← Chapters

အခန်း (၁၄၂၁)

Vol. 102 Ch. 1421

အခန်း (၁၄၂၁)

Vol. 102 Ch. 1421

ကန်အန်းဘုရင် ....

ကန်အန်းမျိုးနွယ်စုတွင် တောင်ပံဆယ့်နှစ်ခု ကန်အန်းများကို ဘုရင်ဟု ပြောကြသည်။ သို့သော် သူတို့ထက် သာလွန်သော အစစ်အမှန်ဘုရင် ရှိနေသည်။

သူတို့က ကန်အန်းမျိုးနွယ်၏ ပုံသဏ္ဍာန်တချို့ကိုသာ ပိုင်ဆိုင်ထားသည်။

လုမိသားစုခေါင်းဆောင် လုချန်းယွဲ့၏စကားအရ ကန်အန်းဘုရင်များသည် စကြဝဠာနယ်မြေ၏ အင်အားစုများကြားတွင် ပုန်းအောင်းနေကြသည်။

ကန်အန်းမျိုးနွယ်စုသည် ရှေးခေတ်ကျင့်ကြံခြင်းလောကဖြစ်သော ကြယ်မြစ်စကြဝဠာ၏ ပျက်စီးမှုတွင် ပါဝင်ပတ်သတ်နေသည်။ ထို့ကြောင့် ကြယ်စင်စုစကြဝဠာတွင် သူတို့၏အမွေအနှစ် ရှိနေခြင်းသည် ပုံမှန်သာဖြစ်သည်။

သို့သော် ကြယ်မြစ်စကြဝဠာက ပျက်စီးသွားသော်လည်း ကန်အန်းမျိုးနွယ်က မလွှမ်းမိုးနိုင်ခဲ့ကြောင်း ဟန်မူယဲ့က မှတ်ဉာဏ်မြင်ကွင်းများမှတစ်ဆင့် သိခဲ့ရသည်။

သို့သော် ကန်အန်းမျိုးနွယ်သည် တစ်ချိန်လုံး ကျူးကျော်တိုက်ခိုက်နေခဲ့သည်။

ရှေးခေတ်၏ ရတနာခုနစ်ပါးကို စုစည်းပြီး ကျင့်ကြံခြင်းလောကကို ပြောင်းလဲနိုင်မှသာ ကြယ်စင်စုစကြဝဠာက ပျက်စီးသွားမည့်ကပ်ဘေးကို ရှောင်လွှဲနိုင်မည်ဟု အံ့ဖွယ်ကိုးပါးတောင်၏ ဝိညာဉ်ကိုယ်ပွားက ပြောခဲ့သည်။

“မင်းက လုမိသားစုရဲ့ ဘယ်သူလဲ”

ကန်အန်းဘုရင်က တီးတိုးပြောလိုက်ပြီး ရှေ့တက်လာသည်။ သူ့လက်ထဲတွင်ရှိသော လှံသည် အပြာရောင်အလင်းကို ထုတ်ပေးနေသည်။

အပြာရောင်အလင်းက စီးဆင်းလာပြီး လေဟာနယ်ကို ထိုးခွဲသွားသည်။ ထို့နောက် စစ်ပွဲသားရဲ၏ ဦးခေါင်းကို တိုက်ရိုက် တိုက်ခိုက်သည်။

ကန်အန်းဘုရင်က စစ်ပွဲသားရဲ၏ တည်ဆောက်ပုံကို ကောင်းမွန်စွာ သိနေသည်။

အကယ်၍ လှံချက်က စစ်ပွဲသားရဲကို မထိုးဖောက်နိုင်လျှင်ပင် တုန်ခါသွားစေပြီး အထဲတွင်ရှိသော ဟန်မူယဲ့ကို ဒဏ်ရာရစေလိမ့်မည်။

