← Chapters

ICU ရောက်အောင် ကန်စုတ်ပေးလိုက်တယ်

Vol. 82 Ch. 1221

ICU ရောက်အောင် ကန်စုတ်ပေးလိုက်တယ်

Vol. 82 Ch. 1221

“ ညီကို … မင်း ပြောတာ ဘာစကားတုန်း…” ဝူဝန်ကျွင်း ပြောလိုက်ပြီး “ နိုင်ငံခြားကနေပြီးမှ တင်သွင်းရတဲ့ ကောင်းပေ့ဆိုတဲ့ အသီးတွေတောင် တစ်ကတ်တီကို ယွမ် ၁၀၀ ကနေ ယွမ် ၂၀၀ လောက်အထိပဲ ရှိတယ်… အဲ့တာကို မင်းက တစ်ကတ်တီ ယွမ် ၂,၅၀၀ နဲ့ရောင်းပြီး လျှော့ဈေးပေးတာလို့တောင် ပြောနေလိုက်သေးတယ်… မင်း လူကို ငွေလိမ်ချင်တယ်ဆိုရင်တောင်မှ ဒီလိုမျိုး ပေါ်တင်ကြီးတော့ မလုပ်သင့်ပါဘူး…”

“ ငွေလိမ်တယ် ဟုတ်လား…”

လင်းရီ ရန်စီကို ညွှန်ပြလိုက်ပြီး “ မင်း ငါပြောတာ မယုံဘူးဆိုရင် သူ့ကို မေးကြည့်လိုက်… ငါ အမြဲတမ်း ဒီဈေးနဲ့ပဲ ရောင်းတယ်… ဈေးကြီးတယ်ထင်ရင် မဝယ်နဲ့…”

“ ရှစ်ချီ… ဒီလူက အရမ်းဖျံကျလွန်းတယ်… မဝယ်ကြစို့…” ဝူဝန်ကျွင်း ပြောလိုက်ပြီး “ ခဏနေကျရင် ငါ့လက်ထောက်ကို မင်းဖို့ အသီးဝယ်ခိုင်းလိုက်မယ်… အဲ့ဒီအသီးတွေက သူရောင်းတာထက် ပိုကောင်းမှာ သေချာတယ်…”

နာမည်ကြီး လူသိများသည့် A အဆင့် စာရင်းဝင် အနုပညာ ဖြစ်သည့် အလျောက် ကျောက်ရှစ်ချီ၏ တစ်နှစ်လုပ်အားခမှာ ယွမ်ငွေ သန်းချီရှိသည်။ တစ်ကတ်တီ ယွမ် ၂,၅၀၀ ဟူသည့် ဈေးနှုန်းကို သူမ ကျိန်းသေပေါက်ကို တတ်နိုင်သည်။

သို့ပေမယ့်လည်း အသီးတစ်ကတ်တီကို ယွမ် ၂,၅၀၀ ပေးပြီး ဝယ်စားရသည်ကတော့ စိတ်ထဲ အောင့်သက်သက်နိုင်လှ၏။ သူမ အနည်းငယ် ဈေးကြီးလွန်းသည်ဟု ခံစားနေရလေသည်။

သူက ရုပ်ချောတယ်ဆိုရင်တောင် အဲ့လောက်ကြီးတော့ ဈေးမတင်သင့်ဘူးမလား…

“ သူ့ အသီးတွေကို အဲ့ဈေးနဲ့ရောင်းတာ အမှန်ပဲ… သူ နင်တို့ကို လိမ်နေတာမဟုတ်ဘူး…” ရန်စီ ပြောလိုက်ပြီး “ နင်လည်း သူ့အရသာနဲ့ အာနိသင်ကို သိနေပြီးသားပဲ… ဝယ်တာ မဝယ်တာကတော့ နင့်အပိုင်းပဲ…”

ကျောက်ရှစ်ချီ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားမိ၏။ အကယ်၍ သူမ လင်းရီကို မယုံကြည်လျှင်ပင် ရန်စီကိုတော့ ယုံကြည်နိုင်သည်။

ထို့ကြောင့် ဤဈေးနှုန်းက ပုံမှန်ဈေး ဖြစ်လောက်၏။

“ အဲ့လိုဆိုရင် ကျွန်မသိချင်တာ ရှင့် အသီးတွေက အဲ့‌လောက် ဈေးကြီးတာကို ဝယ်တဲ့သူကော ရှိရဲ့လား…”

“ ငါ ဒီ ဖန်လုံအိမ်ထဲက အသီး သုံးပုံနှစ်ပုံ ထုတ်ရောင်းပြီးသွားပြီ.. ဒီခု ကျန်တာက နောက်ဆုံးအသုတ်ပဲ… ရောင်းလို့ကုန်ရင် ပြီးပြီ…‌ နောက် ထပ်စားရဖို့ မမျှော်လင့်နဲ့တော့…”

“ ဟမ့်….”

