← Chapters

သူ့အဖေလို

Vol. 82 Ch. 1229

သူ့အဖေလို

Vol. 82 Ch. 1229

ရှန်းရှုရီ၏ ဦးဆောင်မှုအောက်၌ သုံးယောက်သား ဝန်ထမ်းများ စားသောက်သည့် ကန်တင်းသို့ ရောက်ရှိလာခဲ့ကြသည်။

သို့သော် သူတို့ သုံးယောက်မှာ ပုံမှန် ထမင်းစားနေကျ ဧရိယာနှင့် အနည်းငယ် ကွာခြားသည့် နေရာသို့ ရောက်လာခဲ့ကြ၏။ ကော်ပိုရေးရှင်း၏ အမှုဆောင်များသာလျှင် ဤနေရာ၌ ထိုင်ပြီး စားသောက်ရန် အရည်အချင်း ပြည့်မီသည်။ စားဖိုမှူးအားလုံးက ကြယ်ငါးပွင့် အဆင့်များ ဖြစ်ကြပြီး အစားအသောက်၏ စံချိန်စံနှုန်းတို့က တော်တော်ကြီးကို မြင့်မား၏။

အပြင်ဘက် စားသောက်ဆိုင်များတွင် စားသောက်သည်နှင့် ရှုခင်း ပတ်ဝန်းကျင် တစ်ခုသာ ကွာခြားသွားခဲ့လေသည်။

ရှန်းရှုရီ၏ သူတို့နှစ်ယောက်အပေါ် ရင်းနှီးပတ်သက်မှုအရ စားသုံးသည့် ပတ်ဝန်းကျင်က အရေးမကြီးပါချေ။

သုံးယောက်သား အတူထိုင်လိုက်ကြ၏။ ရှန်းရှုရီ ကန်တင်းမှ အထူးဟင်းလျာတစ်ချို့ အော်ဒါမှာလိုက်ပြီး တစ်စုံတစ်ယောက်ကို အသီးများ ဆေးကြော၍ ယူလာခဲ့ခိုင်းလိုက်သည်။ ထို့နောက် ချင်ရင်ယွဲ့ ရှေ့ ချပေးရင်း “ စားကြည့်ကြည့်… ဒီချယ်ရီသီးတွေက သူ့ဘာသူ စိုက်ထားတဲ့ အသီးတွေနော်.. ငါ အရင် တစ်ခါတုန်းက စားကြည့်တာ တော်တော်လေး အရသာရှိတယ်…”

သူမ ထိုင်ချပြီး ဖြစ်သော်လည်းပဲ ချင်ရင်ယွဲ့မှာ အနည်းငယ် နေရထိုင်ရ ခက်ခဲနေခဲ့၏။

“ ငါ… ငါမစားတော့ဘူး… နင့်ဘာနင်စား…”

“ ဘာလို့ မစားမှာ… ဒီလို အသီးမျိုးဆိုတာ ဒီမှာပဲ စားနိုင်တာနော်… မြန်မြန်စားကြည့်ကြည့်… သိပ်အရသာ ရှိပါတယ်ဆိုနေ…”

ရှန်းရှုရီ၏ ဇွတ်အတင်း ဆွဲဆောင်မှုအောက်တွင် ချင်ရင်ယွဲ့ တစ်လုံးကောက်ယူပြီး မြည်းကြည့်လိုက်၏။ အရသာက အမှန်ပင် မဆိုးလှကြောင်းကို သူမ သတိထားမိလိုက်သည်။

သို့သော် သူမ၏ စိတ်က လျှာ၏ အရသာအပေါ် အာရုံပေးနေရန် အချိန်မရှိသေးဘဲ လင်းရီအပေါ်တွင်သာ အာရုံစိုက်ထားနေလျက် ရှိလေသည်။

ဝမ်းသာကြည်နူးခြင်း…

လိပ်ပြာမလုံမလဲ ဖြစ်ခြင်း …

စိတ်လှုပ်ရှားခြင်း …

စိတ်ထဲ နေရခက်နေခြင်း

ထိတ်လန့်တုန်လှုပ်နေခြင်း… စသဖြင့်

သောင်းပြောင်းထွေလာ ခံစားချက်တို့က စိတ်ထဲတွင် သံသရာလည်နေသည်။ အပြင်ပန်းတွင်သာ မသိသာသော်လည်း စိတ်ထဲတွင်တော့ အကြီးအကျယ် ကမ္ဘာပျက်နေသကဲ့သို့ ရှိသည်။

