← Chapters

တောင်များကို ဖာထေးခြင်း

Vol. 90 Ch. 1171

တောင်များကို ဖာထေးခြင်း

Vol. 90 Ch. 1171

နဂါးချီလင်၊ ယန်အာနှင့် မြေအောက်ဘုံအရှင်သခင်ပိစိလေးတို့မှာ ပြိုင်တူ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ရိုးရှင်းသော ၀တ်ရုံကို ၀တ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် သတ္ထုပုံးအသေးလေးတစ်ပုံးနှင့်အတူ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သတ္တုပုံးထဲတွင် မိုးမခသစ်ကိုင်းငယ်တစ်ခက် ပါနေပြီး ရေပြည့်နေသည်။

နဂါးချီလင်မှာ တအံ့တဩဖြင့် ပတ်၀န်းကျင်ကို အကဲခတ်လိုက်မိသည်။ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံမှာ တည်ရှိနေဆဲဖြစ်ပြီး သူတို့သည် ဤနေရာကို စောင့်ကြပ်နေဆဲ ဖြစ်၏။ ‌‌တစ်လောကလုံး၏ နံပါတ်တစ် ရတနာ၏ ‌ကောင်းကင်ဘုံများကို ဖြတ်သန်းနိုင်ရန် မလွယ်ကူချေ။

ထိုသို့ဆိုလျှင် ဤအဘိုးအိုသည် မည်သည့်နေရာမှ ရောက်လာသနည်း။

အဘိုးအိုက အက်ကွဲသွားခဲ့သော တောင်ထိပ်ပေါ်သို့ တက်လာပြီး သတ္တုပုံးလေးကို ချလိုက်သည်။ သူက အထဲမှ မိုးမခသစ်ကိုင်းခက်အား ထုတ်၍‌ ပုံးအတွင်းရှိ ရေထဲ၌ ထိုးမွှေလိုက်သည်။ ထို့နောက် မောဟိုက်ပင်ပန်းနေ‌သော အသံဖြင့် ပြောလေသည်။ “ငါက အိုနေပြီ.. မင်းတို့တွေ လာမကူညီတော့ဘူးလား”

နဂါးချီလင်က ချက်ချင်း ချီလင်ခေါင်းဖြင့် လူအသွင်ပြောင်းကာ တောင်တန်းပေါ်သို့ ဆင်းသက်လိုက်သည်။ ယန်အာလည်း မိန်းကလေးတစ်ဦးအသွင် ပြောင်းလျက် အဘိုးအိုဘေးသို့ ရောက်လာသည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေးသည်လည်း တည်ကြည်လေးနက်စွာဖြင့် အသွင်ပြောင်းရန် ပြင်လိုက်၏။ သို့သော် သူ့မှာ နှာနှစ်ချက် မှုတ်လိုက်သော်လည်း အသွင်မပြောင်းနိုင်သောကြောင့် စိတ်ဓာတ်ကျလျက် လျှောက်လာရုံသာ တတ်နိုင်၏။

အဘိုးအိုက မိုးမခပင်သစ်ကိုင်းကို နဂါးချီလင်ဆီ ပေး၍ ယန်အာအား သတ္တုပုံးကို ကိုင်စေသည်။ “မိုးမခသစ်ကိုင်း သုံးပြီးတော့ အက်ကွဲကြောင်းထဲ ရေဖြန်းလိုက်… အတိတ်က အရာကြီး ဒီနေရာကို မလာအောင် အက်ကွဲကြောင်းအကုန်လုံးအပေါ် တစ်ပြိုင်နက်တည်း ဖြန်းချေ”

နဂါးချီလင်သည် ပြောစကားအတိုင်း မိုးမခသစ်ကိုင်းဖြင့် သတ္တုပုံးထဲမှ ရေထဲ ထိုးမွှေ၏။ ပြီးလျှင် မိုးမခသစ်ကိုင်းကို ပြန်ထုတ်ကာ တောင်ပေါ်ရှိ အက်ကွဲကြောင်းဆီ ပက်ဖြန်းလိုက်သည်။

