← Chapters

ဒီအရူးလေး ဘာတွေ ပြောနေတာပါလိမ့်

Vol. 82 Ch. 1230

ဒီအရူးလေး ဘာတွေ ပြောနေတာပါလိမ့်

Vol. 82 Ch. 1230

“ ကျွန်မလည်း ကြားမိတယ်..” ကျောက်လေ့ ပြုံး၍ သူမ ဆံပင်ကို သပ်လိုက်ပြီး “ ဒါပေမယ့် သူတို့ရဲ့ သူဌေးက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်နော်… လူတော်တော်များများဆို သူ့ကို မမြင်ဖူးကြဘူး.. ကုမ္ပဏီရဲ့ စီးပွားရေး လုပ်ငန်းတွေကို စီနီယာ ဒုဥက္ကဌ ဒါရိုက်တာချီကပဲ ကိုင်တွယ်သွားတာ…”

“ အင်း… ဆိုပါတော့ … သူက လင်းယွင်အုပ်စုရဲ့ အရေးကိစ္စတွေကို တော်တော်လေး လွှမ်းမိုး ထိန်းချုပ်ထားတယ်… တကယ်လို့ နင် ငါတို့ဆီကနေ အဖြေကောင်းမရဘူးဆိုရင် သူ့နား သွားမေးကြည့်လိုက်လေ…”

“ ဒါရိုက်တာမာ… အမှန်အတိုင်း ပြောရရင်လေ… ကျွန်မတို့ ဒီမတိုင်ခင်ကတည်းကရင် သူတို့ဆီ အဆိုပြုလွှာ ပို့ခဲ့ပြီးပြီ.. ဒါပေမယ့် ဘာမှ မပြန်လာခဲ့တော့ ကျွန်မထင်တာ သူ ကျွန်မတို့အပေါ် စိတ်မဝင်စားဘူးပေါ့… ဒါကြောင့်မို့ လက်လျှော့လိုက်တော့တာပဲ..”

လင်းယွင်အုပ်စုက အင်တာနက်နှင့် semiconductor နယ်ပယ်၏ ဦးဆောင်သူဆိုတာကို ကျောက်လေ့ မသိဘဲ ဘယ်နေပါလိမ့်နည်း။

၎င်းတို့က အဆိုပါ နယ်ပယ် နှစ်ခုတွင် အဓိက အာရုံစိုက်ထားသဖြင့် ဤနယ်ပယ်တွင် လင်းယွင်အုပ်စု၏ ရင်းနှီးမြုပ်နှံမှုက ဟွာရန်အုပ်စုမှ လာသည့် ရင်းနှီးမြုပ်နှံမှုထက် ပိုကောင်းမည်မှာ အမှန်ပင်။

သို့သော် တစ်ဖက်သူက သူမတို့ ဟွာရှင်း အုပ်စု၏ အရွယ်အစားကို မျက်စိထဲပင် ထည့်မကြည့်လေရာ သဘာဝအလျောက် သူမတို့ထံတွင် အခွင့်အရေး မရှိပါချေ။

“ အဲ့လောက်ကြီးလည်း စိတ်ပျက်မနေစမ်းပါနဲ့…” မာရှောင်ပင်း ပြုံးလိုက်ပြီး “ ငါတို့လည်း ဒီပရောဂျက်ကို စိတ်ဝင်စားနေတာ တစ်ယောက်ယောက်စီကနေ ရင်းနှီးမြုပ်နှံမှု ရရှိတာက ဘယ်သူ့နားကမှ မရတာထက်စာရင်တော့ ကောင်းတာပဲ မဟုတ်ဘူးလား…”

“ နင်က လောင်စွန်းရဲ့ မိတ်ဆွေဆိုမှတော့ ငါနင့်ကို အပြင်လူလို့ မမြင်ပါဘူး… ကန်တင်းမှာပဲ စားကြတာပေါ့… ဒီက စားဖိုမှူးတွေ အကုန်လုံးက ကြယ်ငါးပွင့်တွေချည်းပဲ… အစားအသောက်တွေဆို သိပ်အရသာရှိတာ..”

“ ဒါဆို ကျွန်မကလည်း ဒါရိုက်တာမာရဲ့ ဖိတ်ခေါ်မှုကို လက်ခံပေးရမှာပေါ့…”

နှစ်ယောက်သား အချင်းချင်း ပြုံးပြလျက် ကန်တင်း၏ လမ်းဘေးလေးသို့ ဘေးချင်းယှဉ်၍ လျှောက်လာခဲ့ကြသည်။

သို့သော်လည်း မာရှောင်ပင်း သုံးလေးလှမ်းပင် လှမ်းလို့ မပြည့်သေးခင်တွင်ပဲ သူမ ရှန်းရှုရီ အထဲတွင် စားသောက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဘုရားရေ… ဥက္ကဌရှန်းက တကယ်ကြီး ဒီမှာ ထမင်းလာစားနေတယ်….”

