← Chapters

အခန်း (၁၄၁၅)

Vol. 102 Ch. 1415

အခန်း (၁၄၁၅)

Vol. 102 Ch. 1415

မိသားစုခေါင်းဆောင်ဖြစ်သော လုချန်းယွဲ့၏မျက်လုံးများက ထက်မြိသောအလင်းဖြင့် တောက်ပနေသည်။ သူက စဉ်းစားကြည့်လိုက်ပြီး လက်ဟန်ပြသည်။

“ကောင်းကင်ဖိအားကို အသက်ရှုကြိမ်တစ်ရာအထိ ဖြေလျော့မယ်”

“ဖိအားကို ဖယ်ရှားလိုက်ရင် အလင်းတန်းကုန်းမြေမှာရှိတဲ့ တခြားလူတွေအားလုံးက အာရုံခံမိလိမ့်မယ်”

အကြီးအကဲတစ်ယောက်က မှတ်ချက်ချသည်။

“လေဟာနယ်မှာရှိနေတဲ့ လူတွေကလည်း အလင်းတန်းကုန်းမြေရဲ့ တည်ရှိမှုကို ခံစားနိုင်လိမ့်မယ်”

နောက်ထပ် အကြီးအကဲတစ်ယောက်က ဆက်ပြောသည်။

“စစ်ကူရောက်လာတဲ့ လူအများအပြားက တခြားနေရာတွေမှာ လမ်းပျောက်နေကြတယ်”

“အနည်းဆုံး အကြီးအကဲအယောက်နှစ်ဆယ်က လေဟာနယ်ထဲမှာ ရှိနေတယ်။ သူတို့ကို လမ်းပြပေးဖို့ လိုအပ်တယ်”

ဖိအားကို ဖြေလျော့လိုက်လျှင် သူတို့က ပြန့်ကျဲနေသော အကြီးအကဲနှင့် စစ်ကူများကို အချက်ပြနိုင်လိမ့်မည်။

သို့သော် ထိုသို့ လုပ်လိုက်လျှင် ကန်အန်းမျိုးနွယ်၏ အင်အားစုများကလည်း ဤနေရာသို့ ရောက်လာကြလိမ့်မည်။

ထိုသို့ဆိုလျှင် အခြေအနေကိုပြောင်းလဲရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

“ဖိအားကို ရုတ်သိမ်းလိုက်။ အစွမ်းကုန်ထုတ်သုံးကြတာပေါ့”

လုချန်းယွဲ့က ပြတ်သားစွာ ဆုံးဖြတ်သည်။

“အဲဒါဆိုရင် ဖိအားကို ရုတ်သိမ်းလိုက်တော့မယ်”

လုချန်းယွဲ့၏ဘေးတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး လက်ဟန်ပြသည်။

“ဘုန်း”

သောင်းချီသော ရွှေအလင်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

ရွှေအလင်းက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသောအခါ အလင်းတန်းကုန်းမြေ၏ တိမ်တိုက်များသည် လေပြင်းနှင့်အတူ လှုပ်ရှားလာကြသည်။

မရေမတွက်နိုင်သော အလင်းစီးကြောင်းများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် သွယ်ယှက်နေပြီး သက်တံရောင်အလင်းကို ဖြစ်ပေါ်စေသည်။

မရေမတွက်နိုင်သော ကြယ်များသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

လောကကြီးတစ်ခုလုံးက ကြည်လင်သွားသည်။

“ဝီ”

ကန်အန်းမျိုးနွယ်ဝင်များ၏ ရွှေတောင်ပံသည် လှုပ်ခါနေပြီး ကောင်းကင်ကို လွှမ်းမိုးလိုက်သည်။

ကောင်းကင်ဖိအား မရှိသောကြောင့် တောင်ပံခြောက်ခုကန်အန်းများ၏ စွမ်းအားသည် လေဟာနယ်ကို စုတ်ဖြဲနိုင်သည်။

ဤနေရာတွင် ကန်အန်းမျိုးနွယ်ဝင်အများအပြား ရှိနေသောကြောင့် သူတို့၏ အရှိန်အဟုန်သည် မြင့်တက်လာပြီး ကောင်းကင်ကို ထိုးဖောက်သွားသည်။

“သတ်”

ဟန်မူယဲ့က ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ သွေးရောင်အလွှာနှင့် ချပ်ဝတ်တစ်ခုသည် သူ့ပတ်ဝန်းကျင်တွင် ပုံပေါ်လာခဲ့သည်။

