ကျုပ်က သူ့သားမက်
Vol. 82 Ch. 1227
ရန်စီ တဘက်ကို တင်းကြပ်စွာ ပြန်ပတ်လျက် လင်းရီကို မျက်စောင်း တစ်ချက် ပေးရင်း “ မြန်မြန် ရေချိုးတော့… ကလေးလည်း မဟုတ် ဘာလည်း မဟုတ်နဲ့…”
သို့သော် သူမ အပြင်သို့ ခြေတစ်လှမ်းပဲ ထွက်ရသေးသည့် အချိန်တွင် လင်းရီသည် နောက်မှ သူမ လက်ကို ဆွဲ၍ ခါးမှ ပွေ့ချီထားလိုက်ပြီး “ ဒီလိုမျိုး လုပ်လို့ ဘယ်ရမှာလဲ…”
လင်းရီ သူမ၏ စကားကို နားမထောင်ဘဲနှင့် ရန်စီကို ရေချိုးခန်းထဲ ပြန်ခေါ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ခန္ဓာကိုယ်ကို ပတ်ထားသည့် တဘက်ရှည်ကို လွင့်ပစ်လျက် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုမှာ ရေချိုးခန်းတွင်း ဖြည်းဖြည်းချင်း အစပျိုးလာနေသည်။
ကနေဦး ပြင်းထန်သည့် အကြိုတိုက်ပွဲပြီးတော့ စစ်တလင်းက ရေချိုးခန်းထဲမှ နေပြီး အိပ်ခန်းထဲ ဦးတည်သွားခဲ့တော့သည်။ ထို့နောက် MMA ပွဲ၏ ဒုတိယအချီမှာ ပြီးဆုံးသွားခဲ့ပြီး အောင်နိုင်သူကတော့ လင်းရီဖြစ်၏။
ရန်စီမှာ အိပ်ယာထဲ ချိနဲ့စွာ လဲလျောင်းနေလျက်ရှိပြီး အသက်မျှင်းမျှင်းကလေးသာ ရှူနိုင်တော့သည်။ သို့သော် မျက်နှာထက်တွင်တော့ စိတ်ကျေနပ်မှု အပြည့်ဖြစ်ပေါ်နေလျက်ရှိ၏။
တိုက်ပွဲ ပြီးဆုံးသွားသည့် အချိန်ရောက်တော့ မနက်ခင်း နှစ်နာရီ ထိုးနေချေပြီ။
လင်းရီ ရေချိုးခန်းထဲသွား၍ ရေချိုးပြီး အဝတ်အစား အသစ်များကို လဲပြုလိုက်၏။
“ ဟင်.. နင် ဘယ်သွားမလို့လဲ…”
“ ဖန်လုံအိမ်ထဲက အသီးတွေ မှည့်ပြီဆိုတော့ သွားကောက်မလို့လေ… ခုနေ မဆွတ်ဘူးဆိုရင် ပုတ်ကုန်တော့မှာ…”
“ နင်က အလုပ်နဲ့ ဘဝကို တကယ်လည်း ဟန်ချက်ညီအောင် ထိန်းနိုင်တယ်…”
ရန်စီ ငိုရအခက်၊ ရယ်ရအခက် ဖြစ်နေပြီး “ နင်တို့လို လူငယ်တွေက တကယ့်ကို ခွန်အားတွေ ပိုလျှံနေတာပဲနော်… ညလယ်ကြီး အိပ်ခန်းထဲမှာ သောင်းကြမ်းပြီးတာတောင် အလုပ်သွားနိုင်သေးတယ်…”
“ ဒါကြောင့်လည်း သူဌေးမကြီးတွေက နင်တို့လို လူငယ်လေးတွေကို နှစ်သက်ကြတာ ဖြစ်မယ်…”