“ရှား…” ‌မြေအောက်ဘုံအရှင်သခင်ပိစိလေးက သာမန်လူပုံစံသာရှိသည့် အဘိုးအိုကို ခပ်တည်တည် မော့ကြည့်နေသည်။

“ငါ ဒီ‌မှာ နေလာတာ ကြာလှပြီ… ခိုး၀င်လာတာ မဟုတ်ပါဘူး”

အဘိုးအို၏ မျက်နှာသည် ကြင်နာတတ်ဟန်ရှိပြီး မြေအောက်ဘုံအရှင်ပိစိလေး မည်သည်ကို မေးနေသည်လဲ သဘောပေါက်ဟန် ရှိ၏။ သူက ပြုံးလျက် ဖြေနေသည်။ “ငါက ကျူးကျော်လာတဲ့သူ မဟုတ်ဘူး…. မင်းတို့ကသာ ကျူးကျော်သူတွေ… ငါ့ အိမ်ထဲ ၀င်လာတဲ့အပြင် အိမ်တစ်လုံး ဆောက်ပြီး ဟင်းလင်းပြင်သားရဲတွေကိုတောင် ခေါ်လာလိုက်သေးတယ်”

မြေအောက်ဘုံအရှင်သခင်ပိစိလေး ဇဝေဇဝါဖြစ်သွားသည်။ “မူး..”

အဘိုးအိုက သူ့ဘေးတွင် ထိုင်၍ နဂါးချီလင်နှင့် ယန်အာကို အလုပ်ခိုင်းနေသည်။ သူက ‌ခပ်ကျယ်ကျယ် လှမ်းအော်နေ၏။ “သတိထား…. ရေကို မဖြုန်းတီးပစ်နဲ့… ဒီရေက ရှာလို့မလွယ်ဘူး”

သူက မြေအောက်ဘုံအရှင်သခင်ပိစိလေးကို ပြောသည်။ “ငါ ဒီနေရာကနေ ထွက်သွားနိုင်ပေမယ့် ငါ့ကို ဘယ်နေရာကမှ မကြိုဆိုကြဘူးလေ… ဒါ့အပြင် ဒီသစ်ပင်က သေနေပြီ… တချို့တွေက ဒီသစ်ပင်ကို အသုံးချပြီး အတိတ်ကနေ ပစ္စုပ္ပန်ထဲ တိုးဝင်လာချင်ကြတယ်... ဒါကြောင့် ငါ့အနေနဲ့ ဒီမှာနေပြီး ဒီနေရာကို စောင့်ရှောက်ဖို့ ရှိတော့တာ…. သူတို့ထဲက တစ်ကောင်မှ ထွက်လာလို့မဖြစ်ဘူး”

‌မြေအောက်ဘုံအရှင်သခင်ပိစိလေးက ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာဖြင့် တောင်အောက်သို့ လက်ညှိုးထိုးပြသည်။ “ရှား...”

“မှန်တယ်”

အဘိုးအိုက ခေါင်းညိတ်၏။ “သူတို့က အောက်မှာနေကြတယ်… ဒါပေမဲ့ ‌သေသွားကြတာ အတော်ကြာခဲ့ပြီ… ပြောရရင် ဒီစကြ၀ဠာ မဖြစ်တည်ခင်ကတည်းက သေသွားခဲ့ကြတာပေါ့”

မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားပြီး ခေါင်းတဗျင်းဗျင်း ကုတ်လိုက်၏။ “ရှား”

“အဲ့လို ပြောလို့ရတယ်”

