← Chapters

အရှိန်အဝါ

Vol. 83 Ch. 1243

အရှိန်အဝါ

Vol. 83 Ch. 1243

“ ကောင်းပြီလေ… ဒါဆိုလည်း အန်တီရှန်း ပြောတဲ့ အတိုင်းပဲပေါ့..”

ပြောပြီးနောက် လင်းရီ ဆိုင်ကို စတင်သိမ်းဆည်းတော့သည်။

ရှန်းရှုရီနှင့် ချင်ရင်ယွဲ့တို့မှာ ဘေးတွင် အသာတကြည် ရပ်နေရင်း အလျင်လိုခြင်း ကင်းမဲ့နေသည်။

“ နင် နည်းနည်း မလွန်လွန်းဘူးလား…” ချင်ရင်ယွဲ့ မခံချိ မခံသာ ဖြစ်စွာ ပြောလိုက်ပြီး သူ့သားဘက်မှ နေ၍ မကျေမနပ် ဖြစ်နေသည်။

“ ဟင်… ဘာလို့… ငါက နင့်ကို ဒီတိုင်း သူ့လက်ရာ စားစေချင်လို့ပါဟယ်… ငါကြားတာတော့ သိပ်အရတာ ရှိတာတဲ့နော်…”

“ နင် စောင့်နေ… ငါ မီလိလေးနဲ့ တွေ့တဲ့အခါကျ သူ့ကိုလည်း ဟင်းပြန်ချက်ခိုင်းမယ်…”

“ ဂရုမစိုက်ပေါင် .. နင်လုပ်နိုင်ရင် လုပ်ပေါ့…” ရှန်းရှုရီ ဘဝင်ခိုက်နေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။

မကြာမီ လင်းရီ သူ၏ ပစ္စည်းပစ္စယတို့အား သိမ်းဆည်း၍ ပြီးသွားခဲ့လေပြီ။

“ အန်တီရှန်း… ကျွန်တော်တို့ ဘယ်မှာ သွားစားကြမှာ…”

“ ဒီနဲ့ နီးနီးလေးရယ်…. ငါတို့နောက်ကနေသာ လိုက်ခဲ့…”

“ အိုကေ…”

သုံးယောက်သား ကားထဲ ဝင်လိုက်ကြသည်။ လင်းရီ ရှန်းရှုရီအနောက်မှ ဖြည်းညင်းစွာ မောင်းနှင်လာရင်း ဝမ်ဖူကျင်လမ်း၏ ဗဟိုဧရိယာဘက်ခြမ်းသို့ ရောက်ရှိလာခဲ့၏။

သို့သော် ထိုအခိုက်အတန့်တွင် Rolls Royce Cullinan တစ်စင်းသည်လည်း နောက်မှ တိတ်တဆိတ် လိုက်ပါလာလျက် ရှိသည်။ သို့ပေမယ့် အနီးနားတစ်ဝိုက်တွင် အခြားသော ကားများကလည်း ရှိနေသည်ဖြစ်ရာ တစ်စုံတစ်ယောက်က သူ့နောက်လိုက်နေသည်ကို လင်းရီ သတိမမူမိလိုက်ချေ။

ကားထဲတွင် လူနှစ်ယောက် ထိုင်နေပြီး ဒရိုင်ဘာကတော့ လင်းရီ ဆော်ပလော်တီးခဲ့ဖူးသည့် ချင်ရန်လင်း ဆိုသူပင်။

ကား၏ ခရီးသည်ထိုင်ခုံတွင် အနည်းငယ် အသက်ကြီးဟန်တူသည့် အမျိုးသားတစ်ဦးလည်း ရှိနေသေး၏။ ခိုင်မာ ပြတ်သားသည့် မျက်နှာပေါက်နှင့် ခန့်ညားသည့် ရုပ်ရည်ရှိသည်။ ဆံပင်ကို တိုတိုညှပ်ထားပြီး ညိုသော အသားအရေရှိ၏။ သူက ချင်ရန်လင်းထက် အနည်းငယ် အသက်ပိုကြီးသည့်ပုံ ပေါ်သည်။

သို့သော် အကယ်၍ တစ်စုံတစ်ယောက်မှ သတိထားကြည့်ကြည့်မည် ဆိုပါက သူ၏ ပုံပန်းသွင်ပြင်သည် ချင်ရန်လင်းနှင့် တစ်မျိုးတစ်ဖုံ သွားရောက်ဆင်တူနေသည်ကို သတိထားမိပေလိမ့်မည်။