သူ၏ နည်းလမ်းနှင့် ခွန်အားသည် ဘုရင်ရာထူးနှင့် ထိုက်တန်သည်။

ဟန်မူယဲ့က ချဉ်းကပ်လာသော လှံချက်ကို ကြည့်လိုက်ပြီး လက်မြှောက်သည်။

စစ်ပွဲသားရဲကလည်း လက်မြှောက်လိုက်သည်။

သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သည် အံ့အားသင့်စရာကောင်းအောင် သွက်လက်နေသည်။

ထိုမြင်ကွင်းကြောင့် ကန်အန်းဘုရင်၏ မျက်လုံးများက တောက်ပသွားသည်။

စစ်ပွဲသားရဲက ရှေ့ခြေဖြင့် ညင်သာစွာ ထိတွေ့သည်။

လှိုင်းတွန့်များ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တွင်ရှိသော လေဟာနယ်စွမ်းအားနှင့် ပေါင်းစပ်၍ အလင်းပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“လေးလံမှုနဲ့ ပေါ့ပါးမှုကို ပြောင်းလဲခြင်း”

ကန်အန်းဘုရင်က အံ့အားသင့်နေသော မျက်နှာထားကို ဖုံးကွယ်မထားနိုင်တော့ပေ။

စစ်ပွဲသားရဲက ကြမ်းတမ်းသော်လည်း ထိုသို့ ညင်သာသော နည်းလမ်းကို အသုံးပြုနိုင်သည်။ ပတ်ဝန်းကျင်တွင်ရှိသော လေဟာနယ်စွမ်းအားကို စုစည်းလာစေသည်။

ထိုနည်းလမ်းသည် အလွန်ကောင်းမွန်သော ထိန်းချုပ်နိုင်စွမ်းကို ပြသနေသည်။

ကန်အန်းဘုရင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး အနည်းငယ် နောက်ဆုတ်သည်။

သူက လုမိသားစု၏ စစ်ပွဲသားရဲများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးသည်။ လုမိသားစုခေါင်းဆောင် လုချန်းယွဲ့က စစ်ပွဲသားရဲကို ထိန်းချုပ်ထားလျှင်ပင် ထိုသို့ အသေးစိတ်ကျသော စွမ်းအားကို မဖော်ထုတ်နိုင်ပေ။

ထိုအရာသည် ထိန်းချုပ်နိုင်စွမ်းထက် သာလွန်နေသည်။

“မင်းက ဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားကို ပိုင်ဆိုင်ရတာလဲ ....”

ပိုက်ကွန်ကြောင့် ချေဖျက်ခံလိုက်ရသော လှံအလင်းကို မြင်ရသောအခါတွင် ကန်အန်းဘုရင်က သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လိုက်သည်။

လုမိသားစု၏ လူတစ်ယောက်က စစ်ပွဲသားရဲကို ထိုသို့ ကောင်းမွန်စွာ ထိန်းချုပ်ထားလျှင် အလင်းတန်းကုန်းမြေတွင်ရှိသော ကန်အန်းမျိုးနွယ်ကို ခြိမ်းခြောက်နိုင်လိမ့်မည်။

ထိုလူကို ရှင်းလင်းပစ်ရမည်။

“ဝီ”

သူက လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး ဝဲကတော့တစ်ခုကို ထုတ်လွှတ်၍ လေဟာနယ်တွင် ပေါက်ကွဲသွားစေသည်။

မရေမတွက်နိုင်သော စွမ်းအင်အလင်းသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲသွားသည်။

“သတင်းပို့လိုက်တာလား”

စစ်ပွဲသားရဲကို ထိန်းချုပ်ထားသော ဟန်မူယဲ့က ရှေ့တွင်ရှိသော လှံအလင်းကို ချေမွလိုက်ပြီး တီးတိုးပြောသည်။

“ဘုန်း”