ရန်စီ အိပ်ယာပေါ်တွင် တွားသွား သွားရင်း “ နင် သွားရင် မီးမှိတ်သွားပေးဦး… ငါအိပ်တော့မယ်…”
“ အိုကေ ဂွတ်နိုက်…”
အဝတ်များ လဲပြုပြီးနောက် လင်းရီ အိမ်ထဲမှ ထွက်လာပြီး ဖန်လုံအိမ်ထံ ဦးတည်လိုက်သည်။
ဤတစ်သုတ် အသီးက အတော်လေးကို များနေပြီး သူ့ဘက်က ကြန့်ကြာမှုလေးတွေလည်း ရှိသွားသဖြင့် လင်းရီ မနက်ခြောက်နာရီထိတိုင်အောင် အလုပ်လုပ်လိုက်ရသည်။ ထို့နောက် လေဆိပ်ထံ ဦးတည်လိုက်တော့၏။
သူ လျိုဟုန်ကို ကြိုတင်၍ ဖုန်းဆက်ထားပြီး အနောက်ထိုင်ခုံများ ဖယ်ရှားထားသည့် မွမ်းမံပြင်ဆင်ထားသည့် SUV တစ်စင်း အဆင့်သင့် လုပ်ထားပေးရန် ပြောလိုက်သည်။ သို့မှသာ သူ့အတွက် ကုန်များသယ်၍ ရောင်းပြုလို့ အဆင်ပြေပေမည်။
မနက်ခင်း ဆယ်နာရီ ဝန်းကျင်လောက် ရောက်တော့ လင်းရီ လေယာဉ်ပေါ်မှ ဆင်းပြီး သူ့အတွက် ကြိုတင် ပြင်ဆင်ထားပေးသည့် ကားဖြင့် ပန်ဂု ကြယ်ခုနစ်ပွင့်ဟိုတယ်သို့ သွား၍ အခန်းတစ်ခန်း ယူလိုက်သည်။
သူ ယခင် လာဖြစ်သည့် အခေါက်များနှင့် ယှဉ်ပါက ယခု တစ်ခေါက်တွင် လူပိုကျနေသည်ကို လင်းရီ သတိပြုမိလိုက်၏။
ထို့ပြင် လေသံ ဒေသံ ကွဲပြားသည့် လူများလည်း ရှိပြီး အခြားသော စီရင်စုများမှ ရောက်လာကြသူများ ဖြစ်လောက်သည်။
သူ အားလုံး စီစဉ်ပြီးနောက် လင်းရီ အသီးများရောင်းချရန် အလျင်လိုခြင်း မရှိပါဘဲ ထိုအစား လက်ဆောင်ထည့်သည့် ပုံး အနည်းငယ် သွားဝယ်ပြီး အလှတကာ အလှဆုံး အသီးများကို ရွေးယူ၍ ရှန်းရှုရီထံ လက်ဆောင်သွားပေးရန် ပြင်ဆင်လိုက်သည်။
ကိုယ်တိုင် ကိုယ်ကျ ရန်ကျင်းသို့ ရောက်လာနေပြီ ဖြစ်ရာ အသေးစိတ်တိုင်းကို လိုက်ဂရုစိုက်ပေးရပေမည်။
လင်းရီ နေ့ခင်း ၁၁ နာရီလောက်ထိတိုင်အောင် သူတစ်ယောက်တည်း အလုပ်တွေ များနေခဲ့သည်။ ထို့နောက် လက်ဆောင်ပေးရန် စီစဉ်ထားသည့် အသီးများအား ထုပ်ပိုး၍ ရှန်းရှုရီ၏ ဟွာရန်အုပ်စုသို့ တက္ကစီငှားပြီး ထွက်လာခဲ့လိုက်၏။
“ မင်္ဂလာပါ လူကြီးမင်း… ဘယ်သူ့ကို ရှာနေတာလဲ မသိဘူး…”
“ ကျုပ် ဥက္ကဌရှန်းနဲ့ တွေ့ချင်လို့..”