ရှန်းရှုရီကို မြင်တော့ မာရှောင်ပင်းမှ အံ့အားတကြီး မြည်တမ်းမိလိုက်၏။

ဥက္ကဌရှန်းက ကုမ္ပဏီတွင် စားလေ့စားထ ရှိသည်ဆိုသော်လည်းပဲ ပုံမှန်ဆို အတွင်းရေးမှူးကိုသာ စေလွှတ်ပြီး ရုံးခန်းတွင်ပဲ စားသောက်လေ့ရှိသည်။

ယင်းက ပထမဆုံးအကြိမ် ကန်တင်း၌ လာရောက်စားသောက်သည်ကို သူမ မြင်ဖူးခြင်း ဖြစ်လေသည်။

“ ဥက္ကဌရှန်းလား…”

ကျောက်လေ့ ခြေဖျားထောက်လျက် တစ်ချက်ကြည့်လိုက်ပြီး “ ဆံပင်စည်းထားတဲ့ တစ်ယောက်က ဥက္ကဌရှန်း ဟုတ်တယ်မလား…”

မာရှောင်ပင်း ခေါင်းညိမ့်လိုက်သည်။ “ သူနဲ့ မတွေ့မိရင် အဆင်ပြေတယ်… ဒါပေမယ့် သူတို့နားကနေ ဖြတ်သွားရမှာဆိုတော့ သွားပြီး နှုတ်ဆက်လိုက်ကြတာပေါ့…”

“ အိုကေ…”

ကျောက်လေ့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ရှန်းရှုရီဆိုသည်က ဟွာရှ တစ်ခွင်ရှိ စီးပွားရေးလောကတွင် ဦးဆောင်နေသည့် ထိပ်တန်း စံပြ အမျိုးသမီးတစ်ဦးဖြစ်၏။ ဒေသတွင်း အမျိုးသမီးတိုင်း၏ အိပ်မက်ဆိုလျှင်လည်း မမှားချေ။

သူမနှင့် ယနေ့တွေ့ဆုံနိုင်သည်ကပင် ဂုဏ်ယူဖွယ် ကောင်းနေချေပြီ။

“ ဟင်… ဟိုလူက…”

ကျောက်လေ့ စိတ်ထဲတွင် ယခုလို စကားဆိုလိုက်၏။

ရှန်းရှုရီ အပြင် သူမ လင်းရီ၏ နောက်ကျောကို မြင်တွေ့နေရပြီး အတော်လေး ရင်းနှီးနေသယောင် ရှိနေသည်။ ထို့ပြင် သူမနှင့် ယခုလေးတင် ဆုံခဲ့သည့် ဒီလီကောင်လေးနှင့်လည်း တော်တော်လေးကို တူပုံပေါ်သည်။

ထိုအကြောင်း စဉ်းစားမိတော့ ကျောက်လေ့ ခေါင်းသာ ခါရမ်းလိုက်မိသည်။

အင်္ကျီဆင်တူတာပဲ ဖြစ်လောက်ပေသည်။ အသီး ဒီလီပို့ပေးသူ တစ်ယောက်က ဥက္ကဌရှန်းကဲ့သို့သော လူစားမျိုးနှင့် အတူထိုင်စားရန် အဘယ်၌ အရည်အချင်း မှီလိမ့်မည်နည်း။

“ ဥက္ကဌရှန်း … ရှင်လည်း ဒီမှာ စားနေတာလားရှင့်…”

ရှန်းရှုရီ မော့ကြည့်လိုက်တော့ ရင်းနှီးမြုပ်နှံမှု ဌာနမှ မာရှောင်ပင်း ဖြစ်မှန်း မြင်တွေ့လိုက်ရသည်။ သူမ ခေါင်းညိမ့်ပြ၍ “ အစည်းအဝေး ပြီးခဲ့ပြီပေါ့…”

“ သူ့နာမည်က ကျောက်လေ့တဲ့… ဟွာရှင်း အုပ်စုရဲ့ အထွေထွေ မန်နေဂျာလေ… ကျွန်မတို့ ခုလေးတင် ရင်းနှီးမြုပ်နှံမှု ကိစ္စ ဆွေးနွေးပြီးလို့ ဒီကို ထမင်းစားဖို့ လာခဲ့ကြတာ…”

