← Chapters

လုံးဝ ခြားနားသည့် ရှုထောင့်မှနေ၍ အပြတ်သတ် ချေမှုန်းခြင်း

Vol. 83 Ch. 1235

လုံးဝ ခြားနားသည့် ရှုထောင့်မှနေ၍ အပြတ်သတ် ချေမှုန်းခြင်း

Vol. 83 Ch. 1235

စွေ့ချန် အကြောအချဉ်တွေ ဆန့်လိုက်၏။ “ မင်းဘာမင်း ပြောတာနော်.. ငါ့ကို လွန်တယ် လာမပြောနဲ့… ကဲ မင်းကို ဘယ်တစ်ခုမှာ အရင်ဆုံး အနိုင်ယူပေးစေချင်လဲ…”

“ ပထမ တစ်ချီက လျင်မြန်မှုကို စမ်းသပ်တာပဲ…”

လင်းရီ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး “ ဒီမှာ သေနတ်တွေ ရှိလား…”

“ သေနတ်တွေက ဂိုဒေါင်ထဲမှာ သိမ်းထားတယ်.. ဒီနေ့က ပစ်ခတ်ရေး လေ့ကျင့်မှုလည်း မရှိဘူးဆိုတော့ ထုတ်မထားဘူး…” အသားညိုညိုနှင့် အဖွဲ့ခေါင်းဆောင် တစ်ယောက်မှ ပြောလိုက်သည်။

“ ဒါဆို ကျုပ်တို့ ခဏငှားလို့ ရလား..”

အဖွဲ့ခေါင်းဆောင်မှ လုပေချိန်ကို ကြည့်လိုက်တော့ ခေါင်းညိမ့်ပြသည်ကို မြင်တွေ့လိုက်ရသည်။

“ ခဏစောင့်… ငါ အခုပဲ သွားယူပေးမယ်…”

အဖွဲ့ခေါင်းဆောင်မှ ပြေးသွားခဲ့ပြီး လင်းရီအတွက် သေနတ်တစ်စုံ သွားယူပေး၏။

လူတိုင်းက နေရာတွင် ရပ်နေလျက် ရှိပြီး ပြပွဲစတင်မည်ကို စောင့်ကြည့်နေကြလေသည်။

လင်းရီ ဤသေနတ်များနှင့် ဘာလုပ်မလဲဆိုတာကို သူတို့ သိချင်နေမိကြ၏။

“ ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ…”

“ ပြောရခက်တယ်… ဒါပေမယ့် ငါတော့ အဲ့လင်းရီဆိုတဲ့ တစ်ယောက်က နိုင်မယ်လို့ ထင်တာပဲ… သူက စွေ့ချန်ထက် ပိုပြီးပိန်းပါးတဲ့ပုံ ပေါက်တော့ လျင်မြန်မှုနဲ့ ပတ်သက်လာရင် ပိုသွက်မှာ သဘာဝပဲလေ..."

“ မှန်တယ်… ဒါပေမယ့် မင်းလည်း ခုနတုန်းက စွေ့ချန် ဘယ်လိုတောင် လေ့ကျင့်ပြနေလဲဆိုတာ မြင်ရဲ့သားနဲ့… သူက အကောင်သာထွားတာ ပြေးတာကတော့ အံ့အားသင့်ဖို့ကောင်းလောက်အောင် တော်တော်လေးလည်း မြန်တာနော်.. သူ့လည်း လျှော့တွက်လို့တော့ မရဘူး…”

“ အမှန်ပဲ… ခန့်မှန်းဖို့ ခက်တယ်… ဒါပေမယ့် လောင်းကြေးစားကြေးကတော့ တော်တော်ကြီး ရဲတင်းတယ်ပြောရမယ်… တစ်ခု ရှုံးတာနဲ့ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးကို လက်လျှော့ရမယ်ဆိုတော့ သူလည်း တော်တော်ကြီးကို ယုံကြည်ချက် ရှိလို့ ဖြစ်မယ်…”

“ နေမှာပေါ့… သူ့ ကြည့်ရတာတော့ သူ့ကိုယ်သူ သိပ်သေချာနေတဲ့ပုံပဲ… ငါ သိချင်တာက သူ ဘာလုပ်ဖို့ သေနတ်တွေ လိုမှာလဲတဲ့…”

