လျှို့ဝှက် အထောက်အထား
Vol. 83 Ch. 1240
‘အား…..’
သူတို့ အားလုံး ချိန်လီ နှာခေါင်းအုပ်၍ မြေပြင်သို့ အော်လျက် လဲကျသွားသည်ကို မြင်တွေ့လိုက်ရသည်။
ဝမ်ရန်နှင့် ကျန်သူများ အံ့အားသင့်သွားခဲ့ကြ၏။
သူတို့ထင်ထားသည်က လင်းရီ ဆိုသည်မှာ ဘောမရှိသည့် ငမြောက် ငခြောက်ကလေးပင်။ သို့သော် မျက်ခွက်တည့်တည့်ကို လက်သီးနှင့် ပစ်ထိုးလာသည်အထိ ရဲတင်းနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
သူတို့ ဆယ်စက္ကန့်ကျော် ကြာသည်အထိ သတိပြန်မဝင်နိုင်သေးဘဲ ရှိနေကြလေသည်။
အဝေးတွင် ကြည့်နေသည့် ကျန်းပေါ်ထျန်းကတော့ တဟားဟား ရယ်မောလိုက်ရင်း သူ့ကိုယ်သူ ယခုလို ရေရွတ်လိုက်၏။
“ မင်းတို့လို ကျပ်မပြည့်တဲ့ ကောင်တွေကများ ခေါင်းဆောင်လင်းကို သွားလှောင်ရယ်နေကြတယ်ပေါ့.. သေပန်းပွင့်ချင်နေကြပြီနဲ့ တူတယ်…”
“ ချိန်….”
ဝမ်ရန် အရင်ဦးဆုံး သတိလည်လာခဲ့ပြီး ချိန်လီကို မတ်တပ်ရပ်ရန် သွားရောက် ကူညီပေးလိုက်သည်။
“ တစ်ယောက်ယောက် တစ်သျှူးရှိကြလား… မြန်မြန်လေး…”
“ ငါ့မှာ နည်းနည်း ရှိတယ်…” ဝမ်ရန်၏ ကောင်မလေးမှ အိတ်ထဲရှိ တစ်သျှူးအနည်းငယ်ကို အလျင်အမြန် ထုတ်ပေးလိုက်ပြီး ချိန်လီ၏ မျက်နှာရှိ သွေးများအား စတင်သုတ်ပေးတော့၏။
“ ချိန်… သားရီး အဆင်ပြေလား… မင်း တောင့်ခံနိုင်သေးလား…”
“ ငါ ရတယ်…” ချိန်လီ တီးတိုးရေရွတ်လိုက်ရင်း ဦးနှောက်ကြည်အောင် ခေါင်းကို ခါရမ်းနေလိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်ပြီးမှ မတ်တပ်ရပ်လိုက်၏။
“ ချီးတဲ့မှ… အားလုံး… အဲ့ကောင်လက်ကို ချိုးကြစမ်း…”
ချိန်လီ၏ အမိန့်ပေးမှုအောက်တွင် သူ့လူများမှ လင်းရီသံ ညာသံပေး ပြေးတက်လာခဲ့ကြ၏။ “ သူ့ကို ချကြဟေ့….”