“ ကျောက်လေ့…”

လင်းရီ ရေရွတ်လိုက်၏။ နာမည်က ရင်းနှီးနေသယောင် ရှိပြီး သူ နောက်လှည့်ကြည့်လိုက်တော့……

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် သူနှင့် ယခုလေးတင် ဓာတ်လှေကားထဲ၌ ဆုံခဲ့သည့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီး ဖြစ်နေလေသည်။

“ အိုး… မင်းပဲ…”

ကျောက်လေ့ လင်းရီကို မြင်တွေ့လိုက်ရတော့ သူမ အံ့အားသင့်သွားခဲ့၏။

ဥက္ကဌရှန်းနှင့် စားပွဲ တစ်ခုတည်း အတူထိုင်စားနေသည့်လူက ဒီလီကောင်လေး ဖြစ်နေလိမ့်မည်လို့ သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။

“ အံ့ဩစရာပဲ… ပြန်တွေ့ကြပြန်ပြီနော်…”

မာရှောင်ပင်း သူတို့နှစ်ယောက်ကို ကြည့်လျက် “ ဥက္ကဌလင်း.. ရှင်တို့ နှစ်ယောက်က အချင်းချင်း သိကြတာလား..”

ယခင်က လင်းရီကို မြင်တွေ့ဖူးသဖြင့် သူမ လင်းရီကို မှတ်မိလေသည်။

“ ခုလေးတင် ဓာတ်လှေကားထဲမှာ ဆုံခဲ့ကြတာ…” လင်းရီ ပြုံးလိုက်၏။

“ ဒါ တော်တော်လေး တိုက်ဆိုင်တာပဲ…”

မာရှောင်ပင်း ဘေးသို့ ကပ်ရပ်၍ ကျောက်လေ့ကို ပြောလိုက်ပြီး “ ဒါရိုက်တာကျောက် … နင့်ကို မိတ်ဆက်ပေးရဦးမယ်… သူက လင်းရီ… လင်းယွင်အုပ်စုရဲ့ ဥက္ကဌပေါ့…”

ပြောပြီးနောက် သူမ တစ်ဖက်သူကို လင်းရီနှင့် ပြန်မိတ်ဆက်ပေးလိုက်၏။

“ ဥက္ကဌလင်း… သူ့နာမည်က ကျောက်လေ့တဲ့… ဟွာရှင်း ကော်ပိုရေးရှင်းရဲ့ အထွေထွေမန်နေဂျာလေ…”

“ ကျုပ်သိတယ်… သူခုလေးတင် ကျုပ်ကို နာမည်ကတ် ပေးသွားခဲ့သေးတယ်…”

“ သိပြီ… တိုက်ဆိုင်ချင်းသား ကောင်းချက်နော်…” မာရှောင်ပင်း အပြုံးလေးဖြင့် ဆိုလိုက်၏။

“ မင်… မင်္ဂလာပါ ဥက္ကဌလင်းရှင့်…”

ကျောက်လေ့ သူမ၏ လက်ကို ဆန့်ထုတ်လျက် ပြောလိုက်၏။ အံ့ဩလွန်း၍လည်း အသံက တုန်ယင်နေသည်။

လင်းယွင်အုပ်စု၏ ဆန်းကြယ်သည့် သူဌေးကြီးက ဤနေရာတွင် ထွက်ပေါ်လာခဲ့ပြီး သူမအတွက် အနည်းငယ် အိပ်မက်ဆန်သည်ဟုတောင် ခံစားနေရသည်။

ယွမ်ဘီလီယမ် ရာချီ ကြွယ်ဝချမ်းသာသည့် ဥက္ကဌ တစ်ယောက်က ဤမျှ အသက်ငယ်ရွယ်နေရသလော။

အရေးကြီးဆုံးကတော့ သူမ ယခုလေးတင် ဘီလီယမ်နာ တစ်ယောက်အား ဒီလီကောင်လေးဟု အမှတ်မှားခဲ့ခြင်းပင်။

ထို့ပြင် အချောလေးဆိုပြီး အမ်းမမကြီး လုပ်ရန် ကြံစည်လိုက်သေး၏။

အိုက်ယား… ငါ့ခေါင်းကလည်း ဘာလို့ အဲ့လိုအတွေးတွေ ထွက်လာခဲ့လဲ မသိပါဘူး…

အကယ်၍ သူမ တတ်နိုင်မည်ဆိုပါက ကျောက်‌လေ့ နံရံနှင့် ခေါင်းကို ပြေးဆောင့်ပြီး သေသာ သေလိုက်ချင်မိ၏။