ရှန်းရှုရီနှင့် တွေ့ရန် ရောက်လာကြောင်း သိလိုက်ရတော့ အမျိုးသမီး ဝန်ထမ်း၏ အမူအရာမှာ ချက်ချင်းဆိုသလို လေးနက် တည်ကြည်သွားခဲ့ပြီး “ ကြိုတင် ချိန်းဆိုထားတာများ ရှိလား မသိဘူး…”
လင်းရီကို မြင်တော့ သူမ၏ လေသံအမူအရာသည် မောင်လေးကို မြတ်နိုးတတ်သည့် အစ်မကြီး တစ်ယောက်နှယ် ကြင်နာနေလျက် ရှိသည်။
“ ချိန်းထားတာ မရှိရင်ကော တွေ့လို့မရဘူးလား … ကျုပ်ကို ခြွင်းချက် ထားပေးလိုက်လို့ မရဘူးလား…”
သူ၏ ကုမ္ပဏီသည်လည်း ယခုလိုပင် လည်ပတ်လျက် ရှိသောကြောင့် လင်းရီ ဤသဘောတရားများကို နားလည်သည်။
ရှန်းရှုရီကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မဆိုထားဘိ၊ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ကို တွေ့ချင်လျှင်ပင် အချိန်းအချက် ပြုဖို့ လိုအပ်၏။
သို့သော်လည်း ယခုလို လက်ဆောင်ပေးမည့် ကိစ္စရပ်မျိုးကို အချိန်းအချက်ပြုပြီး တွေ့မည်ဆိုပါက အဘယ်၌ အဓိပ္ပာယ် ရှိတော့မည်နည်း။ တစ်ဖက်သူကို စပရိုက် ဖြစ်သွားအောင် ပြုလုပ်ရသည်က အနှစ်သာရပင်။
“ ဒါတော့ မရဘူး လူကြီးမင်း… စိတ်မရှိပါနဲ့နော်… ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ရှင်က ဥက္ကဌရှန်းနဲ့ တွေ့ဖို့ မချိန်းထားဘူးဆိုရင် တွေ့လို့မရပါဘူးရှင်..”
အကယ်၍ သာမန်လူ တစ်ယောက်သာ ယခုလို တောင်းဆိုမှုမျိုး ပြုလုပ်လာမည်ဆိုပါက အမျိုးသမီး ဝန်ထမ်းလေးမှာ ချက်ချင်း လုံခြုံရေး ခေါ်၍ မောင်းထုတ်ခိုင်းလိုက်မည်။
သို့သော် လင်းရီမှာမူ ထူးခြား၏။ သူ၏ ပျိုတိုင်းကြိုက်သည့် ရုပ်ရည်ဖြင့် အမျိုးသမီးများနှင့် တွေ့လျှင် အနှီ တစ်ချက်တော့ အမြဲတစေ အားသာမှု ရရှိလေသည်။
“ ဒါနဲ့... ရှင်နဲ့ ဥက္ကဌရှန်းရဲ့ ဆက်ဆံရေးက ဘယ်လို ရှိလဲ မသိဘူးနော်… ဘာလို့ ဥက္ကဌရှန်းနဲ့ တွေ့ချင်နေရတာ… ကျွန်မ ခဏနေကျရင် အတွင်းရေးမှူးကို ဖုန်းဆက်ပြီး ဒီကိစ္စ ကိုင်တွယ်ဖို့ ပြောလိုက်မယ်…”
“ ကျုပ်က ဥက္ကဌရှန်းရဲ့ သားမက်ဆိုတော့ ဒီလို ကိစ္စမျိုးနဲ့ အသိပေးနေစရာ မလိုဘူး… ဟုတ်တယ်ဟုတ်…”
“ အာ….. ဥက္ကဌရှန်းရဲ့ သားမက် ဟုတ်လား…”
လင်းရီ ဖုန်းထုတ်၍ သီးသန့်ဖုံးကွယ်ထားသည့် ဓာတ်ပုံ အယ်ဘန်ထဲရှိ သူနှင့် လျန်ရူရွှယ်တို့ နှစ်ယောက်အတူ တွဲရိုက်ထားသည့် ဓာတ်ပုံကို ကောင်မလေး မြင်အောင် ပြလိုက်သည်။
