မင်း ငါ့ကို ကိုက်နေကျပဲ မဟုတ်ဘူးလား
Vol. 82 Ch. 1226
မိနစ် အနည်းငယ် ကြာပြီးနောက် ဝူ၀န်ကျွင်း ဖုန်းပြန်ချလိုက်၏။
လီယွီကျယ်မှ
“ ဘယ်လိုလဲ… အဆင်ပြေလား…”
“ ကျွန်တော်က လူတွေအတွက် မကောင်းသူဖယ်ပြီး ကောင်းသူကယ်ဖို့ လုပ်နေတာကို ဘာလို့ အဆင်မပြေရမှာ…”
“ ဒါပေမယ့် သူက ကျိုးဟိုင်က နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်နော်… နင် သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး…”
“ ကျွန်တော် သိတယ်…” ဝူဝန်ကျွင်း ပါးစပ်တွင် စီးကရက်ခဲလျက် ပြောလိုက်ပြီး “ သူ အဖမ်းခံရပြီးသွားရင် ဒီကိစ္စကို လူသိရှင်ကြား ဖြစ်နိုင်မယ့် နည်းလမ်းတစ်ခုကို ကျွန်တော် စဉ်းစားကြည့်လိုက်မယ်… အဲ့လိုလုပ်လိုက်ရင် သူ့စီးပွားရေး လုပ်ငန်းတွေလည်း ထိခိုက်သွားမှာ ကျိန်းသေတယ်… ကျွန်တော့်ရဲ့ အနာဂတ်ကြီး ပျက်စီးသွားတယ်ဆိုရင်တောင်မှ သူ့ကို ရက်အနည်းငယ်လောက် ငွေကြေးဆုံးရှုံးမှုရှိအောင်တော့ လုပ်နိုင်ပါသေးတယ်…”
လီယွီကျယ် ဘာမျှပြန်မပြောသော်ငြား သူမ ဝူဝန်ကျွင်း၏ အပြုအမူများကို ထောက်ခံလေသည်။
ဝူဝန်ကျွင်း၏ အနာဂတ်သာလျှင် ပျက်စီးသွားခဲ့သည် မဟုတ်ဘဲ သူ၏ မန်နေဂျာတစ်ယောက်ဖြစ်သည့် သူမသည်လည်း အနုပညာ နယ်ပယ်ထဲတွင် ဆက်လက် ရှင်သန် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။
အကယ်၍ အခွင့်အရေး တစ်ခု ရှိမည်ဆိုပါက လင်းရီသည် မည်သို့သော အကောင်ကြီး ဖြစ်နေပါစေ၊ သူမ၏ တိုက်ခိုက်မှုက အကျိုးသက်ရောက်မှု မှုန်မွှားမျှပင် ရှိနေပါစေ၊ သူမ လက်စားပြန်ချေချင်သည်။
“ ပြန်ပြီး သူဌေးကို ဒီအကြောင်း ပြောပြကြစို့… သူ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိမရှိ မေးကြည့်ကြတာပေါ့… ဒီလူတွေကို ထိပါးလို့ မရဘူးဆိုတာ ကျွန်တော်မယုံဘူး…”
“ အင်း…”
သို့နှင့် ယွီစီကျယ် ကားကို မောင်းသွားလိုက်သည်။
သို့သော် မိနစ် အနည်းငယ် ကြာပြီးနောက် ဝူဝန်ကျွင်း အိတ်ကပ်ထဲရှိ ဖုန်းက တဖန် ပြန်မြည်လာသည်။
“ ဟယ်လို…”
“ ဟယ်လို… ခုပြောနေတာ 110 သတိပေး စင်တာကပါ… လိုင်စင် နံပါတ် A68888 Rolls Royce Cullinan ကို တိုင်ကြားတာ ဒီခု ဖုန်းကိုင်နေတဲ့လူ ဟုတ်ပါတယ်နော်…”
“ ဟုတ်တယ်… ကျွန်တော်ပါပဲ…” ဝူဝန်ကျွင်း အားတက်သရော ပြန်လည်ဖြေကြားလိုက်၏။
“ ဒီမှာ အချက်အလက်တစ်ချို့တော့ တွေ့ထားပြီး ဖုန်းပြောသူရဲ့ အတည်ပြုပေးတာကို လိုအပ်နေလို့ပါ…” 110 အော်ပရေတာမှ ပြောလိုက်ပြီး “ အခု ဘယ်ရောက်နေလဲ မသိဘူး… ကျုပ်တို့ဘက်က လူလွှတ်လိုက်ပါ့မယ်…..”