သူ့ရှေ့တွင်ရှိသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ စွမ်းအားသည် သူနှင့် ပေါင်းစပ်သွားသည်။

ဧရာမဝိညာဉ်စစ်သူကြီး ဆယ့်သုံးယောက်၏ ခွန်အားကလည်း ပေါင်းစပ်သွားခဲ့သည်။

“ရွှပ်”

စွမ်းအင်များအားလုံးသည် ကောင်းကင်ကို ခုတ်ပိုင်းနိုင်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး တစ်ချက်တည်း ခုတ်ချသည်။

ထိုဓားချက်သည် မိုင်တစ်သောင်းပတ်ဝန်းကျင်တွင်ရှိသော တိမ်တိုက်နှင့်လေပြင်းကို လှုပ်ရှားသွားစေသည်။ အထက်တွင်ရှိသော ကြယ်ကောင်းကင်ကလည်း တုန်ခါသွားခဲ့သည်။

ကောင်းကင်ဖိအား ပျောက်ကွယ်သွားပြီး ပူးပေါင်းထားသော သူတို့၏ခွန်အားသည် စကြဝဠာအဆင့်ကို ကျော်လွန်နေပြီး သောင်းချီသော ကြယ်များကို ဖျက်ဆီးပစ်နိုင်သည်။

ကောင်းကင်နှင့်မြေကြီးက တုန်ခါနေပြီး တိမ်တိုက်နှင့် လေပြင်းများသည် မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် လည်ပတ်သွားကြသည်။

တောင်တန်းများက တုန်ခါနေပြီး ကြယ်မိုးရွာကျလာသည်။

ထိုအရာသည် ရှေးခေတ်စွမ်းအားကို ပိုင်ဆိုင်ထားသော ဓားချက် ဖြစ်သည်။

စကြဝဠာအဆင့်၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။

“သူတို့ကိုတား”

ပေတစ်ထောင်ကြီးမားသော တောင်ပံ၊ လက်လေးဖက်နှင့် ဒေါင်လိုက်မျက်လုံးအား ပိုင်ဆိုင်ထားသော ပုံရိပ်လေးခုသည် ဆင်းသက်လာပြီး ပတ်ဝန်းကျင်ကို ဖိအားပေးသည်။

ရွှေတောင်ပံများသည် ကောင်းကင်ကို လွှမ်းမိုးထားပြီး ငှက်တောင်တိုင်းသည် လောကကို အေးခဲသွားစေနိုင်သည်။

ဒေါင်လိုက်မျက်လုံးများမှတစ်ဆင့် စည်းမျဉ်းစွမ်းအားကို ထုတ်လွှတ်ခဲ့သည်။

တောင်ပံဆယ့်နှစ်ခု ကန်အန်းမျိုးနွယ်ဝင် ဖြစ်သည်။

တောင်ပံဆယ့်နှစ်ခု ကန်အန်းမျိုးနွယ်ဝင်လေးယောက်သည် ပြိုင်တူလှုပ်ရှားလိုက်ပြီး ဟန်မူယဲ့နှင့် စစ်သူကြီးဆယ့်သုံးယောက် ထုတ်လွှတ်ခဲ့သော ဓားချက်ကို တားဆီးသည်။

ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ၏ ထိပ်တိုက်ရင်ဆိုင်မှုသည် ကြယ်ကောင်းကင်ကို ပြိုကွဲသွားစေသည်။

ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းကို မခုခံနိုင်သည့် ကြယ်များသည် တစ်ခုပြီးတစ်ခု ဖုန်မှုန့်ဖြစ်သွားကြသည်။

အလင်းတန်းကုန်းမြေတစ်ခုလုံးသည် တုန်ခါနေသည်။

“အဲဒါက ဘယ်သူလဲ။ ဧရာမဝိညာဉ်ဝင်္ကပါကို အသုံးပြုနိုင်နေတယ်”

လုချန်းယွဲ့၏ဘေးတွင်ရှိသော အကြီးအကဲတစ်ယောက်က အံ့အားသင့်နေသောမျက်နှာထားဖြင့် ပျော်ရွှင်စွာ ပြောသည်။

စကြဝဠာအဆင့်ဖြစ်သော သူတို့ကပင် စစ်သူကြီးဆယ့်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

ယခုအချိန်တွင် စစ်ကူများ၏ခွန်အားသည် သူတို့ထင်ထားသည်ထက် ကျော်လွန်နေသည်။

“ဘုန်း”