“ ဒီ တစ်ယောက်ကို မင်းသိပါတယ်…”
ဓာတ်ပုံထဲရှိ အမျိုးသမီးကို မြင်တော့ အမျိုးသမီး ဝန်ထမ်းလေးမှာ ချက်ချင်း ရှော့ခ်ရသွားခဲ့လေသည်။
လျန်ရူရွှယ်ကလည်း ယခင်က ကုမ္ပဏီသို့ ရောက်လာခဲ့ဖူးပြီး ရှန်းရှုရီကလည်း သူမကို ဝန်ထမ်းများနှင့် မိတ်ဆက်ပေးဖူးသောကြောင့် ရှေ့ရှိ ဝန်ထမ်းမိန်းကလေးမှာ သဘာဝအလျောက် သူမ မည်သူမည်ဝါဆိုတာကို သိသည်။
ထို့ပြင် နှစ်ယောက်က ဓာတ်ပုံလည်း အတူတွဲရိုက်ထားကြသဖြင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက လိမ်ညာထားတာ မဟုတ်နိုင်ချေ။
ထို့နောက် လင်းရီ သူ၏ စီးပွားရေး လိပ်စာကတ်ကို ကမ်းပေးလိုက်သည်။
“ ကျုပ် ဘယ်သူဆိုတာကို တစ်ချက်ကြည့်ပြီး အတည်ပြုကြည့်လိုက်…”
“ လင်းယွင် အုပ်စုရဲ့ ဥက္ကဌ………”
လင်းရီ၏ ရာထူးကို မြင်တော့ အမျိုးသမီး ဝန်ထမ်းလေးမှာ နှစ်ထပ်ကွမ်း ရှော့ခ်ရသွားခဲ့တော့၏။
သူမက သာမန် ဧည့်ကြို ဝန်ထမ်း တစ်ယောက်သာ ဖြစ်သော်လည်းပဲ ဟွာရန် အုပ်စုတွင် အလုပ်လုပ်နိုင်သည့် လူတိုင်းက အရည်အချင်း ပြည့်ဝသူများသာ ဖြစ်ကြသည်။
သူတို့အားလုံး ကြီးမားသည့် လင်းယွင်အုပ်စုအကြောင်းကို သိရှိထားကြလေသည်။ ထို ကုမ္ပဏီက ဟွာရန်အုပ်စုနှင့်လည်း နီးကပ်စွာ လက်တွဲပူးပေါင်းနေလျက် ရှိ၏။ ထို့ကြောင့် အနှီလူချောလေးနှင့် ဥက္ကဌရှန်းတို့ကြား ဆက်ဆံရေးက အမှန်စင်စစ် ဖြစ်လောက်သည်။
“ မင်္ဂလာပါ ဥက္ကဌလင်း … ဥက္ကဌရှန်းရဲ့ ရုံးခန်းက ထိပ်ဆုံးထပ်မှာပါရှင့်… ဓာတ်လှေကားကနေ ထွက်ပြီး ညာဘက်ချိုးလိုက်ရင် တွေ့ပါလိမ့်မယ်.. ကျွန်မ တစ်ယောက်ယောက် လိုက်ပို့ခိုင်းလိုက်မယ်လေ…”
“ မလိုဘူး… ကိုယ့်ဘာကိုယ်ပဲ သွားလိုက်မယ်…”
သူမကို ကျေးဇူးတင်ပြီးနောက် လင်းရီ လက်ထဲတွင် လက်ဆောင်ပုံးဆွဲပြီး ဓာတ်လှေကားထံ ဦးတည်လိုက်သည်။
ဓာတ်လှေကား ဝင်ပေါက်ဝတွင် အနီရောင် ဂါဝန် အရှည်နှင့် အမျိုးသမီး တစ်ယောက် မတ်တပ်ရပ်နေသည်။ သူမက အသက်သုံးဆယ် အရွယ်ဟု ထင်ရပြီး တင်ကို ကော့လို့ သွားစေသည့် အနက်ရောင် ဒေါက်မြင့်ဖိနပ်များကို စီးနင်းထားသည်။ သူမ၏ သွင်ပန်း သဏ္ဌာန်က ဆွဲဆောင်မှုရှိလှ၏။
လင်းရီ ရောက်လာသည်ကို မြင်တော့ အနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို မှင်တက်သွားခဲ့တော့၏။
ချောလိုက်တာ….
