နိုင်ငံတော်အဆင့်သိပ္ပံသုတေသနစမ်းသပ်မှု! ၃
Vol. 36 Ch. 527
ရုံချန်းရဲဌာနကလည်း စစ်ဆေးမေးမြန်းမှုကိုထောက်ခံရန်အစီရင်ခံစာပို့ထားသောကြောင့် အခုဟန်စုဒုက္ခရောက်တော့မည်။
သူထင်မထားတာက ချင်းယွမ်မွေးမြူရေးခြံကို တရုတ်သိပ္ပံအကယ်ဒမီကလည်း ဝင်နှက်မည်ဆိုတာပင်။
ဒီသတင်းအချက်အလက်အဖွဲ့အစည်းထဲမှာ ကြောက်စရာအကောင်းဆုံးကဘာလဲ? တရားဝင်အဖွဲ့အစည်းတစ်ခုခုက ဝေဖန်ပြစ်တင်တာခံရရင် နာမည်လုံးဝပျက်ပြီး နာမည်ဆိုးကျန်ရစ်လိမ့်မည်။
အရာရှိတွေဝေဖန်အပြစ်တင်ခြင်းကြောင့် ဂုဏ်သရေရှိသူဌေးကြီးမာတောင် ကျရှုံးသည်။
ဒီတစ်ခါ စီနီယာအစ်ကိုချူဘက်က ဟန်စုကို ၆ နှစ်တရားစွဲနိုင်သည်ဖြစ်စေ၊ မစွဲနိုင်သည်ဖြစ်စေ၊ ချင်းယွမ်မွေးမြူရေးခြံမှာ ဒီလိုပြည်သူ့အမြင်နှင့်အဖွဲ့အစည်းများစွာ၏အတိုက်အခိုက်အောက်တွင် ပျက်စီးတော့မည်။
နောက်ပြီး တိုင်းပြည်အတွင်း တခြားမွေးမြူရေးခြံများအတွက်ဥပမာအဖြစ်ပြနိုင်သည်။
ကျန်ကိစ္စများကိုသူစိုးရိမ်စရာမလို။ ဟန်စုကိုကြည့်လုပ်ဖို့ စီနီယာအစ်ကိုချူဆီလွှဲလိုက်ရုံသာ။
ချင်လင်ဖုန်းချရုံရှိသေး၊ လီခိုင်ကသူ့ရုံးခန်းထဲအပြေးရောက်လာပြီး_
''ညီလေးချင်... မကောင်းတော့ဘူး... မကောင်းတာဖြစ်တော့မယ်''
ချင်လင်က လီခိုင်၏စိုးရိမ်တကြီးပုံစံကိုကြည့်ရင်း ဇဝေဇဝါနှင့်မေးလိုက်သည်_
''အစ်ကိုလီ... ဘာဖြစ်လို့လဲ? ချင်းလင်ဆေးဖက်ဝင်ဝိုင်က ဒီလောက်မြန်မြန်ကုန်သွားပြီလား? ညည ဒေါက်တာထန်နဲ့သိပ်မကဲနဲ့''
လီခိုင်မျက်နှာမှာ စိတ်ပျက်သွားပုံနှင့်_
''ညီလေးချင်... ဒီလိုအခြေအနေမျိုးမှာ ဟာသပြောနိုင်သေးတယ်နော်? တရုတ်သိပ္ပံအကယ်ဒမီက နိုင်ငံတော်အဆင့်စမ်းသပ်ချက်မှာပူးပေါင်းဖို့ဖိတ်တယ်... အထူးဆေးပင်တစ်မျိုးပျိုးထောင်ဖို့ ကူညီခိုင်းတယ်''
''ညီလေးချင်... ငါ့အခြေအနေကိုမင်းသိပါတယ်... အင်တာနက်ပေါ်က ငါ့အကြောင်းကောလာဟလတွေအားလုံးက အထင်လွဲနေကြတာ... အဲဒါအထူးမြေကြီးကြောင့်လေ''
''တရုတ်သိပ္ပံအကယ်ဒမီက နိုင်ငံတော်အဆင့်သုတေသနမှာပျိုးထောင်ခိုင်းတာ... ဒါလူကြီးမင်းနန်ကော်ကိုရှာပြီး အရေအတွက်ဖန်တီးခိုင်းတာပဲမလား? ဒီလိုလေးလံတဲ့တာဝန်ကိုထမ်းဆောင်ကိုထမ်းဆောင်ဖို့ ငါ့မှာအရည်အချင်းမရှိဘူးလေ''