ဝူဝန်ကျွင်း အထင်သေးမှု အပြည့်ဖြင့် ဘေးမှနေပြီး နှာခေါင်းရှုံ့လိုက်၏။

“ ဒါကို အကန့်အသတ်နဲ့ ထုတ်နိုင်တဲ့ လက်ဇရီ အိုင်တမ်လို့များ မင်းထင်နေတာလား… ညီကို… အကန့်အသတ်နဲ့ ရောင်းချတဲ့ ဈေးကွက်က မင်း အလုပ်နဲ့ မသင့်တော်သလို မင်းလို အပင်စိုက်တဲ့ကောင်တွေနဲ့ အပ်စပ်တဲ့ အရာလည်း မဟုတ်ဘူး… သောက်အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းနဲ့…”

“ ငါ အခု ပြောသွားတာ မင်း မကြားဘူးလား… မင်း မတတ်နိုင်ဘူးဆိုရင် မဝယ်နဲ့… ဘာတွေလာပြီး မောက်မာပြနေတာ… သူများကို လိုက်ကဲ့ရဲ့နေတဲ့ မင်းကိုယ်မင်း မရှက်တတ်ဘူးလား…”

ရန်စီ၏ အမူအရာ အေးခဲသွားခဲ့တော့သည်။

လင်းရီ စိတ်လွတ်ဖို့ သိပ်မလိုတော့ချေ။

“ ကဲပါ ကဲပါ… စကားပြောနေတာတွေ တော်လိုက်ကြတော့…” ရန်စီ ကြားဝင် ဖြန်ဖြေပေးလိုက်ပြီး လင်းရီကို ကြည့်၍ “ နင် မြို့ထဲသွားမှာမလား… သွားတော့လေ…”

ပြောပြီးနောက် ရန်စီ လင်းရီကို စူးရဲစွာ အကြည့်တစ်ချက် ပေးလိုက်၏။ သူ့ကိုယ်သူ ဝူဝန်ကျွင်း၏ အဆင့်သို့ မနိမ့်ချရန် သတိပေးနေလေသည်။

“ ကောင်းပြီ…. ငါ သွားတော့မယ်…”

ထိုငနဲက ရန်စီရှိုးအတွက် ဧည့်သည်တော် တစ်ယောက် ဖြစ်နေသဖြင့် လင်းရီ သူနှင့် ဆက်လက်ငြင်းခုန်မှု မပြုတော့ချေ။ ယခုလို လုပ်လိုက်သည်ကလည်း ရန်စီကို မျက်နှာသာပေးလိုက်ခြင်းပင် ဖြစ်၏။

“ မစ္စတာလင်း… စောင့်ပါဦး…”

လင်းရီ ကားထဲ ဝင်တော့မည့် အချိန်တွင်ပဲ ကျောက်ရှစ်ချီသည် နောက်မှလှမ်းအော်၍ သူ့အား ရပ်တန့်လိုက်၏။

“ ကျွန်မ အသီး နှစ်ကတ်တီလောက် လိုချင်တယ်… ရှင့်ရဲ့ ဖန်လုံအိမ်ထဲသွားပြီး စိတ်တိုင်းကျ ရွေးလို့ ရမယ်မလား…”

“ ရတာပေါ့… ဝယ်သူဆိုတာ ငါ့အတွက် အရာရာပဲ…”

လင်းရီ သော့ပြန်ဖွင့်ပေးလိုက်ပြီး “ ဝင်သွားပြီး ကိုယ်ကြိုက်တာ သွားရွေးယူလေ…”

“ အွန်း အွန်း…”

ကျောက်ရှစ်ချီ ဤ ငွေအနည်းငယ်လောက်လေးကို ကပ်တွက်မနေချေ။ ထို့ပြင် အသီး၏ အရသာကလည်း အမှန်ပင် မဆိုးလှဘဲ ပိုင်ရှင် လင်းရီကလည်း အချောလေး တစ်ယောက် ဖြစ်နေသည့်အတွက် သူမ စိတ်လိုလက်ရဖြင့် ပေးချေရန် ဆန္ဒရှိနေတော့၏။