အဆိုပါ အမျိုးသား၏ နာမည်က ချင်ရန်ဖူ ဖြစ်ပြီး ချင်ရန်လင်း၏ အကြီးဆုံး ဦးလေး၏ သားတစ်ယောက် ဖြစ်၏။ ယခင် ကျုံးဝေ့တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ချင်ရန်လင်း၏ အစ်ကိုကြီး တစ်ယောက်လည်း ဖြစ်လေသည်။

ကျုံးဝေ့တပ်ဖွဲ့၏ အသင်း ၄ တွင် ရှစ်နှစ်မျှ တာဝန်ထမ်းခဲ့ဖူးကာ နောက်ပိုင်းတွင် မိသားစု စီးပွားရေး လုပ်ငန်းများအား ဦးစီးရန်အတွက် တပ်ဖွဲ့မှ အနားယူသွားခဲ့၏။

အတိတ်က နိမ့်ကျသွားခဲ့သည့် ချင်မိသားသည် ယနေ့ အချိန်အခါတွင် ယခုလို အဆင့်အတန်းမျိုး ထိန်းသိမ်းထားနိုင်သည်က ချင်ရန်ဖူကြောင့်ဟု သွယ်ဝိုက်၍ မှတ်ယူမည်ဆိုပါကလည်း မှန်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် မိသားစုတွင်း အာဏာလွှမ်းမိုးမှုခြင်း ယှဉ်လျှင် သူက ချင်ရန်လင်ထက် အဆပေါင်းများစွာ သာလွန်အားကောင်းနေလေတော့သည်။

“ အဲ့တာလင်းရီ… ဟုတ်တယ်ဟုတ်..” ချင်ရန်ဖူ ဆေးလိပ်ကိုင်ထားရင်း အသံကိုနိမ့်ပြီး မေးလိုက်သည်။

ကားမောင်းနေသည့် ချင်ရင်လင်းမှ ခေါင်းညိမ့်ပြလိုက်၏။ “ ကျုံးဝေ့တပ်ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူရွေးနေတာဆိုတော့… သူ့ကြည့်ရတာ အဲ့ဒီ အတွက် ရောက်နေတဲ့ ပုံပဲ… ဒါပေမယ့် ဒီမှာ အသီးလာရောင်းနေမယ်လို့တော့ ထင်မထားဘူး…”

သူ၏ အမူအရာက တည်ငြိမ်နေသော်ငြား ထွက်လာသည့် စကားသံတို့ထဲတွင် အကန့်အသတ်မဲ့သည့် ဒေါသကို ခံစားကြည့်နိုင်သည်။

ယခင် တစ်ကြိမ်တုန်းက သူ လုံးလုံးလျားလျားကို အရှက်ကွဲခဲ့ရသည်။ သူ လုပေချိန်ထံ သွားပြီး ဤကိစ္စကို ငြင်းခုန်ချင်ပါသော်လည်း ဘော်လီဘော အပုတ်ခံလိုက်ရလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။

လုပေချိန်ဆိုသည့် သေခါနီးကြီးက လင်းရီကို ကာကွယ်ပေးနေသည်မှာ ထင်ရှားလှသည်။

“ ကဲပါ… မင်း စိတ် အေးအေးထားစမ်းပါဦး…” ချင်ရန်ဖူ ပြောလိုက်ပြီး “ ငါတို့ရဲ့ ဒီနေ့ ဦးစားပေးက ငါတို့ရဲ့ ဒေါ်လေးကို ပြန်ခေါ်ဖို့… လင်းရီ ကိစ္စကို ခုလောလောဆယ် ဘေးချိတ်ထားလိုက်..”

“ အဲ့လိုဆိုရင်တောင် သူတို့သုံးယောက် အတူစုပေါင်းပြီး ရှိနေတာကို ငါတို့ကို လှုပ်ရှားဖို့ ခက်ခဲစေတယ်…”

ချင်ရန်ဖူ မှန်တံခါးချ၍ ဆေးလိပ်ပြာကို အပြင်တောက်ထုတ်လိုက်ပြီး “ လင်းရီက ပြဿနာ မရှိဘူး… အခွင့်အရေးရှိရင် ငါတို့ သူ့ကို အေးဆေး ကိုင်တွယ်လို့ရတယ်… ပြဿနာက ရှန်းရှုရီ… သူ့ကို ကိုင်တွယ်လို့ လွယ်မှာ မဟုတ်ဘူ.. လျန်မိသားစုရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် လုမိသားစုကလွဲလို့ ဘယ်သူမှ သူတို့ကို ဖိနှိပ်နိုင်တော့မှာ မဟုတ်ဘူး…. တကယ်လို့ ရှန်းရှုရီသာ အတင်းဇွတ်ဝင်ပါမယ်ဆိုရင် ပြဿနာတက်နိုင်တယ်…”