“ အတည်ပြုဖို့လား…” ဝူဝန်ကျွင်း ပြောလိုက်ပြီး “ ကျွန်တော် အသေးစိတ် အချက်အလက်တွေ ပေးပြီးပြီ မဟုတ်ဘူးလား… ဘာများ အတည်ပြုစရာ ကျန်နေသေးလို့…”
“ ဟုတ်ကဲ့ ကျုပ်တို့ဘက်ကလည်း ဥပဒေ တင်းကြပ်တဲ့ ကာလဖြစ်နေတဲ့အချိန် ဒီလိုမျိုး ပြဿနာနဲ့ ကြုံတွေ့နေရတယ်ဆိုတော့ လွဲမှား ချော်မှား မဖြစ်ရအောင် သေသေချာချာလေး အတည်ပြုဖို့ လိုနေလို့လေ… ဒါကြောင့်မို့ ဖုန်းပြောသူရဲ့ ပူးပေါင်းပါဝင်ပေးမှုကို လိုအပ်ပါတယ်…”
“ အာ… အဲ့လိုကိုး… သဘောပေါက်ပြီ သဘောပေါက်ပြီ…” ဝူဝန်ကျွင်း ပြုံးလိုက်ပြီး “ ကျွန်တော့်ဆီ လာနေစရာ မလိုပါဘူး… ကျွန်တော်ကလည်း ခုအားနေတယ်ဆိုတော့ ကျွန်တော်ကပဲ လူကြီးမင်းတို့ဆီ လာခဲ့လိုက်ပါ့မယ်… “
“ အဲ့လိုလည်း ရတယ်… ကျုပ် ဒီဖုန်းနံပါတ်ဆီပဲ လိပ်စာပို့ပေးလိုက်မယ်နော… ပူးပေါင်း ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… မင်္ဂလာရှိသော ညလေး တစ်ည ဖြစ်ပါစေ…”
“ ရပါတယ်ဗျာ… ဒါ နိုင်ငံကြီးသား ပီသသူတိုင်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်ပဲလေ…”
ဝူဝန်ကျွင်း လှောင်ပြောင် ထေ့ငေါ့သည့် မသတီစရာ အပြုံးမျိုးဖြင့် ဖုန်းပြန်ချလိုက်သည်။ သူ့စိတ်ထဲတွင်တော့ လင်းရီ လက်ထိပ်ခတ်ခံရပြီး ကားထဲ ဖမ်းခေါ်သွားခံနေရသည့် မြင်ကွင်းကို ကြိုတင် စိတ်ကူးယဉ်ပြီး နေချေပြီ။
“ ဘာဖြစ်တာလဲတဲ့… နင် ဘာလို့ အဲ့လောက်တောင် ပြုံးနေရတာ…” လီယွီကျယ် မေးမြန်းလိုက်သည်။
“ 110 အော်ပရေတာက ခုလေးတင် ဖုန်းခေါ်လာတယ်… ဒီခုလက မူးပြီး မောင်းတဲ့ ကားသမားတွေကို ထိထိရောက်ရောက် နိမ်နှင်းနေတဲ့ ကာလတဲ့… သူတို့က ကျွန်တော့်ကို အဲ့လာပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုပါ ပူးပေါင်း ပါဝင်စေချင်နေတာ… အဲ့လိုဆို သူတို့ ပြင်းပြင်းထန်ထန် စုံစမ်း စစ်ဆေးလို့ရပြီ…”
“ ဟန်ကျလိုက်တာ… သူ ဘာလုပ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့…”
“ ကျွန်တော်တို့ ထင်ထားတဲ့ အတိုင်းပဲပေါ့…” ဝူဝန်ကျွင်းမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး “ ဒီကိစ္စမှာ ကျွန်တော်က ကံဆိုးသွားတဲ့လူ ဆိုပေမယ့် ကောင်းကင်က လူကို ပစ်မထားပါဘူး… ဒီခု သူ ဘာတတ်နိုင်ဦးမလဲ ကြည့်စမ်းမယ်…”