အဘိုးအိုက တခဏ တွေးတောနေပြီးနောက် ဖြေသည်။ “သေခြင်းနဲ့ ရှင်ခြင်းကြားက စည်းက အဲ့လောက် မတင်းကြပ်ဘူး… သေခြင်းရှင်ခြင်းက မတူညီတဲ့ ဒြပ်ထုဖြစ်တည်မှုနှစ်ခုပဲ… သူတို့က စကြ၀ဠာ ပျက်စီးသွားတုန်းက သေဆုံးခဲ့တယ်လို့ ထင်ရပေမယ့် စကြ၀ဠာမပျက်စီးခင်အထိ အသက်ရှိနေခဲ့သေးတယ်… စကြ၀ဠာမပျက်စီးခင် အတိတ်ကနေ ပစ္စုပ္ပန်ကို တိုးထွက်လာနိုင်မယ့် အခွင့်အရေးကို အရယူနိုင်သရွေ့ သူတို့ အမှန်တကယ် အသက်ရှင်နိုင်လိမ့်မယ်”

မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ယခုထိတိုင် နားမလည်သေးဘဲ ခေါင်းကုတ်နေ၏။

အဘိုးအိုက စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်ရှင်းပြသည်။ “ဘာလို့ ဟင်းလင်းပြင်သားရဲတွေရဲ့ အလောင်းတွေ ကွယ်ပျောက်သွားခဲ့ရတာလဲ… အတိတ်ကို ဆွဲခေါ်ခံခဲ့ရလို့ပဲ… အခု အတိတ်က စကြ၀ဠာမှာ ဒီစကြ၀ဠာရဲ့ တစ်စိတ်တစ်ပိုင်း ရှိနေတဲ့အတွက် အတိတ်ကကောင်တွေက ဟင်းလင်းပြင်သားရဲတွေနေရာမှာ အစားထိုးပြီး ဒီကို ဝင်လာနိုင်တယ်…. အဲဒါကြောင့်ပဲ သူတို့ တိုးထွက်လာနိုင်ကြတာပေါ့”

“မူး”

“သံသယ၀င်စရာမလိုဘူး… အရမ်းရိုးရှင်းတယ်… ဒီအနက်ရောင်သစ်ပင်ကြီးက တကယ်တော့ အသက်ရှိနေသေးတယ်…. သူ့အမြစ်တွေက အရင် စကြ၀ဠာဆယ့်ခြောက်ခုရဲ့ ခေတ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတယ်… စကြ၀ဠာခေတ်တစ်ခေတ်က တစ်နှစ်ပဲ… ဒီသစ်ပင်ကြီးက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့ပြီးပြီ”

အဘိုးအိုက စိတ်ရှည်စွာ ရှင်းပြ၏။ “တချို့တချို့သော ကြောက်စရာ သတ္တဝါတွေက သူ့အမြစ်တွေကနေ ကုပ်တွယ်ရင်း အတိတ်ကနေ ပစ္စုပ္ပန်ဆီ တိုးထွက်လာဖို့ အကြံဉာဏ်ရခဲ့ကြတယ်… မင်း နားမလည်လည်း ရပါတယ်… မင်းကို ‌ဖန်ဆင်းခဲ့တဲ့ ကောင်းကင်နတ်အရှင်မူကို ပြန်တွေးကြည့်ပေါ့… သူက မင်းကို တစ္ဆေသင်္ဘောနဲ့ အတိတ်ကနေ ခေါ်လာခဲ့တာပဲ မဟုတ်လား”

နဂါးချီလင်နှင့် ယန်အာက မိုးမခသစ်ကိုင်းဖြင့် ရေအနည်းငယ် ပက်ဖြန်းပြီးနောက် တောင်ထိပ်သို့ ပြန်လာကြပြီး အဘိုးအိုသည် မြေအောက်ဘုံအရှင်သခင်အသေးစားလေးနှင့် သူတို့ မသိသော အကြောင်းအရာကို ဆွေးနွေးနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