“ စိတ်ရှည်ရှည်ထားစမ်းပါ… အဖွဲ့ခေါင်းဆောင်က ခဏနေဆို ပြန်ရောက်ပြီ… ပြီးရင် ငါတို့ သိရမှာပေါ့…”

မိနစ် အနည်းငယ်အတွင်းမှာပဲ အသားညိုညိုနှင့် အသင်းခေါင်းဆောင်မှာ သေနတ်နှစ်လက်နှင့် အတူ ပြန်ရောက်လာခဲ့ပြီး လုပေချိန် အရှေ့တွင် ရပ်တန့်လိုက်၏။

“ သူတို့ကို ပေးလိုက်..” လုပေချိန် ပြောလိုက်သည်။

“ မလိုဘူး…” လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ နောက်ထပ် သေနတ်ပစ်တော်တဲ့ တစ်ယောက်ရွေးပြီး ခင်များတို့နှစ်ယောက်က သေနတ်ကိုင်ထားကြ…”

အဖွဲ့ခေါင်းဆောင်သည် အနည်းငယ် နားဝေတိမ်တောင် ဖြစ်သွားသော်လည်း လင်းရီညွှန်ကြားသည့် အတိုင်း လိုက်နာပေးလိုက်၏။ နောက်ထပ် သေနတ်ပစ်ကောင်းသည့် တစ်ယောက်ကို ခေါ်ထုတ်၍ သူ့ကို တစ်လက် ပေးလိုက်သည်။

လင်းရီ စွေ့ချန်ကို အချက်ပြလိုက်ပြီး သကောင့်သားကလည်း ချက်ချင်း အထာပေါက်သွားခဲ့ကာ နှစ်ယောက်မှာ အုပ်စုနှင့် ဆယ်မီတာလောက် ဝေးကွာသည့် နေရာသို့ လျှောက်လှမ်းလာခဲ့ကြ၏။ စွေ့ချန်၏ ခြေလှမ်းများကတော့ ယုံကြည်ချက် အပြည့်နှင့် ဖြစ်နေသည်။ သို့ပေမယ့် လင်းရီ ဘာတွေ စီစဉ်နေမှန်းကို သူနားမလည်နိုင်သေးချေ။

သူတို့ ရပ်တန့်သည်နှင့် လင်းရီ သူ့ခေါင်းသူ ညွှန်ပြ၍ အသားညိုညိုနှင့် အဖွဲ့ခေါင်းဆောင်အား “ အသင့်ပြင်ထားကြ… ပြီးရင် ကျုပ်တို့ နှစ်ယောက်ကို ပစ်လိုက်…”

“ ဘာပြောတယ်…”

ရောက်နေကြသည့် လူတိုင်း ကျွတ်စီညံသွားခဲ့ကြပြီး လင်းရီ၏ အကြံပြုချက်ကြောင့် ရှော့ခ်ရသွားခဲ့ကြလေသည်။

“ မင်း ဘာတွေ လုပ်နေတာလဲ…” တစ်စုံတစ်ယောက်မှ မေးလာခဲ့၏။

“ ကျည်စုံတွေ ရှောင်ဖို့လေ…” လင်းရီ ပြန်ပြောလိုက်ပြီး “ ဒါက လျင်မြန်မှု ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်လို့ အကောင်းဆုံးနည်းပဲ…”

လူတိုင်းကြက်သေသေသွားခဲ့ကြ၏။ ထိုအထဲတွင် စွေ့မိသားစုဝင်များလည်း ပါဝင်သည်။ ကျည်ဆံများဖြင့် လျင်မြန်မှု မည်မျှ ရှိသလဲ စမ်းသပ်မည်ဆိုပါက ယင်းက စစ်ဆေးပွဲ မဟုတ်တော့ချေ။ သေခြင်းတရားနှင့် ကစားနေခြင်းပင် ဖြစ်သည်။