ကျောက်ရှစ်ချီ ဖန်လုံအိမ်ထဲသို့ ဝင်သွားခဲ့သည်။ ဝူဝန်ကျွင်း လင်းရီကို ပေစောင်းပေစောင်း တစ်ချက် ကြည့်လိုက်ပြီး သူမနောက် လိုက်ဝင်သွားခဲ့၏။

မည်သူမျှ မရှိတော့သည့်အချိန်တွင် ရန်စီ လင်းရီ၏ မျက်နှာကို ထိတွေ့လိုက်ပြီး သိမ်မွေ့ညင်သာသည့် လေသံလေးဖြင့် “ ဘာလို့ စိတ်တွေ တိုနေတာလဲ… နင့်ကိုယ်နင် သူ့အဆင့်အတန်းရောက်အောင် မနိမ့်ချချင်စမ်းပါနဲ့…. သူက ဒီတိုင်း ခေတ္တ ဧည့်သရုပ်ဆောင်သာသာရယ်.. နင်သူ့ကို နောက်တစ်ပိုင်းဆိုရင် တွေ့ရတော့မှာ မဟုတ်ဘူး…”

“ သူက ငါနဲ့ မထိုက်တန်ဘူး… ငါ သူနဲ့ စကားကို မပြောချင်တာ…”

“ ဒီလိုမှပဲ ဥက္ကဌလင်းနဲ့ ပိုတူသွားတော့တယ်.. နင်က ဒိတ်ဒိတ်ကျဲကြီးကိုပဲ.. သူ့လိုလူစားမျိုးတွေနဲ့ ဖက်ပြိုင်လို့ မတန်ပါဘူး…”

“ ဒါပေမယ့် မင်းရဲ့ လူအကဲခတ်တဲ့ အမြင်ကတော့ တကယ့်ကို မကောင်းဘူး…” လင်းရီ စောဒက လိုက်၏။

“ အနုပညာ နယ်ပယ်ဆိုတာ ဒါပဲလေ… အပေါ်ယံမှာ သရုပ်ဆောင်တယ်… နောက်ကွယ်မှာကတော့ တခြား တစ်ကဏ္ဍဖြစ်သွားပြီ… သူတို့ရဲ့ စရိုက် ကောင်းလား ဆိုးလား ငါနဲ့ ဘာမှမဆိုင်ဘူး… စိတ်လည်း မဝင်စားဘူး.. ငါ စိတ်ဝင်စားတာ သူတို့ ဘယ်လောက်ထိ ရေပန်းစားနေလဲ ငါ ဘယ်လို အသုံးချနိုင်မလဲပဲ စဉ်းစားတယ်… နင်အဲ့တာတွေ လိုက်စဉ်းစားနေရင် ဘယ်သူ့ကိုမှ ခေါ်ရိုက်လို့ ရမှာတောင် မဟုတ်တော့ဘူး…” ရန်စီမှ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“ ဒါပေမယ့် နင်ပြောတဲ့ ငါက လူကဲခတ်အမြင် မကောင်းဘူးဆိုတာကတော့ လုံးဝကြီး မဟုတ်သေးပါဘူး… နင်ဆို တော်တော်လေး ကောင်းတယ်မဟုတ်လား.. ဒီအပိုင်းမှာ ငါက မတော်ဘူးလား…”

“ ငါက တကယ်ကြီးကောင်းတယ်.. ပြီးတော့ ထူးခြားတဲ့ အရည်အချင်းတွေလည်း ရှိသေးတယ်လေ ဟဲဟဲ…”

“ လဲသေလိုက်… နင် ငါ့ကို နေ့တိုင်း စနေတော့တာပဲ…”

နှစ်ယောက်သား စကားပြောဆိုနေစဉ်မှာပဲ ကျောက်ရှစ်ချီနှင့် ဝူဝန်ကျွင်းတို့ ဖန်လုံအိမ်ထဲမှ ထွက်လာခဲ့ကြ၏။

“ မစ္စတာလင်း… ကျွန်မ ရွေးယူလို့ ပြီးသွားပြီ… ဒါပေမယ့် နည်းနည်းများသွားတယ်နဲ့တူတယ်… နှစ်ကတ်တီ ကျော်လောက်တယ်… တွက်ကြည့်ပြီး ဘယ်လောက်လဲဆိုတာ ကျွန်မကိုပြော.. ကျွန်မလွှဲပေးလိုက်မယ်…”

လင်းရီ ကျောက်ရှစ်ချီလက်ထဲရှိ အိတ်ကို တစ်ချက်ကြည့်လိုက်တော့ အမှန်ပင် သဘောတူထားသည့် အလေးချိန်ထက် ကျော်လွန်နေသည်။

