← Chapters

ငါမင်းနဲ့ လူတစ်ယောက်ကို မိတ်ဆက်ပေးချင်တယ်

Vol. 83 Ch. 1233

ငါမင်းနဲ့ လူတစ်ယောက်ကို မိတ်ဆက်ပေးချင်တယ်

Vol. 83 Ch. 1233

“ အာ အဟဲဟဲ…”

လင်းရီ ကိုးရို့ကားယား ဖြစ်စွာ ပြုံးလျက် ဆေးလိပ်ထုတ်လိုက်ပြီး လုပေချိန်၏ စီးကရက်ကို မီးညှိပေးလိုက်သည်။

“ အကြီးအကဲလု… ကျွန်တော့်ကို ဒီခေါ်လိုက်တာ ရေနွေးကြမ်းတိုက်ပြီး ဆေးလိပ်သောက်ခိုင်းဖို့တော့ မဟုတ်ဘူးမလား…”

“ ဂျပန်က အခြေအနေ ဘယ်လိုရှိလဲ..” လုပေချိန် မေးလာခဲ့သည်။

“ ယူရှီမစ်ဆူက သေသွားပြီ… တကယ်လို့ တစ်ယောက်ယောက်ကမှ သူ့နေရာကို မဆက်ခံနိုင်ဘူးဆိုရင် သူ့အုပ်စုလည်း ပြိုကွဲသွားမှာပဲ..” လင်းရီ အမှန်အတိုင်း ဖြေဆိုလိုက်၏။

“ ခုဆို ဗီဇ သွေးရည်ကြည်ကို ထုတ်လုပ်နိုင်တဲ့သူက မစ်ဆူ မိသားစု တစ်ခုတည်း ရှိတော့တာရယ်…”

လုပေချိန် ဆေးလိပ်ပျာ တစ်ချက်တောက်လျက် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း “ ဒီ နှစ်ဖွဲ့ကို မင်း ဘယ်လိုထင်လဲ…”

“ ယူရှီမစ်ဆူက မစ်ဆူမိသားစုထက် အများကြီး ပိုအားနည်းတာပေါ့..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူရတဲ့ အချိန်ကလည်း နည်းလို့ ဖြစ်ရင်လည်း ဖြစ်မယ်… ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက် စစ်ဆင်ရေးက အတက်မထွက်ခင် အညှောင့်ချိုးလိုက်သလို ဖြစ်သွားခဲ့တယ်…”

“ ဆိုပေမယ့် ကျွန်တော့်အတွက်တော့ မစ်ဆူမိသားစုကို အကဲဖြတ်ဖို့ မလွယ်ဘူး… ကျွန်တော်သိတဲ့ သူတို့ရဲ့ အင်အားနဲ့ အုတ်မြစ်ဆိုတာ ရေခဲတောင် ထိပ်ဖျားလောက်ကလေး ရှိတာ… ပြီးတော့ သူတို့က ဂျပန်က အစိုးရ အရာရှိကြီးပိုင်း တစ်ချို့နဲ့ အဆက်အသွယ်တွေ ရှိထားမှာ မလွဲမသွေပဲ… သူတို့ရဲ့ အခြေအနေ အတိအကျကိုတော့ ပြောပြဖို့ မဖြစ်နိုင်ဘူး..”

လုပေချိန် စဉ်းစဉ်းစားစားနှင့် ခေါင်းညိမ့်လိုက်သည်။

“ တကယ်တမ်းကျ နိုင်ငံတကာရဲ့ အခြေအနေ ရေးရာကို ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ ခြိမ်းခြောက်မှုက ငါတို့အတွက် မကြီးဘူ… ငါတို့ လိုအပ်တာဆိုလို့ သတိမပြတ်ဖို့ပဲ… “

လင်းရီ ခေါင်းမော့၍ လုပေချိန်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ သူတော့ အရေးကြီး တာဝန်တစ်ခုကို အပ်နှင်းခံရတော့မည်ဟု မသိစိတ်က ပြောပြနေခဲ့၏။

မဟုတ်ပါက သူ့အား ယခုလို အကြောင်းအရာများ လာပြောပြနေမှာ မဟုတ်ချေ။

“ အကြီးအကဲလု ကျွန်တော့်ကို ပြောစရာများ ရှိလို့လား မသိဘူး…” လင်းရီ စကားနှိုက်ကြည့်လိုက်၏။