သူမ၏ နဂို တည်ငြိမ်ပြီး အမြဲတစေ ကျော့ရှင်းနေတတ်သည့် အကြည်ဓာတ်လေးပင် ယိမ်းယိုင်ချင်လာသည်။

မကြာမီ ဟင်းလေးပွဲနှင့် အရည်သောက် တစ်ပွဲ လာချပေးပြီး သုံးယောက်သား နေ့လည်စာကို စတင်လိုက်ကြတော့သည်။

မူလက အလွန့်အလွန်ကို မရပ်တန်း စကားပြောလေ့ရှိသည့် ချင်ရင်ယွဲ့မှာ တော်တော်ကြီးကို စကားနည်းသွားခဲ့ပြီး လင်းရီနှင့် ရှန်းရှုရီတို့၏ စကားဝိုင်းထဲ တစ်ခါတစ်ရံမှသာ ဝင်ပြောတတ်၏။

“ နင် ဟို ချင်မိသားစုက ချင်ရန်လင်းကို ရိုက်နှက်လိုက်သေးတယ်ဆို…”

“ အန်တီလည်း အဲ့သတင်း ကြားမိတယ်ပေါ့….”

“ ရန်ကျင်းက ကြီးရုံတင်ပဲ ကြီးတာ ဆိုတော့ သတင်းတွေ ပျံ့တာက မြန်တယ်လေ…” ရှန်းရှုရီ ပြောလိုက်ပြီး “ ငါ ကြားမိတာတော့ သူတို့ အကြီးအကဲလုဆီ သွားပြီး ငြင်းခုန်ကြသေးတယ်ဆိုပဲ.. ဒါပေမယ့် အကြီးအကဲလုက လျစ်လျူရှုလိုက်တယ်..”

“ အဲ့ အဘိုးကြီးက ချင်မိသားစုကိုတောင် လျစ်လျူရှုလောက်တဲ့အထိကို မောက်မာတယ်ပေါ့…”

လင်းရီ၏ အမြင်တွင် ချင်မိသားစုက နိမ့်ကျသွားခဲ့ပြီ ဆိုသော်ငြားလည်း ရန်ကျင်းတွင် ဩဇာလွှမ်းမိုးမှု တစ်ချို့တော့ ကျန်ရှိနေသေးသည်။ သူ့ဘက်က မည်သို့ပဲ ခံစားချက် ရှိပါစေ လေးစားမှု တစ်ချို့တော့ ပြသင့်၏။

သို့သော် လုပေချိန်မှာ လျစ်လျူရှုဝံ့လိမ့်မည်လို့တော့ သူ မထင်ထားခဲ့ချေ။

ယင်းက ‘ မင်းတို့ ဟောင်ချင်သလို ငါ စိတ်မဝင်စားဘူး ‘ ဆိုသည့် သဘောမျိုး သွားသက်ရောက်နေသည်။

“ ခုကို မပြောနဲ့ဦး… ဝမ်မိသားစု နံပါတ်တစ် မိသားစုကြီး ဖြစ်တုန်းကတောင် အကြီးအကဲလုဆိုတာ သူ ရန်ကျင်းမှာ လုပ်ချင်သလို လုပ်နိုင်တဲ့ လူပဲ… ဘယ်သူ့ကိုမှ လေးလေးနက်နက်ကို မရှိတာ…” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါပေမယ့် နင် ထင်နေသလိုတော့ မဟုတ်ဘူး… သူပြောလိုက်တာ သူ ဒီကိစ္စ မထိန်းချုပ်နိုင်ဘူး… မင်းတို့ဘာမင်းတို့ ကိုင်တွယ်ကြ ဆိုပြီးပဲ ပြောလိုက်တာ…”

“ အဟက်... အဘိုးကြီးက ဘော်လီဘောတော့ အတော်ပုတ်တတ်…”

“ ဘော်လီဘော ပုတ်လိုက်တာတော့ မဟုတ်ဘူး… နင်တို့ နှစ်ယောက်ကြား အခြေအနေက ခု အရမ်း ရှုပ်ထွေးနေပြီး သူကလည်း သူ့ကိစ္စနဲ့သူဆိုတော့ ဂရုမစိုက်နိုင်တာလည်း ပါတယ်…”

“ အဲ့လိုဆိုရင်တော့ ချင်မိသားစုက ကျွန်တော့်ဆီ ပြဿနာ ထပ်လာရှာတော့မယ်ထင်တယ်…”

