← Chapters

မင်းက ငါ့ ဆေးလိပ်ကို လက်မခံဘူးပေါ့

Vol. 83 Ch. 1232

မင်းက ငါ့ ဆေးလိပ်ကို လက်မခံဘူးပေါ့

Vol. 83 Ch. 1232

လျိုဟုန် ဒေါသတကြီး မျက်လုံးလှန်ကြည့်လိုက်သည်။

သူ ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့ သူ့လက်အောက်ငယ်သား သုံးယောက်က ဘာလို့ သူ့ကို လေးစားမှုလေးတောင် မရှိရတာလဲဆိုတာ မသိတော့ပေ။

“ ကောင်းပြီ… ပေါက်တတ်ကရတွေ တော်လိုက်တော့...” လျိုဟုန် သူ၏ အမူအရာကို တည်တံ့လိုက်ပြီးနောက် “ မင်း ကျိုးဟိုင်မှာ ဘာအလုပ်တွေများ အလုပ်ရှုပ်နေလို့… တယ်လည်း မောက်မာတဲ့ကောင်… ငါသာ ဇွတ်မခေါ်ရင် လာမယ့်ကောင် မဟုတ်ဘူး…ဟုတ်တယ်မလား…”

“ မဟုတ်တာဗျာ… ကျုပ် တကယ်ကြီး လုပ်စရာတွေ ရှိနေလို့ပါ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ကားက အသီးတွေနဲ့ ဟိုတယ် ဝင်ပေါက်ဝမှာ ထိုးရပ်ထားတုန်းပဲ… တကယ်လို့ မြန်မြန် မရောင်းဘူးဆိုရင် နောက် သုံးလေးရက်လောက်ဆို ပုတ်ကုန်တော့မှာ…”

“ ဒီတိုင်း အသီးလေးတွေပဲ မလား…. အဲ့တာ အကုန်ရောင်းလို့ မင်း ဘယ်လောက် ရမှာမို့လို့… တွက်လိုက်… ငါ ပေးမယ်… ဘာပဲ ပြောပြော မင်းက ဥက္ကဌကြီးလေ… ဘာလို့ ဒီလို ငွေနှစ်ပဲခြောက်ပြားလေးကို ကပ်တွက်နေတာတုန်း…”

“ ဟာ ကောင်းတာပေါ့.. ကျုပ်မှာ အသီးတွေက ၁၅၀ ကတ်တီလောက် ရှိသေးတယ်… ရောင်းဈေးက တစ်ကတ်တီကို ယွမ် ၃,၀၀၀ … ဒါပေမယ့် ကိုယ့်လူရင်းတွေဆိုတော့ တစ်ကတ်တီကို ယွမ် ၂,၅၀၀ နဲ့ ထားပေးလိုက်မယ်… အဲ့လိုဆို ယွမ် ၃၂၅,၀၀၀ ကျမယ်… ၂၅,၀၀၀ကို လျှော်ပေးလိုက်မယ်ဗျာ… ယွမ် ၃၀၀,၀၀၀ ပဲ ပေးလိုက်…”

“ မင်း ဘာပြောလိုက်တယ်… တစ်ကတ်တီကို ယွမ် ၂,၅၀၀ ဟုတ်လား… မင်း အသီးတွေက ဘာနဲ့ လုပ်ထားတာ… ရွှေနဲ့လား…”

“ ဒါ ကျုပ် အနိမ့်ဆုံး ပေးနိုင်တဲ့ ဈေးပဲ… ယူမှာလား… ဘာနဲ့ ရှင်းမှာ… ခရစ်ဒစ် ကတ်နဲ့လား ငွေသားနဲ့လား… B to B ( business to business) လည်း ရတယ်နော်… ကျုပ် ကုန်ပို့လွှာပါ ထုတ်ပေးလိုက်မယ်…”

“ အဟမ်း… တခြား အကြောင်း ပြောကြတာပေါ့…”

