥ်တွေကြားထဲမှာ ထွက်ပေါ်နေခဲ့၏..။
သူ့မျက်လုံးမှာတော့ အပြုံးတွေနဲ့ ပြည့်နေခဲ့ပြီး လေထဲကို အနမ်းများချွေနေခဲ့သည်..။သူက နည်းစနစ်၏အောက်ကို ရောက်နေပြီမှန်း ထင်ရှား၏..။
"ရီဒါဖူ ထစမ်း..ဒါက စိတ်ဝိဥာဥ် ကျင့်စဥ် တစ်ခုပဲ .။အမြန် ကာကွယ်ထား.."
ရီဆန်းရွှေး ..အော်လိုက်သည်..။
သို့ပေမယ့် ကျိုးဇီရုကတော့..အထင်သေးစွာ ပြုံးလိုက်၏..။ဒါက အစပင် ရှိနေသေးသည်..။ရီဒါဖူ ပြီးနောက် ကျန်သည့် တပည့်များကလည်း ထိုသို့ စတင်ခံစားလာကြရ၏..။သူတို့ မျက်လုံးတွေက ပတ်ဝန်းကျင်ကို စွဲလမ်းစွာကြည့်ပြီး..အသုံးမဝင်တာတွေကို စတင်ပြောလာကြသည်..။
ရီဆန်းရွှေးလည်း..ရီဒါဖူကို မနှိုးနိုင်သည့် အပြင် သူ၏ နှာဖူးတွင်ပင် ချွေးများ စို့လာခဲ့ပြီဖြစ်သည်..။စိတ်ဝိဥာဥ် မြွေများ၏ ရစ်ပတ်မူက ပိုမို များပြားလာတာကြောင့် သူကိုယ်တိုင်ပင် ရုန်းကန် နေခဲ့ရ၏..။သူ၏ ဂုဏ်သိက္ခာကတော့ ကျိုးဇီရုကို ရပ်တန့်ရန်တားဆီးထားခဲ့သည်..။သူ ဒီလိုပြောလိုက်လျင် ဒါက အရှုံးပေးချင်ပင် ဖြစ်ပေလိမ့်မည်..။သူက မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် အရှုံးပေးနိုင်မှာလဲ..။တိုင်ချင်ဂိုဏ်းက ရယ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်..။
"တစ်ယောက်တည်း တီးရတာ မပျင်းဘူးလား..။အတူတူ တီးခတ်ပါရစေ.."
ယွဲ့အာ သည် ရှငိးဇီရု၏ ရန်လိုသည့် အမူအရာကို မြင်ပြီး ထရပိလိုက်ခြင်းဖြစ်သည်..။ယင်းနောက် သူမက တူရီယာ စင်ပေါ်မှ ကုချင်း တစ်ခုကို သွားယူလိုက်ပြီး..ရှောင်နန်ဖန်း ဘေးနားမှာ ပြန်ထိုင်လိုက်သည်..။
ယွဲ့အာ စတင်ပြီး တီးခတ်လိုက်တာနဲ့ သူမ၏ စိတ်ဝိဥာဥ် စွမ်းအင်များက ပွင့်ထွက်လာခဲ့၏..။အပြာရောင် ဖီးနစ် တစ်ကောင်က..ကုချင်းကြိုးတွေထဲကနေ ထွက်ပေါ်လာခဲ့သည်..။သူက တောင်ပံကို ခတ်လိုက်ပြီး ဘေးနားရှိ မြွေများကို စတင်တိုက်ခိုက်တော့၏..။