လင်းရီလည်း လက်ဆန့်ထုတ်၍ ကျောက်လေ့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ ဥက္ကဌရှန်းတို့ စားသောက်နေတာကို ထပ်ပြီး မနှောင့်ယှက်တော့ဘူးနော်… ကျွန်မတို့ သွားလိုက်ပါဦးမယ်…. ဖြေးဖြေး သုံးဆောင်ကြပါရှင့်…”

“ အင်း… သွားကြလေ..” ရှန်းရှုရီ ပြုံးလျက် “ ဒီနေ့ရဲ့ တူနာငါးက မဆိုးဘူး… သွားပြီး စားကြည့်ကြ…”

“ ကောင်းပါပြီ.. ကျေးဇူးပါ ဥက္ကဌရှန်း…”

ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် မာရှောင်ပင်းနှင့် ကျောက်လေ့တို့ ထွက်ခွာသွားခဲ့ကြ၏။

“ ဘာတွေ ဖြစ်နေတာလဲ… နင်က ဘယ်လိုလုပ်ပြီး ဥက္ကဌလင်းနဲ့ သိနေတာ…”

ကျောက်လေ့ကတော့ တွင်းတစ်တွင်းသာတူးပြီး ပြေးအောင်းချင်နေမိတော့သည်။ သူမ အလွန်အင်မတန်မှကို အရှက်သည်းနေမိ၏။

“ ဟင်း… မပြောစမ်းပါနဲ့ရှင်… ကျွန်မကိုယ်ကျွန်မ သေသာ သေလိုက်ချင်တော့တယ်… ဒါကြီးက သိပ်ရှက်ဖို့ ကောင်းတာပဲ…”

“ ငါတို့ချင်းကို နင်က ဘာတွေ လျှို့ဝှက်နေသေးတာ.. လုပ်စမ်းပါ… ဘာဖြစ်ခဲ့တာလဲတဲ့….” မာရှောင်ပင်း၏ အတင်းတုပ်ချင်စိတ်သည့်စိတ်က ထကြွလာခဲ့တော့သည်။

ကျောက်လေ့ ရွေးချယ်စရာ မရှိတော့ဘဲ ဓာတ်လှေကားထဲတွင် ဖြစ်ပျက်ခဲ့သည်များအား မာရှောင်ပင်းကို ပြောပြလိုက်ရတော့၏။

မာရှောင်ပင်း ခေတ္တမျှ ကြက်သေသေသွားပြီးနောက် မိန်းမသား ဆန်ဆန် ဝါးလုံးကွဲ ရယ်မောပစ်လိုက်တော့သည်။

“ နင်ကလည်းလေ .. တကယ်ပဲ..… နင် တကယ်ကြီး ဥက္ကဌလင်းကို အဲ့လိုမျိုး သွားပြောနေတယ်ပေါ့…”

“ ဟော့ဒီ ကျွန်မ အသက်ကဖြင့် ၃၅ ရှိနေပြီလေ.. မငယ်တော့ဘူးရှင့်… ကျွန်မ မျက်စိကျတဲ့ လူဆိုတာလည်း ခပ်ရှားရှားရယ်… ဒါကြောင့်မို့ ရှာတွေ့တုန်းလည်း အမိဖမ်းမယ် ကြံပါတယ် သူ့မှာ အဲ့လို အထောက်အထားမျိုး ရှိနေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ…”

“ နင်ပြောတာ မှန်တယ်… ဒါ နင့်အမှားမဟုတ်ပါဘူး… ဥက္ကဌလင်းရဲ့ ရုပ်ရည်က တကယ်လည်း ဆွဲဆောင်မှု ရှိလွန်းတာကိုး… ဒါပေမယ့် နင် ဒီကိစ္စ ဥက္ကဌရှန်းကို ပေးမသိတာ ကောင်းမယ်.. မဟုတ်ရင် နင့်အတွက် ကောင်းမှာ မဟုတ်ဘူး…”

“ ဟင်… ဘာလို့…”

ကျောက်လေ့ မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် “ သူနဲ့ ဥက္ကဌရှန်းက ဟိုလို ဆက်ဆံရေးတွေ ဆက်ဆံရေးတွေ ရှိနေတာတော့ မဟုတ်ပါဘူးနော်…”

“ ဟဲ့… နင် ဘာတွေ စဉ်းစားနေတာ… ဥက္ကဌရှန်းလို ဂုဏ်သိက္ခာရှိတဲ့လူက လင်ကြီး ငုတ်တုတ်နဲ့ကို အဲ့လို ကိစ္စမျိုးတွေ ကျူးလွန်ပါ့မလား…. “ မာရှောင်ပင်း ပြောလိုက်ပြီး “ ငါ ကောလဟာလတွေ ကြားမိတာတော့ ဥက္ကဌလင်းက ဥက္ကဌရှန်းရဲ့ သမီးနဲ့ တွဲနေတာနဲ့နော်… အတည်မပြုနိုင်သေးဘူးဆိုပေမယ့် သတင်းအတုတော့ မဖြစ်နိုင်ဘူ..”

