နိုင်ငံတော်အဆင့်သိပ္ပံသုတေသနစမ်းသပ်မှု! ၂
Vol. 36 Ch. 526
ချင်းလင်မွေးမြူရေးခြံနာမည်ကြီးလွန်းသဖြင့်တခြားသတင်းမီဒီယာများမှာ ဒီလိုသတင်းမျိုးတင်ဖို့အရှိန်ယူထားကြသည်။
ထိုသတင်းကြားပြီး ဟန်စုမျက်နှာဖြူဖျော့သွားသည်။
ဝမ်ဖုန်းတို့အဖမ်းခံရရုံတင်မက၊ ချင်းယွမ်မွေးမြူရေးခြံကိုပါလက်လွှတ်ရတော့မည်။
အဓိကက ဒီသတင်းထဲမှာ ဒိုနာစီမြက်ရင်းလှူထားသောပါမောက္ခလီခိုင်လည်းပါနေသည်။ ရည်ရွယ်ချက်ကထင်ရှားသည်။
တစ်ဖက်လူက ဒီလိုပြည်သူ့အမြင်မျိုးကိုအသုံးချပြီး လိုင်းပေါ်မှာသူ့ကိုကိုင်တွယ်လိမ့်မည်။
သတင်းထွက်သွားတာနဲ့ သူ့မွေးမြူရေးခြံနာမည်လုံးဝပျက်ပြီ။
ဒီအကျိုးဆက်ကပြင်းထန်မည်မှန်းသိသောကြောင့် ဟန်စုကသူ့မန်နေဂျာကိုအလောတကြီးမေးလိုက်သည်_
''အခုမွေးမြူရေးခြံအခြေအနေဘယ်လိုရှိလဲ?''
မန်နေဂျာက မျက်နှာပျက်ပျက်နှင့်ရှင်းပြ၏_
''အင်တာနက်ပေါ်မှာ ကျွန်တော်တို့ချင်းယွမ်မွေးမြူရေးခြံကိုသပိတ်မှောက်ဖို့စကားခေါ်နေတယ်... ပြီးတော့ ရွက်ဖျင်တဲနဲ့လက်မှတ်တွေယူထားတဲ့ခရီးသည်အများစုက လက်မှတ်တွေပြန်အပ်ကြတယ်... ပြစ်တင်ဝေဖန်နေတဲ့သူတွေလည်းများတယ်''
ဟန်စုကမှတ်ချက်များကိုအမြန်ဖွင့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်း မှတ်ချက်နေရာမှာတောင် သူတို့ချင်းယွမ်မွေးမြူရေးခြံကိုပြစ်တင်ဝေဖန်သံများ၊ သပိတ်မှောက်ထားသည်များ:
''ချင်းယွမ်မွေးမြူရေးခြံက လုံးဝရှက်စရာပဲ... ကိုယ်သုတေသနလုပ်ချင်တာကိုမလုပ်နိုင်ဘူးလား?''
''တခြားလူဆီက ဘာလို့မခိုးတာလဲ? ပါမောက္ခလီခိုင်ရဲ့သုတေသနရလဒ်ကိုမှ ခိုးချင်တာလား?''
''ပါမောက္ခလီခိုင်လှူထားတဲ့ဒိုနာစီမြက်ရင်းနဲ့ ချင်းယွမ်မွေးမြူရေးခြံတော့လွယ်မှာမဟုတ်ဘူး''
''ချင်းယွမ်မွေးမြူရေးခြံက လူအသိုင်းအဝိုင်းကိုထိခိုက်စေတဲ့မွေးမြူရေးခြံမျိုး... သပိတ်မှောက်ဖို့အကြံပြုတယ်''
“…”
ဟန်စုမျက်နှာမှာသွေးဆုတ်သွားပြီး_
''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''
''ဥက္ကဌဟန်... ဒါအဆိုးဆုံးမဟုတ်သေးပါဘူး''
မန်နေဂျာကပြောလိုက်သည်_
''နောက်ဗီဒီယိုတစ်ပုဒ်ကြည့်လိုက်ပါဦး... တရုတ်သိပ္ပံအကယ်ဒမီက ကျွန်တော်တို့ကိုတိုက်ရိုက်နာမည်တပ်ထားတယ်''
ဟန်စုကချက်ချင်း နောက်ဗီဒီယိုကိုဆွဲကြည့်လိုက်သည်။