တီ…
တစ်ချိန်တည်းတွင် ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး နှစ်ယောက်သား တစ်ယောက်ပြီး တစ်ယောက် အထဲ ဝင်လိုက်ကြ၏။
“ နင် ဘယ်အထပ်ကို သွားမှာ…”
လင်းရီနှင့် အနီရောင် ဝတ်စုံ အမျိုးသမီးသာလျှင် ဓာတ်လှေကားထဲတွင် ရှိသောကြောင့် တစ်ဖက်သူမှ အရင်ဆုံး စကားစပြောလာခဲ့၏။
“ ထိပ်ဆုံးထပ်ကို..”
လင်းရီ၏ စကားပြော အဖြေက သူမကို အံ့အားသင့်သွားစေသည်။
ဟွာရန် အုပ်စု၏ စည်းမျဉ်းများအရ ထိပ်ဆုံးလွှာတွင် ဥက္ကဌရုံးခန်း ၊ အတွင်းရေးမှူး ရုံးခန်းနှင့် တချို့တော့ သီးသန့် ရုံးခန်းများ ရှိ၏။
ရန်ကျင်းတွင် ထိပ်ဆုံးလွှာသို့ တက်ပြီး ဥက္ကဌရှန်းနှင့် တွေ့ရန် အရည်အချင်း ပြည့်မီသည့်လူက လက်တစ်ဆုပ်စာခန့်သာ ရှိလေသည်။
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှ လင်းရီကို တစ်ဖန် စေ့စေ့စပ်စပ် ကြည့်လိုက်တော့ လင်းရီ ကိုင်ထားသည့် လက်ဆောင်ထုပ်ကို မြင်တွေ့သွားခဲ့သည်။ သူမ ချင်းချင်းဆိုသလိုပဲ ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။
ဤကောင်ချောလေးက ဒီလီ လာပို့သည့်လူ ဖြစ်ရမည်။
ထိုအကြောင်းတွေးမိတော့ အနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှ ပြုံးလိုက်မိ၏။
ကိုလူချော လာပို့ပေးတဲ့ ဒီလီ ဝန်ဆောင်မှုဆိုတော့ ကျိန်းသေပေါက် ဈေးမပေါလောက်ဘူးပဲ…
“ ကောင်လေး… နင့်နာမည် ဘယ်လိုခေါ်လဲ…”
“ ဟင်… ဘာလို့ ကျုပ်နာမည် သိချင်နေရတာ…” ရုတ်တရက်ဆိုတော့ လင်းရီလည်း ကြောင်အမ်းသွားခဲ့၏။
“ မကြောက်ပါနဲ့… ဒီအစ်မကြီးက နင့်ကို ဒီတိုင်းလေး မေးကြည့်တာပါ…”
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှ သူမ၏ နက်မှောင်တောက်ပနေသည့် ဆံနွယ်များကို နား အနောက်သို့ သပ်လိုက်ပြီး နာမည်ကတ် ထုတ်ပေးလိုက်၏။
“ ည အားလား… ငါ နင့်ကို ညစာ ဖိတ်ကျွေးချင်လို့…”
လင်းရီ သူ့လက်ထဲရှိ နာမည်ကတ်ကို ကြည့်လိုက်တော့ သူ့ကို အံ့အားသင့်သွားစေသည်မှာ ဤအမျိုးသမီးက နယ်နယ်ရရလူ မဟုတ်သောကြောင့်ပင်။
ဟွာရှင်း အုပ်စုရဲ့ အထွေထွေ မန်နေဂျာ။
ကော်ပိုရေးရှင်း၏ အရွယ်အစားကို ဘေးချိတ်ထားကြည့်လျှင်ပင် ဤမျှ အသက်အရွယ်နှင့် အထွေထွေ မန်နေဂျာရာထူး ရရှိထားသည်က အမှန်ပင် မခေလှချေ။
“ အစ်မကြီး လေသံက ကျုပ်ကို မွေးစားချင်နေတဲ့ ပုံပဲနော်…”
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ ကြက်သေသေသွားခဲ့၏။ လင်းရီ ဤမျှ တိုက်ရိုက်ဆန်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
ကျွတ်… ဒီနေ့ခေတ် လူငယ်တွေက တကယ့်ကို ဘယ်လိုလိုက်ပြီး သရုပ်ဆောင်ပေးရမယ် ဆိုတာ မသိကြတော့ဘူးပဲ….