စွမ်းအင်အလင်း ပြန့်ကျဲသွားသောအခါ မရေမတွက်နိုင်သော ပေါက်ကွဲသံများကို ကြားရသည်။

ကန်အန်းမျိုးနွယ်ဝင်များသည် လေဟာနယ်ကို ထိုးခွဲပြီး ဆက်တိုက်ရောက်လာကြသည်။

အနိမ့်ဆုံး တောင်ပံရှစ်ခုကန်အန်းများ ဖြစ်ကြသည်။

“ကန်အန်းရွှမ်ရီ၊ မင်းကတောင် အကူအညီခေါ်နေရပြီလား”

လှောင်ပြောင်လိုသောအသံကို ကြားရသည်။

“စစ်ပွဲသားရဲတဲ့လား။ မင်းက ဒါကိုတောင် မကိုင်တွယ်နိုင်ဘူးလား”

စကားပြောလိုက်သော ကန်အန်းမျိုးနွယ်ဝင်က ရွှေရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့မျက်လုံးများသည် ရွှေအလင်းဖြင့် တောက်ပနေပြီး လူသားတစ်ယောက်နှင့် ခွဲခြားမရပေ။ သူက စစ်ပွဲသားရဲကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

တစ်ဖက်တွင် ပုံရိပ်သုံးခု ရောက်လာသည်။

သူတို့အားလုံးသည် တောင်ပံဆယ့်နှစ်ခုကို ကျော်လွန်နေသော ကန်အန်းဘုရင်များ ဖြစ်ကြသည်။

ဤနေရာတွင် ကန်အန်းဘုရင်ငါးယောက် ရှိနေသည်။ ကန်အန်းမျိုးနွယ်၏ ခွန်အားကို လွယ်ကူစွာ ခန့်မှန်းကြည့်နိုင်သည်။

လုမိသားစုသည် အလင်းတန်းကုန်းမြေတွင် အရေးနိမ့်နေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

လုမိသားစုသာ မဟုတ်ပေ။ စကြဝဠာနယ်မြေ၏ တခြားအင်အားစုများကလည်း ကန်အန်းမျိုးနွယ်နှင့် ရင်ဆိုင်ရန် အခက်တွေ့လိမ့်မည်။

“ဝူ ....”

အဝေးတစ်နေရာတွင် အလင်းတန်းကုန်းမြေအား ဖုံးအုပ်ထားသော အလင်းလွှာသည် ဖြည်းဖြည်းချင်း ခေါက်သိမ်းခံလိုက်ရသည်။

မရေမတွက်နိုင်သော အလင်းတန်းများ ပေါ်ထွက်လာသည်။

လုမိသားစုသည် ဝင်္ကပါဖွဲ့စည်းထားပြီး လေဟာနယ်ထဲသို့ ဆက်တိုက်ရောက်လာသည်။

သောင်းချီသော လုမိသားစုမျိုးဆက်များသည် စစ်ပွဲဝင်္ကပါကို ဖွဲ့စည်းထားသည်။ စစ်ပွဲသားရဲလေးကောင်နှင့် ဒါဇင်ချီသော ရုပ်သေးရုပ်များသည် ခမ်းနားစွာ ချီတက်လာကြသည်။

စစ်ပွဲသားရဲလေးကောင်ကို မြင်ရသောအခါ ကန်အန်းဘုရင်ငါးယောက်၏ မျက်နှာထားက လေးနက်သွားသည်။

ဟန်မူယဲ့ထိန်းချုပ်ထားသော စစ်ပွဲသားရဲကို ထည့်တွက်လိုက်လျှင် ငါးကောင် ဖြစ်နေသည်။

ကန်အန်းဘုရင်ငါးယောက်သည် စစ်ပွဲသားရဲငါးကောင်နှင့် ရင်ဆိုင်ရတော့မည်။

“လုမိသားစုက ငါတို့ ကန်အန်းမျိုးနွယ်နဲ့ အပြီးသတ်တိုက်ခိုက်ဖို့ စီစဉ်ထားတာလား”