“ ဘာတွေ လက်တွန့်နေတာ… ခင်များက ယွမ် ၃၀၀,၀၀၀ လောက်လေးကို လန့်နေပြီလား… ခင်များက ကျုံးဝေ့တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကြီးလေ… စီးပွားရေး ဆိုတာ လုပ်တတ်ရတယ်… တကယ်လို့ မလုပ်တတ်ဘူးဆိုရင် ကျုပ် ဘဏ္ဍာရေး ဌာနကို ဖုန်းဆက်ပြီး အကောင့်တွေ လုပ်ပေးဖို့ ပြောလိုက်မယ်.. ဘာပြဿနာမှ မရှိစေရဘူး…”

“ စောက်ကလေး … မင်း ပေါက်တတ်ကရတွေ စွတ်စွတ်မပြောနဲ့… အခန်းထဲမှာ ကင်မရာနဲ့ အကုန်မှတ်တမ်းတင်ထားတာနော်… တော်နေကြာ ငါ့ လာမေးခွန်းထုတ်နေကြလိမ့်မယ်…”

လင်းရီ တဟားဟား ရယ်မောလိုက်သည်။ သူကိုယ်၌ကလည်း ဤကိစ္စက ဆတ်ဆတ်ထိမခံသည့် ကိစ္စရပ်ဖြစ်ကြောင်းကို နားလည်သည်။ ထို့ကြောင့် သူ ဆက်ပြီး မပြောတော့ချေ။

“ hard drive တွေ ဖွင့်ကြည့်ပြီးတော့ တစ်ခုခု အသုံးဝင်တာတွေရော တွေ့လား…”

ဤသည်က လင်းရီ ပိုပြီး ဂရုစိုက်သည့် ကိစ္စ တစ်စုံတစ်ရာပင် ဖြစ်သည်။ ယင်းက နိုင်ငံ၏ ဇီဝသိပ္ပံနည်းပညာကို အကြီးအကျယ် တိုးတက်စေမည့် အရာဖြစ်၏။

နှိုင်းယှဉ်ရမည်ဆိုပါက ဘက်စ် နှစ်ကီလိုမှာ သိပ်ပြီး အရေးမပါတော့ချေ။

“ အသုံးဝင်တာတော့ သေချာပေါက်ပဲပေါ့… ဒါပေမယ့် ဗီဇသွေးရည်ကြည် သုတေသနကတော့ ဟွာရှမှာ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး… အထက်ကြီးပိုင်းတွေက ဒီ သုတေသနကို နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ မစီစဉ်ထားဘဲ တခြား နယ်ပယ်တွေမှာ အသုံးချဖို့ စီစဉ်ထားတယ်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ဤသည်က သူမျှော်လင့်ထားသည့် အတိုင်းအတာ အတွင်းတွင် ရှိလေသည်။

“ ဟုတ်တယ်… အဲ့လိုမျိုး လူမဆန်တဲ့ ပရောဂျက်က ကျုပ်တို့ နိုင်ငံနဲ့ မကိုက်ညီဘူး…”

“ ဒါပေမယ့် ဒီတစ်ကြိမ် အထက်ကြီးပိုင်းတွေက မင်းကို ဘာ အကျိုးအမြတ်မှ ပေးဖို့ မစီစဉ်ထားဘူးကွ… အဲ့ဒီအစား မင်း ဒုတိယအဆင့် သူရသတ္တိ ဆုတံဆိပ်ပဲ ရမယ်… ဘာပြောစရာ ရှိသေးလဲ…”

“ မရှိဘူး… ကျုပ်လည်း ဒီကိစ္စ ကောင်းကောင်း ကိုင်တွယ်ခဲ့တာမှ မဟုတ်တာ… ခင်များတို့ လုပ်ချင်သလိုသာ လုပ်…”

“ ကောင်းပြီ.. မင်း ဒီကိစ္စ ရေးကြီးခွင်ကျယ် မလုပ်တာကိုပဲ ငါ ကျေးဇူးတင်လှပြီ…” လျိုဟုန် ပြောလိုက်ပြီး “ စကားမစပ် ငါမင်းကို ပြောဖို့မေ့နေတာ… အကြီးအကဲလု ဒီမနက်ခင်းတင် ငါ့ဆီ ဖုန်းဆက်လာပြီး မင်းနဲ့ တွေ့ချင်တယ်တဲ့… မင်း တခြား လုပ်စရာ မရှိဘူးဆို သွားတွေ့လိုက်ဦး…”

