← Chapters

မင်း သတိမဲ့လွန်းတယ်

Vol. 82 Ch. 1216

မင်း သတိမဲ့လွန်းတယ်

Vol. 82 Ch. 1216

လင်းရီ မတ်တပ်ရပ်၍ လက်နှစ်ဖက်ကို ဖုန်ခါခပ် ပြုလိုက်ပြီး ချိုးယွီလော့နှင့် နင်ချဲ့တို့ထံ လျှောက်လှမ်းလာခဲ့သည်။

ထိုအချိန်တွင်တော့ သူမတို့နှစ်ယောက်မှာ ခန်းဂျိတာခါယာမ ခေါ်ဆောင်လာသည့် လူများကို ကိုင်တွယ်‌ဖြေရှင်းပြီးလို့ ရှင်းလင်းရေးပင် ပြုနေကြချေပြီ။

သူမတို့ ကားထဲမှ ဆီထုတ်၍ စတင်မီးရှို့ရန် ဟန်ပြင်နေကြ၏။

မူလက ချိုးယွီလော့နှင့် နင်ချဲ့တို့ စဉ်းစားထားကြသည်မှာ လင်းရီ၏ ခွန်အားဖြင့် ဆိုပါက ခန်းဂျိတာခါယာမကို ဖမ်းဆီးရန် ပြဿနာ မရှိလောက်ဟု တွေးထင်ခဲ့ကြ၏။

ကိစ္စများက ထင်ထားသည့် အတိုင်း ဖြစ်သွားမသော်လည်းပဲ ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါချေ။ အနည်းဆုံးတော့ သူမတို့ ကားဖြင့် လိုက်ဖမ်းလျှင်လည်း မှီသေး၏။

လင်းရီကလည်း အနန္တ တန်ခိုးရှင် မဟုတ်လေရာ အရာရာကို စွမ်းဆောင်နိုင်ပါမည်လို့ မျှော်လင့်ထား၍ မရချေ။

" နင်ဘာတွေ စဉ်းစားနေတာလဲ... "ချိုးယွီလော့ မေးမြန်းလိုက်၏။

" မင်းရဲ့ ယာဉ်မောင်စကေးက မဆိုးဘူးမလား... "

" သူက ဒီတိုင်း ကျေးတောသူကို သူ့ရဲ့ ယာဉ်မောင်းစကေးတွေက ဘယ်လောက်များ ကောင်းနိုင်မှာ မို့လို့... ဒီ အပိုင်းမှာတော့ သူက ငါ့ထက် ပိုမတော်နိုင်ဘူးဆိုတာ အာမခံနိုင်တယ်... " နင်ချဲ့မှ ကလူမြူဆွယ်စွာ ပြုံးရင်း လက်ဝှေ့ရမ်းလျက် ပြောလိုက်သည်။

" သောက်ကျိုးနည်း ငါပြောတာ ကားမောင်းတာကို မေးနေတာကွ... " လင်းရီ ပြောလိုက်ပြီး " ကားယူပြီး ငါ့ကောင်ကို အဝေးပို့လိုက်... ငါ တစ်ခုပဲ တောင်းဆိုချင်တယ်... သူ့ကို ဘေးကင်းအောင် အရောက်ပို့ပေး... မင်း အဲ့တာ လုပ်နိုင်မှာလား.... "

ချိုးယွီလော့ လင်းရီကို မော့ကြည့်လိုက်၏။ သူမ လင်းရီ၏ ဤကဲ့သို့ လေးနက် တည်ကြည်လျက်ရှိနေသည့် မျက်နှာအမူအရာမျိုးကို ယခင်က တစ်ကြိမ်မှ မမြင်ခဲ့ဖူးပါချေ။

သူမ လေးလံမှု အပြည့်ဖြင့် ခေါင်းညိမ့်လိုက်သည်။

" အင်း.... "

" ကောင်းပြီ... သူ့ကို အရင် သွားပို့လိုက်... "

ပြောပြီးနောက် လင်းရီ နင်ချဲ့ကို ကြည့်လိုက်သည်။

" မင်းက ငါနဲ့လိုက်ခဲ့... "

" အိုကေ... "