“သူတို့က ရူးသွားပြီလား။ အလင်းတန်းကုန်းမြေရဲ့ ကောင်းကင်ဖိအားကိုတောင် တစ်ခါတည်း ရုပ်သိမ်းလိုက်တယ်။ အစွမ်းကုန်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတာလား”

“သားရဲရုပ်သေး ငါးခုလား။ လုမိသားစုမှာ ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားမျိုး ရှိသွားတာလဲ။ သူတို့က စကြဝဠာနယ်မြေရဲ့ အရင်းအမြစ်တွေကို အကုန်သုံးလိုက်တာလား”

ကန်အန်းဘုရင်ငါးယောက်လုံးက အံ့အားသင့်နေကြသည်။

သူတို့က စစ်ပွဲသားရဲငါးကောင်နှင့် ရင်ဆိုင်ရန် ယုံကြည်ချက်မရှိပေ။

အလင်းတန်းကုန်းမြေ၏ ကောင်းကင်ဖိအားကို ရုတ်သိမ်းလိုက်သောကြောင့် သန်းချီသည့် ကန်အန်းမျိုးနွယ်ဝင်များကလည်း လေဟာနယ်သို့ ရောက်လာကြသည်။

သူတို့ကို တောင်ပံဆယ့်နှစ်ခု ကန်အန်းဆယ်ယောက်က ဦးဆောင်လာသည်။ သူတို့၏ အရှိန်အဝါသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။ သားရဲပုံရိပ်များကိုလည်း ဖြစ်ပေါ်လာစေသည်။

ထိုသို့ ခမ်းနားသောမြင်ကွင်းကို အနည်းဆုံး နှစ်တစ်သန်းကြာသည်အထိ မမြင်ခဲ့ရပေ။

ထိုအချိန်တွင် မရေမတွက်နိုင်သော နတ်အာရုံများက လေဟာနယ်ဆီသို့ ရောက်လာကြသည်။

အဝေးမှ လူများသည် ရာချီသော နည်းလမ်းများကို အသုံးပြုပြီး စူးစမ်းနေကြသည်။

ဤနေရာတွင်ရှိသော တိုက်ပွဲကို စကြဝဠာနယ်မြေကပင် အာရုံခံမိသည်။

“လုမိသားစုက ဘာလုပ်ချင်နေတာလဲ”

“ကန်အန်းမျိုးနွယ်ဝင်တွေက အရမ်းများလွန်းတယ်။ သူတို့က ငါတို့ ကြယ်စင်စုစကြဝဠာကို ဖျက်ဆီးဖို့ အမြဲကြိုးစားနေတာပဲ”

“လုမိသားစုက အလင်းတန်းကုန်းမြေရဲ့ ဖိအားကို ဖယ်ရှားလိုက်ပြီ။ သူတို့က ကန်အန်းမျိုးနွယ်ကို မခုခံနိုင်ရင် အလင်းတန်းကုန်းမြေကို ဆုံးရှုံးရုံတင်မကဘူး စကြဝဠာနယ်မြေကိုလည်း သက်ရောက်လာလိမ့်မယ်”

ထိုအချိန်တွင် မရေမတွက်နိုင်သော နတ်အာရုံများက ဟန်မူယဲ့၏ စစ်ပွဲသားရဲဆီသို့ ရောက်လာကြသည်။

ထိုနတ်အာရုံများသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေပြီး ရွှေရောင်မြူခိုးအဖြစ် ပြောင်းလဲ၍ စစ်ပွဲသားရဲ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။

သို့သော် သူတို့က ကန်အန်းဘုရင်များကို ကြောက်ရွံ့နေပုံပေါ်သည်။ နတ်အာရုံများသည် ကန်အန်းဘုရင်များဆီသို့ ရောက်မလာခဲ့ပေ။