“ သူ့လို ဒိတ်ဒိတ်ကျဲကြီးက ကျုပ်ကို ဘာကိစ္စ တွေ့ချင်နေတာလဲတဲ့…”

လုပေချိန်နှင့် တွေ့ရမည်ဆိုတော့ လင်းရီ အနည်းငယ် ဝိရောဓိ ဖြစ်သွားခဲ့၏။

သူ ကျုံးဝေ့ တပ်ဖွဲ့ထဲ ရောက်လာသည်မှာ တိလိရာ့ကျွန်းပေါ်၌ စူးစမ်းရှာဖွေချင်သောကြောင့်သာ ဖြစ်ပြီး တပ်ဖွဲ့နှင့် လေးလေးနက်နက် ပတ်သက်လိုစိတ် သူ့တွင် မရှိချေ။

ယခုလို ဆိုင်းမဆင့် ဗုံမဆင့်ကြီး အကြီးအကဲတစ်ယောက်က သူနှင့် တွေ့ချင်နေသည်ဆိုတော့ လင်းရီ အနည်းငယ် စိုးရိမ်မိသွားခဲ့သည်။

“ ငါလည်း မသိဘူး.. ဒါပေမယ့် မင်းက သူရသတ္တိဆုတံဆိပ် နှစ်ခုတောင် ဆက်တိုက်ရမှာဆိုတော့ သူ အဲ့ကိစ္စ ပတ်သက်ပြီး မင်းနဲ့ တွေ့ချင်တာ ဖြစ်ရင်ဖြစ်မှာပေါ့…”

“ မသွားလို့ မရဘူးလား…”

“ မင်းဘယ်လိုထင်လို့…”

“ ကျုပ်မှာက ကားနောက်ခြမ်းအပြည့် အသီးတွေ ရောင်းဖို့ ရှိသေးတာဆိုတော့……”

“ မင်း ခွေးသူတောင်းစားလေး… ခေါင်းဆောင်ကြီးက မင်းကို ကိုယ်တိုင်ကိုယ်ကျ လာခဲ့ဖို့ ပြောနေတာကို မင်းက သူ့ကို ငြင်းချင်နေသေးတယ်ပေါ့ ဟုတ်လား… ဒီ အခွင့်အရေးက မင်း အသီးရောင်းမှာထက် အများကြီး တန်ဖိုးရှိတယ်ကွ…”

လျိုဟုန် သူကောင်းဖို့ အတွက် ပြောနေမှန်းကို လင်းရီသိသည်။

သို့သော်လည်း သူက ဘဝကို ဖြတ်လမ်းနည်းဖြင့် သွားနေသူ တစ်ယောက်ဖြစ်၏။

‘ ကျုပ် အသီးရောင်းချင်တယ်ဆိုတာ ကျုပ် ကိုယ်ပိုင် မစ်ရှင် ပြီးအောင်လို့ဗျ… ခင်များတို့ ဒါတွေ နားလည်း မလည်ပါဘူး…’

“ အိုကေ အိုကေ… ကျုပ် ခဏလောက် သွားလိုက်ပါ့မယ်.. ခု တခြား ကိစ္စ ပြောကြတာပေါ့…”

“ ဘာပြောရမှာ… မင်း ရန့်တက်အောင် ကူညီပေးရမှာလား….”