“ ငါလည်း သေချာတော့ မပြောနိုင်ဘူး…. နင်သာ ကျိုးဟိုင်မှာ ဆိုရင်တော့ အဆင်ပြေတယ်… အဲ့တာက နင့်ပိုင်နက်လေ… ဒါပေမယ့် ဒီခုက ရန်ကျင်း… နင် လုပ်ချင်သလို လုပ်နိုင်တဲ့ နေရာ မဟုတ်တော့ ဂရုစိုက်ဦး…”

“ ကောင်းပြီ… ကျေးဇူးပါ အန်တီရှန်း…”

“ နင် နောက် ဘာလဲဆက်လုပ်မှာ.. အနာဂတ်အတွက် ဘာအစီအစဉ်တွေ ရှိထားလဲ…”

ရှန်းရှု၏ မေးခွန်းက သာမန် စကားပြောဝိုင်း ခေါင်းစဉ်ကဲ့သို့ အသွင်ရောက်နေသည်။

သူမ နေရာမှ ကြည့်မည်ဆိုလျှင်တော့ ရှန်းရှုရီ ယခုလို ကိစ္စများကို စိတ်ဝင်စားမိမည် မဟုတ်ချေ။

အနှီ လင်းရီဆိုသည့် ကောင်စုတ်လေး၏ အတွေးက ခန့်မှန်းရ ခက်ခဲလှပြီး ပေါက်တတ်ကရများလည်း လျှောက်လုပ်တတ်သေး၏။ ထို့ကြောင့် ထိုအကောင် ဘာလုပ်မည်လဲ ဆိုသည့် ကိစ္စရပ်နှင့် သူမ စိတ်ရှုပ်ခံနေလိမ့်မည် မဟုတ်ချေ။

သို့သော် သူမ ဤမေးခွန်း မေးလိုက်ရခြင်းက ချင်ရင်ယွဲ့၏ သိချင်စိတ်ကို ကျေနပ်နိုင်စေရန် ရည်ရွယ်သည်။

နှစ်တွေ အများကြီး ကြာညောင်းပြီးနောက် ဤသည်က သူမ၏ ပထမဆုံးအကြိမ် သူမသားဖြစ်သူနှင့် တစ်ဝိုင်းတည်း အတူ ထမင်းစားရခြင်းပင်။ ထောင်သောင်းချီသည့် မေးခွန်းတို့က သူမစိတ်ထဲတွင် မေးရန် ရှိနေမည်မှာ သေချာသော်ငြားလည်း သူမကိုယ်သူမ ရေငုံနှုတ်ပိတ်နေလျက် ရှိ၏။

ထို့ကြောင့် သူမက ချင်ရင်ယွဲ့ကိုယ်စား အသံထွက်၍ မေးမြန်းနေရခြင်းပင်….။

“ တကယ်တမ်းကျတော့ ကျွန်တော့်မှာ ဘာ အစီအစဉ်မှ မရှိဘူး… အနာဂတ်လမ်းကြောင်းမှာ ခြေတစ်လှမ်းခြင်း လှမ်းသွားမယ်… စကေးအသစ်တွေ သင်ယူပြီး ပိုက်ဆံရှာမယ်.. ဒီလောက်ပဲ…”

“ နင့် လေသံ နားထောင်ကြည့်ရသလောက်တော့ အနာဂတ်မှာ မဆီလျော်တာ တစ်ခုခု လုပ်တော့မယ်နဲ့ တူတယ်…”

“ မပြောစမ်းပါနဲ့ဗျာ.. ဝက်မွေးပြီး အသီးတွေရောင်းနေရတာလည်း မဆိုးလှပါဘူး..”

လင်းရီ ကြက်တောင်ပံ တစ်ချောင်းကို ကောက်ညှပ်၍ “ ဘဝဆိုတာ ဆယ်စုနှစ် အနည်းငယ်တည်း ကြာတာရယ်… ဘာလို့ ဒီလောက်ထိ အလုပ်တွေ ကြိုးစားနေမှာလဲ ဟုတ်တယ်မလား…”

“ အဲ့လို ဆိုပေမယ့်လည်းပေါ့နော်.. ကျွန်တော်တို့ ပိုပြီး သန်မာလာတဲ့ အချိန်ကျမှ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်ပေးနိုင်မှာ… လက်ရှိ ကျွန်တော်က ဒီလို ဖြစ်နိုင်ဖို့ အဝေးကြီး လိုပါသေးတယ်…”

“ ပြောခါမှ ကျွန်တော် ခုတလောလော တော်တော်လေး အကြောက်အလန့်ကင်းနေတယ် သိလား… အန်တီရှန်းက ကျွန်တော့်နောက်မှာ ရှိနေမှာဆိုတော့ ဘယ်သူက ကျွန်တော် လင်းရီကို ထိပါးဝံ့မှာလဲတဲ့….”