“ ထွေထူးတော့ မဟုတ်ပါဘူး… ငါက ဒီတိုင်း မင်း အနာဂတ်မှာ ဘာတွေ လုပ်ဖို့ စီစဉ်ထားလဲဆိုတာ သိချင်ရုံလောက်ပါပဲ….” လုပေချိန် ပြောလိုက်ပြီး “ မင်းက အခုဆို အသင်း ၁ ရဲ့ အသင်းခေါင်ဆောင်… ဒီတော့ မင်းမှာ ဘာအစီအစဉ်‌တွေ ရှိလဲ…”

“ အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ ဘာအစီအစဉ်မှာ ရှိမထားဘူးဗျ… အကြီးအကဲတို့ အမိန့်ပေးလာတာပဲ ကျွန်တော်လုပ်မယ်… ထွေထူးဖြစ်ချင်တာတွေ ကျွန်တော့်မှာ ဘာမှ မရှိဘူး.. ကျွန်တော်က စကားနားထောင်တတ်တယ်လေ.. သွားခိုင်းတဲ့ နေရာသွားပြီး ကိုင်တွယ်ဖို့ လိုအပ်တာတွေ ကိုင်တွယ်လိုက်မယ်…”

“ မင်း … ကောင်စုတ်လေးကတော့ နေ့တိုင်း ပေါက်တတ်ကရတွေ ပြောဖို့လောက်ပဲ သိတယ်… “ လုပေချိန် တဟားဟား ရယ်မောလျက် “ မင်းလား စကားနာခံတတ်တဲ့ကောင်…”

လင်းရီသည်လည်း ပြုံးလျက် “ လောလောဆယ်တော့ တစ်လှမ်းချင်းပဲ လှမ်းမယ်… သည့်ထက် မြင့်မားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုပေမယ့် သင့်တော်တဲ့လူနဲ့ ဆုံနိုင်မလားတော့ ကျွန်တော်လည်း သေချာမသိဘူး…”

“ ဒါဆိုလည်း ငါနဲ့လိုက်ခဲ့… ငါမင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်…”

“ မိတ်ဆက်ပေးမယ်… အထင်ကြီးစရာ ကောင်းလောက်တဲ့ လူနဲ့လား…”

“ ငါလည်း မသိဘူး… အဲ့တာတော့ မင်းဘာမင်း သွားပြီးပဲ ဆုံးဖြတ်…”

“ အိုကေ…”

လင်းရီ မတ်တပ်ရပ်ပြီး လုပေချိန်ကို ထရန် သွားကူညီပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား ဝန်းထဲရှိ လေ့ကျင့်ရေး ကွင်းပြင်ကြီးထဲသို့ ရောက်လာခဲ့ကြလေသည်။

ဤနေရာရှိ လေ့ကျင့်ရေး ကွင်းပြင်က မကြီးမားဘဲ ကျုံးဝေ့တပ်ဖွဲ့နှင့် အရွယ်အစား အတူတူလောက် ရှိ၏။

အမျိုးမျိုးသော ဧရိယာများ ခွဲခြားထားပြီး မတူညီသည့် လေ့ကျင့်ရေးများ ပြုလုပ်၍ရသည်။

“ ရှေ့မှာ လူတွေ အများကြီးပဲ … သူတို့ ဘာလုပ်နေကြတာလဲ အကြီးအကဲ…” လင်းရီ သာမန်လျှံကာ မေးမြန်းလိုက်သည်။

“ သွားပြီးတော့ တစ်ချက် ကြည့်ကြတာပေါ့…”

လုပေချိန် ရောက်လာသည်ကို မြင်တော့ အနီးနားဝန်းကျင်ရှိ လူတိုင်းက သူတို့၏ လုပ်တ္တံ့ရှိသည်များကို အလိုအလျောက် ရပ်ဆိုင်းလိုက်ကြသည်။

“ အလေးပြုပါတယ် ခေါင်းဆောင်…”

လုပေချိန် ပြုံးပြပြီး ခေါင်းညိမ့်လိုက်သည်။ သူ လင်းရီကို လူအုပ်ကြီး၏ ရှေ့ ခေါ်ဆောင်လာခဲ့၏။

“ သူတို့ရဲ့ အဆင့်က တော်တော်ကောင်းတာပဲ…”