လင်းရီ မူလက လျန်ကျင်းမင်ကို ကိုင်တိုင်ကိုယ်ကျ လိုက်ပို့ပြီးမှ ယူရှီ မစ်ဆူအား ဖြည်းဖြည်းချင်း သွားရောက် ကိုင်တွယ်ရန် စီစဉ်ထားသော်လည်း ခန်းဂျိတာခါယာမ၏ ရောက်ရှိလာမှုက သူ့အတွက် သွယ်ဝိုက်ပြီး အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် သူ ချက်ချင်း လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီး မဟုတ်ပါက နောက်တစ်ကြိမ် အခွင့်အရေးတစ်ခု ထပ်ရရှိရန် ခဲယဉ်းပေလိမ့်မည်။

မစ်ရှင် အသီးသီးကို စီစဉ်သတ်မှတ်ပေးပြီးနောက် အုပ်စုနှစ်ခုမှာ လမ်းခွဲလိုက်ကြ၏။

ချိုးယွီလော့ ဟွန်ဒါ အက်ကော့အတွင်းသို့ ၀င်၍ လျန်ကျင်းမင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

သို့သော်လည်း သူမ လေဆိပ်သို့ သွားရန် မပြင်ဆင်ထားချေ။

ဂျပန်တွင် အလုံခြုံဆုံး နေရာက သံရုံးဖြစ်၏။ သူမတို့ ထိုနေရာတွင် ရှိနေသည်နှင့် မည်သူကမျှ သူမတို့အား ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

လင်းရီနှင့် နင်ချဲ့တို့မှာ လင်းရီ လေဆိပ်တွင် ငှားလာခဲ့သည့် ကားအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ၀င်လိုက်ကြ၏။

" ငါတို့ ဘယ်သွားကြမှာလဲ... ယူရှီ မစ်ဆူကို သွားဖမ်းကြမလို့လား... " ကားထဲသို့ ၀င်ပြီးသည့်နောက် နင်ချဲ့မှ မေးမြန်းလိုက်သည်။

လင်းရီ ခေါင်းညိမ့်လိုက်ပြီး " မင်းဖုန်း ငါ့ ငှားပေးဦး... "

" ဖိုတို အယ်လ်ဘန်ထဲ ၀င်မကြည့်နဲ့နော်... အဲ့ထဲမှာ ငါ့၀တ်လစ် စလစ်ပုံတွေ အများကြီးပဲ... ဒါပေမယ့် နင်က ကြည့်ချင်သပဆိုလည်း ငါ အပြစ်မမြင်ပါဘူးလေ... ကြည့်ပြီး မကောင်းတာတွေတော့ မလုပ်နဲ့ပေါ့... " နင်ချဲ့မှ ဖုန်းကို လှမ်းပေးရင်း ပြောလိုက်လေသည်။

" ငါ့မှာသာ အဲ့လိုအတွေးမျိုး ရှိနေရင် တကယ့် အစစ်ပဲ ကြည့်လိုက်မယ်... "

" ဒီတော့ နင်က ဘာလုပ်ဖို့ စီစဉ်နေတာလဲ... "

" ငါ ခုလေးတင် ခန်းဂျိတာခါယာမနောက် လိုက်တုန်းက ငါ့ဖုန်းကို သူ့ကားထဲ ပစ်ထည့်ထားခဲ့တယ်... ဖုန်းခြေရာခံတဲ့ ဖန်ရှင်ကနေတစ်ဆင့် ငါ့ဖုန်း ဘယ်မှာ ရှိလဲဆိုတာ ခြေရာခံလို့ရတယ်လေ.. အဲ့လိုဆို သူတို့ရဲ့ တည်နေရာ အတိအကျကို ငါတို့ သိရပြီ... " " အယ်လက်ဆာနောက်လိုက်ပြီး သတ္တုရိုင်းကို ယူတုန်းကလည်း ဒီနည်းလမ်းအတိုင်းပဲ သုံးခဲ့တာ... "

" ဟင်... "

နင်ချဲ့ လင်းရီကို ငေးကြည့်လိုက်ရင်း " လင်းရီ ... နင်က တကယ့်ကို ဂျီးနီးယပ် သေးသေးလေးပဲ... "

" ဘာလို့ သေးသေးလေး ပြောတာ... ငါက လုံလောက်တဲ့ထိ ကြီးမနေလို့လား... "

" အဲ့လိုဆိုရင်တော့ ငါ ကြည့်လို့ရအောင် နင် ဘောင်းဘီချွတ်ပြမှ ဖြစ်မှာပဲ... "

" ဆုတောင်းလေ... "

နင်ချဲ့ဖုန်းကို လက်ထဲတွင် ကိုင်လျက် လင်းရီ သူ့ဖုန်းပြသနေသည့် တည်နေရာ နောက်သို့ မောင်းနှင်လာခဲ့လေသည်။

........