တစ်ခြားလူတွေက ဒီတိုက်ခိုက်မူကို မမြင်ရပေမယ့် ရှောင်နန်ဖန်းကတော့ မြင်နေခဲ့ရသည်..။ဖီးနစ်က မြွေတွေ အများကြီးကို အနိုင်ယူပြီး တပည့်များကို ပုံရိပ်ယောင်ထဲမှ လိုက်ကယ်ထုတ်နေခဲ့၏..။ချက်ချင်းဆိုသလိုပဲ ဖီးနစ်ဟာ..ရှင်းဇီရု ဆီကို ဦးတည်သွားခဲ့သည်..။
ရှင်းဇီရု လည်း..ယွဲ့အာကို တစ်ချက်လှမ်းကြည့်လိုက်၏..။
အမျိုးသမီး နှစ်ယောက်သည်..သူတို့၏ စိတ်ဝိဥာဥ် စွမ်းအင်များဖြစ်သည့် မြွေနှင့် ဖီးနစ် ငှက်များကို စတင် တိုကိခိုက်စေတော့၏..။ဒီအတော်အတွင်းတွင် ယွဲ့အာက ရှင်းဇီရု ၏ တိုက်ခိုက်မူ အများစုကို ခံယူထားတာကြောင့် တိုင်ချငိဂိုဏ်းသားများ နိုးထလာခဲ့ကြသည်..။သူတို့က မျက်မှောင်ကျုတ်ပြီး ကုချင်း ပညာရှင် နှစ်ယောက်ကို ကြည့်လိုက်၏..။
ရီဆန်းရွှေးလည်း တိုက်ခိုက်မူမှ လွတ်လာခဲ့သည်..။သူက နှာဖူးမှ ချွေးများကို သုတ်လိုက်ပြီး ရှင်းဇီရုကို မယုံနိုင်စွာ စိုက်ကြည့်လိုက်၏..။
သူက သူမက စွမ်းဆောင်ရည်ကို အထင်ကြီးနေသည်ဟု ထင်ထားခဲ့ပေမဲ့ သူမ၏ ကျွမ်းကျင်မူက အမှန်ပင် ကောင်းမွန်နေခဲ့သည်..။သူတို့ဘက် တွင် ယွဲ့အာ ရှိနေခြင်းက ကံကောင်းလှ၏..။မဟုတ်လျင် သူတို့ဂိုဏ်းသားများက အရှက်ရစဖွယ် ရှုံးနိမ့်တော့မည်ဖြစ်သည်..။
" နာမည်လေး သိပါရစေ.."
ရှင်းဇီရုသည်..တီးခတ်နေရင်း ယွဲ့အာကို မေးလိုက်သည်..။
"အရင် အနိုင်ယူပါ.."
ရှင်းဇီရု သည် တစ်ခြားလူတွေကို မတိုက်ခိုက်တော့ပဲ..ယွဲ့အာ အပေါ်မှာသာ အာရုံစိုက်လိုက်တော့၏..။အလွန်ကြီးမားပြီး မရေမတွက်အောင်များပြားသည် မြွေများသည် အော်ဟစ်ပြီး ယွဲ့အာဆီကို ဝင်လာခဲ့ကြသညိ..။
ယွဲ့အာ ပိုပိုပြီး လျင်မြန်စွာ တီးခတ်နေခဲ့၏..။သူမက ဖိအားအောက်တွင် ရောက်နေခဲ့ပြီဖြစ်သည်..။သူမ၏ ဖီးနစ်က..ထပ်ပြီး အရွယ်အစား အားသာချက် မရှိတော့ပေ..။
ဖီးနစ်ကတော့ နောက်မဆုတ်တမ်း တိုက်ခိုက်နေခဲ့၏..။
ယွဲ့အာက ရှင်းဇီရု ထက် ကုချင်းအသုံးပြုမူ ကျွမ်းကျင်လှပေမယ့်..သူမ၏ စိတ်ဝိဥာဥ် စွမ်းအင် မလုံလောက်မူက အားနည်းချက်ဖြစ်နေခဲ့သည်..။သူမ၏ စိတ်ဝိဥာဥ် စွမ်းအင် ပမာဏ နည်းမူကြောင့် ရှင်းဇီရုက အလျင်အမြန်ပဲ အသာစီး ရလာခဲ့သည်..။