“ နှစ်ကတ်တီပဲ ထားပါ.. ငါ့ဆီ ယွမ် ၅,၀၀၀ ပဲ လွှဲပေးလိုက်…” လင်းရီ သူ၏ ကျူအာကုတ်ကို ထိုးပေးရင်း ပြောလိုက်သည်။

“ အင်း… အိုကေလေ…”

“ ရှစ်ချီ… ခဏလေး…” ဝူဝန်ကျွင်း ပိုက်ဆံချေတော့မည့် ကျောက်ရှစ်ချီကို ဟန့်တားလိုက်၏။

“ ဘာဖြစ်တာလဲ…”

“ ဒီကောင်က တအား တည့်တိုးဆန်လွန်းတယ်… ဒါက လိမ်ရိုက်တာနဲ့တူတယ်လို့ ငါ ဘာလို့ ခံစားနေရပါလိမ့်…”

“ နင်က လိမ်ရိုက်တာလို့ ခံစားရတယ်ပေါ့…”

“ ဒီ အသီးတွေ ဘယ်လောက် ဈေးကြီးလဲ ဆိုတာကို တွက်ကြည့်ပြီး သူမင်းကို ဒီလောက် အများကြီး ပေးလိုက်ပုံ ထောက်ရင် ဒီအသီးတွေက များတယ်လို့ပဲ ထင်ရတာနဲ့ တူတယ်….. တကယ့်လက်တွေ့မှာ အဲ့လောက် အလေးချိန် မစီးလောက်ဘူး…”

ရန်စီ “ …. “

လင်းရီ “ …..”

ဘယ်လို ကြောင်တောင်တောင် မှတ်ချက်ပါလိမ့်…

“ ငါတော့ မထင်ဘူးနော်… ငါကုန်တိုက်မှာ ခဏခဏ ဈေးဝယ်ဖူးတယ်… တကယ်ကြီး ကျော်တယ်…”

“ ဒါဆိုလည်း ငါတို့ ပြန်ရောက်ရင် ချိန်ကြည့်ကြမယ်… တကယ်လို့ လိုနေတယ်ဆိုရင် ပြန်လာတောင်းကြမယ်…”

“ မင်းက ကောင်မလေး ဝယ်တဲ့ ပစ္စည်းကို ပိုက်ဆံ မပေးချင်ရုံတင် မကသေးဘူး.. မိန်းမလို မိန်းမရ ၊ မိန်းမထက်တောင် ဆိုးနေသေးတယ်… မင်း မရှက်ဘူးလားကွ…”

“ မင်း ဘယ်သူ့ကို ဒီစကားမျိုး လာပြောနေတာလဲ….” ဝူဝန်ကျွင်း ပြန်ပက်လိုက်ပြီး “ ငါမင်းကို ရိုက်ပစ်လိုက်မယ်ဆိုတာ ယုံလား…”

“ ငါ မင်းကို ရန်စီကြောင့် မျက်နှာသာ ပေးပြီပြီ ဆိုပေမယ့် မင်း ရောင့်တက်မလာနဲ့…”

ဝူဝန်ကျွင်း သူ့ အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး “ သောက်ငမွဲ အပင်စိုက်တဲ့ ကောင်ကများ ငါသာ…..”

လင်းရီ ဝူဝန်ကျွင်းကို စကားဆုံးအောင် ပြောခွင့်မပေးဘဲ ကန်ကျောက်လိုက်လေရာ တစ်ဖက်သူသည် သုံးလေးမီတာခန့် လွင့်ထွက်သွားခဲ့တော့၏။

ဝူဝန်ကျွင်းမှာ အငိုက်မိသွားခဲ့ပြီး လင်းရီ သူ့ကို ထိပါးဝံ့လိမ့်မည်လို့ သူ မထင်ထားခဲ့ပါချေ။ သူ မတုံ့ပြန်နိုင်ခင်တွင်ပဲ မြေပြင်နှင့် ဖင်ဆောင့်သွားခဲ့တော့၏။

ယင်းက ကျောက်ရှစ်ချီကို ထိတ်လန့်သွားစေသည်။

‘ အချောလေးက သိပ်ခက်ထန်တာပဲ…’

“ ငိုးမသား မင်း ငါ့ကို ကန်ဝံ့တယ်…”

ဝူဝန်ကျွင်း သူ့ဗိုက်ကို ကိုင်လျက် မည်းမှောင်နေသည့် အမူအရာဖြင့် မတ်တပ်ရပ်လာခဲ့သည်။ သို့သော် ရန်စီ၏ ဟန့်တားမှုကြောင့်မို့ သူ ဘာမျှ ပြန်မလုပ်နိုင်လိုက်ချေ။