နဂါးချီလင်က မိုးမခသစ်ကိုင်းကို သတ္တုပုံးလေးထဲ ပြန်ထည့်၍ အဘိုးအိုကို ပြေးပေး၏။ အဘိုးအိုက လက်နှစ်ဖက်လုံးဖြင့် အားယူထောက်ကာ ထရပ်လိုက်သည်။ သူက အကြောဆန့်ရင်း ‌သက်ပြင်းချနေသည်။ “ဒီအပြစ်က ငါ့အမှားလည်း ပါတယ်… ဒီတော့ ငါ့အနေနဲ့ ဒီနေရာမှာပဲ သိုင်းကျင့်ပြီး ငါ့ကိုယ်ငါ အာဟာရဖြည့်တင်းနိုင်တာပေါ့လေ… မင်းတို့ရဲ့ ကောင်းကင်နတ်အရှင်မူကို အပြစ်မတင်နိုင်ပါဘူး… ရေက ကုန်တော့မယ်ဆိုတော့ နောက်ထပ်နည်းနည်း ယူရဦးမယ်… ကျေးဇူးတင်ပါတယ် မိတ်ဆွေလေးတို့… နောက်နေ့မှာ ထပ်တွေ့ကြတာပေါ့”

နဂါးချီလင် စကားပြောရန် ပြင်လိုက်စဉ် အဘိုးအိုက သတ္တုပုံးကို ဆွဲလျက် ထွက်သွားချေပြီ။ မကြာမီ သူကား ပျောက်ကွယ်သွားတော့သည်။

“နောက်ထပ် ထူးဆန်းတဲ့ ဖြစ်ရပ်ပဲ” ယန်အာက ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်သည်။

အဘိုးအို မည်သို့ ပျောက်ကွယ်သွားသလဲ သူမ မမြင်လိုက်ရချေ။

ထိုအခိုက်အတန့်တွင် ဧရာမ အနက်ရောင်တောင်တန်းကြီးသည် ရုတ်တရက် ‌တုန်ရီလာပြီး အက်ကွဲကြောင်းမှာ ပိတ်သွားသည်။ မဟူရာတောင်တန်းက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး‌ တောင်တန်းပေါ်ရှိ ခြစ်ရာငါးရာပင်လျှင် ပျောက်ကွယ်သွား၏။

ထိုညတွင် နဂါးချီလင်နှင့်ယန်အာတို့သည် မြေအောက်ဘုံအရှင်သခင်လေးအား ခေါ်၍ မဟူရာတောင်ပေါ်တွင် နေခဲ့ကြသည်။ ထူးဆန်းသော ဖြစ်ရပ်များက ထပ်မံဖြစ်ပွားခဲ့ပြီး အမျိုးမျိုးသော ဖြစ်ရပ်များက အဆက်မပြတ် ပေါ်ပေါက်လာ၏။ ဧရာမသတ္တဝါကြီးတစ်ကောင်က တောင်ထိပ်ကို ဖောက်ထွက်ရန် ကြိုးစား၍ မရပ်မနား ၀င်တိုက်ရန် ကြံစည်နေသည့်အလား တောင်တစ်တောင်လုံးမှာ တုန်ရီနေချေသည်။

သို့သော် တောင်မှာ ကွဲအက်မသွားပေ။ ထိုနှိပ်စက်မှုက သန်းခေါင်ယံပြီးနောက် ဖြည်းဖြည်းချင်း ငြိမ်ကျသွား၏။

မနက်ရောက်သော် နဂါးချီလင် ပတ်၀န်းကျင်အား စစ်ဆေးလိုက်ရာ တောင်တန်းတစ်သိန်းထဲတွင် နောက်ထပ် တောင်ထိပ်နှစ်လုံး ကွဲအက်နေသည်ကို တွေ့လိုက်ရသည်။‌ တောင်တစ်လုံး၏ အတွင်းပိုင်းထဲ၌ ဆိုလျှင် မျက်နှာပုံသဏ္ဌာန် ချိုင့်ခွက်ရာကြီးပင် ရှိလေသည်။