ယွဲ့အာ၏ မျက်နှာဖြူဖျော့လာခဲ့၏..။သူမက စိတ်ဝိဥာဥ် စွမ်းအင် များပြားစွာ အသုံးပြုနေရပြီး သူမ၏ အကာအကွယ်ကလည်း ချို့ယွင်းချကိတွေ စတင်ပေါ်လာခဲ့၏..။
ရီဆန်းရွှေးနဲ့ တစ်ခြားဂိုဏ်းသားတွေဟာ လည်း အခြေအနေကို မြင်ပေမယ့်..ယွဲ့အာ အာရုံစိုက်မူ ပျက်ပြယ်သွားမှာကြောင့် ဘာစကားမှ မပြောရဲခဲ့ကြပေ..။တစ်ချိန်တည်းမှာပဲ ဒီစားသောက်ပွဲက အစောကတည်းက ရည်ရွယ်ချက်ရှိတယ်ဆိုတာကို သူတို့နားလည်လိုက်၏..။
နောက်ဆုံးမှာတော့ ဖီးနစ်၏ အော်သံကြီးက ယွဲ့အာ၏ ကုချင်းကနေ ထွက်ပေါ်လာခဲ့သည်..။အနက်ရောင် မြွေ့ကီးက..ပိုမိုတင်းကြပ်စွာ ရစ်ပတ်နေပြီး..တစ်ကောင်လုံးကို မြိုချရန် ကြံစည်နေခဲ့၏..။
ဒါက ဖီးနစ် နှင့် မြွေကြားက တိုကိခိုက်မူတင်မဟုတ်ပဲ..ယွဲ့အာ နှင့် ရှင်းဇီရု ကြားမှ တိုကိခိုက်မူလည်းဟဖြစ်သည်..။ဖီးနစ် ရှုံးနိမ့်သွားသည်နှင့် ယွဲ့အာ၏ စိတ်ဝိဥာဥ်ကို ထိခိုက်မူ ကျိန်းသေဖြစ်လာလိမ့်မည် ဖြစ်သည်..။
"ကြည့်ရတာတော့ ငါ နိုင်တော့မယ် ထင်တယ် အချစ်ကလေး..။ဒီတော့ ဒါက တိုင်ချင်ဂိုဏ်းရဲ့ စိတ်ဝိဥာဥ် ကျင့်စဥ်ပေါ့..။ကြည့်ရတာတော့ အတော်လေး အားနည်းချက် များတာပဲ.."
ရှင်းဇီရု ပြုံးပြီး ရေရွတ်နေခဲ့သည်..။
ဖီးနစ်ဟာ နောက်တစ်ကြိမ် အော်လိုက်ပြီး ယွဲ့အာသည်လည်း အကန့်သတ်ကို ရောက်နေပြီဖြစ်သည်..။သူမ၏ နှုတ်ခမ်းများက ဖြူဖျော့နေပြီး စိတိကို ပြင်ဆင်ထားလိုက်၏..။အဲ့အချိန်မှာပဲ နွေးထွေးသည့် လက်တစ်ဖက်က သူမ၏ ပုခုံးထက်ကို ရောက်လာခဲ့သည်..။
နန်ဖန်းလား..။ယွဲ့အာ ချက်ချင်း စိတ်ပူသွားခဲ့၏..။သူမက နန်ဖန်းကို သူမနှင့် အဝေးကို သွားဖို့ပြောချင်ခဲ့သည်..။ဖီးနစ် သေဆုံးသွားတာနဲ့ စိတ်ဝိဥာဥ် စွမ်းအင်တွေက သူမဆီ ဦးတည်လာမှာဖြစ်ပြီး အနားနားရှိ အရာရာတိုင်းကို တိုက်စားသွားတော့မည်ဖြစ်သည်..။သို့ပေမယ့် အခြေတည်အဆင့်မှာပဲ ရှိနေတဲ့ နန်ဖန်းက ဒီတိုကိခိုက်မူကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ..။
"စိတ်မပူနဲ့..ကျွန်တော် ကူညီပေးမယ်.."