“ သူက လျန်မိသားစုရဲ့ ချွေးမ.. ငါတို့ ချင်မိသားစုရဲ့ အရေးထဲ ဝင်စွက်ဖက်နိုင်မယ် ထင်လား.. သူ့ကို ဘယ်သူက အဲ့လို အခွင့်အရေးမျိုး ပေးထားလို့လဲ…” ချင်ရင်လင် ဆန့်ကျင် ဆန္ဒပြလိုက်သည်။

“ သီအိုရီအရဆိုရင်တော့ မင်းပြောတာ မှန်တယ်.. ဒါပေမယ့် ငါတို့ မီးစင်ကြည့်ကရမှာပဲ… “ ချင်ရန်ဖူ ဆေးလိပ်ကို လွင့်ပစ်၍ ပြတင်းပေါက် ပြန်တင်လိုက်ပြီး “ မျက်ခြေမပြတ်စေနဲ့… ဒေါ်လေးက ဖမ်းရခက်တယ်.. ဒီတစ်ကြိမ် ပျောက်သွားခဲ့ရင် နောက်တစ်ကြိမ် ပြန်တွေ့ရဖို့ဆိုတာ မသေချာတော့ဘူး…”

“ နားလည်ပြီ..”

……

သုံးယောက်သား ကားကို အေးဆေးမောင်းလာပြီးနောက် ကားကို ထိုးရပ်ကာ ဓာတ်လှေကားစီး၍ ခြောက်လွှာသို့ တက်လာခဲ့သည်။

ဤသည်က အဆောက်အဦး၏ စားသောက်ဆိုင်များ တည်ရှိသည့် နေရာပင်။

ယခုက ညနေစာ စားချိန် ဖြစ်သဖြင့် လူသူလေးပါးဖြင့် ပြည့်ညပ်ကြပ်နေကာ ပုံမှန်မဟုတ် စည်းကားသိုက်မြိုက်နေသည်။

ရှန်းရှုရီ၏ ဦးဆောင်မှုအောက်သို့ လိုက်ပါလာရင်း လင်းရီတို့တတွေ ကွမ်းတုံဟိုင်ဟွေ့ဟူသည့် စားသောက်ဆိုင်ထံ ရောက်ရှိလာခဲ့ကြသည်။

ဆိုင်၏ ခေတ်ဆန်ကြော့မော့သည့် အပြင်အဆင်နှင့် အပြင်ဘက်တွင် စားပွဲတစ်လုံး ရနိုင်ရန်အတွက် ဒါဇင်ချီသော လူတို့ စောင့်ဆိုင်းနေသည်ကိုပါ ထည့်တွက်လိုက်တော့ ခမ်းနားကြီးကျယ်သည်ဟူသော ခံစားချက်မျိုးအား ရရှိနေစေသည်။

လင်းရီ ဤဆိုင်ကို သိသည်။ ကြည့်ရသလောက်တော့ ၎င်းဆိုင်က ဒေသတွင်းတွင် ဆိုင်ခွဲ အမြောက်အများ ဖွင့်လှစ်ထားသည့် ပုံပင်။ ကျိုးဟိုင်၌ပင် ဆိုင်အနည်းငယ် ရှိပြီး အရသာက အမှန်ပင် မဆိုးလှချေ။

“ ကြည့်ရတာတော့ လာတာ နောက်ကျသွားပြီထင်တယ်.. ရှေ့မှာ လူတွေ ဒီလောက် အများကြီးနဲ့ စောင့်မယ်ဆို ဆံပင်တွေပါ ဖြူသွားလောက်တယ်…” လင်းရီ ပြောလိုက်သည်။

“ ဒီ ခေါ်လာတာ ငါပါဟဲ့… နင်ကလည်း… ငါ ဘယ်သူလဲ နင်မသိဘူးလား..” ရှန်းရှုရီ မိမိုက်စွာ ပြောလိုက်၏။

လင်းရီ ပြုံးလိုက်သည်။ ဤသို့သော အရှိန်အဝါက အမှန်ပင် ထူးခြားလှပေသည်။

“ အန်တီတို့ လူဘယ်နှယောက်လဲ မသိဘူးရှင့်…”