လီခိုင်ကပြောရင်းဆိုရင်း သက်ပြင်းတွေချနေသည်။ ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့ သူလုံးဝမထင်မိ။ ဖိတ်ကြားချက်ရသောအခါ သူ့တကိုယ်လုံးထုံထိုင်းသွားသည်။
အထူးသဖြင့် ဒီအချိန်မှာပွင့်ပွင့်လင်းလင်းပြန်ပြောပြလို့မရခြင်းပင်။ အင်တာနက်ပေါ်ကကောလာဟလများမှာ ဖန်တီးထားခြင်းဖြစ်သည်။ ဝန်ကြီးလုတို့တောင် ယုံမှာမဟုတ်။
ထိုအချိန်တွင် သူ့အရည်အချင်းသူဂုဏ်ယူနေသောတစ်ယောက်ယောက်ကိုတွေးမိရင် ပိုတောင်ထုံထိုင်းသွားလိမ့်မည်။
သို့သော် နိုင်ငံတော်အဆင့်စမ်းသပ်ချက်များမှာ အလွန်အရေးကြီးသောစမ်းသပ်ချက်အစီအစဉ်များဖြစ်၍ အရေအတွက်ကိုသူမဖန်တီးနိုင်။
တရုတ်သိပ္ပံအကယ်ဒမီက ဒီလိုလုပ်မည်ဟုချင်လင်မထင်မိ။ သူကချက်ချင်းမေးလိုက်သည်_
''အစ်ကိုလီ... ဒီနိုင်ငံတော်အဆင့်စမ်းသပ်ချက်ကအရမ်းအရေးကြီးလား?''
''အင်း" လီခိုင်က အလေးအနက်ခေါင်းညိမ့်ပြီး ရှင်းပြသည်_
''ပါမောက္ခရန်ဦးဆောင်တဲ့ အသည်းကင်ဆာကုဆေးက နိုင်ငံတော်အဆင့်စမ်းသပ်ချက်လို့ယူဆနိုင်တာပေါ့''
အရမ်းအရေးကြီးသည်ဆိုသောအဓိပ္ပါယ်ကို ချင်လင်သဘောပေါက်ပြီ။ သူကထပ်မေးလိုက်၏_
''ဒါဆိုရင် အစ်ကိုလီ... တရုတ်သိပ္ပံအကယ်ဒမီက ခင်ဗျားကိုပေကျင်းလာပြီး စမ်းသပ်မှုကိုကူညီခိုင်းတဲ့သဘောလား?''
လီခိုင်ကခေါင်းခါလိုက်ပြီး_
''အဲလိုမဟုတ်ဘူး... ဒီလိုပူးပေါင်းစမ်းသပ်တာမျိုးက တစ်ဖက်က တို့ချင်းလင်ဓာတ်ခွဲခန်းကို စမ်းသပ်ရံပုံငွေအဆင့်ဆင့်ချပေးတာ... စမ်းသပ်မှုကိုချင်းလင်ဓာတ်ခွဲခန်းမှာလုပ်ရုံပဲ''
ထိုစကားကြားပြီး ချင်လင်ကြောင်သွားသည်။ သူကလီခိုင်ကို အရူးလိုကြည့်လိုက်ပြီး_
''အစ်ကိုလီ... ခင်ဗျားကဘာလို့ဒီလောက်လောနေတာလဲ? ချင်းလင်ဓာတ်ခွဲခန်းမှာလုပ်ရမယ်ဆိုမှတော့ အထူးမြေကြီးရှိတယ်မလား? တခြားလူတွေမသိဘူးလေ... ကျွန်တော်တို့ရလဒ်ထွက်နိုင်ရင် အဆင်ပြေတာပဲ''
ကျွမ်းကျင်ပါမောက္ခက တစ်ခါတလေဘာလို့သောက်*ရမ်းပူနေတာလဲ?
''အင်!'' လီခိုင်ကိုသတိပေးလိုက်မှ ရုတ်တရက်တုံ့ပြန်သည်_
''အင်း... အဲလိုထင်တယ်... ညီလေးချင်... ပြီးရင် ဝန်ကြီးလုနဲ့ပါမောက္ခရန်က ဗီဒီယိုအစည်းအဝေးလုပ်လိမ့်မယ်... အတူတူသွားရအောင်''
သတင်းရရချင်း စိတ်အရမ်းပူသွားလို့ မတွေးမိဘူး။
အခုတော့ သူလုပ်နိုင်သလိုခံစားရပြန်ပြီ။
ဘာပဲဖြစ်ဖြစ် အထူးမြေကြီးရှိတယ်လေ။