လင်းရီ တည်ငြိမ်စွာ မတ်တပ်ရပ်နေလျက် ရှိပြီး သူ့နား အနီးဆုံး ရောက်လာမည့် တစ်ယောက်ကို စောင့်ဆိုင်းနေသည်။ ထို့နောက် ငနဲသား၏ ဆံပင်ကို ဆွဲစု၍ ဒူးနှင့် မျက်ခွက် မိတ်ဆက်ပေးလိုက်၏။
ခရက်…
အရိုးအက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး သွေးများက မျက်နှာထက် စီးကျလာခဲ့ကာ မြေပြင်သို့ ပုံလျက်သား လဲကျသွားခဲ့တော့သည်။
နေရာတွင် မလှုပ်မယှက် လဲလျောင်းနေပြီး သူ၏ အခြေအနေကလည်း မသေချာပေ။
ဤမြင်ကွင်းက လူတိုင်းကို ရှော့ခ်ရသွားစေခဲ့ပြီး ညာသံပေး ချီတက်သံများအား တိတ်ဆိတ်သွားစေခဲ့သည်။
ချိန်လီနှင့် သူ့အဖွဲ့သားများအားလုံး အေးခဲနေပြီး ဆက်လက်၍ တစ်လက်မပင် မရွေ့လျားရဲကြတော့ချေ။ ဤကောင်က သူတို့ ထင်ထားသည်ထက်ကို ကြမ်းနေတော့၏။
မည်သူကမျှ လင်းရီအနား ချဉ်းကပ်မလာရဲကြပဲ မြေပြင်သို့ လဲကျသွားသည့်လူနှင့် ကြမ္မာသွားတူမည်ကို စိုးရွံ့နေကြလေသည်။
“ ဟ… ဘာလို့ ရပ်နေကြတာတုန်း…” လင်းရီ တည်ငြိမ်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဘာလဲ.. ကြောက်သွားပြီလား… ခုမှတော့ ရှက်မနေကြပါနဲ့…”
သူ အသီးဆိုင်သို့ ပြန်သွားပြီး ဖရဲသီးခွဲဓားကို ကောက်ယူလိုက်သည်။
“ မင်းတို့ကောင်တွေ ငါ့ကို လက်ဗလာနဲ့ မနိုင်မှာ ကြောက်ရင် ဓားသုံးလို့ရတယ်…. ငါ မင်းတို့ကို အနိုင်ကျင့်တယ်ဆိုတဲ့ ပုံစံကြီး မမြင်ချင်ဘူး…”
သို့သော် လင်းရီလက်ထဲရှိ ဓားကို မြင်သည်နှင့်ပင် ချိန်လီနှင့် ကျန်သူများအား ခြေထောက်မခိုင်ချင်အောင် ပြုလုပ်နေတော့သည်။ မည်သူကမျှ သွားမယူရဲကြချေ။
“ ငကြောက်တွေ…” လင်းရီ ချိန်လီကို လွင့်ထွက်သွားအောင် ကန်ကြောက်လိုက်ပြီး “ ဒီက အခွင့်အရေး ပေးတယ်…. ဒါတောင် မင်းတို့က မယူရဲကြဘူး…”
“ ငါတို့ အရှုံးပေးတယ်…” ချိန်လီ ပြောလိုက်၏။ သူ၏ အံကို တင်းတင်းကြိတ်လျက် “ ကြေပြီပဲ ထားလိုက်တော့… ငါ့လူတွေကို သွားခွင့်ပေးလိုက်..”
“ မင်းတို့ကောင်တွေ သွားလို့ရတယ်… ဒါပေမယ့် အရင်ဆုံး ပိုက်ဆံပေးရမယ်..” လင်းရီ တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး “ မင်းတို့ ကန်ကျောက်ပြီး ဖျက်စီးသွားတာက ဘာရယ်မဟုတ်ပေမယ့် ငါ့အသီး ကတ်တီ ၆၀ ကျော် ဆုံးရှုံးသွားတယ်… ဒီတော့ ယွမ် ၁၈၀,၀၀၀ ကျမယ်… ငွေသားနဲ့ ရှင်းမလား… ကျူအာပေးနဲ့လား….”
“ ဘာ….”