လေ့ကျင့်ရေး ကွင်းပြင်၏ အလယ်တွင် ဝိတ်မလေ့ကျင့်ခန်းကို ပြုလုပ်နေသည့် အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် ဆံပင်အတိုနှင့် အမျိုးသားတစ်ယောက်ကို လင်းရီ မြင်နေရ၏။

သူက နောက်ကျောတွင် ကီလို ၃၀ ဝိတ်တုံးကြီးအား တင်ထားပြီး လက်နှစ်ချောင်းတည်းနှင့် ဒိုက်ထိုးလေ့ကျင့်ခန်း ပြုနေခဲ့၏။

ထို့ပြင် သူ ဒိုက်ထိုးသည့် အရှိန်က တော်တော်ကြီးကို မြန်ဆန်နေပြီး မျက်နှာအမူအရာကလည်း သက်တောင့်သက်သာ ဖြစ်နေလျက် ရှိ၏။

သူ ဒိုက်ထိုးနေသည့် အခေါက်ရေကို အနီးတွင် အုံပြီး ရေတွက်နေသည့် လူဦးရေကလည်း ၈၀ လောက်ရှိသည်။

ခွန်အား အရာတွင်တော့ သူ၏ စံချိန်စံနှုန်းက သာမန်လူတို့ထက်ကို ကျော်လွန်နေချေပြီ။ အနီးနားရှိသည့် ကျွမ်းကျင်သူများပင် ၎င်းနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်လောက်ချေ။

လင်းရီ သေသေချာချာလေး အကဲခတ်ကြည့်ပြီးတော့ တန်းထျန်မူလ အတွင်းအားကို အသုံးပြုနိုင်သည့် လူတစ်ချို့ပင် အနှီအမျိုးသားအား ဤအပိုင်းတွင် ယှဉ်နိုင်မည် မဟုတ်ဟု လင်းရီ ခံစားလိုက်ရ၏။

ထိုငနဲက တကယ့်လူပင်…။

လုပေချိန် ပြောချင်နေသည့်လူမှာ သူပင် ဖြစ်လောက်၏။

မကြာမီ အကြိမ်တစ်ရာ ဒိုက်ထိုးမှုမှာ ပြီးမြောက်သွားခဲ့တော့သည်။ သို့သော် ဆံပင် အတိုနှင့် လူငယ်လေးက ရပ်နားရန် ရည်ရွယ်ချက် ရှိပုံမရ။ သူ ဘေးသို့ အလျင် အမြန် ပြေးသွားပြီး ဧရာမ ကားတာယာကြီးကို နိုင်လွန်ကြိုးဖြင့် ခါးတစ်ဝိုက်တွင် မြဲမြံစွာ ချည်ပတ်လိုက်သည်။

ထို့နောက် ခန့်မှန်းခြေ ၅၀ မီတာလောက် ကွာဝေးမည့် လေ့ကျင့်ရေး ကွင်းပြင်ကို ပတ်ပြေးနေတော့၏။ ထိုအတိုင်း လေးခေါက် ပြေးသဖြင့် သူ ပြေးခဲ့သည့် အကွာအဝေးက စုစုပေါင်း မီတာ ၂၀၀ပင်။

ထို့နောက် လက်တစ်ဖက်ဖြင့် ဒိုက်တွေ တရကြမ်း စွတ်ထိုးနေတော့၏။

ရလဒ်ကလည်း ရင်သပ်ရှုမောလောက်ဖွယ်ကြီးပင်…။

“ အဲ့ကောင်လေးနာမည်က စွေ့ချန်… သူက ငါ့ ရဲဘော်ရဲဘက်ဟောင်း တစ်ဦးရဲ့ မြေးပဲ… တော်တော်လေးလည်း နာမည်ကြီးတယ်.. ငါတော့ သူ့ အရည်အချင်းတွေက မဆိုးဘူးထင်တာပဲ… D အဆင့်တောင် ရောက်လုရောက်ခင် ဖြစ်နေပြီ… တော်တော်လေးလည်း ပါရမီပါပြီး အရည်အချင်းကလည်း တော်တော်မြင့်တယ်…” လုပေချိန် ပြောပြီးနောက် လင်းရီဘက် လှည့်ကြည့်လိုက်ပြီး “ မင်း ဘယ်လိုထင်လဲ…”