ဂျပန်၊ ရိုရိုဟာအီ၊ ခေတ်မီ ဇီ၀ဆေးဘက်ဆိုင်ရာ သုတေသန စင်တာ။

ခေတ်မီ ဇီ၀ သုတေသန စင်တာသည် မူလက တိုကျို ဆေးတက္ကသိုလ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။

ခွဲထွက်ပြီးနောက်တွင် တိုကျို ဆေးဝါး တက္ကသိုလ်နှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်းပဲ ပုဂ္ဂလိက သုတေသန စင်တယ တစ်ခု ဖြစ်နေလျက်ပင်။

အဆိုပါ သုတေသန စင်တာ၏ ဒါရိုက်တာကတော့ ယူရှီမစ်ဆူမှလွဲပြီး တခြားသူ မဟုတ်ပါချေ။ ဗီဇသွေးရည်ကြည်ကိုလည်း ဤနေရာတွင် သုတေသန ပြုခဲ့ခြင်းဖြစ်၏။

ခေတ်မီ ဇီ၀ဆေးဝါး သုတေသန စင်တာကို နှစ်ပိုင်းခွဲခြမ်းထားသည်။

ဇုန် A ကို အများသူငှာ မြင်သာအောင် ဖွင့်လှစ်ပြသထားပြီး ပြင်ပပူးပေါင်းဆောင်ရွက်မှုများနှင့် အမျိုးမျိုးသော သိပ္ပံပရောဂျက်များကို စီမံခန့်ခွဲသည်။

ဇုန် B မှာတော့ ယူရှီ မစ်ဆူ၏ ကိုယ်ရေးကိုယ်တာ သုသေတန သီးသန့်ဖြစ်၏။ ဇုန် နှစ်ခု၏ အကွာအဝေးကိုလည်း တစ်ကီလိုမီတာလောက် ခြားထားလေသည်။

အရုဏ်တက်ခါနီး မနက် သုံးနာရီတွင် ခန်းဂျိတာခါယာမ သူ့ ကားကို မောင်းနှင်လာပြီး ဇုန် B အရှေ့တွင် ရပ်တန့်လိုက်၏။

ဇုန် B ၏ သုတေသန စင်တာတွင် စုစုပေါင်း အဆောက်အအုံ သုံးခု ရှိသည်။ ထိုအခိုက်အတန့်တွင် အရာရာတိုင်းက မည်းမှောင် တိတ်ဆိတ်နေပြီး ကမ္ဘာကြီးတစ်ခုလုံး၌ အသံပင် မတည်ရှိတော့သကဲ့သို့ ခြောက်ခြားဖွယ် ကောင်းလွန်းလှသည်။

လေအဝှေ့တွင် သစ်ရွက်များ လှုပ်ခတ်သွားပြီး အသံများ မြည်လာသည်။ ယင်းအသံကပင် လူကို ကြက်သီးဖြန်းစေပြီး အေးစိမ့်မှုကြောင့် တစ်ကိုယ်လုံး တုန်တက်သွားစေတော့၏။

ခန်းဂျိ တာခါယာမ၏ ကား နီးကပ်လာသည်ကို မြင်တော့ တံခါး၀တွင် စောင့်ကြပ်နေသည့် ဂိတ်စောင့် နှစ်ယောက်မှ ဇုန် B ၏ ဂိတ်တံခါးကိုချက်ချင်း ဖွင့်ပေး၍ အထဲသို့ ကြိုဆိုလိုက်ကြသည်။

ခန်းဂျိတာခါယာမ ဘာမျှမဆို။ သူ သုတေသန အဆောက်အအုံ အ၀င်၀သို့ ရောက်သည်အထိ ဆက်လက် မောင်းနှင်လိုက်၏။

ထိုင်ခုံ ခါးပတ်ကို ဖြုတ် ၊ ကားထဲမှ ထွက်ပြီး ခန်းဂျိတာခါယာမသည် ကီးချိန်းကို ယူ၍ လျှပ်စစ်တံခါးကို ဖွင့်လိုက်ပြီး အထဲသို့ ၀င်ရောက်လာခဲ့သည်။