စွေ့ကျီကျုံးနှင့် စွေ့ရှန်တို့ မြေးအဘိုးနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ၎င်းတို့၏ အမူအရာက လုံးဝကို မယုံကြည်နိုင် တုပ်လှုပ်နေကြပြီး ကြောက်ရွံ့မှုကလည်း ရောစွက်နေသည်။ ယခုလို ကြမ်းတမ်းပြီး အန္တရာယ် အလွန်များလှသည့် စစ်ဆေးစမ်းသပ်မှုမျိုးကို သူတို့ တစ်သက်နှင့်တစ်ကိုယ် မကြားခဲ့ဖူးချေ။

“ ခွေးကောင်လေး မင်း လာနောက်နေတာလား…” လုပေချိန် ပြောလိုက်ပြီး “ ဘယ်သူက ဒီလိုမျိုး စမ်းသပ်စစ်ဆေးလို့.. ဒါ အသက်အန္တရာယ်များတယ်…”

“ ဒါကကျ…. ကျွန်တော်တို့ သွားမယ့် နေရာဆိုတာကလည်း ကလေး ကစားကွင်းမှ မဟုတ်တာ.. “ လင်းရီ ပြောလိုက်ပြီး “ ခြေလှမ်းတိုင်းမှာ အန္တရာယ်တွေ ရှိတယ်.. တကယ်လို့ ကြောက်တတ်နေမယ်ဆိုရင် မစ်ရှင် လုပ်တဲ့ အချိန်မှာ ဘာမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး..”

“ ကျည်ဆံ အစစ်တော့ လုံးဝ မရဘူး…” ထို့နောက် လုပေချိန် အဖွဲ့ခေါင်းဆောင်ဘက် လှည့်၍ “ သွားပြီးတော့မှ လေ့ကျင့်တဲ့ ကာလာ ကျည်ဆံတွေ ယူလာခဲ့… “

“ ဟုတ် ခေါင်းဆောင်…” အဖွဲ့ခေါင်းဆောင်မှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

စွေ့ချန် နဖူးထက်ရှိ ချွေးအေးများအား တိတ်တခိုးလေး သုတ်လိုက်၏။ ထို တစ်စက္ကန့်လေးတွင်မှ သူ မည်မျှ ကြောက်ရွံ့သွားခဲ့လဲဆိုတာကို သတိပြုမိလိုက်လေသည်။

ထိုအခိုက်အတန့်တွင် လုပေချိန်မှာ စိတ်ကျေနပ် အားရသည့် အပြုံးမျိုးအား လှစ်ဟာပြသထား၏။ အကယ်၍ လင်းရီ ယခုလို ရူးမိုက်ရဲသည်ဆိုပါက သူ့ဘက်က အပြည့်အဝ ယုံကြည်ချက် ရှိနေသောကြောင့်ပင်။ ဤကဲ့သို့သော ကြောက်ရွံ့ခြင်း ကင်းသည့် သတ္တိက လုပေချိန်အား လင်းကျင်ကျန့်နှင့် အဖြစ်အပျက် နေ့ရက်များထံ ပြန်ပြောင်း အောက်မေ့သွားစေခဲ့သည်။ သူ မှန်ကန်သည့် ရွေးချယ်မှုကို ပြုခဲ့မိလေခြင်းပင်။

မကြာမီ အချိန်အတွင်းမှာပဲ အဖွဲ့ခေါင်းဆောင်မှ လေ့ကျင့်ရေး သေနတ်များဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။

“ ကောင်းပြီ… ခု စလို့ရပြီ…” လုပေချိန် ကြေညာလိုက်သည်။

လင်းရီ ခပ်ထေ့ထေ့ ပြုံးလျက် “ အန္တရာယ်တော့ မရှိတော့ဘူး... ဒါပေမယ့် စိတ်လှုပ်ရှားစရာလည်း မကောင်းတော့ဘူး…”

စွေ့ချန်မှာမူကား စကားပြောရန်ပင် ထိတ်လန့်တုန်လှုပ်နေသည်။ သူ စကားပြောလိုက်၍ သူ၏ ထိတ်လန့်နေမှုကို လူတို့သိသွားမည်အား သူ စိုးရွံ့နေခဲ့မိ၏။ ကျည်ဆံအစစ်များအား လေ့ကျင့်ရေး ကျည်ဆံတို့နှင့် အစားထိုးထားသည် ဆိုသော်လည်းပဲ ပစ်ခတ်လာသည့် မြန်နှုန်းအရှိန်မှာမူ လျင်မြန်နေလျက်ပင်။ သူ လုံးဝ ရှောင်နိုင်မည်ဟု မသေချာဘဲ ယုံကြည်ချက်တို့ ကင်းမဲ့နေလေသည်။