''သိပ္ပံသုတေသနက အလွန်ခက်ခဲပြီးကြမ်းတမ်းပါတယ်... လူတိုင်းရဲ့သုတေသနရလဒ်ကိုလေးစားသင့်ပါတယ်... သူတပါးရဲ့သုတေသနရလဒ်ကိုခိုးတယ်ဆိုတာ သုတေသနကိုအလေးမထားတာပါပဲ... ပါမောက္ခလီခိုင်လိုကိုယ်ကျိုးစွန့်တဲ့သုတေသနသမားတွေ စိတ်ပျက်စေတဲ့လုပ်ရပ်လည်းဖြစ်ပါတယ်''
ဟန်စုမှာ တရုတ်သိပ္ပံအကယ်ဒမီကတင်ထားသောဗီဒီယိုကိုကြည့်ရင်း ယိုင်လဲတော့မလိုနှင့်_
''သွားပြီ... သွားပြီ''
တရုတ်သိပ္ပံအကယ်ဒမီကဘာမှမပြောရင် နောက်ကြောင်းပြန်လှည့်လို့ရသေးတယ်။ ဒါပေမဲ့ တရုတ်သိပ္ပံအကယ်ဒမီကပြောတာနဲ့ သူ့ကိုဘယ်သူမှယုံတော့မှာမဟုတ်။
ခွေးသွားစိတ်မြက်လေးနည်းနည်းခိုးခိုင်းတာကို ဘာလို့တရုတ်သိပ္ပံအကယ်ဒမီကထွက်လာပြီး အမှုကြီးအောင်လုပ်ရတာလဲ?
တရုတ်သိပ္ပံအကယ်ဒမီရော၊ ဝန်ကြီးလုနှင့် ပါမောက္ခရန်ပါ သတင်းစောင့်ကြည့်နေသည်ကို ဟန်စုမသိချေ။
''ငါသွားပြီးနှုတ်ဆက်လိုက်ဦးမယ်... ဒီလိုသိပ္ပံသုတေသနရလဒ်ကိုအလေးမထားတဲ့လူမျိုးက သင်ခန်းစာပေးမှရမယ်''
ဝန်ကြီးလုက ပါမောက္ခရန်ကိုတန်းပြောလိုက်သည်။ တဆက်တည်း_
''ပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းကို တို့စေတနာပြရမှာပေါ့''
ပါမောက္ခရန်ကခေါင်းညိမ့်ပြီး_
''နိုင်ငံတော်ရဲ့ U31i ဆေးဝါးအဓိကသုတေသနမှာလည်း ပါမောက္ခလီခိုင်ရဲ့အကူအညီလိုတယ်... သီးနှံပျိုးထောင်တဲ့သူ့အရည်အချင်းက တို့ကိုကြီးကြီးမားမားအထောက်အကူပေးမှာ သေချာတယ်''
ဝန်ကြီးလုကပြုံးပြီးပြောလိုက်သည်_
''အမှန်ပဲ... ဒိုနာစီမြက်ရင်းဖြစ်ဖြစ် မြို့စားနှင်းဆီဖြစ်ဖြစ် ပါမောက္ခလီခိုင်ကဒီအပိုင်းမှာပြိုင်ဘက်ကင်းကြောင်းပြလိုက်တာပဲ... အရင်ဆုံး ချင်းလင်ဓာတ်ခွဲခန်းကို စမ်းသပ်မှုမှာပူးပေါင်းဖို့ဖိတ်ရမယ်... ငါတို့ဗီဒီယိုအစည်းအဝေးအတူတူလုပ်လို့ရတယ်''
''ကောင်းပါပြီ!''
ပါမောက္ခရန်ကပြန်ဖြေလိုက်သည်။ U31i သုတေသနမှာ အမှန်ပင်အရေးတကာ့အရေးအကြီးဆုံးဖြစ်ပြီး လူငယ်ကျန်းမာရေးပိုင်းတွင်ပိုပြင်းထန်လာသည်။
ဒီအချိန်မှာ ချင်းယွမ်မွေးမြူရေးခြံကပြောင်းဝဝင်တိုးခြင်းဖြစ်၍ တရားဝင်အောင် တရုတ်သိပ္ပံအကယ်ဒမီဝင်ပါရမည်။
နောက်ပြီး အတိုင်းအတာတစ်ခုအထိ တရားဝင်အမြင်ကိုကိုယ်စားပြုနိုင်လိမ့်မည်။
ထို့ကြောင့် ဒီလိုအခြေအနေမျိုးမှာ ချင်းယွမ်မွေးမြူရေးခြံကံမဆိုးဘဲမနေ။
နောက်တစ်နေ့တွင် ဟန်စုမှာငူငူငိုင်ငိုင်နှင့်ထလာသည်။ တစ်ညလုံးအိပ်မပျော်ဘဲ ရုံးခန်းထဲမှာအိပ်ခဲ့သည်။
သူနိုးလာသည်နှင့် မန်နေဂျာကိုလှမ်းခေါ်ပြီး စိုးရိမ်တကြီးမေးလိုက်သည်_
''အခုအင်တာနက်ပေါ်မှာ အခြေအနေဘယ်လိုရှိလဲ?''