“ နင် … ကောင်ဆိုးလေးကတော့…”

ရှန်းရှုရီ အပြုံးတစ်ပွင့်ဖြင့် ဆူငေါက်လိုက်၏။

ချင်ရင်ယွဲ့၏ နှုတ်ခမ်းပါးလေးများလည်း တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

သူလည်း သူ့အဖေလို သိပ်ပြီးမှ အကြောင့်ကြမဲ့တာပဲ…

နှစ်ယောက်သား စကားကောင်းနေစဉ်မှာပဲ အခြား အမျိုးသမီး နှစ်ယောက်မှာ လင်းရီတို့ ရှိသည့် နေရာသို့ လျှောက်လှမ်းလာနေသည်။

တစ်ယောက်က ဟွာရန် အုပ်စု၏ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူမက အသက်လေးဆယ် အရွယ်ရှိသည်ဟု ထင်ရ၏။ အရပ်က အနည်းငယ် ပုသဖြင့် ဝသယောင် ရှိသည်။ ရှန်းရှုရီထက် အသက်ငယ်သည် ဆိုသော်ငြားလည်း ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်၊ ကိုယ်ရောင်ကိုယ်ဝါ မည်သည့်နေရာတွင်မှ မနှိုင်းယှဉ်သာချေ။

ယူနီဖောင်းနှင့် အမျိုးသမီးက မာရှောင်ပင်း ဖြစ်၏။ သူမက ဟွာရန်အုပ်စု ရင်းနှီးမြုပ်နှံရေး ဌာန၏ မန်နေဂျာတစ်ဦးလည်း ဖြစ်သည်။

သူမက ဌာန မန်နေဂျာတစ်ယောက်သာ ဖြစ်သည် ဆိုသော်လည်းပဲ ဟွာရန် အုပ်စု၏ ဧရာမ အရွယ်အစားကြီးကြောင့် ပြောရေးဆိုခွင့် အများအပြားကို ပိုင်ဆိုင်ထား၏။

သူမ ဘေးတွင်တော့ အနီရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ကပ်လျက် လိုက်ပါနေသည်။ ထိုအမျိုးသမီးက လင်းရီကို ဓာတ်လှေကားထဲတွင် နာမည်ကတ် ပေးသွားခဲ့သည့် ဟွာရှင်း အုပ်စု၏ အထွေထွေ မန်နေဂျာ ၊ ကျောက်လေ့ပင်။

“ ဒါရိုက်တာမာ… ကျွန်မ ခုလေးတင် အစီရင်ခံစာ ပို့လိုက်တယ်နော်… အချက်အလက်တွေကို ဘယ်လို သဘောရလဲ…” ကျောက်လေ့မှ မဝံ့မရဲလေး မေးလိုက်သည်။

“ ငါတော့ မဆိုးဘူးလို့ ထင်တယ်… ငါ ခဏကျရင် တခြား အသင်းသားတွေနဲ့ ဆွေးနွေးပြီး တိကျသည့် ပမာဏတစ်ခုကို ပြန်ပြောပေးမယ်..” မာရှောင်ပင်းမှ ပြောလိုက်ပြီး ဘေးဘီကို တစ်ချက် မျက်စိကစားလျက် “ ဒါပေမယ့် ခု ဘယ်သူမှ မရှိဘူးဆိုတော့ ငါနင့်ကို ပေးနိုင်မယ့် အကန့်အသတ် ပမာဏကို ပြောပြပေးလိုက်မယ်… အလုပ်ဖြစ်မယ်လို့ အာမ မခံနိုင်ပေမယ့် ငါနင့်ကို ၂.၅ ဘီလီယမ်လောက်တော့ အာမခံပေးနိုင်တယ်.. သည့်ထက်ပို တိတိကျကျ သိချင်ရင်တော့ ငါ လက်တို့လာမှာကို စောင့်နေလိုက်…”

“ ကောင်းပြီလေ… ဒါဆိုလည်း ကျွန်မ ဒါရိုက်တာ မာကို အပ်ပါတယ်နော်…” ကျောက်လေ့ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ နင်ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး… နိုင်ငံကလည်း semiconductor နယ်ပယ် တိုးတက်လာဖို့ကို အားပေးနေတာဆိုတော့ နင်တို့ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံတာကလည်း ငါတို့အတွက် အခွင့်အရေး တစ်ခုပဲ… ပြီးတော့ နင့်ကုမ္ပဏီက ချစ်ပ်ထုပ်ပိုးတဲ့ လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်လေ…. လက်ရှိ ပြည်တွင်း semiconductor နယ်ပယ်က ကနေဦး အခြေအနေမှာပဲ ရှိသေးတာဆိုတော့ နင်သာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေသရွေ့ အနာဂတ် semiconductor နယ်ပယ်မှာ နေရာတစ်နေရာ ရရှိဖို့ဆိုတာ အလွယ်လေးပါ…”