သူနှင့် ယန်အာ တောင်ထဲမှ တစ်ယောက်ယောက် ထွက်လာမလား၊ မထွက်လာမလား ဆွေးနွေးနေကြစဉ် သတ္တုပုံးလေးတစ်ပုံးကို ဆွဲလျက် သူတို့အား လက်ပြကာ လျှောက်လာနေသာ အမျိုးသမီးငယ် ခပ်လှလှတစ်ဦးကို တွေ့လိုက်ရသည်။ “ငါတို့ တွေ့ပြန်ပြီနော်”

သူတို့နှစ်ယောက်လုံး ငေးကြောင်သွားချေသည်။

မိန်းမပျိုက သတ္တုပုံးကို ချ၍ ရယ်လိုက်၏။ “မနေ့က ခန္ဓာကိုယ်က အိုမင်းလွန်းတော့ ဘာအလုပ်မှ မလုပ်နိုင်ဘူးလေ… ဒီနေ့တော့ ပိုငယ်တဲ့ တစ်ယောက်အဖြစ် ပြောင်းလာတာ… ရေကို ပိုများများ သယ်လာတဲ့အပြင် မိုးမခသစ်ကိုင်းတစ်ခုလည်း ပါလာတယ်… ဒီတစ်ကြိမ် တောင်နှစ်လုံးတောင် အက်ကွဲသွားတာဆိုတော့ ပြင်ရမယ့်အချိန်ကလည်း ပိုကြာမှာပဲ”

နဂါးချီလင်မှာ ပါးစပ်ဟောင်းလောင်းဖြင့် ထစ်အစွာ ပြောလိုက်သည်။ “မိန်းကလေး… ခင်ဗျားက မနေ့က အဘိုးအိုလား”

မိန်းမပျိုက ပြုံးလျက် ဖြေသည်။ “ဟုတ်တယ် ဒါပေမဲ့ မဟုတ်ဘူး… နင်တို့သုံးယောက် မမှောင်ခင် ငါ့ကို ကူပြီး ပြင်ပေးကြဦး… မဟုတ်ရင် သူတို့ထွက်လာကြလိမ့်မယ်”

နဂါးချီလင်နှင့် ယန်အာလည်း အကူအညီပေးရန် ချက်ချင်း လျှောက်သွားပြီး နဂါးချီလင်က မိုးမခသစ်ကိုင်းကို ကိုင်၍ ရေဖြန်းနေသည်။ သူက ဂရုတစိုက် မေးလေသည်။ “ဘယ်က လာတာလဲဆိုတာ မေးခွင့်ရှိမလားခင်ဗျာ”

ထိုမိန်းမပျိုက ပြုံးလျက် ဖြေ၏။ “ငါက နင်တို့တွေလို သာမန်လူတစ်ယောက်ပါပဲ…. ကောင်းကင်နဲ့ မြေကြီးဆီက အာဟာရဓာတ်တွေနဲ့ မွေးလာတဲ့သူမျိုးပေါ့… ဒါပေမဲ့ ငါတို့ရဲ့ နေထိုင်မှုပုံစံက မတူဘူး… ငါ့ဘ၀က ပိုပြီး ပင်ပန်းလွန်းတယ်… ကောင်းကင် ယိုစိမ့်တာပဲဖြစ်ဖြစ် မြေပြင် ကွဲသွားတာပဲဖြစ်ဖြစ် ငါ သွားပြင်ရတယ်… တစ်ခုခု ပျက်စီးသွားရင် ငါ သွားပြီး ပြင်ရတယ်… အချိန်ကုန်ပြီး ပင်ပန်းတဲ့ဘ၀ပါ”

နဂါးချီလင်နှင့် ယန်အာက သူမကို ကူညီ၍ တောင်နှစ်လုံးကို ဖာထေးပေးပြီး သတ္တုပုံးများထဲရှိ ရေများမှာလည်း ကုန်သွားချေပြီ။ မိန်းမပျိုက သက်ပြင်းချသည်။ “ငါ့စမ်းချောင်းက ရေ သိပ်ထုတ်မပေးနိုင်ဘူး.. နောက်ထပ် တောင်နည်းနည်းလောက်ဆို ပြင်ပေးဖို့ ရေ ကျန်တော့မှာမဟုတ်ဘူး”