ချိန်လီနှင့် ဝမ်ရန်တို့ ကြက်သေသေသွားခဲ့ကြပြီး သူတို့ ရန်ဖြစ်နေကြသည်ဆိုတာကိုတောင် မေ့လျော့သွားခဲ့ကြသည်။
“ မင်း အသီးတွေ အဲ့လောက် တန်ကြေးရှိတယ် ဆိုတာ မဖြစ်နိုင်ဘူး… မင်း ငါတို့ကို တမင် ဈေးတင်နေတာ..” ချိန်လီ ဆန့်ကျင် ဆန္ဒပြလိုက်၏။
“ ဈေးတင်တာလား…” လင်းရီ မခိုးမခန့်ပြုံးလိုက်ပြီး “ တစ်ကတ်တီကို ယွမ် ၃,၀၀၀ ပါလို့ ငါ မင်းတို့ နာလပိန်းတုံးတွေကို ရှင်းပြခဲ့ပြီးပြီ… ဘာလို့ ဈေးတင်ရမှာ…”
“ ချီးတဲ့မှ မင်းငါတို့ကို သောက်ရူးများ မှတ်နေလား… ငါ နေလာတာ ဒီလောက်ကြာနေပြီ ဒီလောက်ဈေးကြီးတဲ့ အသီး တစ်ခါမှ မကြားဖူးဘူး…”
“ ကောင်းပြီလေ.. ရတယ်.. ငါပေးမယ်… ဒါပေမယ့် တစ်ကတ်တီကို ယွမ် ၁၀၀ပဲ… သည့်ထက် ပိုရမယ် မထင်နဲ့…”
“ မင်းတို့ကောင်တွေက လူစကား နားမလည်ကြတာလား…” လင်းရီ နှာခေါင်းရှုံ့လိုက်ပြီး “ ငါ ရောင်းနေတဲ့ အသီးက တစ်ကတ်တီ ယွမ် ၃,၀၀၀ တန်တာကို မင်းတို့က ယွမ် ၁၀၀ တည်းပေးမယ်… မင်းခေါင်းက မြည်းကန်ခံထားရထားတာလား…”
“ သောက်ပေါက်တတ်ကရတွေ လာပြောမနေနဲ့… မင်း ငါတို့ကို ရိုက်စားလုပ်ချင်နေတာ…” ချိန်လီ ပြန်လည်ချေပ၍ လင်းရီကို လက်ညိုးထိုးလိုက်ပြီး “ ငါပြောလိုက်မယ်… ငါတို့ မင်းကို မယှဉ်နိုင်တိုင်းနဲ့ မင်းကို ကြောက်တယ်များ ထင်မနေနဲ့… မင်းကို မကိုင်တွယ်ချင်လို့ ဒီအတိုင်း အသာနေရုံလေးတင်ပဲ…”
“ ဟားဟား….”
“ ဒါဆိုလည်း ငါ့ကို လာပြီး ကိုင်တွယ်လှည့်လေ…”
“ ငါ ဒီကိစ္စ အာဏာပိုင်တွေနဲ့ ဖြေရှင်းမယ်…”
“ ငါ ထင်နေတာ မင်း အကြီးကြီးတွေများ လုပ်တော့မှာလားပေါ့.. လက်စသတ်တော့ မင်း တတ်တာ ရဲခေါ်တာပဲလား…”
“ ဆင်ခြေတွေ လာပြီး ပေးမနေနဲ့…” ချိန်လီ အော်ပြောလိုက်ပြီး “ ငါ မင်းကို ပြောလိုက်မယ်… ဒါ တရားဥပဒေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်း… မင်းငါ့ကို ကိုယ်ထိလက်ရောက် စော်ကားရုံတင် မကသေးဘူး ငွေလည်း ညစ်နေသေးတယ်… ဒါ မင်းကို ထောင်ထဲထည့်ဖို့ လုံလောက်တာထက်ကို ပိုတယ်…”
“ ငါ တခြား ဘာမှတော့ မပြောရဲဘူး… ဒါပေမယ့် မင်း ငါ့ကို ယွမ် ၁၈၀,၀၀၀ အလျော်မပေးဘဲနဲ့တော့ ဒီက ထွက်သွားနိုင်မယ် မထင်နဲ့…”
ချိန်လီ နှာခေါင်း အုပ်ထားလျက် သုံးလေးလှမ်းခန့် နောက်ဆုတ်မိသွားခဲ့သည်။ လင်းရီ သူ့အား ရုတ်တရက် လာရောက် တိုက်ခိုက်မည်ကို ထိတ်လန့်လို့နေသည်။
“ ငါ ရှင်းအောင် ပြောလိုက်မယ်… ငါ အဲ့လောက်ထိ မပေးနိုင်ဘူး… မင်းလိုချင်ရင် ယွမ် ၆,၀၀၀ ရမယ်… အဲ့တာ အာဏာကုန်ပဲ.. ယူချင်ယူ … မယူချင်နေ… မယူရင်လည်း မင်း မရဘူးပေါ့….”
“ ဒါဆိုလည်း မင်း ရဲတွေ ခေါ်တော့လေ… ဒီကိစ္စ မျှမျှတတနဲ့ ဆုံးဖြတ်ကြတာပေါ့…”
ချိန်လီ နှာခေါင်းရှုံ့လိုက်၏။ “ သူတို့က မင်းဘက်ကနေ ရပ်တည်ပေးမယ်လို့များ မင်းထင်နေတာလား… မင်းလို မသမာတဲ့ကောင်ကိုလေ…” ၎င်းနောက် ထပ်ပေါင်း၍ “ ပြီးတော့ မင်းငါ့ကို ဒီလိုဖြစ်အောင် ထိုးနှက်ထားတယ်ဆိုတာလည်း မမေ့နဲ့… တရားစွဲခံရဖို့ ပြင်ထားလိုက်..”