မန်နေဂျာကရုပ်ပျက်ဆင်းပျက်နှင့်_
''ဥက္ကဌဟန်... တစ်ညလုံး အင်တာနက်မှာ ကျွန်တော်တို့မွေးမြူရေးခြံအခြေအနေကိုကြည့်တာ ပိုဆိုးလာတယ်... အဓိကက.. အဓိကက..''
''အဓိကက ဘာလဲ?''
ဟန်စုကမျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
မန်နေဂျာကသူ့ဖုန်းထုတ်ပြီး ဟန်စုကိုဗီဒီယိုတစ်ပုဒ်ပြလိုက်သည်_
''ချွမ်ကျင်းဥပဒေကုမ္ပဏီက ချင်းလင်မွေးမြူရေးခြံကိုကိုယ်စားပြုပြီး ချင်းလင်ဓာတ်ခွဲခန်းရဲ့သုတေသနရလဒ်နဲ့စီးပွားရေးလျှို့ဝှက်ချက်ကို ခိုးယူမှုနဲ့တရားစွဲထားပါတယ်... ရှေ့နေစာပို့ထားပြီး တရားရုံးကအမှုကိုလက်ခံထားပုံရပါတယ်''
''သောက်*!''
ဟန်စုမှာ ထိုသတင်းကြားပြီး မဆဲဘဲမနေနိုင်တော့။
တစ်ဖက်က သူ့ကိုလုံးဝအသေသတ်နေတာပဲ။
ထိုအချိန်တွင် ရုတ်တရက် အပြင်မှရဲသုံးလေးယောက်ဝင်လာသည်။ ရဲတစ်ယောက်က ဟန်စုကိုမြင်လျှင်_
''လူကြီးမင်းဟန်... ကျွန်တော်တို့ ရုံချန်းကတင်ပြချက်ရထားပါတယ်... သုတေသနရလဒ်ခိုးမှုနဲ့စီးပွားရေးလျှို့ဝှက်ချက်ခိုးမှုကိုစစ်ဆေးဖို့ ခင်ဗျားပူးပေါင်းပေးရပါမယ်''
ဟန်စုမှာ ရုတ်တရက်အင်အားမရှိတော့သလိုလို။ တစ်ဖက်က အသေအချာပြင်ဆင်ထားတာပဲ။
ဒီတစ်ခါ သူ့ဘဝမှာအကြီးဆုံးအမှားကိုလုပ်လိုက်မိပြီ။ ဒါသူများကိုလျှော့တွက်မိတာ။
ချင်းလင်စံအိမ်ကကောင်လေးကို ငယ်ရွယ်ပြီးကိုင်တွယ်ရလွယ်တယ်လို့ထင်ခဲ့မိတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ သူဒီလိုအခြေအနေမျိုးရောက်သွားမယ်လို့ ဘယ်ထင်မလဲ။
ရဲများကရှေ့တိုးပြီး ဟန်စုကိုစတီးလက်ထိပ်ခတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ချင်းယွမ်မွေးမြူရေးခြံမန်နေဂျာမှာ ဒီတစ်ခါတော့ ချင်းယွမ်မွေးမြူရေးခြံသွားပြီဟု သိလိုက်သည်။ ဥက္ကဌဟန်လည်း ဒုက္ခရောက်လိမ့်မည်။
ချင်းလင်စံအိမ်_
ချင်လင်က အင်တာနက်ပေါ်တွင် အခြေအနေစောင့်ကြည့်နေသည်။
လင်းလန်ဇီနှင့်မာတီမီဒီယာဌာနက အွန်လိုင်းကိစ္စများကိုင်တွယ်ပြီး အလုပ်ဖြစ်နေသည်။ သူတို့ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုတောင်သုံးစရာမလိုသော်လည်း အင်တာနက်ပေါ်တွင်ပြည်သူ့အမြင်ကိုဖန်တီးထားပြီးဖြစ်လေသည်။
ချူဖုန်းဘက်တွင်လည်း ရှေ့နေစာပို့ပြီး တရားစွဲထားသည်။