ကလေးမွေးပြီး ရှင်ကြည့်ဖို့ ပို့ပေးမယ်
Vol. 82 Ch. 1218
မီးသတ် ဆေးဘူးကို ကိုင်လျက် လင်းရီ မီးပင်လယ်ထဲ တိုး၀င်လာပြီး နင်ချဲ့နှင့် လာရောက်တွေ့ဆုံသည်။
" ဘာဖြစ်တာလဲ... မင်း ထိသွားခဲ့တာလား... "
နင်ချဲ့ ခြေထောက်ရှိ သွေးထွက်နေသည့် ဒဏ်ရာကို မြင်တော့ လင်းရီ မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ ထိခိုက် သွားလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့ပါချေ။
" ကျည်ဆံတွေက ပလူပျံနေတာလေ... ငါ မကာကွယ်ထားနိုင်တဲ့ တစ်နေရာကို ရှပ်ထိသွားခဲ့တာ... "နင်ချဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း " ဒါပေမယ့် အဆင်ပြေပါတယ်.. ဆေးနည်းနည်းပါးပါး ထည့်လိုက်ရင် ပြန်ကောင်းသွားမှာပါ... "
" အေး... စိတ်တောင် မကောင်းဘူး... ခြေထောက်လှလှလေးက ဒဏ်ရာရသွားတယ်ဆိုတော့... "
" တကယ်လို့ လှတယ်ထင်ရင် နင် ဘာလို့ မထိကြည့်လဲ... ငါ့ခြေထောက်တွေက ၀မ်းသာကြောင်း မပြတတ်လို့လား... "
နင်ချဲ့ ပြောလိုက်သည်။
လင်းရီ နင်ချဲ့၏ လက်မောင်းကို ဆွဲပြီး သူ၏ ကျောပေါ်တင်၍ ပိုးထားလိုက်၏။
" ငါ အခု ထိနေပြီမလား... " လင်းရီ ရယ်သွမ်းလိုက်ရင်း " အမှန်အတိုင်း ပြောရရင် ထိလို့ တကယ် အရသာရှိတယ်ဆိုတာ ၀န်ခံရမယ်.... ငါပဲ သိပ် အာရုံမထားမိလို့လားတော့ မသိ... ကြွက်သားတောင် သိပ် မခံစားမိသလို ပျော့အိနေတာပဲ "
" ဒါပေါ့.. တို့ အမျိုးသမီးတွေဆိုတာ ရေနဲ့ ပြုလုပ်ထားတာလေ... "နင်ချဲ့ ပြောလိုက်ပြီး " ဒီနေရာကို မဆိုနဲ့ဦး... ငါ့ တခြားနေရာမှာလည်း ရေတွေ အများကြီးပဲ... နင် ထိကြည့်ချင်လား... "
" ရေ ဘယ်လောက်ထိ များနိုင်မှာမို့လို့... "
" နင် ထိလိုက်ရင် ရေကာတာ ကျိုးပေါက်သလိုမျိုးကို ပန်းထွက်လာမှာ.. နင်တောင် နစ်မွန်းသွားလိမ့်ဦးမယ်... "
" အံ့ဩစရာပဲ... "
လင်းရီ နင်ချဲ့ကို ကျောပိုးရင်း ဓာတ်ခွဲခန်း အပြင်ဘက်သို့ ထွက်လာခဲ့ကာ ကားထံ ဦးတည်လိုက်သည်။
ထို့နောက် သူ မျက်နှာ အုပ်ထားသည့် အ၀တ်စကို ဖယ်ရှားလိုက်၏။
" ဒါကြီးက သက်တောင့်သက်တာကို မရှိတာပါကွာ.... အစောကြီးကတည်းက ကြိုသိရင် မျက်နှာဖုံး တစ်ခုလောက် ၀ယ်လိုက်ပါတယ်... "