“ ငါ ဆိုလိုချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး… ဒီတိုင်း နင်က မဆိုးဘူးထင်လို့ နင်နဲ့ ရင်းနှီးချင်ရုံလေးတင်...” အနီရောင် ဝတ်စုံနှင့် အမျိုးသမီးမှပြောလိုက်ပြီး “ ပြီးတော့ နင်လိုချင်ရင် အလုပ်ကောင်းကောင်း အသစ် တစ်ခု ရှာပေးလို့လည်း ရတယ်နော်… ကူညီပေးချင်လို့ပါဟယ်…”
လင်းရီ ပြုံးလိုက်၏။ စကားသံက စာတတ်ပေတတ် လူတစ်ယောက်မှန်း သိသာလှသည်။
သူမ၏ စကားကမ်းလှမ်းမှုက ရည်ရွယ်ချက်ကောင်းများဖြင့် ပြည့်နှက်နေပြီး မရိုးသားမှုဟူ၍ တစ်စုံတစ်ရာပင် မတွေ့ရပေ။ ယခုလို ဆိုတော့ လင်းရီပင် အနည်းငယ် ဆွဲဆောင်ခံချင်မိသွားခဲ့၏။
“ ကျုပ် စဉ်းစားပါဦးမယ်…” လင်းရီ အပြုံးတစ်ပွင့်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ ကောင်းပြီ… နင် ဆက်သွယ်လာမှာကို ငါ စောင့်နေမယ်နော်… “ အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး “ ရှက်နေဖို့ မလိုပါဘူး..”
“ အိုကေ…”
လင်းရီ နာမည်ကတ်ကို သာမန်လျှံကာ အိတ်ကပ်ထဲထည့်၍ များများစားစား အာရုံထားမနေတော့ချေ။
…….
ထိပ်ဆုံးထပ်၊ ဥက္ကဌရုံးခန်းထဲတွင်။
ရှန်းရှုရီ အကြမ်းအိုး တစ်အိုး သယ်လာပြီး ဆိုဖာပေါ်သို့ ကျော့ရှင်းစွာ ထိုင်လိုက်၏။
“ ငါ ပြန်ကြည့်ရမယ့် စာဖိုင်တွေ ရှိနေသေးတုန်းပဲ… အတွင်းရေးမှူး လာပို့ပေးတဲ့ အချိန်ကျရင် ငါ တစ်ချက် ကြည့်လိုက်ဦးမယ်… ပြီးရင် ငါတို့နှစ်ယောက် ထမင်းအတူသွားစားပြီး နေ့လည် ရှော့ပင် ထွက်ကြမယ်လေ… တွေးကြည့်တော့မှ တို့တွေ ရှော့ပင် အတူမထွက် ဖြစ်တာတောင် အနှစ်သုံးဆယ်လောက်ကို ရှိနေပြီပဲ…”
ရှန်းရှုရီ ချင်ရင်ယွဲ့အား ပြောလိုက်၏။