ရှောင်နန်ဖန်း တီးတိုးပြောလိုက်သည်..။
သူက လက်မှတဆင့် သူ၏ စိတ်ဝိဥာဥ် စွမ်းအင်များကို ပို့လွှတ်လိုက်၏..။သန့်စင်ပြီး များပြားလှသည့်လစိတ်ဝိဥာဥ် စွမ်းအင်တွေက သူမ၏ ဒဏ်ရာများကို ကုသသွားခဲ့ပြီး သူမ၏ စိတ်ဝိဥာဥ် စွမ်းအင်ကန်ကိုပါ ဖြည့်ဆည်း ပေးနေခဲ့သည်..။
ယွဲ့အာ ဖြစ်ပျက်နေတာများကို အံ့ဩသင့်နေပေမယ့် အမြန်အသားကျအောင် လုပ်ပြီးအသုံးချလိုက်သည်..။
ကြီးမားသည့် စိတ်ဝိဥာဥ် လှိုင်းများက..ဖီးနစ်အတွင်းကို ဝင်သွားခဲ့သည်..။မရေမတွက်နိုင်သည့် အပြာရောင် မီးလုံးများက သူ့ခန္တာကိုယ်ကို ကာရံလာခဲ့၏..။
ဖီးနစ်၏ အော်သံနှင့်အတူပဲ..ပြင်းထန်သည့် လှိုင်းများက ယွဲ့အာ၏ ကုချင်းမှ ထွက်လာခဲ့သည်..။တပည့်များက..သူတို့၏ နားများကို နာကျင်စွာ ပိတ်ထားလိုက်ကြ၏..။
"ငါ ..ငါ အပြာရောင် ဖီးနစ်တစ်ကောင်ကို မြင်နေရတယ်.."
ရီဲဒါဖူ အော်ပြောလိုက်သည်..။
"ဟင်..."
ရှင်းဇီရု ရေရွတ်လိုက်၏..။
ကြီးမားသည့်..မြွေကြီးဟာ ဖီးနစ်၏ တောင်ပံများကြောင့် တစ်စစီ ဖြစ်သွားပြီး..အနက်ရောင်မြွေများကလည်း အပြာရောင်မီးတောက် အောက်တွင် လောင်ကျွမ်းသွားကြ၏..။
သူ၏ ညီမ တိုင်ချင်ဂိုဏ်းသားတွေကို ဖိနှိပ်နေတာကို ဝိုင်သောက်ရင်း ကြည့်နေသည့် ရှင်းဝေ ဟာ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်..။
"သတိထား ညီမလေး.."
ရှင်းဇီရု၏ ကုချင်းကြိုးများ က ချက်ချင်းဆိုသလို ပြတ်ထွက်သွားခဲ့ပြီး..သူမ၏ လက်များတွေ သွေးများထွက်နေခဲ့သည်..။သို့ပေမယ့် သူမ၏ ခန္တာကိုယ်က ပြသနာမဟုတ်ပေ..။သူမ၏ စိတ်ဝိဥာဥ်မှ ထိခိုက်မူကသာ အရေးကြီး၏..။သူမက သွေးတစ်ပွက် အန်လိုက်ပြီး ကြမ်းပြင်ပေါ်ကို လဲကျကာ သတိလစ်သွားခဲ့သည်..။
"ညီမလေး.."
ရှင်းဝေ အံ့ဩသင့်စွာပြေးတက်သွားခဲ့သည်..။
ခန်းမ အပြင်လက်မှာတော့ အနက်ရောင် စစ်သည်တွေသည် အသင့်ပြင်ထားလိုက်ပြီး အမိန့်ပေးမူကို စောင့်ဆိုင်းနေခဲ့ကြသည်..။
ဖီးနစ်သည်..မြွေကြီးကို အနိုင်ယူပြီးနောက်တွင် ယွဲ့အာ၏ ခန္တာကိုယ်ရှိ နှာဖူးကြားထဲသို့ ပြန်ဝင်သွားခဲ့၏..။
"ငါတို့ နိုင်သွားပြီ..။ဂိုဏ်းတူအစ်မ ယွဲ့အာက မယုံနိုင်စရာပဲ.."