မကြာမီ အော်ပရေတာမှ လိပ်စာကို ပို့ပေးလာခဲ့ပြီး ဝူဝန်ကျွင်း ကားကိုလှည့်၍ လမ်းအတိုင်း တည့်တည့်မောင်းလာခဲ့လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဝူဝန်ကျွင်း ကျိုးဟိုင် ယာဉ်ထိန်းရဲ ဌာနသို့ ရောက်ရှိလာခဲ့ပြီး တာဝန်ကျ ရဲအရာရှိကို ကြည့်၍ “ မင်္ဂလာပါ အရာရှိကြီး… ခုလေးတင် ကျွန်တော် Rolls Royce Cullinan တစ်စင်းကို တိုင်ချက်ဖွင့်ထားခဲ့သေးတယ်လေ… ခင်များတို့ရဲ့ အော်ပရေတာကပဲ ပူပေါင်းပါဝင်ပေးပါဆိုပြီး ကျွန်တော့်ကို ဒီ အခေါ်လွှတ်လိုက်တာ… သူပြောတာတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူချင်ပါတယ်တဲ့…”
“ အင်း… ဒီလောက်ဆို မင်း ဘယ်သူမှန်း ငါသိပြီ…”
တံခါးဝတွင် စောင့်နေသည့် တာဝန်ကျ ရဲအရာရှိမှ မတ်တပ်ရပ်လိုက်ပြီး အခန်းထဲရှိ အခြားသော သူ၏ လုပ်ဖော်ကိုင်ဖက်များထံသို့ လှည့်ကာ “ အဲ့ကောင် ရောက်လာပြီ… အထဲ ခေါ်သွားလိုက်တော့…”
သူ့ စကားဆုံးသည်နှင့် ချက်ချင်း ယူနီဖောင်း ဝတ်ဆင်ထားသည့် ရဲသား ဆယ်ဦးခန့်မှာ မျက်နှာချင်းဆိုင် အခန်းထဲမှ ပြေးထွက်လာပြီး ဝူဝန်ကျွင်းနှင့် လီယွီကျယ်တို့ နှစ်ယောက်ကို နောက်ပြန် လက်ထိပ် ခေတ်လိုက်ကြကာ လှုပ်မရအောင် မြေပြင်တွင် ဖိနှိပ်ထားလိုက်ကြလေသည်။
ရုတ်တရက် ဆန်လွန်းလှသည့် အခြေအနေက သူတို့နှစ်ယောက်ကို နားဝေတိမ်တောင် ဖြစ်သွားစေခဲ့၏။ ဘာဖြစ်နေမှန်းကို သူတို့ နားမလည်နိုင်ကြတော့ချေ။
သို့သော်လည်း အသိစိတ်ကို ဆန့်ကျင်လျက် သူတို့ ရုန်းလား ပြုလား မလုပ်ကြဘဲ နာနာခံခံ နေပေးလိုက်ကြလေသည်။
ရဲများကို ဆန့်ကျင်လို့ မကောင်းမှန်း သူတို့ နားလည်ကြ၏။
“ ခင်များတို့ ဒါ ဘာလုပ်တာတုန်း… ကျွန်တော်က မူးပြီး ကားမောင်းတဲ့ အမှုကို တိုင်ချက် လာဖွင့်ရုံလေးပဲလေ… ကျွန်တော် ဘာအမှား လုပ်မိလို့ ကျွန်တော့်ကို ဘာကြောင့် လာဖမ်းနေရတာတုန်း…”
ဝူဝန်ကျွင်း အလျင်အမြန် စိတ်တည်ငြိမ်အောင် ပြုင၍ သူ့ကိုယ်သူ ရှင်းပြလိုက်သည်။
သူ့ကိုယ်သူ မှားနေသည်လို့ မထင်။ ၎င်းနှင့် ဆန့်ကျင်ဘက် မှန်သည့် အမှုကို သူ ပြုနေသည်ဟု ယုံကြည်သည်။ သူ့ရှေ့ရှိ တရားမျှတမှု၏ ဘက်တော်သားများက သူ့ကိုဖမ်းနိုင်သည့် အခွင့်အရေး မရှိဟုလည်း မုချ သူယုံကြည်ထား၏။