“ ကျုပ်ကို လာမစမ်းနဲ့ …. ကျုပ်ဆိုနဲ့ ကောင်က Ionia မှာ မာစတာရန့်နဲ့ နေတာ… ခင်များ ကူညီပေးတာကို မလိုဘူး…”

“ Ionia မှာ မာစတာရန့် ရောက်တာကို ဘာတွေ ဂုဏ်ဆာနေတာ.. Zaun ကို လာခဲ့… ငါမင်းကို ချက်ချင်း မိဘမဲ့ ဖြစ်အောင် လုပ်ပေးလိုက်မယ်…”

“ ကျုပ်က နဂိုကတည်းက မိဘမဲ့ပဲလေ… ကျုပ်မိဘတွေဆိုတာ မရှိတော့တာကြာပေါ့…”

“ မင်း ကောင်စုတ်လေး…” လျိုဟုန် စီးကရက်ညှပ်ထားသည့် ကြားမှ ထွက်သည့် လေသံဖြင့် ရယ်မောလျက် ကြိမ်းမောင်းလိုက်သည်။ “ ဆိုတော့ ဘာကိစ္စလဲ…”

“ ဒီတစ်ခေါက် အလဲအလှယ်မှာ အယ်လက်ဆာနဲ့ သူ့လူတွေ အသတ်ခံလိုက်ရတယ်… ရွှေနက် ကော်ပိုရေးရှင်းက ကြီးကြီးမားမား ဆုံးရှုံးသွားတယ်ဆိုတော့ သူတို့ လတ်တလော အခြေအနေ ဘယ်လိုရှိလဲ…”

“ ငါလည်း မင်းတွေးသလို တွေးမိတယ်… ဒါပေမယ့် ခုထိတော့ ဘာလှုပ်ရှားမှုမှ မတွေ့ရသေးဘူး…” လျိုဟုန် ပြောလိုက်ပြီး “ အခု သူတို့ဘက်က အဓိကကျတဲ့ လူနှစ်ယောက် ဆုံးရှုံးလိုက်ရပြီဆိုတော့ စပေါ့လိုက် မီးရောင်အောက်မှာ သူတို့ဘာမှ လှုပ်ရှားဝံ့ဦးမှာ မဟုတ်ဘူး.. အမှောင်ထဲမှာပဲ သတိချပ်နေလောက်တယ်..”

“ ဒါပေမယ့် အသင်း ၄ က တိလိ့ရာ့ကျွန်းပေါ်မှာ ရှိသေးတာ မဟုတ်ဘူးလား…”

“ မင်း အသင်း ၄ က သူတောင်းစားတွေကို စိတ်ပူပေးနေစရာ မလိုဘူး…. ပုံမှန်ဆို ရွှေနက်ကော်ပိုရေးရှင်းလည်း အဲ့ကောင်တွေနဲ့ သွားရှုပ်ဝံ့မှာ မဟုတ်ဘူး… “

ဆိုတော့ သူ ထင်ထားတဲ့အတိုင်းပဲကိုး….

လင်းရီ စိတ်ထဲတွင် ရေရွတ်လိုက်သည်။

အသင်း ၄ က ကျုံးဝေ့တပ်ဖွဲ့ထဲတွင် မဏ္ဍိုင် တိုက်ခိုက်ရေး အင်အားစုကြီး ဖြစ်လို့နေသည်။ မဟုတ်ပါက ချိုးယွီလော့နှင့် နင်ချဲ့တို့၏ ခွန်အားမျှနှင့် ရွှေနက် ကော်ပိုရေးရှင်း၏ ထိုးစစ်များကို ခုခံရန်ပင် အနိုင်နိုင် ဖြစ်နေပေလိမ့်မည်။

“ မင်း အခု ရွှေနက်ကော်ပိုရေးရှင်း ကိစ္စကို ခေါင်းထဲ ထားမနေနဲ့… နိုင်ငံပြင်ပက အခြေအနေတွေက ပရမ်းပတာတွေ… အဲ့ကောင်တွေကလည်း ငါတို့ကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ မဟုတ်ဘူး.. ငါပဲ သူတို့ကို စောင့်ကြည့်ထားလိုက်မယ်…”

ထိုသို့‌ ပြောပြီးနောက် လျိုဟုန် သူ့နာရီကို ကြည့်လိုက်ရင်း “ ကောင်းပြီ.. နောက်တောင် ကျတော့မယ်… မင်း အကြီးအကဲလုဆီ သွားပြီး သူ ဘာဖြစ်ချင်လဲ ကြည့်လိုက်… တစ်ခုခု အရေးကြီးတာ ရှိလို့ မင်းကို ရှာနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့…”