လင်းရီ လက်ဟန်ပြုလျက် “ ပြောနေတာတွေ ရပ်ပြီး မင်း ခေါ်စရာ ရှိတာ ခေါ်လိုက်တော့…”
ချိန်လီ ဖုန်းထုတ်၍ ရဲစခန်း နံပါတ်အား နှိပ်လိုက်၏။
“ ဟယ်လို … ကျွန်တော် တစ်ခု တိုင်ကြားချင်လို့ပါ…” သူ ပြောလိုက်ပြီး “ ကျွန်တော်အခု ဝမ်ဖူကျင်လမ်းရဲ့ မြောက်ပေါက်က မက်ဒေါ်နယ်ဆိုင်နားမှာပါ… ဒီမှာ အသီးသည်တစ်ယောက်က လူကို ရိုက်နှက်ပြီး ငွေလည်း ညစ်နေပါတယ်… သူပြောတာ အသီးက တစ်ကတ်တီကို ယွမ် ၃,၀၀၀ ပေးရတယ်ဆိုပြီး ကျွန်တော့်နား ယွမ် ၁၈၀,၀၀၀ တောင်းပါတယ်… ကျွန်တော်က ငြင်းတော့ လူကို ထိုးပါတယ်… အဆခြအနေက အရမ်းကို အန္တရာယ် များနေပြီ... အရာရှိကြီးတို့ အမြန်လာဖြေရှင်းပေးပါဦး…”
“ ဟုတ် ဟုတ်… ကျေးဇူးပါ.. ကျွန်တော်တို့ စောင့်နေပါ့မယ်…”
ဖုန်းချပြီးနောက် ဝမ်ရန် အနားရောက်လာပြီး “ ချိန်… ဟိုက ဘာပြောလဲ…”
“ သူတို့ပြောတာ အခု လမ်းမှာ ရောက်နေပြီတဲ့ … “ ချိန်လီ ပြောလိုက်ပြီး “ ဒီ အနီးနား စခန်းတစ်ခုကနေ လူလွှတ်လိုက်မယ် ထင်တယ်… သိပ်မဝေးဘူး… သုံးကီလိုမီတာလောက်ပဲ… ဒီကို မိနစ်ပိုင်းအတွင်း ရောက်တယ်…”
“ သူတို့ ဒီကိစ္စ ပြင်းပြင်းထန်ထန် ကိုင်တွယ်ကြလောက်လား…”
“ သေချာပေါက်ပဲပေါ့….” ချိန်လီ ပြောလိုက်ပြီး “ သူတို့ လေသံ နားထောင်ကြည့်ရသလောက်တော့ အတော်လေး ဒေါသထွက်နေတဲ့ပုံပဲ… ပြီးတော့ မင်း မမေ့လိုက်နဲ့… ဝမ်ဖူကျင်လမ်းဆိုတာ ရန်ကျင်းမြို့ရဲ့ အထင်ကရ နေရာတစ်ခု… ရန်ကျင်းရဲ့ မြိုမျက်နှာတစ်ခုဆိုရင်လည်း မမှားဘူး… ဒီမှာ ပြဿနာရှာတဲ့ အကျိုးဆက်က ကြောက်ဖို့ကောင်းလောက်အောင်ကို ကြီးတယ်… သူတို့ ထိထိရောက်ရောက်ကို အရေးယူမှ ရမှာ…”
“အဲ့တာ ဟုတ်တယ်… ပြီးတော့ သူက တစ်ကတ်တီကို ယွမ် ၃,၀၀၀ တောင်းနေလိုက်သေး.. ဒီလိုမျိုး မတန်မဆ ဈေးတင်ရောင်းနေတဲ့ကောင်ကို လွယ်လင့်တကူ ပြန်လွှတ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး…”
ထိုစဉ် အဝေးမှနေပြီး အခြေအနေကို အကဲခတ်နေသည့် ကျန်းပေါ်ထျန်းမှ ကားကို နောက်သို့ အနည်းငယ် ဆုတ်ထားလိုက်၏။ သူ ဤကိစ္စကို ပေါက်ကွဲ မထွက်လာခင် ကိုင်တွယ် ဖြေရှင်းရပေမည်။
မိနစ် အနည်းငယ်ကြာပြီးနောက် သူ ရဲကား တစ်စင်း ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ကျန်းပေါ်ထျန်း လမ်းပေါ်သို့ တက်၍ ထိုကားကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
“ ဟုတ်ကဲ့ လူကြီးမင်း… ဘာများ ကူညီပေးရမလဲ…” ရဲသားတစ်ဦးမှ မေးလိုက်၏။
“ မင်းတို့က ရှေ့က ရန်ပွဲအတွက်နဲ့ ရောက်လာတဲ့ လူတွေလား..”