"မသုံးပါနဲ့လို့ ငါ အကြံပေးတာကို နင်မှ လက်မခံချင်ပဲကိုး... နင့်ဖို့ဆိုပြီး ဒီက စတော်ကင်တွေ ထုတ်ပေးတာတောင် နင်မှ မသုံးချင်တာ... သက်တောင့်သက်တာ မဖြစ်ဘူးဆိုရင်လည်း နင့်ဘာနင်ပဲ အပြစ်တင်လိုက်... "
" ငါ မ၀တ်ဘူးဆိုတာ ကြောင်တောင်တောင် နိုင်လို့.. အဲ့ စတော်ကင်ကြီး ခေါင်းမာစွပ်ပြီး လူရှေ့သူရှေ့ ထွက်ရင် သောက်ရူးနဲ့ မတူနေဘူးလား... လူတိုင်းလည်း ငါ့ကို အဲ့လို ကြည့်ကြမှာ သေချာတယ်... "
" ရုပ်ရှင်ထဲက ဘဏ် ဓားပြတိုက်တဲ့သူတွေဆို ဒါချည်း သုံးနေကြတာကိုပဲ... "
" ဒါကြောင့်မို့လည်း ဒင်းတို့တွေ အဖမ်းခံရတာ မဆန်းပါဘူး... "
" ဟားဟား... "
လင်းရီ မျက်နှာဖုံး ၀တ်ဆင်ရခြင်းက သူ့ကိုယ်သူ ထုတ်ဖော်ပြသမိခြင်းမှ ကာကွယ်ရန် ဖြစ်လေသည်။
အာယာနဲ မစ်ဆူက သူ့အတွက် အသုံး၀င်နေစဲဖြစ်၏။
အကယ်၍ သူ ပြုခဲ့သည်များအား ဖော်ထုတ်ခံရသည် ရှိသော် အာယာနဲ မစ်ဆူနှင့် ဆက်ဆံရေးကို ဆုံးရှုံးလိုက်ရလိမ့်မည်။ ထိုသို့ ဖြစ်လာမည်ကို လင်းရီ မလိုချင်ပေ။
သို့တိုင်အောင် ယူရှီ မစ်ဆူ သေခါနီး ပြောသွားသည့် စကားများက သူ့စိတ်ထဲ စနိုးစနှောင့် ဖြစ်နေစေခဲ့၏။
သူနှင့် မစ်ဆူမိသားစု၏ ဆက်ဆံရေးက ငြိမ်းချမ်းနေပြီး တစ်ယောက်နှင့်တစ်ယောက် နှောင့်ယှက်ခြင်းလည်း မပြုခဲ့ဖူးကြချေ။ သူ၏ အထောက်အထား အစစ်အမှန် ပေါ်ပေါက်သွားခဲ့လျှင်ပင် ထွက်ပေါ်လာသည့် ရလဒ်က သူတို့ ဆက်ဆံရေး ပြတ်စဲ သွားရုံမျှလောက်သာ ရှိပြီး သူ့အပေါ် ခြိမ်းခြောက်မှု ပြုနိုင်လောက်သည်အထိ မဖြစ်သင့်ပေ။
သို့သော် ယူရှီမစ်ဆူက အဘယ်ကြောင့် သူ့အား မစ်ဆူ မိသားစုကို သတိထားရန် ပြောသွားခဲ့သနည်း။
ထို့ပြင် သူ နားမလည်နိုင်သည့် အခြားတစ်ခုကလည်း ရှိနေသေး၏။
နောက်ဆုံး စကားတစ်ခွန်းက အာယာနဲ မစ်ဆူကို သတိထားခိုင်းခဲ့သည်များလော။
သူတို့နှစ်ယောက်၏ လက်ရှိ ရင်းနှီးပတ်သက်မှုနှင့်ပင် သူမက အမှန်ပင် သူ့အတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် တည်ရှိနေသည်လော။