တောင်ပံဆယ့်နှစ်ခု ကန်အန်းမျိုးနွယ်ဝင်လေးယောက်၏ အတားအဆီးသည် ဓားအလင်းကြောင့် ပြိုကွဲသွားသည်။ စစ်ပွဲဝင်္ကပါသည် ရှေ့ဆက်လာခဲ့သည်။

ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သွေး‌ရောင်ပုံရိပ်သည် သူ့ပတ်ဝန်းကျင်တွင် ပေါ်လာသည်။

ဝင်္ကပါစွမ်းအားကြောင့် သူကလည်း သာမန်စကြဝဠာအဆင့်ထက် သာလွန်‌သောစွမ်းအားကို ဖော်ထုတ်နိုင်သည်။

“ရန်သူတွေကို တားဆီးမယ်”

ကန်အန်းမျိုးနွယ်၏ စစ်ပွဲဝင်္ကပါထဲမှ အသံတစ်သံကို ကြားရသည်။

“ဝိုင်းရံမယ်”

နောက်ထပ်အသံကို ကြားနိုင်သည်။

မရေမတွက်နိုင်သော တောင်ပံများကို မြင်ရသည်။ ငှက်တောင်များ၏ ရွှေအလင်းသည် စုစည်းလာပြီး တောင်ပံတစ်ချက်ခတ်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။

သူတို့က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်နေသည်။

အကယ်၍ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ရသွားလျှင် ကန်အန်းမျိုးနွယ်က အလင်းတန်းကုန်းမြေကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မည်။

“ငါတို့ လုမိသားစုက အလင်းတန်းကုန်းမြေက ဆုပ်ကိုင်မထားနိုင်တော့ဘူးလို့ ထင်နေတာလား”

မြို့တံတိုင်းပေါ်တွင်ရပ်နေသော လုချန်းယွဲ့က ခပ်အုပ်အုပ်အော်လိုက်သည်။ အနက်ရောင်ချပ်ဝတ်တစ်ခုသည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။

နက်နဲသောအငွေ့အသက်နှင့် လှံရှည်တစ်စင်းသည်လည်း သူ့လက်ထဲတွင် ရှိနေသည်။

“ခေါင်းဆောင်”

လုမိသားစု၏ အကြီးအကဲများက ခပ်အုပ်အုပ် အော်ဟစ်လိုက်ကြသည်။

“ကိစ္စမရှိဘူး”

လုချန်းယွဲ့က လေထုထဲတွင် ပျံသန်းသွားသည်။ ချပ်ဝတ်နှင့် လှံရှည်သည် လိုက်ဖက်ညီစွာ ရှိနေသည်။

ဧရာမ သံမဏိသားရဲတစ်ကောင် ပေါ်ထွက်လာသည်။

“ထာဝရစစ်ပွဲသားရဲ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏နောက်တွင် ရှိနေသော ဟန်မူယဲ့က ညင်သာစွာရေရွတ်သည်။

ရှေးခေတ်အချိန်၏ ထိပ်တန်းအဆင့် စစ်ပွဲသားရဲတစ်ကောင်ဖြစ်သော ထာဝရစစ်ပွဲသားရဲသည် ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်နည်းလမ်းများကြားတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။

ထာဝရစစ်ပွဲသားရဲ၏ ခွန်အားနှင့် ပေါင်းစပ်လိုက်လျှင် မူလကမ္ဘာ၏ နတ်ဘုရားသားရဲများကို ဖြေရှင်းရန် လက်တစ်ချက်ဝှေ့ယမ်းရုံသာ လိုအပ်သည်။

လုမိသားစုတွင် ထိုသားရဲမျိုး ရှိနေခဲ့သည်။

သူတို့က စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် မိသားစုကြီးတစ်ခု ဖြစ်သင့်သည်။

“တက်”

စစ်ပွဲသားရဲက ကန်အန်းမျိုးနွယ်၏ ဝိုင်းရံမှုအား ချိုးဖျက်လိုက်သောအချိန်ကို အခွင့်ကောင်းယူပြီး ဟန်မူယဲ့က ဟိန်းဟောက်၍ စစ်သူကြီးဆယ့်သုံးယောက်ကို ဦးဆောင်လျက် မူရမြို့ထဲသို့ ပြေးဝင်သွားသည်။

“ဝီ”