သူမက သတ္တုပုံးလေးကို ဆွဲလျက် အဝေးသို့ လျှောက်သွားသည်။ အနက်ရောင်တောင်နှစ်လုံးသည် ပြန်ပိတ်သွားပြီး မူလအတိုင်း ဖြစ်သွားချေပြီ။

နဂါးချီလင်မှာ သူမ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပို၍ပင် အံ့ဩမှင်သက်နေချေသည်။ သူက စိတ်ထဲမှ တွေးနေ၏။ ‘ဒီအနက်ရောင်သစ်ပင်ကြီးက နေရာကောင်းတစ်ခုနဲ့ မတူဘူး… လူတိုင်းကို ညဘက်တွေ မအိပ်နိုင်လောက်တဲ့အထိ ခြောက်လှန့်နေတာ… ငါ ဂိုဏ်းသခင်ကို တခြားနေရာ ရွေးခိုင်းလိုက်ရင် ကောင်းမလား’

နောက်တစ်ည ကုန်ဆုံးသွားပြီး မြေပြင်လှုပ်ခါမှုကြောင့် တောင်ဆယ့်နှစ်လုံးကျော် အက်ကွဲကုန်ကြသည်။ နောက်တစ်ရက်တွင် မိုးခမသစ်ကိုင်းများ ထည့်ထားသော သတ္တုပုံးများ ကိုင်ဆွဲလျက် လျှောက်လာနေကြသော လူငယ်ဒါဇင်ကျော်ကို နဂါးချီလင် တွေ့လိုက်ရ၏။

လူငယ်တစ်ယောက်က သူ့အား ပြောသည်။ “ငါ့ကို ဒီရက်ပိုင်းအတွင်း ရေကူဖြန်းပေးရင် မင်းတို့ကို အကျိုးရှိတာ တစ်ခုပြန်ပေးမယ်… ဟင်းလင်းပြင်သားရဲမိခင်အသစ်က မွေးဖွားလာပြီ ဆိုပေမယ့် အင်မတန် အားနည်းနေသေးတယ်… အခုက ဟင်းလင်းပြင်သားရဲမိခင်ကို ယဉ်ပါးစေဖို့ အချိန်ကောင်းပဲ…”

နဂါးချီလင်မှာ အတော်လေး ရင်ထဲ လှုပ်ခတ်သွားကာ မေးလိုက်သည်။ “ကျွန်တော်တို့ ဟင်းလင်းပြင်သားရဲမိခင်ကို ယဉ်ပါးအောင် ဘယ်လို လုပ်ရမလဲ”

လူငယ်က အပြုံးမဟုတ်သော အပြုံးဖြင့် ဖြေသည်။ “မင်းရဲ့ဂိုဏ်းသခင်က မသင်ပေးသွားဘူးလား”

နဂါးချီလင် ချင်မူ ပြောပြခဲ့သည်များကို ဂရုတစိုက် ပြန်တွေးလိုက်မိသည်။ အချိန်အတော်ကြာပြီးနောက် သူသည် အဆင့်မြင့်အသိပညာသုံးခုနှင့် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှစ်ခုလုံး၌ ဟင်းလင်းပြင်သားရဲမိခင်ကို ယဉ်ပါးစေနိုင်သည့် နည်းလမ်းများရှိသည်ကို မှတ်မိသွား၏။ သူ့မှာ စိတ်တည်ငြိမ်သွားပြီး ပြုံးလိုက်သည်။ “တာအိုနောင်တော်၊ ဟင်းလင်ပြင်းသားရဲမိခင်ရဲ့ တည်နေရာကိုများ မေးခွင့်ရှိမလား”

All Chapters