ကော်ရစ်ဒါ တစ်ခွင်တွင်လည်း လူရှင်းနေသည်။ မည်သည့် သွားလာလှုပ်ရှားမှုရှိသည့် လူအရိပ်အယောင်ကိုမျှ မမြင်တွေ့ရချေ။ အပြင်လူ တစ်ဦးဆိုပါက ကိုယ့်ကိုယ်ကို စွန့်ပစ်ခံ စိတ္တဇ ဆေးရုံကြီးအတွင်း လမ်းလျှောက်နေရသည့်နှယ် ခြေလှမ်းများ ကတုန်ကယင် ဖြစ်နေမိမှာ အမှန်ပင်။

ခန်းဂျိတာခါယာမ ခြေလှမ်းသံများ ပဲ့တင်ထပ်နေသည့် လှေကားမှ မြေအောက်ထပ် သုံးလွှာသို့ ဆင်းလာခဲ့၏။ သုံးလွှာကိုလည်း ရောက်တော့ သူ ခြေလှမ်းကို ခပ်စိပ်စိပ် လှမ်းလိုက်ပြီး စင်္ကြံလမ်း၏ ဂျောင် အကျဆုံးတစ်နေရာသို့ ရောက်သည်အထိ လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် အပြင်ဘက်ရှိ တံခါးဘဲလ်ခေါင်းလောင်းကို နှိပ်လိုက်လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သတ္တုတံခါးတစ်ချပ်က အလိုအလျောက် ပွင့်ဟလာခဲ့ပြီး ခန်းဂျိတာခါယာမလည်း သူ၏ ၀တ်စုံကို သေသပ်အောင် ပြု၍ အထဲသို့ ၀င်လာခဲ့၏။

ဓာတ်ခွဲခန်းထဲတွင် ဒါဇင်ချီသည့် ကွန်ပျူတာများ ရှိနေသည်။ ဧရာမ ကြီးမားသည့် အမျိုးမျိုးသော စက်ကိရိယာများလည်း ပြည့်နှက်နေပြီး အိုမင်းနေသည့် ထွန်စက်ဟောင်းကြီးကဲ့သို့ အသံဗလံများ ထွက်ပေါ်လို့နေသည်။

ထိုနေရာတွင် သုတေသီပေါင်း အယောက် ၃၀ ကျော် ရှိနေပြီး အကုန်လုံးကလည်း အလုပ်များနေကြ၏။ တချို့ဆို ခန်းဂျိတာခါယာမ အထဲ၀င်လာသည်ကိုပင် သတိမမူမိကြချေ။

ထိုအခိုက်အတန့်တွင် ယူရှီမစ်ဆူက လက်တွေ့ စမ်းသပ်မှု စားပွဲရှေ့တွင် ထိုင်နေပြီး တင်ပြလွှာ အထူကြီးကို လှန်လော ဖတ်ရှုနေသည်။

လင်းရီထံမှ ရရှိထားသည့် အနက်ရောင် လက်ဆွဲ သေတ္တာကလည်း ဖွင့်လျက်သား ရှိနေပြီး ပြာလဲ့သည့် ကျောက်တုံးမှာ အတွင်းတွင် ငြိမ်သက်စွာ လဲလျောင်းနေပေတော့သည်။

ယူရှီ မစ်ဆူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားခဲ့ပြီး သူ၏ ပျော်ရွှင်မှုကို မည်သို့မျှ ထိန်းချုပ်မရသည်မှာ ပေါ်လွင်နေသည်။

" ခေါင်းဆောင်... "

ခန်းဂျိတာခါယာမ ရောက်လာပြီး ဦးညွှတ်လိုက်၏။

" အခြေအနေ ဘယ်လိုလဲ.. မင်း ဘာ ခြေရာလက်ရာမှ ချန်မထားခဲ့ဘူး မလား.. " ယူရှီ မစ်ဆူ လေသံကို နိမ့်ပြီး မေးမြန်းလိုက်၏။

ခန်းဂျိတာခါယာမ နောက်တစ်ကြိမ် ကွေးနေအောင် ဦးညွှတ်လိုက်၏။

" ခေါင်းဆောင်.. ကျုပ် စိတ်ပျက်စေမိပြီ... ကျုပ် ကျရှုံးခဲ့ပါတယ်... "