“ မင်းတို့ နှစ်ယောက် … အဆင်သင့်ပဲလား.. “ အဖွဲ့ခေါင်းဆောင် ဆယ်မီတာ အကွာမှ လှမ်းအော်လိုက်သည်။

“ အဆင်သင့်ပဲ .. ကြိုက်တဲ့ အချိန်ပစ်လိုက်…. သတိပေးနေစရာ မလိုဘူး…”

“ ကောင်းပြီလေ…”

အသားညိုညို အဖွဲ့ခေါင်းဆောင်နှင့် အခြားသော စစ်သားတစ်ယောက်မှ သူတို့၏ ရိုင်ဖယ်များကို ပခုံးနှင့် ထိန်း၍ လင်းရီနှင့် စွေ့ချန်တို့အား ချိန်ရွယ်ထားလိုက်သည်။ သူတို့ ဘယ်အချိန် ပစ်မလဲဆိုတာကို မည်သူကမျှ မသိရှိချေ။ ယင်းက ခန္ဓာကိုယ် တုံ့ပြန်မှုကို အကောင်းဆုံး စမ်းသပ်နိုင်သည့် သော့ချက် ဖြစ်၏။

ဘန်း…

အသားညိုညို အဖွဲ့ခေါင်းဆောင်မှ သတိပေးခြင်း မရှိပါဘဲနှင့် ပထမတစ်ချက် ပစ်ခတ်လိုက်၏။ တိကျသည့် အချိန်အခိုက်အတန့်တွင်ပဲ လင်းရီ သူ၏ ညာဘက် မီတာဝက်သို့ နေရာရွေ့လိုက်သည်။ ကျည်ဆံက သူ၏ မျက်နှာနား ပွတ်ကာသီကာ ရှပ်၍ ပျံသန်းသွားခဲ့ပြီး လင်းရီ လေဝှေ့သံကိုပင် ကြားလိုက်ရ၏။

“ သောက်ကျိုးနည်း သူ တကယ်ကြီး ရှောင်လိုက်တယ်…”

ကြည့်နေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။ လေ့ကျင့်ရေး ကျည်ဆံများက ကျည်ဆံအစစ်များလောက် မလျင်မြန်ဘူး ဆိုသော်ငြား ၎င်းတို့က လျင်မြန်နေစဲပင်။ သို့ဖြစ်သည့်တိုင် လင်းရီမှာ လွယ်လင့်တကူ အားသိပ်စိုက်ထုတ်ရခြင်း မရှိပါဘဲနှင့် ရှောင်ရှားပြသွားလေသည်။

ဒီကောင်က စူပါမန်းလား…

ဘန်း…

တစ်ချိန်တည်းတွင် နောက်ထပ် တပ်သားတစ်ဦးမှ ခလုတ်ကို ဆွဲလိုက်၏။ စွေ့ချန် တုံ့ပြန်မည့်ဟန် ပြင်နေစဲမှာပဲ ကျည်ဆံမှာ သူ့နဖူးထက် တည့်တည့်လာမှန်ပြီး အနီရောင် မီးခိုးငွေ့များ ထုတ်လွှတ်နေတော့၏။

စွေ့ချန် ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့တော့၏။ အကယ်၍ ကျည်ဆံ အစစ်သာ ဖြစ်ခဲ့မည် ဆိုပါက….

ဂလု .. သူ ဆက်မတွေးဝံ့တော့ချေ။

တစ်နည်းဆိုရသော် သူ ရှုံးနိမ့်သွားခဲ့ချေပြီ။

စွေ့ကျီကျိုးနှင့် စွေ့ရှန်တို့မှာ ပကတိ ပြောစရာ စကား ကင်းမဲ့နေခဲ့ကြပြီး မယုံကြည်နိုင်စွာ ငေးမောနေခဲ့ကြသည်။