တိုင်ချင်ဂိုဏ်းသားများက ..ချီးကျူးလိုက်ကြသည်..။
ယွဲ့အာ စိတ်သက်သာရာရသွားခဲ့သည်..။သူမ မယုံကြည် နိုင် တဲ့ မျက်နှာ ဖြင့် ေရှာင်နန််ဖန်း ဘက်ကို လှည့်ကြည်လိုက် သည်။ရှောင်နန်ဖန်း က သူ့ရဲ့ စိတ်ဝိဥာဏ် စွမ်းအင် အကုန် လုံးကို သူ့ကို ပေးခဲ့ တာလား။သူ့မှာ ရောကျန် သေးရဲ့လား ။
ရှောင်နန်ဖန်း ယွဲ့အာ ကို ပြုံးပြီး ကြည့်လိုက် သည်။
ယွဲ့အာ တွင် မေးခွန်း တွေအများကြီး ရှိနေသေး ပေမယ့် နောက်မှ မေးရန်သာ ဆုံး ဖြတ် လိုက်သည်။
အဲ့အချိန်မှာတော့ ရှင်းခွန်နှင့်် ရီဆန်းရွှေး တို့နှစ်ယောက်လုံးက ရှောင်နန်ဖန်းကို ကြည့်နေခဲ့ကြသည်။သူတို့က သာမန် သန္ဓေတည် အဆငိ့များထက် စိတ်ဝိတ်ဝိဥာဏ် စွမ်းအင် ပိုမို များပြား သည့် လူများ ဖြစ်ကြသည်။ယွဲ့အာ ဆီကို စိတ်ဝိဥာဏ် စွမ်းအင် ပို့ လွှတ်ပေး သည့် လူက ရှောင်နန်ဖန်း ဆိုသည် ကို သူတို့ ချက်ချင်း သတိထား မိလိုက်ကြသည်။
" ဂျူနီယာ နန်ဖန်း မင်း.."
ရီဆန်းရွှေး ရှောင်နန်ဖန်း ကို အံ့သြသင့် စွာ ပြောလိုက် သည်။လမ်းတစ်လျောက် လုံး သူ၏ နေရာကို လုနေသည့် ဂျူနီယာ က သန်မာ သည့် စိတ်ဝိဥာဏ် စွမ်းအင် ရှိနေ လိမ့်မည် ဟု မထင်ထား ခဲ့ပေ။
"စိတ်ပူပေး လို့ကျေးဇူးပါ ဂိုဏ်းတူအစ်ကို ။ကျွန်တော် အဆင် ပြေပါတယ် "
ရှောင်နန်ဖန်း ပြုံးပြီး ပြန်ဖြေလိုက် သည်။
" တတိယ ဥ်ီးလေး ဒါက ရှောင် နန်ဖန်း နဲ့ ဘာ ဆိုင်လို့ လဲ "
ရီဒါဖူ နားမလည် စွာမေးလိုက် ခြင်းဖြစ်သည်။
သိသာစွာပဲ..သန္ဓေတည်အဆင့် တိုင်ချင်ဂိုဏ်းသား များသည်..လက်ရှိအခြေအနေ၏ အန္တရာယ် ရှိမူကို နားမလည်သလို..ယွဲ့အာက ရှောင်နန်ဖန်းကြောင့် နိုင်သွားတယ် ဆိုတာကိုလည်း မသိခဲ့ကြပေ..။
ရှင်းခွန်က..သတိလစ်နေသေးသည့် သူ၏ ညီမကို ကြည့်လိုက်သည်..။သူ၏ မျက်နှာပေါ်က အပြုံးကတော့ ပျောက်ကွယ်သွားခဲ့ပြီး..
"အနှောက်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ဂုဏ်ယူရတဲ့ ကျင့်ကြံသူတို့..။ကျွန်တော်ရဲ့ ညီမက သူမရဲ့ စွမ်းရည်တွေကို အမြဲတမ်း ဂုဏ်ယူနေတာ..ဒီနေ့တော့..သင်ခန်းစာ ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်.."
ရှင်းဇီရု ၏ မောက်မာသည့် အပြုအမူပြီးနောက်တွင် ဘယ်သူကမှ..ရှန်းခွန်ကို ကြင်နာသည့် လူတစ်ယောက် အဖြစ်မမြင်တော့ပေ..။
"ဂိုဏ်းတူ အစ်ကို ရီ..ကျွန်တော်တို့တွေ သောက်လို့ပြီးသွားပါပြီ..။အိပ်ဆောင်ကို ပြန်ပြီး အနားယူကြမလား.."
ရှောင်နန်ဖန်း အကြံပေးလိုက်သည်..။
ရီဆန်းရွှေး လည်း..ဒီနေရာမှာ ဆက်ပြီးမနေချငိတော့ပေ..။သူက ခေါင်းညိမ့်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ အသံတစ်ခုက ကြားဖြတ်ဝင်လာခဲ့သည်..။
"ဘယ်သူမှ ထွက်မသွားရဘူး.."
သူ့ညီမ၏ ခန္တာကိုယ်ကို ထွေးပွေ့ထားသည့် ရှင်းဝေ သည် ရှောင်နန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်..။