“ တော်လောက်ပြီ… နင့်ကိုယ်နင် ဘယ်သူဆိုတာ သတိရစမ်း… ဒါက ကျေးလက်ဘက်မှာ ဆိုပေမွယ့် မတော်လို့ တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်ရင် နင့်ဘဝ စုတ်ပြတ်သတ်သွားနိုင်တယ်နော်…”

ရန်စီ၏ စကားကို ကြားတော့ ဝူဝန်ကျွင်း ချက်ချင်းလက်ငင်း စိတ်တည်ငြိမ်သွားခဲ့သည်။

သူ့အတွက် B အဆင့် အနုပညာရှင် စာရင်းသို့ တက်လှမ်းသည့် ခရီးလမ်းက လွယ်ကူမှု မရှိခဲ့ချေ။ ၎င်းကြောင့်နှင့် သူ၏ အနာဂတ် ထမင်းစားလက်မှတ်လေး ပျက်စီးသွားမည်ဆိုပါက မထိုက်တန်ချေ။

ဝူဝန်ကျွင်း မျက်လုံးမှေးကျဉ်း၍ လင်းရီကို ကြည့်လိုက်၏။

“ မင်းနဲ့ ပြိုင်မတုတော့ဘူး… ကြပ်ကြပ်သတိထားနေ…”

“ -ီးကို သတိထားရမှာလား… ရန်ဖြစ်ဖို့တောင် ကြောက်နေတယ်ဆိုတော့ မင်းမှာ ပါတဲ့ အောက်က နှစ်လုံးကို ဖြတ်ပစ်ဖို့ကောင်းတယ်… မင်းက မိတ်ကပ်လူးလွန်းလို့ ယောက်ျားဆန်မှုတွေ ပျောက်ဆုံးကုန်ပြီ…”

ကျောက်ရှစ်ချီ၏ မျက်နှာ ရှက်သွေးဖြန်းသွားခဲ့၏။

သူ ဘာတွေ ပြောမှန်းလဲမသိဘူး… နားတွေ ရှက်လိုက်တာ…

“ မင်း…”

“ တော်ပြီ တော်ပြီ… ဆက်ပြီး မပြောကြနဲ့တော့…. နင်တို့ နှစ်ယောက်လည်း ပြန်ပြီး ရယ်ဒီ လုပ်ထားကြ… ခဏနေ ရိုက်ကူးရေး စမယ်…” ရန်စီ ပြောလိုက်သည်။

ကျောက်ရှစ်ချီ ခေါင်းညိမ့်လိုက်၏။ လင်းရီတို့နှစ်ယောက် ခိုက်ရန်ဖြစ်ပွားကြမည်ကို စိုးရွံ့သည့်အတွက် သူမ ဝူဝန်ကျွင်းနှင့်အတူ လင်းရီအနားမှ အလျင်အမြန်ပဲ ထွက်ခွာသွားခဲ့လေသည်။

“ အဲ့ကောင်က သောက်ရူးလား… မင်းရှိနေလို့နော်.. မဟုတ်ရင် ဒီကောင့်ကို ICU ရောက်တဲ့ထိ ကန်ပေးလိုက်တယ်…”

“ ဒီတိုင်း နာမည်လောက်ရှိတဲ့ အဆိုတော်ကို နင်က ဘာတွေ ခေါင်းထဲ ထည့်နေတာ… အဲ့ကောင်က ကျောက်ရှစ်ချီရဲ့ နောက်ပိုးလေ… ဒါကြောင့် နင် သူနဲ့ စကားပြောနေတာ မြင်တော့ မကြည်တော့တာ နေမှာပေါ့…”

“ ဟမ့်… ငါကဖြင့် သူ့တောင် စိတ်မဝင်စားဘဲနဲ့…”

“ ဟုတ်ပါပြီ.. ငါ့အမှားပါ… စိတ်လျော့တော့ ဟုတ်ပြီလား..” ရန်စီ လင်းရီအနားကပ်၍ ချွဲချွဲနွှဲ့နွှဲ့လေး ပြောလိုက်သည်။

“ အဲ့လိုပြောလိုက်ရုံနဲ့ ငါက စိတ်ကျေနပ်မယ် ထင်လား…”

“ ညမှ ဆက်ပြောကြမယ်… နင် စိတ်ကျေနပ်စေရမယ်လို့ ကတိပေးတယ်ဟာ….”

“ အဲ့လိုမျိုးမှပေါ့… ခုမှပဲ အမှားဝန်ခံတာနဲ့ တူတော့တယ်…”

All Chapters