အဝင်ဝတွင်ရှိသည့် စားပွဲထိုးမလေးမှ မေးမြန်းလာသည်။

“ သုံးယောက်…”

“ ဟုတ်ကဲ့… ဒါက အန်တီတို့ရဲ့ တိုကင်ကတ်ပါ..” စားပွဲထိုးမလေးမှ နံပါတ် ၄၉ ဟု အင်္ဂလိပ် အက္ခရာတို့ဖြင့် ရေးသားထားသည့် ကတ်ပြားတစ်ခုကို ကမ်းပေးလိုက်သည်။ “ အန်တီတို့ရှေ့မှာ လူ ဆယ့်နှစ်ယောက် ရှိသေးတယ်ဆိုတော့ နည်းနည်း စိတ်ရှည်ပေးကြဦးနော်…”

“ ငါက နင်တို့ဆိုင်ရဲ့ မန်ဘာတစ်ယောက်ပဲ… နင်တို့မှာ အရံထားထားတဲ့ အခန်းတွေ ရှိတယ်ဆိုတာ ငါသိတယ်..”

“ ဟင်… မန်ဘာတစ်ယောက်လား…”

စားပွဲထိုးမလေးမှ မယုံကြည်နိုင်ဖြစ်သွားခဲ့ပြီး ရှန်းရှုရီကို ခြေဆုံးခေါင်းဆုံး အကဲခတ်မိလိုက်သည်။

“ ဒါဆိုရင် အန်တီ့ရဲ့ မန်ဘာကတ် ပြလို့ရမလားရှင့်…”

“ ဒီမှာ…”

မန်ဘာကတ်နှင့် ပတ်သက်၍ မည်သည့် ပြဿနာမျှ မရှိကြောင်း သေချာတော့ စားပွဲထိုးမလေး၏ ကိုယ်နှုတ်အမူအရာသည် နဂိုကထက် ရိုကျိုးလာလေတော့သည်။

“ ဟုတ် မှန်ပါတယ်ရှင့်.. ဒီဘက် ကြွပေးကြပါ..”

“ ကျေးဇူးပဲ…”

လင်းရီ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ကာ စိတ်ထဲတွင် ယောက္ခမကြီးသာ အကောင်းဆုံးဟု လက်မထောင်ပြလိုက်၏။

သူမနှင့် ယှဉ်လိုက်ပါက သူဆိုသည်မှာ အများကြီး လိုအပ်နေသေးသည်။

“ ဟေ့ … အဲ့တာ ဘာသဘောတုန်းကွ…”

သုံးယောက်သား ဆိုင်ထဲ ဝင်တော့မည့် အချိန်တွင်ပဲ ရုတ်တရက် အော်ဟစ်လိုက်သည့် အသံကို အကုန်လုံး ကြားလိုက်ကြရသည်။

“ မင်းတို့ပြောတော့ အထဲမှာ စားပွဲမရှိတော့ဘူးဆို… ငါတို့ အားလုံး ဒီမှာ တန်းစီ စောင့်နေကြတာကို ဘာလို့ သူတို့ကို အရင်ဝင်ခွင့်ပေးလိုက်တာတုန်း…”

ထိုစကားကိုတော့ ပေါင် ၂၀၀ လောက်စီးမည့် လေးလုံးနှင့် သက်လတ်ပိုင်း လူတစ်ဦးမှ ပြောလိုက်ခြင်း ဖြစ်ပါသည်။

“ မင်္ဂလာပါ လူကြီးမင်း… ဒီရဲ့ ဧည့်သည်တော်က ကျွန်မတို့ဆိုင်ရဲ့ မန်ဘာမို့ပါ… ဆိုင်က မန်ဘာတွေအတွက် အမြဲတမ်း သီးသန့်ခန်း ထားထားပေးပါတယ်…”

“ မန်ဘာ ဟုတ်လား.. မင်း ဘယ်သူ့ကို ဟာသ လာလုပ်နေတာလဲ… ငါ ဒီမှာ လာစားဖူးတာ သုံးလေးကြိမ် မကတော့ဘူး… မင်းတို့ မန်နေဂျာ ပြောတာ ကွမ်းတုံဟိုင်ဟွေ့ မှာ ဘာ မန်ဘာစစ်စတမ်မှာ မရှိဘူးပြောတယ်.. အဲ့တာကို သူက ဘယ်လိုလုပ်ပြီး တစ်ခု ရသွားခဲ့ရတာ…”