" ကျရှုံးခဲ့တယ်လား... "

" ဟုတ်ကဲ့ ... ကျုပ်တို့ ရောက်သွားတဲ့ အချိန်မှာ အယ်လက်ဆာက အသတ်ခံလိုက်ရပြီးပါပြီ... ပြီးတော့ သူနဲ့အတူ အဖော်နှစ်ယောက်လည်း ရှိနေပါတယ်... အဲ့နှစ်ယောက်ကလည်း အံ့မခန်း သန်မာလွန်းပါတယ်... အနည်းဆုံး D အဆင့် ဖြစ်နေနိုင်ပါတယ်... ကျုပ်တို့ တစ်ယောက်မှ သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါဘူး... လွတ်မြောက်လာသူဆိုလို့ ကျုပ်တစ်ယောက်တည်း ရှိတာပါခေါင်းဆောင်... "

ယူရှီ မစ်ဆူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ မျက်နှာသည် ရက်စက်သည့်ဟန် အေးစက်သွားတော့သည်။

" မင်း ဘယ်လိုလုပ်ပြီး လွတ်လာခဲ့တာ... လင်းရီရဲ့ စရိုက်နဲ့ဆိုရင် မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... "

" ကျုပ် အခြေအနေ မဟန်တာ မြင်တော့ ချက်ချင်း ကားမောင်းပြီး ပြေးလာခဲ့လိုက်တာပါ... သူ ကားပေါ် အတင်းကုပ်တွယ်ပြီး လိုက်ခဲ့ပေမယ့် ကျုပ်သူ့ကို ခါချနိုင်ခဲ့ပါတယ်... "

ယူရှီမစ်ဆူ၏ မှုန်ဝါးနေသည့် မျက်လုံးအစုံမှာ မသိမသာ လှုပ်ခတ်သွားခဲ့ပြီး " မင်း ပြောတာ သူမင်းကို မှီသွားသေးတယ်.. ဒါပေမယ့် မင်းက အတင်းမောင်းပြေးပြီး ခါထုတ်ခဲ့တယ် ဟုတ်လား.. "

" ဟုတ်ပါတယ် ခေါင်းဆောင်... " ခန်းဂျိတာခါယာမ ညိုသကျည်းနှင့် ခေါင်းထိမတတ် ဦးညွှတ်လိုက်ရင်း " ကျုပ်အမှားပါ... ကျုပ် အခြေအနေကို အကဲဖြတ်မှားသွားခဲ့လို့.. မဟုတ်ရင် ဒီလိုမျိုးတွေ မဖြစ်လာပါဘူး... "

ယူရှီ မစ်ဆူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ အကြည့်တို့က ကြောက်မက်ဖွယ် ပိန်းပိန်းမှောင်နေလေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ယူရှီ မစ်ဆူ ရုတ်တရက် ထရပ်လိုက်၏။ သူ၏ လှုပ်ရှားမှုတို့က အရွယ်နှင့် မလိုက်အောင် လျင်မြန်လွန်းလှသည်။

ယူရှီ မစ်ဆူ အနက်ရောင် သေတ္တာကို အလျင်အမြန် ပိတ်လိုက်ပြီး ထို့နောက် သူ၏ အိတ်ကပ်ထဲမှ သေနတ် ဆွဲထုတ်၍ ခန်းဂျိတာခါယာမ၏ ခေါင်းကို ချိန်ရွယ်ထားလိုက်သည်။

" ဒီနှစ်တွေထဲမှာ မင်း ငါ့အတွက် အများကြီး လုပ်ပေးခဲ့တယ်.... ဒါကြောင့်မို့ ငါကလည်း မင်းကို ငါ့ရဲ့ လူယုံတစ်ယောက်အဖြစ် ဆက်ဆံပေးခဲ့တယ်.. ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်းက သတိမဲ့လွန်းပြီး ငါ့အစီအစဉ်ကောင်းတွေကို ဖျက်ဆီးခဲ့တယ်... ဒါကြောင့်မို့ ငါမင်းကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး.. "

ဘန်း...

မြည်သံ တစ်ချက်နှင့်အတူ ခန်းဂျိတာခါယာမ၏ ခေါင်းတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

All Chapters