“ အိုကေလေ.. ကျုပ် အခုပဲ သွားလိုက်မယ်…” လင်းရီ တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားခဲ့သည်။ “ ကျုပ်ဖုန်းထဲ လိပ်စာပို့ပေးဖို့ မမေ့နဲ့ဦး…”

“ အေးအေး မြန်မြန်သာဂျောင်း… ငါ အခုပဲ ပို့ပေးလိုက်မယ်…”

ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လျိုဟုန် သူ့ဖုန်းထဲသို့ လိပ်စာတစ်ခု ပို့ပေးလာခဲ့သည်။

လင်းရီ နှုတ်ခမ်း တွန့်ကွေးတက်သွားခဲ့ပြီး စိတ်ထဲတွင် ယခုလို ရေရွတ်လိုက်၏။

“ အထွေထွေ ဝန်ထမ်းရေးရာ ဌာနခြံဝန်း… ဘယ်လိုတောင် အထင်ကြီးဖို့ ကောင်းသား…”

တက္ကစီ ငှားပြီးနောက် လင်းရီ မိနစ်လေးဆယ်ကြာသော် ကျုံးဝေ့တပ်ဖွဲ့ အထွေထွေ ဝန်ထမ်းရေးရာဌာန၏ ခြံဝန်းရှေ့ ရောက်ရှိလာသည်။

အဆင့်ဆင့် ဆက်သွယ်ပြီးသည့်နောက် ဂိတ်စောင့်များမှ သူ့ကို ပျူငှာစွာ ဝင်ခွင့်ပြုလိုက်၏။

လင်းရီ အစောင့်ညွှန်ပြလိုက်သည့်အတိုင်း လမ်းလျှာက်လာရင်း ခြံဝန်းထဲ ရောက်ရှိလာသည်။

ဤနေရာက သူ့ကို ကျိုးဟိုင် တပ်ဒေသနှင့် တူညီသည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့၏။

အဝေးတစ်နေရာတွင် လေ့ကျင့်ရေး ဆင်းနေကြသည့် အသံဗလံများကို သူ့နားမှ ကြားနေရပြီး တည်ငြိမ်လေးနက်မှု ရှိသည့် ခံစားချက်နှင့် ကပ်လျက် လိုက်ပါလာသည်။

ဆယ်မိနစ်ကျော်ကြာအောင် လမ်းလျှောက်ပြီးနောက် လင်းရီ ဂျောင်အကျဆုံး အဆောက်အဦးတစ်ခုထံ ရောက်ရှိလာခဲ့သည်။

တစ်ခါတစ်ရံ လူတစ်ချို့ ဖြတ်သွားဖြတ်လာ ပြုနေကြပြီး သို့ပေမယ့် မျက်စိထဲ သိသာပေါ်လွင်နေသည့် အရာက မနီးမဝေးသည့် တစ်နေရာတွင်ရှိ လေးထောင့်စားပွဲတစ်လုံးနှင့် လက်ဖက်ရည်ဖျော်သည့် ကိရိယာများပင်….။ ၎င်းနံဘေးတွင် ရွှံ့မီးဖို တစ်လုံးရှိပြီး အပေါ်တွင် ရေနွေးအိုး တစ်လုံး တင်ထားသည်။

လုပေချိန် ယပ်တောင် တစ်ခုကိုင်၍ သူ့ကိုယ်သူ ယပ်ခတ်နေသည်။ သူ့ကြည့်ရတာ မီးဖိုနားထိုင်ပြီး ပူအိုက်နေပုံရ၏။