“ မင်းကများ ငါတို့ကို ပြန်မေးရတယ် ရှိသေး… မင်းကိုယ်မင်း ဘာလုပ်မိလဲဆိုတာ နားမလည်သေးဘူးလား…”
“ ကျွန်တော် ဘာလုပ်မိလို့… မူးပြီး ကားမောင်းနေတဲ့သူကို တိုင်တန်းမိတာ ကျွန်တော်မှားသလား…” ဝူဝန်ကျွင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ခင်များတို့ သိလား… ကျွန်တော်က အနုပညာရှင် တစ်ယောက်နော်… ကျွန်တော့်ရဲ့ ဝေ့ပေါ် အကောင့်မှာ ပရိတ်သတ် သန်းချီရှိတယ်… အကြောင်းပြချက် မရှိဘဲ တိုက်ခိုက်တယ် ဆိုလို့ကတော့ ဒီကိစ္စကို အင်တာနက်ပေါ်တင်ပစ်မယ်…”
ခေါင်းဆောင် ရဲအရာရှိမှ အေးစက်စက် နှာမှုတ်လိုက်ပြီး “ မင်းရောသိလား… မင်းတိုင်တန်းလိုက်တဲ့ လူရဲ့ အထောက်အထား အစစ်အမှန်က မင်းထင်နေသလိုမျိုးများ အောက်မေ့နေလား.. သူက အခု လျှို့ဝှက် မစ်ရှင် တစ်ခုကို ထမ်းဆောင်နေတာကွ… ဒါပေမယ့် မင်း အခု တိုင်တန်းလိုက်တော့ သူ့ မစ်ရှင် ကျရှုံးသွားပြီး တိုင်းပြည်နဲ့ လူမျိုးကို အကြီးကြီး နစ်နာသွားစေပြီ… ဒါကြောင့်မို့ မင်းတို့နှစ်ယောက်ကို ထောက်လှမ်းရေးတွေလို့ သံသယရှိတယ်… အရင်ဆုံး ထိန်းသိမ်းထားပြီး အမှုမှန် ပေါ်တဲ့အထိ စုံစမ်းသွားမယ်… ကလန်ကဆန် လုပ်မယ် မကြံနဲ့… ငါတို့နဲ့ ချက်ချင်း လိုက်ခဲ့…”
ဝူဝန်ကျွင်း အံ့အားတကြီး ဖြစ်ပျက်သွားခဲ့တော့၏။
ဘယ်လို….
နှစ်ယောက်လုံး ခေါင်းနားပန်း ကြီးသွားခဲ့ကြသည်။
ရဲ အရာရှိများက ယခုလို စကားမျိုး ပြောလာလိမ့်မည်လို့ သူတို့ စိတ်ကူးဖြင့်တောင် မယဉ်ခဲ့ဖူးချေ။
ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်မှာ နောက်ထပ် လျှို့ဝှက် အထောက်အထား တစ်ခု ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…
ဒါကြီးက လုံးဝ မဖြစ်နိုင်ဘူးလေ….
သူက ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ မူးပြီး မောင်းတဲ့ ဥပဒေကို ကျုးလွန်နေတာ ဘယ်လိုလုပ်ပြီး လျှို့ဝှက် မစ်ရှင် ထမ်းဆောင်သွားရတာလဲ…
သို့ပေမယ့် အနှီမေးခွန်း ပုစ္ဆာတို့အတွက် သူတို့ကို ဖြေကြားပေးမည့်သူကား မရှိချေ။ အပြတ်သတ် သာလွန်နေသည့် ခွန်အား၏ ရှေ့မှောက်တွင် ပုရွတ်ဆိတ်လေး တစ်ကောင်သည် မည်သို့သော ခုခံမှုမျိုးကို စွမ်းသာလိမ့်မည်နည်း။
…………….