ကျောက်လေ့၏ အမူအရာက လွန်ဆွဲနေဟန်ရပြီး “ ကျွန်မတို့လည်း ဒီရဲ့ ဈေးကွက်ကို စိတ်ဝင်စားတယ်… ဒါပေမယ့် ယွမ် ၃.၈ ဘီလီယမ်ဆိုတာ တော်တော်ကြီးကို မလုံလောက်သေးတာ.. ကျွန်မတို့ကို ကူညီပေးဖို့ ဒါရိုက်တာမာကို အပူကပ်ရတော့မှာပဲ…”

“ နင်လည်း ဟွာရန်အုပ်စုက နယ်ပယ် အများစုကို ဖြန့်ကျက်ထားတယ်ဆိုတာ သိနေတာပဲ… semiconductor နယ်ပယ်ဆိုတာ အုပ်စု တစ်ခုလုံးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိတာ… ရန်ပုံငွေ လိုအပ်နေတဲ့ နယ်ပယ်တွေမှ အများကြီး… ဒါကြောင့်မို့ ငါတို့ရဲ့ ရင်းနှီးမြုပ်နှံမှုက သတိနဲ့ တွက်ချက်ဖို့လိုတယ်… ၃.၈ ဘီလီယမ်ရနိုင်ဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းမှာ…”

“ ဒါဆိုလည်း ရအောင် လုပ်ပေးဖို့ ဒါရိုက်တာမာကို ဒုက္ခပေးရတော့မှာပဲ…” ကျောက်လေ့ ကျေးဇူးတင်စွာ စကားဆိုလိုက်သည်။

“ ရပါတယ်…” မာရှောင်ပင်း ပြောလိုက်ပြီး “ နင့်ကို ဒါရိုက်တာစွန်းက ညွှန်းပေးလိုက်တယ်.. ငါတို့ချင်းကလည်း ကျောင်းတုန်းက အတန်းဖော်တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတော့ နင့်ကို အပြင်လူလို သဘောထားမနေတော့ဘူး.. အမှန်ဆို နင့်ရဲ့ အစီအစဉ်က သိပ်ကောင်းတယ်… ဒီတော့ နင် တခြား ကုမ္ပဏီကြီး တစ်ခုကို သွားစပ်စုကြည့်လိုက်ပါလား…”

“ ဟင်… ဒါရိုက်တာမာ ဆိုလိုချင်နေတာက.…”

“ လင်းယွင် စီးပွားရေး…” မာရှောင်ပင်း ပြောလိုက်ပြီး “ သူတို့က ဒေသတွင်း အင်တာနက်နဲ့ semiconductor နယ်ပယ်ရဲ့ ဦးဆောင်သူတွေ… သူတို့နား မေးကြည့်လိုက်.. ပြီးရင် နင်ထင်ထားတာထက်ကို ပိုတဲ့ ရလဒ်မျိုးတောင် ရရင် ရလာနိုင်တာပဲလေ… ယွမ် ၃.၈ ဘီလီယမ် ရင်းနှီးမြုပ်နှံပေးဖို့ဆိုတာ သူတို့အတွက် ပါမွှားလေးရယ်…”

“ လင်းယွင် အုပ်စုအောက်စုက လင်းယွင် စီးပွားရေးကို ပြောချင်နေတာလား..”

“ ဟုတ်တယ်… လင်းယွင် အုပ်စုက ကျိုးဟိုင်မှာ.. သူတို့ရဲ့ ဥက္ကဌ နာမည်က လင်းရီ.. ကုမ္ပဏီကိုတောင် တစ်ခေါက် လာခဲ့ဖူးတယ်… ငါ သူ့ကို မြင်ဖူးတယ် သိလား… သူက သိပ်ကြည့်ကောင်းတာ… အမှတ်မထင်ကြည့်လိုက်ရင် ရုပ်ရှင်မင်းသားလားပဲ… “ မာရှောင်ပင်း ပါးစပ်ကို လက်ဖြင့် ကွယ်လျက် ပြုံးရယ်ပြီး ပြောလိုက်သည်။

All Chapters