“ ဟုတ်တယ်… တကယ်လို့ ထွေထူး ကိစ္စ မရှိဘူးဆိုရင် လမ်းဖယ်ပေးပါ…ကျွန်တော်တို့ တာဝန်အရမို့ပါ…”
“ ငါ မင်းတို့ကို တစ်ခု ပြောချင်တာလေးရှိလို့ … ခဏလောက်ပါပဲ…”
ကားထဲရှိ ရဲ အရာရှိ နှစ်ဦးမှာ ကြက်သေသေသွားခဲ့ကြလေသည်။
“ ပြဿနာ မရှာနဲ့… မဟုတ်ရင် တာဝန်နှောင့်ယှက်……..”
ရဲအရာရှိ စကားပြောလို့ မဆုံးသေးခင်တွင်ပဲ ကျန်းပေါ်ထျန်း ထုတ်ပြလာသည့် အိုင်ဒီကြောင့် သူ့စကားတို့ တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားခဲ့ရသည်။
ထို့နောက် မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့တော့၏။
စစ်တပ် အရာရှိကြီးလော….။
“ သံသယ ရှိစရာ မလိုဘူး… ငါ့ အိုင်ဒီက အစစ်… မင်းတို့ ဘေးခဏလောက် ကပ်ရပ်လို့ရလား… ငါ မင်းတို့နဲ့ စကားနည်းနည်းလောက် ပြောချင်လို့…”
အရာရှိကြီး နှစ်ဦးမှ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လေးနက်သည့် အခြေအနေကို သတိပြုမိလိုက်ကြသည်။ သူတို့ ကားကို ဘေးကပ်ရပ်၍ အပြင်သို့ ထွက်လာပြီး အိုင်ဒီကို စစ်ဆေးကြည့်လိုက်ကြ၏။
“ အလေးပြုပါတယ် ဆရာ…”
သူတို့ နှစ်ယောက်လုံး အလေးပြု၍ အိုင်ဒီ၏ စစ်မှန်မှုအား လက်ခံလိုက်ကြလေသည်။
“ ရဲနဲ့ စစ်သားဆိုတာ တစ်မိသားစုတည်းသားချင်းတွေပဲ.. အလေးပြုနေစရာ မလိုပါဘူး… “ ကျန်းပေါ်ထျန်း အပြုံးတစ်ပွင့် ဖြင့် ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ ဒီရောက်လာခဲ့တာ တိုင်ကြားခံထားရတဲ့ ရန်ဖြစ်တဲ့ ကိစ္စကြောင့် ဟုတ်တယ်ဟုတ်…”
“ ဟုတ်တယ်.. အသီးရောင်းတဲ့လူ တစ်ယောက်က လူကို ငွေညစ်ရုံတင် မကသေးဘူး… ကိုယ်ထိလက်ရောက် ပြစ်မှုတွေလည်း ကျူးလွန်နေတယ် ဆိုလို့ပါ… ကျွန်တော်တို့ အဲ့ကိစ္စ သွားကိုင်တွယ်ကြမလို့…”
“ အင်း… အဲ့ အသီးရောင်းတဲ့လူက သာမန်မဟုတ်ဘူးကွ… သူ့အထောက်အထားက ထူးခြားတယ်… ထိပ်တန့်လျှို့ဝှက်ချက်လို့တောင် ပြောလို့ရတယ်… ဒီလောက်ဆို မင်းတို့ ဘာလုပ်ရမလဲ သဘောပေါက်ပါတယ်…”