ရုတ်သိမ်းထားသော ကောင်းကင်ဖိအားသည် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်နှင့်မြေကြီးက ပြန်လည်တည်ငြိမ်ပြီး လေဟာနယ်တွင်ရှိသော ကြယ်များက ပျောက်ကွယ်သွားသည်။

သို့သော် အချိန်ခဏသာဖြစ်ခဲ့သော တိုက်ပွဲအတွင်း၌ ပျက်စီးသွားသော ကြယ်များကို ပြန်လည်ဖြည့်ဆည်းရန် မဖြစ်နိုင်တော့ပေ။

“ဟန်မူယဲ့က အကြီးအကဲလုကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က မြို့တံတိုင်းပေါ်သို့ ရောက်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။

“ဆရာဟန်ပဲ”

လုချန်းယွဲ့၏မျက်နှာက ပျော်ရွှင်မှု၊ အံ့အားသင့်မှုနှင့်အတူ တောက်ပသွားသည်။

“ဟားဟား၊ ဆရာဟန်ရောက်လာပြီဆိုတော့ ရုပ်သေးရုပ်တချို့ကို ပြုပြင်နိုင်တာနဲ့ တိုက်ခိုက်ဖို့ ခွန်အားရှိလိမ့်မယ်”

ပန်းပဲပညာရှင်အစည်းအရုံး၏ ဆယ့်ကိုးယောက်မြောက်အကြီးအကဲဖြစ်သော ဆရာဟန်သည် ပြိုင်ဘက်ကင်းသော ပန်းပဲစွမ်းရည်ကို ပိုင်ဆိုင်သည်။

သူက ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရုပ်သေးရုပ်များကိုပင် ပြုပြင်နိုင်သည်။

သူက ဤနေရာတွင် ပိတ်မိမနေလျှင် ဟန်မူယဲ့ဆီသို့ ကိုယ်တိုင်သွားလိမ့်မည်။

လုမိသားစုတွင် ပြုပြင်ရန်လိုအပ်နေသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်အများအပြား ရှိသည်။

“အကြီးအကဲလု၊ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ပြုပြင်ပေးဖို့ လုမိသားစုက ဘယ်လောက်အထိ ပေးမှာလဲ”

မြို့တံတိုင်းပေါ်တွင်ရှိသော ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။

မြို့တံတိုင်းတွင် ရုတ်တရက် လေတိုက်လာသည်ဟု ထင်ရသည်။

လုမိသားစုက မည်သည့်မိသားစုမျိုး ဖြစ်သနည်း။

သူတို့က စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုထဲတွင် ပါဝင်သည်။

ထိုအင်အားစုမျိုးသည် မည်သည့်အရာကိုမဆို တတ်နိုင်သည်။

ယခုအချိန်တွင် တစ်ယောက်ယောက်က လုမိသားစုခေါင်းဆောင်ကို ရုပ်သေးရုပ်နှင့် ချပ်ဝတ်များအား ပြုပြင်ပေးရန်အတွက် မည်မျှ ဈေးပေးမည်နည်းဟု မေးနေသည်။

‘ဒါက လုမိသားစုကို ဆန့်ကျင်ချင်တာလား။ ဒါမှမဟုတ် လုမိသားစုက ကျဆင်းသွားတော့မယ်လို့ ပြောချင်နေတာလား’

လုချန်းယွဲ့၏ဘေးတွင်ရှိသော အကြီးအကဲတစ်ယောက်က သတ်ဖြတ်လိုစိတ်နှင့်အတူ သားရဲတစ်ကောင်၏ပုံရိပ်ကို ဖော်ထုတ်လိုက်သည်။

သူက ရှေ့တက်သွားတော့မည့်အချိန်တွင် လုချန်းယွဲ့က လက်ဆန့်ထုတ်ပြီး တားဆီးလိုက်သည်။

“ဆရာဟန်၊ စကြဝဠာနယ်မြေကနေ အလင်းတန်းကုန်းမြေကို လာပေးတဲ့အတွက် လုမိသားစုက အမြဲတမ်း ကျေးဇူးတင်နေမှာပါ”

လုချန်းယွဲ့က ရိုးသားသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ဒီလိုအချိန်မျိုးမှာ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ပြုပြင်ပေးနိုင်မယ်ဆိုရင် သုံးဆပိုပေးမှာပါ”

ထိုကမ်းလှမ်းချက်သည် မနည်းပေ။

ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ပစ္စည်းတိုင်းသည် အဖိုးတန်သော ဝိညာဉ်သတ္တုကို အသုံးပြုထားသည်။