အပြန်ပြန်အလှန်လှန် စဉ်းစားစေကာမူ သူ့စိတ်ထဲ ဝေဝါးသည့် အဖြေတို့နှင့်သာ ပြည့်နှက်နေသည်။ ထိုအခိုက်တွင် သူ ငရဲပြည်ထိ ဆင်းပြီး တစ်၀က်တစ်ပျက်နှင့် ဆုံးအောင် မပြောဘဲ သေသွားခဲ့သည့် ယူရှီ မစ်ဆူကို ပါး ဘယ်ပြန်ညာပြန်ရိုက်၍ စစ်မေးမိချင်နေတော့သည်။
နောက်ဆုံးတွင်တော့ လင်းရီ သူ၏ ဦးနှောက်ဆဲလ်များကို မဖြုန်းတီးရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။
သူ နင်ချဲ့ဘက်သို့ လှည့်၍ " မင်း ခြေထောက် ဒဏ်ရာက ဘယ်လိုလဲ... နာလား... "
" အဆင်ပြေပါတယ်... ငါ သည်းခံနိုင်ပါတယ်... "
" ငါတို့ ခဏကျလို့ ဆေးဆိုင်တွေ့ရင် မင်းဖို့ ပိုးသတ်ဆေး ၀ယ်ပေးမယ်... ခဏလောက်ပဲ ဆက်ပြီး သည်းခံ... "
" အချောလေးက ငါ့ကို ဂရုစိုက်ပေးမယ်ဆိုတော့ ဒီက ဂုဏ်ယူစွာနဲ့ပဲ တောင့်ခံထားရတော့မှာပေါ့... " နင်ချဲ့ ပြောလိုက်ပြီး " တစ်နေ့ ငါ ကလေးရှိလာခဲ့ရင် နင့်ကို အရင်ဆုံး လာရှာမယ် သိလား... "
" အာ.... လိုမယ် မထင်ဘူးနော်... "
" အိမ်က အဘိုးကြီး ပြောတာတော့ ကလေး ပထမဆုံး မြင်မိတဲ့ လူက ကြီးလာရင် သူ့အတိုင်း တူမယ်တဲ့... ဒီကိစ္စ ဂရုမစိုက်ပဲ နေလို့မှ မရတာ... "
" မလုပ်ပါနဲ့ .. ကျေးဇူးပြုပြီး... "
လင်းရီ စောဒကတက်လျက် ကားမောင်းထွက်သွားလိုက်၏။
လမ်းတွင် သူ ချိုးယွီလော့ထံ ဖုန်းဆက်ပြီး သူမဘက်ရှိ အခြေအနေအား မေးမြန်းလိုက်သည်။
အရာရာတိုင်းက ချောချောမွေ့မွေ့နှင့် ရှေ့ဆက်နေလျက်ရှိ၏။ သံရုံးတွင်လည်း မည်သည့် မတော်တဆမှုမျှ ဖြစ်ပျက်မလာခဲ့ချေ။
ထိုအချိန်တွင်တော့ လင်းရီ အပြည့်အ၀ စိတ်ချလိုက်ပြီ။ အခြေအနေ အရပ်ရပ်အား ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်သဖြင့် သူ စိတ်ပူစရာ မလိုတော့ချေ။
ထိုအကြောင်းတွေးမိတော့ လင်းရီ စိတ်တက်ကြွလာပြီး အရှိန်ကို ပိုတင်၍ တိုကျိုမြို့ထဲသို့ ဦးတည်လာခဲ့သည်။
တိုကျိုအပြင်ဘက် တစ်နေရာတွင် လင်းရီ ၂၄ နာရီဖွင့်သည့် စတိုင်းဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရပြီး ခေတ္တရပ်၍ ပိုးသတ်သည့် ကိရိယာပစ္စည်း တစ်ချို့နှင့် ဆေးတစ်ချို့အား ၀ယ်ယူလေသည်။
ယခုလို ဒဏ်ရာမျိုးက မြန်နိုင်သမျှ မြန်စွာ ကုသမှု ပြုသင့်၏။