“ သူ့ခွန်အားက တော်တော့်ကို ပြောစရာတော့ မရှိဘူး… ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့က လေ့ကျင့်ရေး ကွင်းပြင်နဲ့ စာရင် ဒီက ကိရိယာတွေက လိုနေသေးတုန်းပဲ… ဒီတိုင်း အရမ်းကြီး ပရော်ဖက်ရှင်နယ် မဆန်ပဲနဲ့ training focus က တော်တော်ကြီးကို ကျဉ်းမြောင်းတယ်…”

ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး ပရိုဂရမ်များက ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း တစ်ခုချင်းစီတိုင်းက လိုချင်သည့် အရာကို ပစ်မှတ်ထားထားသည်။

ဤနေရာကဲ့သို့ ခွန်အားနှင့် သက်လုံတစ်ခုတည်းကို အာရုံစိုက်ထားသည်မျိုး မဟုတ်ချေ။ ယင်းက အခြားနေရာများတွင် လိုအပ်ချက်များ သွားရှိနေတတ်၏။

ထို့ကြောင့် ထွက်ပေါ်လာသည့် အချက်အလက်များကလည်း စိတ်ကျေနပ်ဖွယ်ရာ မကောင်းတော့ချေ။

“ သူတို့က ရန်ကျင်းကို ဒီနေ့မှ ရောက်လာကြတာ… ဒါကြောင့်မို့ ငါမင်းကို တစ်ချက်ကြည့်ရအောင် ခေါ်လိုက်ရတာပဲ…” လုပေချိန် ပြောလိုက်သည်။

“ ဒီက အနေအထားတွေက ကျုံးဝေ့တပ်ဖွဲ့နဲ့ ယှဉ်လို့ မရဘူး ဆိုပေမယ့် ငါက မင်းကို ဒီတိုင်း အကဲဖြတ်ပေးဖို့ ပြောနေတာ… ဖြစ်နိုင်မယ်ဆိုရင် ငါသူ့ကို အသင်း ၁ ထဲ ဝင်စေချင်တယ်…”

“ မနက်ဖြန် တရားဝင် လူရွေးပွဲ စတင်ပြီမလား… သူတို့ကို အဲ့မှာ ဝင်ပြိုင်ခိုင်းလိုက်လေ… အဲ့တာ ပိုကောင်းတဲ့ နည်းလမ်းပဲ…”

“ မင်း … ကွာ….” လုပေချိန် ပြုံးလိုက်သည်။

လင်းရီလည်း ပြုံးလိုက်၏။ “ ကျွန်တော် နည်းနည်းလေးများ လိုက်လျောညီထွေ မရှိ ဖြစ်သွားသလား…”

“ အိုး… မင်းကိုယ်မင်း သတိထားမိတယ်ပေါ့…” လုပေချိန် ပြောလိုက်ပြီး “ မင်းက ငါ့ကိုတောင် လေးစားမှု မပေးဘူး… နှစ်တွေ ဒီလောက်ကြာပြီးတော့မှ မင်းက ဒုတိယမြောက်ပဲ…”

“ တကယ်… ကျွန်တော်ထင်တာ အကြီးအကဲကို ဆန့်ကျင်ရဲတဲ့သူ မရှိဘူးပေါ့…”

လုပေချိန် ပြုံးလိုက်ပြီး ဘာမျှ မဖြေပေ။ သို့သော် သူ စိတ်ထဲတွင် ယခုလို ကျိန်ဆဲလိုက်၏။

“ ဘယ်သူရှိရဦးမှာ… မင့်သောက် ဘိုးတော်ကြီးပေါ့…”

“ အဘိုးကြီးလု… မင်း ငါ့မြေးကို ဘယ်လို သဘောရလဲ..”