“ ဆိုတော့ အဲ့လိုကိုး…” ကျောက်လေ့ ပြောလိုက်ပြီး “ သူတို့ချင်းလည်း လိုက်ပါတယ်… နှစ်ယောက်လုံးက အံ့ဩဖို့ကောင်းတဲ့ လူအချင်းချင်းပဲလေ…”

“ အဲ့တာပြောတာပေါ့….”

“ ဒါပေမယ့် ကျွန်မတော့ ခုလေးတင် ကိုယ့်ကိုယ်ကို အရှက်ခွဲမိပြီ…” ကျောက်လေ့ ရင်ဘက်ကို လက်ဖြင့် ဖိကပ်ထားပြီး “ ဂုဏ်သိက္ခာလေးတွေတော့ ရစရာ မရှိတော့ပါဘူး… ဒီနယ်ပယ်ထဲမှာ ဘယ်လို မျက်နှာမျိုးနဲ့ ဆက်နေရမှန်းကို မသိတော့ဘူး…”

“ ဟင်း… ဘာမှမဟုတ်တာလေးကို ပူမနေနဲ့… ငါတော့ ဒါက အခွင့်အရေးကောင်းလို့ပဲ ထင်တယ်…” မာရှောင်ပင်း ပြောလိုက်ပြီး “ ခဏကျရင် မြန်မြန်စား… ပြီးရင် အောက်ဆင်းပြီး ကားထဲမှာ စောင့်နေ… ဥက္ကဌလင်း ထွက်လာတာ မြင်ရင် နင် သူနဲ့ စကားသွားပြောပြီး ရင်းနှီးမြုပ်နှံတဲ့ ကိစ္စအကြောင်း တစ်ခါတည်း ပြောလိုက်… အခွင့်အရေးဆိုတာ ကိုယ်က ကိုယ်တိုင် သွားယူမှရတာ… အလုပ်ဖြစ်ရင်လည်း ဖြစ်မှာပေါ့… တကယ်လို့ အဆင်ပြေတယ်ဆိုရင် ငါတို့လည်း လင်းယွင်အုပ်စုရဲ့ ဦးဆောင်မှု နောက်ကလိုက်ပြီး ရင်းနှီး မြုပ်နှံပေးမယ်… ဒီလိုဆို နင်တို့ ရန်ပုံငွေတွေ အများကြီး ရသွားမှာနော်…”

“ အွန်း… ဒါရိုက်တာမာ ပြောတဲ့အတိုင်းပဲပေါ့…”

……………………

အခြားတစ်ဖက်တွင် ရှန်းရှုရီမှ မေးမြန်းလိုက်၏။

“ နင် ရင်းနှီးမြုပ်နှံချင်နေတဲ့ ကုမ္ပဏီက အဲ့ဒီ ဟွာရှင်း အုပ်စုလား…”

“ မဟုတ်ဘူး… ကျွန်တော်တို့ချင်းက ဓာတ်လှေကားထဲမှာ ခုနလေးတင်မှ တွေ့ခဲ့ကြတာ… သူ့ကြည့်ရတာ ကျွန်တော့်ကို စိတ်ဝင်စားနေတယ်နဲ့ တူပါတယ်… နာမည်ကတ်ပေးပြီး ဖုန်းဆက်ဖို့တောင် ပြောနေသေးတယ်…”

အကယ်၍ ဖြစ်နိုင်မည် ဆိုပါက ချင်ရင်ယွဲ့ လင်းရီကို တစ်ချက်လောက် ဆောင့်ကန်ချင်မိသွားခဲ့သည်။

ဒီ ကောင်စုတ်လေးကတော့ ရှန်းရှုရီ တစ်ယောက်လုံး ရှေ့မှာ ရှိနေတာကို ဘာတွေ ပြောမှန်းလဲ မသိဘူး…။

စာစဉ်(၈၂) ပြီး၏။

All Chapters