ပစ္စည်းများ ၀ယ်ယူပြီးနောက် နင်ချဲ့ အံကြိတ်၍ ဘောင်းဘီကို ချွတ်လိုက်သည်။ အတွင်းတွင် ၀တ်ဆင်ထားသည်က အနက်ရောင် ကြိုးသိုင်း အတွင်းခံတစ်ထည်ဖြစ်ပြီး ဒီဇိုင်းသွင်ပြင်ကတော့ နင်ချဲ့၏ စိတ်နေစရိုက်နှင့် လျော်ညီစွာ ပွင့်လင်းမြင်သာ လှပနေလျက်ရှိသည်။
" ဒီဇိုင်းက ဘယ်လိုလဲ... ဒါ Victoria secret ရဲ့ နောက်ဆုံးထွက်နော်... စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား.. နင် သွေးတွေ ဆူပွက်လာပြီမလား... "
" ရိုးရိုးသားသား ၀န်ခံရရင် ငါ့ကောင်မလေးတောင် မင်းလောက် မရက်ရောပေးဘူး... "
ပြောပြီးနောက် လင်းရီ သူ ယူလာသည့် ပစ္စည်းများအား ထုတ်၍ နင်ချဲ့၏ အနာကို စတင် ကုသပေးတော့သည်။
" ဖန်လုံအိမ်ထဲက ပန်းလေးတွေထက် လေဒဏ်မိုးဒဏ်ခံရတဲ့ ပန်းလေးတွေက ပိုပြီး အကြမ်းပတမ်း ခံနိုင်တယ်လေ... အာ့ ကျွတ်ကျွတ်... ဖြည်းဖြည်း... နာတယ်... "
" ဟ... ငါ အားလည်း သိပ်မသုံးမိပါဘူး.. သုံးမိလို့လား... "
" ဒီတိုင်း နင့်ဟာက သိပ်ကြီးတော့ ငါ မခံနိုင်ဘူးလေ နင်ကလည်း... "
" ငါက ဒီတိုင်း ပိုးသတ်ဆေးသုတ်ထားတဲ့ ဂွမ်းလုံး သုံးနေတာကို အရွယ်အစားနဲ့ ဘာဆိုင်လို့... .. "
" ဆိုင်တာပေါ့... နင့် ဂွမ်းလုံးက သိပ်ကြီးတော့ ငါ့အနာပေါ် တင်ရင် အရမ်းနာတာပဲ... "
" ဒါဆိုလည်း အံကြိတ်ပြီး ခံကွာ... "
" ရပါတယ်.. ငါ ခံနိုင်ပါတယ်... နင် အားနည်းနည်း ပိုသုံးလည်း ဘာမှ မဖြစ်ဘူး... "
လင်းရီ "..... "
နာရီ၀က်ခန့် ကြာပြီးနောက် နင်ချဲ့၏ အနာကို ဆေးကြော ပိုးသတ်၍ ပတ်တီးစည်းပြီးသွားခဲ့လေပြီ။
သို့သော် အနာ လေရစေရန်အတွက် လင်းရီ သူမ၏ ဘောင်းဘီကို ခပ်တိုတို ညှပ်ထားလိုက်၏။
နောက် တစ်နာရီကျော်ကြာအောင် မောင်းနှင်ပြီးနောက် လင်းရီ သံရုံးသို့ ရောက်ရှိလာပြီး တာ၀န်ကျ အရာရှိနှင့် စကားပြောပြီးနောက် လျန်ကျင်းမင်နှင့် ချိုးယွီလော့ကြိ လေဆိပ်သို့ ခေါ်ဆောင်လာခဲ့သည်။
အနက်ရောင် သေတ္တာထဲရှိ သတ္တုရိုင်းကို မြင်တော့မှ ချိုးယွီလော့ စိတ်သက်သာ ရစွာဖြင့် သက်ပြင်းချလိုက်မိ၏။
" ဘော့စ်လျိုသာ ငါတို့ ပစ္စည်း ပြန်ယူလာနိုင်ခဲ့တာကို သိရင် သိပ်၀မ်းသာစွားမှာပဲ... "
" ဒါပေါ့... သူပျော်မှာပေါ့.. ငါတို့ဘက်က ဘာမှ မဆုံးရှုံးသွားပဲကိုး... "