ထိုမြင်ကွင်းကြောင့် ဟန်မူယဲ့က ပြုံးလိုက်သည်။

သူက စိတ်နယ်ပယ်တွင်ရှိသော ဓားသုံးလက်ကို ထုတ်လွှတ်ပြီး စစ်ပွဲသားရဲ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်။

“ဘုန်း”

မူလဝိညာဉ်ဓားများက သားရဲရုပ်သေး၏ ခွန်အားနှင့်အတူ ခုတ်ချလိုက်သည်။ မရေမတွက်နိုင်သော ဓားသွားများသည် ရွှေရောင်မြူခိုးကို လွင့်ပြယ်သွားစေသည်။

မူလဝိညာဉ်ဓားသည် ဝိညာဉ်ကို တိုက်ခိုက်ရာတွင် အထူးပြုသော နည်းလမ်း ဖြစ်သည်။

ရွှေရောင်မြူခိုးများသည် မူလဝိညာဉ်ဓားကို မည်သို့ ခုခံနိုင်မည်နည်း။ သူတို့က တစ်ပိုင်းတစ်စစီ ဖြစ်သွားပြီး ဝါးမြိုခံလိုက်ရသည်။

လေဟာနယ်တွင် ခပ်အုပ်အုပ်ညည်းညူသံကို ကြားရသည်။ အဝေးတစ်နေရာတွင် အော်ဟစ်သံကိုပင် ကြားရသည်။

သို့သော် မည်သူမှ အပြစ်မတင်ရဲကြပေ။

ထိုအရာသည် လုမိသားစု၏ စစ်ပွဲသားရဲ ဖြစ်သည်။

လုမိသားစု၏ အရေးကိစ္စကို စပ်စုပြီး ပြန်လည်တိုက်ခိုက်ခံရလျှင် ကိုယ်ပိုင်အပြစ်သာ ဖြစ်သည်။

စစ်ပွဲသားရဲက လှုပ်ရှားလာမည်ဟု သူတို့က မထင်ခဲ့ပေ။

သူတို့၏အမြင်တွင် လုမိသားစုက အရေးနိမ့်နေသည်။ ထို့ကြောင့် အကူအညီတောင်းရလိမ့်မည်။

ယခုအချိန်တွင် နတ်အာရုံများကို မောင်းထုတ်လိုက်သောကြောင့် မည်သူက သူတို့ကို ကူညီတော့မည်နည်း။

“ဆရာဟန်၊ ဆယ့်ငါးမိနစ်လောက် တောင့်ခံထားပါ။ လုမိသားစုရဲ့ ဘိုးဘေးအဆင့် ကျွမ်းကျင်သူတွေ လာနေပါပြီ”

လုချန်းယွဲ့က ပြောလိုက်သည်။ သူ့အသံကို စစ်ပွဲသားရဲ၏ ဦးခေါင်းထဲတွင် ကြားနေရသည်။

လုမိသားစု၏ ဘိုးဘေးများ လာတော့မည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။

ယနေ့တွင် သူ၏ လှုပ်ရှားမှုသည် လုမိသားစုမှ ကျွမ်းကျင်သူများကို ပူးပေါင်းလာအောင် ဆွဲဆောင်မိပုံပေါ်သည်။

လုမိသားစုသည် ဤတိုက်ပွဲဖြင့် အလင်းတန်းကုန်းမြေ၏ စစ်ပွဲကို တစ်ခါတည်းဖြေရှင်းရန် ရည်ရွယ်ထားသည်။

အလင်းတန်းကုန်းမြေသည် လုမိသားစု၏ အင်အားစုများကို ချုပ်နှောင်ထားသည်။

ယခုအချိန်တွင် သူတို့က စစ်ပွဲသားရဲလေးခုကို ပြုပြင်နိုင်ခဲ့တယ်။ လုမိသားစုက နှစ်ဆခန့် ပိုအားကောင်းလာသည်။ ယခုအချိန်သည် အသင့်တော်ဆုံး ဖြစ်သည်။