လင်းရီ အဝတ်အစားကို တစ်ချက် ရှိုးကြည့်လိုက်တော့ အင်မတန် ရိုးစင်းစွာ ဝတ်ဆင်ထားသည်ကို သတိပြုမိလိုက်သည်။ သူ၏ အသွင်က ရန်ကျင်းခရိုင်ထဲ နွေရာသီတွင် စွပ်ကြယ်ဖြူ ဂျိုင်းပြတ်နှင့် ကိုယ့်ကိုယ်ကို ယပ်ခတ်နေသည့် အဘိုးကြီး တစ်ယောက်ကဲ့သို့ ရှိပြီး ကြင်နာသည့် အရိပ်အယောင်များနှင့် ပေါင်းသင်းရလွယ်မည့် အရှိန်အဝါတို့ လွှတ်ထုတ်နေသည်။

“ အိုးဟိုးဟိုး… လာ လာ လာ… ငါ မင်းကို စောင့်နေတာ တော်တော်လေးတောင် ကြာပြီ…”

လင်းရီကို မြင်တော့ လုပေချိန် လက်ယပ်ခေါ်၍ ကြင်နာစွာ ပြုံးပြလိုက်သည်။

လင်းရီ ခပ်သွက်သွက်လျှော်၍ ထိုင်ခုံတစ်လုံးယူပြီး စားပွဲတွင် ဝင်ထိုင်လိုက်ပြီး “ အကြီးအကဲလု… ကျွန်တော့်ကို အခေါ်လွှတ်တယ်ဆိုလို့ပါဗျ…”

“ မင်း စကားက ဘာကြီးတုန်း… မင်းက ငါ့ လက်အောက်ငယ်သားလေ… မင်းကို ကိစ္စမရှိရင် ခေါ်လို့မရတော့ဘူးလား…”

လင်းရီ ရယ်မောလိုက်ပြီး “ မဟုတ်ပါဘူးဗျာ… ဒီတိုင်း နည်းနည်းလေး ဂုဏ်ဆာမိသွားလို့ပါ…”

“ မင်းအပြုံးကြီး ကြည့်တာနဲ့ အလေးအနက်ကို မရှိဘူးဆိုတာ ငါသိတယ်…”

ထိုအချိန် မီးဖိုပေါ်ရှိ ရေနွေးအိုးမှာ ဆူပွက်လာပြီး အငွေ့တလူလူ တက်လာသည်။ လုပေချိန် ဖြည်းညင်းစွာ အောက်ချ၍ သဟုန်ပေါင်း လက်ဖက်ခြောက် အကြမ်း တစ်အိုး နှပ်လိုက်၏။

“ ဝူရီတောင်က သဟုန်ပေါင်း လက်ဖက်ခြောက်... မြည်းကြည့်ကြည့်လိုက်… ဒီ တစ်အိုးရဲ့ ကုန်ကျစရိတ်က ဇိမ်ခံကား တစ်စင်းစာနဲ့ညီတယ်…”

“ ကျွန်တော် ဒါသောက်လိုက်ရင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့က ကျွန်တော့်ဆီ ရောက်လာမလားပဲနော်…”

“ အဆင်ပြေတယ်… အဲ့ဒီ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်က ငါ့တပည့်ပဲ…”

“ အထင်ကြီးစရာပါပဲ…”

လင်းရီ တစ်ကျိုက်မော့လိုက်၏။ ပုံမှန်ဆို သူ ယခုလို ရေနွေးကြမ်း သောက်ရသည်အား မနှစ်သက်ချေ။ သို့ပေမယ့် လူတိုင်းပြောကြသည်ကတော့ သဟုန်ပေါင်း လက်ဖက်ခြောက်က အကောင်းဆုံး ဆိုသည်ပင်။

သို့သော် လင်းရီကတော့ ဘာက ကောင်းမှန်းကို မခံစားတတ်ချေ။ သူ့အသက် ငယ်သေးသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

လက်အကျင့်အရ လုပေချိန် မဖောက်ရသေးသည့် စီးကရက် တစ်ဘူးကို လင်းရီထံ ကမ်းပေးလိုက်သည်။ လင်းရီကလည်း သူ့ခေါင်းအကျင့်အရ အလိုအလျောက် ခါရမ်းမိလိုက်၏။

“ မင်းက ငါ့ဆေးလိပ်ကို ငြင်းတယ်ပေါ့…”

All Chapters