" ဒါပေမယ့် နင် ဘော့စ်လျိုကို မမုန်းနဲ့.. သူက ဒီတိုင်း ဌာနရဲ့ ဒါရိုက်တာလေး တစ်ယောက်သာသာရယ်... သူ့မှာ လုပ်ပိုင်ခွင့်က သိပ်ရှိတာ မဟုတ်ဘူး... သူ နင့်ကို ဒီကိစ္စ တကယ်ကြီး မကူညီပေးနိုင်တာ... "
" ငါ သိပါတယ်.. ငါလည်း များများ မစဉ်းစားပါဘူး... "
" နင်သိရင် ပြီးတာပဲ... ဘော့စ်လျိုက နင့်ကို မြင့်မြင့်မှန်းထားတာ... "
" ငါနားလည်တယ်... "
သုံးနာရီ ကြာပြီးနောက် လေယာဉ်သည် ကျိုးဟိုင် လေဆိပ်သို့ ဆင်းသက်လာခဲ့၏။ ထိုအချိန် ကောင်းကင်မှာ တောက်ပနေပြီး နေ့သစ် တစ်နေ့၏ အရုဏ်ဦးသည် ထွက်ပေါ်လို့ လာခဲ့ချေပြီ။
" ပစ္စည်းယူပြီး ရန်ကျင်းကို ပြန်တော့.. ငါ မင်းတို့နဲ့ မလိုက်ခဲ့တော့ဘူး... မင်းတို့နှစ်ယောက်လည်း ဘာတွေဖြစ်ခဲ့မှန်း သိကြတာပဲ... အစီရင်ခံစာကို အဆင်ပြေသလိုသာ ရေးလိုက်.. "
" ဟင်... အဲ့လို မလုပ်နဲ့လေ.. ဒီ မစ်ရှင်ကို ဦးဆောင်ခဲ့တာက နင်... အကျိုးအမြတ်ကိုလည်း နင်ပဲ ရသင့်တယ်... နင် မလိုက်ခဲ့လို့ ဘယ်ဖြစ်မှာလဲ... "
" ငါ့ ခြံထဲက အသီးတွေ သည့်ထက်ကြာကြာထားရင် အမှည့်လွန်ကုန်တော့မှာ... မမှည့်ခင် ကုန်အောင် ရောင်းရဦးမှာ... "
ချိုးယွီလော့ ".... "
နင်ချဲ့ ".... "
" အသီးရောင်းတာက ဆုလက်ခံတာထက်ကို အရေးကြီးနေတယ်ပေါ့... "
" သေချာပေါက်ပဲပေါ့... ငါ့လိုမျိုး အသက်တွေကို မြတ်နိုးတဲ့ လူတစ်ယောက်အတွက် အသီးရောင်းတာထက် အရေးကြီးတာ ဘာမှ မရှိဘူး... "
" ဆုကို လက်မခံပဲ ပစ်ထားတာက နှမြောစရာပဲ... "
" ထွေထူး မဟုတ်ပါဘူးကွာ.. " လင်းရီ သာမန်လျှံကာ လက်ဝှေ့ယမ်းလိုက်ပြီး " အိုး ဒါနဲ့ စကားမစပ် ဒီ hard drive တွေပါ ယူသွားဦး.. ဒီရဲ့ ဒေတာတွေက ဗီဇ သွေးရည်ကြည် သုတေသန ပြုဖို့အတွက် အရေးကြီးတယ်.. ဘယ်လိုလုပ်မလဲဆိုတာကိုောတ့ ဘော့စ်လျိုနဲ့သာ လွှဲထားလိုက်... "
" အိုကေ... "
နောက်ဆုံး ညွှန်ကြားချက် ပေးပြီးနောက် လင်းရီနှင့် လျန်ကျင်းမင်တို့ လေယာဉ်ထဲမှ ထွက်လာခဲ့ကြ၏။
" လင်းကြီး.. မင်း အထူးတပ်ဖွဲ့တွေ ဘာတွေများ ၀င်ထားတာလား... "လျန်ကျင်းမင် တီးတိုးပြောလိုက်ပြီး " မင်း ပုံစံကြည့်ရတာ လန်ထွက်နေတာပဲ... “