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအဘိုးကြီး၏ နာမည်က စွေ့ကျီကျိုး ဖြစ်ပြီး စီချွမ် စီရင်စု စွေ့မိသားစုမှ ရောက်လာခဲ့ခြင်းဖြစ်၏။ ထိုစီရင်စုတွင်တော့ သူတို့ စွေ့မိသားစုက မိသားစုကြီးတစ်ခု ဖြစ်လေသည်။

ထို့ပြင် ဤနေရာတွင်တော့ လုပေချိန်မှာ သဘာဝ အလျောက် ကူညီရန် အသင့်ရှိနေတော့၏။

သူ့ဘေးတွင် ရပ်နေသည့် လူငယ်လေးကိုတော့ စွေ့ရှန်ဟု ခေါ်သည်။ သူသည်လည်း စွေ့ကျီကျုံး၏ မြေးတစ်ယောက် ဖြစ်ပြီး စွေ့ချန်၏ ညီငယ်ဖြစ်၏။ သို့သော် သူ၏ အရည်အချင်းက ညံ့ချင်းလှကာ စည်းဂိတ်ဝကိုပင် ဖြတ်ကျော်မလာနိုင်သေးချေ။ ထို့ကြောင့် လူရွေးပွဲတွင် ပါဝင်ဆင်နွှဲနိုင်ခြင်း မရှိပါချေ။

“ ငါကတော့ အဆင်ပြေပါတယ်… ဒါပေမယ့် သူတို့ရဲ့ အသင်းခေါင်းဆောင်ကတော့ သိပ်ပြီး စိတ်ကျေနပ်တဲ့ပုံ မရဘူး… သူ့ခွန်အား အတိအကျ သိရအောင် မနက်ဖြန် တရားဝင် လူရွေးပွဲမှာ ဝင်ပြိုင်တာ ကောင်းလိမ့်မယ်…”

“ အသင်းခေါင်းဆောင်… ဟုတ်လား…”

မသိစိတ်မှ မြေးအဘိုးနှစ်ယောက်လုံး လင်းရီကို ပြိုင်တူကြည့်လိုက်ကြသည်။

ငနဲ၏ အဝတ်အစားက ကျန်သူများနှင့် ကွဲပြားနေပြီး လုပေချိန်ဘေးတွင် ရှိနေသည်။

အသင်းခေါင်းဆောင်ဆိုသူမှာ သူပင် ဖြစ်ပေလိမ့်မည်။

“ သူက အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် ဆိုတာလား…” စွေ့ကျီကျုံး စကားအစ်ကြည့်လိုက်၏။

သူတို့ ယခင် စကားပြောဖြစ်စဉ်က လုပေချိန် သူ့မြေးကို အသင်း ၁ ထဲ ဝင်ရောက်စေချင်သည်ဟု ပြောသံ ကြားခဲ့ရလေသည်။

ထို့ကြောင့် သူ လင်းရီ မည်သူဆိုတာကို ခန့်မှန်းနေနိုင်ခြင်းပင်။

“ ဟုတ်တယ်… သူက အသင်း ၁ ရဲ့ ခေါင်းဆောင်… လင်းရီ….”

စွေ့ရှန်မှာမူ လင်းရီကို အချိန်အတော်ကြာအောင် စူးစိုက်ကြည့်နေသည်။

သူ အခြား အသင်းခေါင်းဆောင် နှစ်ယောက်နှင့် ယခင်က ဆုံဖူးပြီး နှစ်ယောက်လုံးကလည်း အသက်သုံးဆယ်ကျော်များ ဖြစ်ကြ၏။

ဆိုတော့ ဒီ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်က နည်းနည်းလေး ငယ်လွန်းမနေဘူးလား….

ကြည့်ရသလောက်တော့ သူနဲ့ အသက်ရွယ်တူလောက်ပဲ ရှိပါဦးမယ်… အဲ့တာကို ဘယ်လိုလုပ်ပြီး ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာ…

ဆွေမျိုး အဆက်အသွယ်တွေကြောင့် ဒီနေရာ ရောက်လာခဲ့တာများလား…

ဒါဆိုရင်တော့ သူ့ ကျောထောက် နောက်ခံက တော်တော်ကြီးကို ထူးရမယ်…။

စွေ့ကျီကျုံး လက်ကို အရင် ဆန့်တန်းလာခဲ့၏။ လင်းရီသည်လည်း ထို့အတူပင်။ သူတို့နှစ်ယောက် နှုတ်ဆက်သည့် အနေဖြင့် ခေတ္တမျှ လက်ဆွဲလိုက်ကြ၏။

“ အသင်းခေါင်းဆောင်လင်းကို ငါ မေးချင်တာ မင်းက ဘာကိုများ မကျေနပ်နိုင်တာ… ဒီအဘိုးကြီးကို ပြောလို့ရမလား…”

All Chapters