လုချန်းယွဲ့က အင်အားစုကြီးတစ်ခု၏ ခေါင်းဆောင် ဖြစ်ထိုက်သည်။ သူက လိုအပ်သောအခါတွင် ပြတ်သားစွာ ဆောင်ရွက်သည်။

“ဆယ့်ငါးမိနစ် ....”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး အသက်ရှူသွင်းသည်။

“အဲဒါဆိုရင်လည်း ဆယ့်ငါးမိနစ်ပေါ့”

“ဘုန်း”

စစ်ပွဲသားရဲက ရှေ့တက်လိုက်သည်။ ရွှေအလင်းများသည် ခြေလေးဖက်ကို ဝိုင်းရံထားသည်။ အမြီးရှည်သည် ကြာပွတ်တစ်ခုသဖွယ် ဆင်းသက်လာသည်။

ရွှေအလင်းက ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်သည်။

သွေးနှင့်ချီသည် စည်းမျဉ်းများအားလုံးကို ဖိနှိပ်ထားသည်။

စည်းမျဉ်းစွမ်းအား ဖြစ်သည်။

စစ်ပွဲသားရဲသည် ကန်အန်းဘုရင်ငါးယောက်ကို တစ်ခါတည်း စိန်ခေါ်နေသည်။

ပျံသန်းလာနေသော လုချန်းယွဲ့ကပင် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေသည်။

‘ငါက ဆယ့်ငါးမိနစ်လောက် အချိန်ဆွဲထားဖို့ ပြောတာလေ’

‘ဆယ့်ငါးမိနစ်အတွင်းမှာ အစွမ်းကုန်တိုက်ခိုက်ဖို့ ပြောတာမဟုတ်ဘူး’

“ဘုန်း”

ကန်အန်းဘုရင်သုံးယောက်က ပုံရိပ်တစ်ခုကို ထုတ်လွှတ်ပြီး အမြီးရှည်ကို တားဆီးလိုက်သည်။

ကန်အန်းဘုရင်တစ်ယောက်က ဧရာမပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက တောင်ပံဆယ့်နှစ်ခုကို ဖြန့်လိုက်ပြီး လက်လေးဖက်တွင် လှံတစ်ချောင်းစီကို ကိုင်ထားသည်။

တခြားကန်အန်းဘုရင်တစ်ယောက်က မျက်လုံးမှတစ်ဆင့် ရွှေအလင်းကို ထုတ်လွှတ်လိုက်သည်။ မျက်လုံးသုံးလုံးမှ ထွက်ပေါ်လာသော ရွှေအလင်းစီးကြောင်းသည် ပေါင်းစပ်လိုက်ပြီး ပြေးထွက်သွားသည်။

ကန်အန်းဘုရင်ငါးယောက်သည် ကျွမ်းကျင်စွာ ပေါင်းစပ်လိုက်ကြသည်။

တိုက်ခိုက်မှုများ ဆုံတွေ့သွားသောအချိန်တွင် ပတ်ဝန်းကျင်သည် တိုက်ရိုက် ပေါက်ကွဲသွားသည်။

ဆင့်ကဲထပ်နေသော ကမ္ဘာများ ပေါ်ထွက်လာပြီး စွမ်းအင်လှိုင်းကြောင့် ပျက်စီးသွားသည်။

ယခုအချိန်တွင် တိုက်ခိုက်မှုတစ်ခုသည် သောင်းချီသော ကမ္ဘာများကို ပျက်စီးသွားစေသည်။

ထိုအရာသည် အစစ်အမှန် စကြဝဠာအဆင့် တိုက်ပွဲ ဖြစ်သည်။

ကောင်းကင်က ပြိုကျလာသည်။ လေဟာနယ်က အက်ကွဲနေပြီး ကြယ်များသည် မိုးရွာသကဲ့သို့ ကြွေကျသွားကြသည်။

All Chapters