“ အဟမ်း.. အဲ့တာက ကျွန်မတို့ဆိုင်ရဲ့ မန်ဘာကတ်ကို ရောင်းချတာမျိုး မဟုတ်ပဲနဲ့ အထူး လက်ဆောင်သဘောမျိုးပဲ ပေးလေ့ရှိတာကြောင့်ပါ…”

“ လက်ဆောင်… ဟုတ်လား.. မင်းတို့ ဘယ်အချိန် အဲ့လို ပြန်ပေးမှာ.. ဘယ်ဆိုင်မှာ မဆိုရော သုံးလို့ရလား.. ငါက အမြဲတမ်း အလုပ်ခရီး ထွက်နေကြဆိုတော့ ဖောက်သည်တွေကို ဆိုင်တွေမှာပဲ ဧည့်ခံဖြစ်လို့…”

“ အဲ့တာက ကြုံရာလူကို လက်ဆောင်ပေးတာ မဟုတ်ဘူး… ကျွန်မတို့ဆိုင်ရဲ့ မန်ဘာဖြစ်ဖို့ဆို လူကြီးမင်းမှာ အရည်အချင်းပြည့်မီတဲ့ အဆင့်အတန်း တစ်ခု ရှိထားဖို့ လိုတယ်… “ စားပွဲထိုးမလေးမှ ပြောလိုက်ပြီး “ ဒါကြောင့်မို့ လူသိနည်းကြတာ..”

သူမ၏ ရှင်းပြချက်ကို တစ်ဖက်သူ လက်ခံနိုင်မည်လော ဆိုတာ စားပွဲထိုးမလေးလည်း မသေချာပေ။ သူမသည်လည်း ယခုမှ ပထမဆုံး အကြိမ် VIP ဧည့်သည်တစ်ယောက်နှင့် တွေ့ဆုံဖူးခြင်းဖြစ်၏။

“ ဒီတော့ မင်းတို့ကောင်တွေက ငါ့ကို အဆင့် မရှိဘူးဆိုပြီး လာအထင်သေးနေတာလားကွ…” မှန်ကြောင်လူကြီးမှ လက်ညိုးထိုး အော်ဟစ်လိုက်ပြီး “ ငါ့ တစ်နှစ် ဝင်ငွေက ယွမ် တစ်သန်းကျော်တယ်.. အဲ့တာကို မင်းက ငါ့ကို အဆင့်အတန်းတွေ အကြောင်း လာပြောနေတာပေါ့.. မင်းရဲ့ သောက်လုံးတွေက အလကားတပ်ထားတာလား…”

“ အဲ့တာက….”

စားပွဲထိုးသမလေးမှာ မည်သို့ တုံ့ပြန်ရမှန်း မသိဖြစ်သွားခဲ့၏။ သူမ တစ်ခုခု ပြောလိုက်ပြန်လျှင်လည်း ကတ်စတန်မာကို စိတ်ညိုညင်သွားစေနိုင်သည်။

ရှန်းရှုရီ သူမအိတ်ကို ဖွင့်၍ သူမ၏ နာမည်ကတ်ကို သာမန်လျှံကာ ထုတ်လျက် “ ကျွန်မက ဟွာရန် အုပ်စုရဲ့ ဥက္ကဌ ရှန်းရှုရီ… တစ်ချက်ကြည့်လိုက်ပါဦး…”

“ ဟင်… ဟွာရန်အုပ်စုရဲ့ ဥက္ကဌ.. “ မှန်ကြောင် လူကြီးမှ အံ့အားသင့်သွားခဲ့ပြီး “ ဟွေ့… ဟွေ့ရှင်းလမ်းက ဟွာရန်အုပ်စုကို ပြောချင်နေတာလား..”

“ ဟုတ်တယ် .. အဲ့တစ်ခုပဲ…”

“ မင်… မင်္ဂလာပါ ဥက္ကဌရှန်း… ကျွန်တော်က…”

ပြောရင်းဖြင့် မှန်ကြောင်လူကြီးမှ သူ၏ လက်ကို ဆန့်ထုတ်၍ ကတ်ကိုယူရန် ဟန်ပြင်လိုက်သည်။ သို့သော်ငြားလည်း ရှန်းရှုရီမှ သူမလက်ကို ပြန်ရုတ်လိုက်ကာ နာမည်ကတ်ကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး တစ်ဖက်သူကို စကားပြီးဆုံးအောင် ပြောခွင့်မပြုချေ။

“ အခု ကျွန်မတို့ အထဲဝင်လို့ရပြီလား…”

လင်းရီ “ ??? “

ဒီလို အရှိန်အဝါမျိုး…

စောက်ရမ်း လန်းတယ်…

All Chapters