တစ်ချိန်တည်းတွင် လင်းရီ ကားကို ပုံမှန်လေး မောင်းလာရင်း ဟွမ်ရှီးကျေးရွာသို့ ရောက်လာခဲ့ချေပြီ။
ဝူဝန်ကျွင်းက တော်တော်လေးကို တုံးအလှပြီး စိတ်ဝင်စားဖို့လည်း ကောင်းသည်ဟု သူ့စိတ်ထဲ ထင်မိသည်။
သူက မှားသည်ဆိုသော်လည်းပဲ တမင်တကာကြီး တိုင်တန်းသည်ကတော့ လုပ်လို့မသင့်ချေ။
သူ ဟွမ်ရှီး ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး အိမ်ထဲ မီးများ လင်းနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
ရန်စီက မအိပ်သေးချေ။
လင်းရီ အလုပ်ရှုပ်ခံပြီး ခြံတံခါး ဖွင့်မနေတော့ပဲ တံတိုင်းကျော်၍ အထဲဝင်လိုက်၏။
သူ တံခါးကို ဖွင့်လိုက်တော့ အထဲတွင် ရေများ ပြေးလွှားနေသည့် အသံကို ကြားနေရသည်။
ရေချိုးခန်းထဲတွင် ရှိနေသည့် ရန်စီလည်း တံခါး ရုတ်တရက် ပွင့်လာသည့် အသံကို ကြားတော့ အနည်းငယ် ပြာသော်လည်း မာသည့် လေသံဖြင့် “ ဘယ်သူလဲ…”
လင်းရီ ဘာမျှ မဖြေဘဲ ကြောင်ခြေလှမ်းဖြင့် ရေချိုးခန်း တံခါးကို သွားဖွင့်လိုက်သည်။
အထဲတွင် ရန်စီက သူမ၏ ကိုယ်ကို တံဘက် အရှည်ဖြင့် ပတ်ထားပြီး လက်ထဲတွင် သွားပွတ်တံ တစ်ချောင်းကို ကိုင်ထားလျက် ရှိ၏။ သူမ၏ အမူအရာက လင်းရီနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည့် အမူအရာမျိုးပင်။
“ ဒါ ဘယ်လို တိုက်ခိုက်ရေး ကိုယ်ဟန်ကြီးတုန်း…. တော်တော့်ကို ထူးခြားတာပဲ…”
“ ကောင်စုတ်... နင်ငါ့ကို သေအောင် လာခြောက်နေတယ်… ပြန်လာတယ်ဆိုလည်း လူကို ဘာလို့ အသံမပေးလဲ…”
“ စပရိုက် လုပ်ချင်လို့လေ… စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား…” လင်းရီ အပြုံးလေးဖြင့် မေးမြန်းလိုက်၏။
“ စိတ်လှုပ်ရှားတာထက်ကို ပိုတယ်… နင့်ဟာက ငါ့ကို ရှော့ခ်ရပြီး သေစေနိုင်လုနီးပါးပဲ…”
ရန်စီ၏ လက်က လင်းရီခါးရှိ အသားနုနုထက် ရောက်သွားပြီး ခပ်ပြင်းပြင်း ဆွဲဆိတ်ပစ်လိုက်၏။
“ နင် နောက်တစ်ခါ ဒီလို ထပ်လုပ်ရဲ လုပ်ကြည့်… နင့်ကို သေအောင် ကိုက်ပစ်မယ်…”
“ ကိုက်မှာလား…”
“ မင်းငါ့ကို ကိုက်နေကျပဲ မဟုတ်ဘူးလား..” လင်းရီ ရယ်မောလိုက်ပြီး “ ပြီးတော့ ကိုက်တာကလည်း ခံစားလို့ သိပ်ကောင်းတယ်… ခုဆို ပိုပိုပြီးကို တော်လာနေပြီ…”
“ ဟွန့် … ဒီခါကျရင် ခံစားလို့ ကောင်းဦးမလား ကြည့်ကြည့်လိုက်လေ…”
“ ဘာလို့ အခုမှ ရေချိုးတာ… အလုပ်တွေ ခုမှ ပြီးလို့လား…”
ရန်စီ ခေါင်းညိမ့်လိုက်၏။ “ ဒီနေ့က ပထမပိုင်းရဲ့ နောက်ဆုံးနေ့လေ… ရိုက်ကူးရေးက ပြီးသွားပြီ.. အဲ့ဟာနဲ့ ပတ်သက်ပြီး လုပ်စရာတွေက အမျိုးမျိုးဆိုတော့ ခုချိန်မှ ပြီးတော့တာပဲ..”
“ အဲ့လိုဆိုရင်တော့ ကြည့်ရတာ ငါ သိပ်မနောက်ကျဘူးပဲ… အချိန်မီ ပြန်လာတယ် ပြောရမယ်…”
လင်းရီနှင့် သူမတို့ နှစ်ယောက်တည်းသာလျှင် ရှိသည့် အတွက် ရန်စီ သူမ၏ တံဘက်အရှည်ကို ပြန်ဖယ်လိုက်ပြီး ဆက်လက် ဖုံးကွယ်ထားခြင်း မရှိတော့ချေ။ သူမကိုယ်သူမ ရေစင်အောင်သာ သုတ်နေလျက် “ ငါပြီးပြီ … နင်လည်း ရေချိုးတော့လေ..”
“ တစ်ယောက်တည်း ချိုးရမှာ ပျင်းဖို့ကောင်းတယ်.. အတူချိုးကြစို့…”