အဆင့်မြင့်ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပြုပြင်ရန်အတွက် အမျိုးမျိုး‌သော အဖိုးတန်ပစ္စည်းများ သို့မဟုတ် ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့်ရတနာများကို ပေးအပ်လေ့ရှိသည်။

ထိုပစ္စည်းများကို တန်ဖိုးဖြတ်ရန်အတွက် မူလဒင်္ဂါးများကို မည်သူမှ မသုံးကြပေ။

လုချန်းယွဲ့က သုံးဆပေးမည်ဟု ပြောလိုက်သောကြောင့် အဖိုးတန်ရတနာများကို ထုတ်ပေးရန် အသင့်ပြင်ထားပုံရသည်။

“ငါးဆထားလိုက်ပါ”

ဟန်မူယဲ့က ပြောသည်။

“ခင်ဗျားတို့ လုမိသားစုရဲ့ လက်နက်တွေက အဆင့်မြင့်တယ်။ ပြီးတော့ အလင်းတန်းကုန်းမြေရဲ့ စစ်ပွဲကြောင့် အတော်လေး ထိခိုက်ထားတယ်။ သူတို့ကိုပြင်ဆင်ဖို့ မလွယ်ဘူး”

ဟန်မူယဲ့က အဝေးတစ်နေရာသို့ လှည့်ကြည့်သည်။

ဝိုင်းရံမှု၏ အပြင်ဘက်တွင် လျင်မြန်စွာ ရွေ့လျားလာသော ဆယ်ချီ၊ ရာချီသည့် အလင်းတန်းများကို မြင်ရသည်။

ထိုအလင်းတန်းများသည် ပြန့်ကျဲနေသော စစ်ကူများနှင့် လုမိသားစု စီစဉ်ထားသော ပန်းပဲပညာရှင်များ ဖြစ်ကြသည်။

ကောင်းကင်ဖိအားကို အသက်ရှူကြိမ်တစ်ရာအထိ ရုတ်သိမ်းလိုက်သောကြောင့် ကျွမ်းကျင်သူတိုင်းက မူရမြို့၏ အခြေအနေကို အာရုံခံနိုင်ခဲ့သည်။

သန်းချီသော ကန်အန်းမျိုးနွယ်ဝင်များက မူရမြို့ကို ဝိုင်းရံထားသည်။ လုမိသားစု၏ ခေါင်းဆောင်နှင့် အကြီးအကဲများက မြို့ထဲမှ ထွက်မလာနိုင်ကြပေ။

ထိုအခြေအနေကြောင့် စစ်ကူများအားလုံးက စိုးရိမ်နေပြီး လျင်မြန်စွာ ရောက်လာကြသည်။

“ခင်ဗျားတို့ အရင်ဆုံး စဉ်းစားကြည့်လိုက်ကြပါ”

ဟန်မူယဲ့က ပြောလိုက်ပြီး မြို့တံတိုင်းပေါ်မှ ဆင်းသွားသည်။

လုကျီကျန်းနှင့် တခြားလူများက စိုးရိမ်နေကြသည်။

လုချန်းယွဲ့က တွေးကြည့်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ပုံမှန်ထက် ငါးဆပိုပေးဖို့ နည်းနည်းတော့များတယ်”

မုတ်ဆိတ်ဖြူနှင့် လူအိုကြီးက တီးတိုးပြောသည်။

“ဟုတ်တယ်။ သူ့ရဲ့ ပန်းပဲနည်းစနစ်က ထူးခြားနေရင်တောင် ဒီလိုမျိုး ဈေးမတောင်းသင့်ဘူး”

လုမိသားစု၏ နောက်ထပ်အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာပြောသည်။

လုမိသားစု၏ အဆင့်အတန်းနှင့် ခွန်အားအရ သူတို့ပြော‌သောစကားသည် အတည်ဖြစ်ရမည်။

လုမိသားစုနှင့် ညှိနှိုင်းခြင်းသည် လေးစားမှုမရှိခြင်း ဖြစ်သည်။

အကယ်၍ ထိုဆရာဟန်က လုမိသားစုကို ကူညီရန်အတွက် အဝေးတစ်နေရာမှ ရောက်မလာခဲ့လျှင် လုမိသားစုကို ရန်စပြီးသား ဖြစ်နေလိမ့်မည်။

All Chapters