အဲ့တာက ကျည်ဆံလေ… ရှောင်နိုင်တဲ့လူ ဘယ်သူရှိလို့…

လုပေချိန်ကတော့ ဖြစ်ပျက်သမျှကို သူ မျှော်လင့်ထားပြီးဖြစ်ဟန် အေးဆေးတည်ငြိမ်သည့် အမူအရာကို ထိန်းသိမ်းထားလျက် ရှိသည်။

“ ဘယ်… ဘယ်လိုလုပ်တာလဲ…” စွေ့ချန် တုန်လှုပ်စွာ မေးမြန်းလာခဲ့၏။

“ ကျည်ဆံထက် ပိုမြန်အောင် ရှောင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ…”

စွေ့ချန် သူ့အရည်အချင်းကို သံသယ မဝင်မိ။ အကယ်၍ A သို့မဟုတ် B အဆင့် ကျွမ်းကျင်သူများပင် ကျည်ဆံကို ရှောင်ရှားဖို့ဆိုသည်က လုံးဝ မဖြစ်နိုင်ချေ။ ယင်းက ဖြစ်နိုင်သည် ဆိုတာထက်ကို ကျော်လွန်နေပြီးဖြစ်၏။

“ ဒါပေါ့… ငါက ကျည်ဆံထက် ဘယ်လိုလုပ်ပြီး ပိုမြန်မှာ..” လင်းရီ အပြုံးတစ်ချက်ဖြင့် တုံ့ပြန်လိုက်ပြီး “ ငါက စူပါမန်းမှ မဟုတ်ပဲ…”

“ ဒါဆို ဘယ်လိုလုပ်လိုက်တာလဲ…”

“ သူ ခလုတ်ကို ဆွဲတော့မယ့်အချိန်မှာ ချက်ချင်း တုံ့ပြန်လိုက်တာ…”

စွေ့ချန် နားမလည်နိုင်သေးသည့် အမူအရာဖြင့် “ ဒါပေမယ့် ဘယ်လိုလုပ်ပြီးတော့လဲ…”

“ တစ်ယောက်ယောက် ပစ်တော့မယ် မပစ်ဘူးဆိုတာကို သူတို့ မျက်နှာက လှုပ်ရှားမှု အသေးစိတ်ကို ကြည့်ပြီး ခန့်မှန်းလို့ရတယ်… ပြီးရင် သူတို့လက်နားက လှုပ်ရှားမှုကို အာရုံစိုက်… စက္ကန့်ဝက်ကနေ တစ်စက္ကန့်လောက် စောပြီး လှုပ်ရှားတာက မင်းကို ကျည်ဆံကနေ ရှောင်စေနိုင်လိမ့်မယ်....”

လင်းရီ၏ ရှင်းပြချက်က လူတိုင်းကို မေးရိုးကြီးများ ပြုတ်ကျသွားစေခဲ့တော့၏။ သူတို့အတွက် နည်းပညာ အသစ်များ ပြည့်နှက်နေသည့် တံခါးအသစ်တစ်ချပ် ဆွဲဖွင့်မိလိုက်သကဲ့သို့ပင်။

ဤသည်က လျင်မြန်မှုကို စမ်းသပ်စစ်ဆေးရုံမျှမကဘဲ စိတ်ကို စမ်းသပ်စစ်ဆေးခြင်းလည်း ဖြစ်၏။

သန်မာလွန်းတယ်....

“ အံ့ဩစရာပဲ… ငါ ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်..” စွေ့ချန် ကျေကျေနပ်နပ် အရှုံးပေးလိုက်၏။ သူ ထင်ထားသည်မှာ လုံလောက်အောင် လျင်မြန်သည်နှင့် ပြီးပြည့်စုံသည်ဟု မှတ်ယူထားသော်လည်း အခြားအရာများလည်း ရှိနေသေးလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။ ထို့ကြောင့် သူ၏ လင်းရီအပေါ် ရှုံးနိမ့်မှုအပေါ် စောဒကတက်နေစရာ အကြောင်း မရှိချေ။

“ မင်း ကျေနပ်ရင် ပြီးတာပဲ..”

“ ဒီတစ်ခု ရှုံးတယ်ဆိုပေမယ့် နောက်တစ်ခု… ခွန်အား စမ်းသပ် စစ်ဆေးမှုမှာတော့ ဘယ်သူ အနိုင်ရမလဲဆိုတာ မသေချာသေးပါဘူး…”

All Chapters