← Chapters

ဒီမျိုးစေ့ကိုဂိမ်းထဲမှာမြင်ဖူးသလိုလို!

Vol. 36 Ch. 528

ဒီမျိုးစေ့ကိုဂိမ်းထဲမှာမြင်ဖူးသလိုလို!

Vol. 36 Ch. 528

ချင်းလင်စံအိမ်_

မနက်အစောပိုင်းတွင် ချင်လင်က ဂိမ်းထဲမှပစ္စည်းများစံအိမ်ရွှေ့ပြီး ရုံးခန်းထဲပြန်လာရုံရှိသေး၊ လီခိုင်လာရှာပြန်သည်။

''ညီလေးချင်... ငါ့နောက်မြန်မြန်လိုက်ခဲ့''

လီခိုင်ကရုံးခန်းထဲဝင်ဝင်ချင်း ချင်လင်ကိုဆွဲခေါ်သည်။

''အစ်ကိုလီ... မနက်စောစောစီးစီး ဘာဖြစ်တာလဲ?''

ချင်လင်က ဇဝေဇဝါမျက်နှာနှင့်မေးလိုက်သည်။

''ညီလေးချင်... အရင်ဝန်ကြီးလုနဲ့ပါမောက္ခရန်က စမ်းသပ်ချက်မှာကူညီခိုင်းတယ်လို့ပြောထားတယ်မလား?''

လီခိုင်ကအမြန်ပြောလိုက်သည်_

''ဝန်ကြီးလုက ဗီဒီယိုအစည်းအဝေးလုပ်ဖို့အသိပေးတယ်''

''အစ်ကိုလီ... အဲဒါဆိုခင်ဗျားသွားရင်ရပြီလေ... ကျွန်တော့်အလုပ်မှမဟုတ်တာ''

နောက်ဆုံးတော့ ဘာဖြစ်နေလဲ ချင်လင်သဘောပေါက်ပြီ။

နိုင်ငံတော်အဆင့်စမ်းသပ်မှုအကြောင်းသူမသိရင် လေ့လာသူသက်သက်ပဲ။

အစ်ကိုလီထက်ပိုမကောင်းနိုင်ဘူးမလား?

''မင်းက ချင်းလင်ဓာတ်ခွဲခန်းရဲ့သူဌေးမဟုတ်ဘူးလား?''

လီခိုင်ကချက်ချင်းမေးလိုက်သည်_

''ဒီလိုပူးပေါင်းစမ်းသပ်မှုမျိုးကိုသိထားရမယ်လေ ဟုတ်ပြီလား? ပြီးတော့ မင်းငါ့ဘေးမှာမရှိရင် ငါစိတ်မလုံဘူး... ပေါ်သွားမှာကြောက်တယ်''

''ကျွတ်.. ကျွတ်'' ချင်လင်။

သတင်းအချက်အလက်ကွန်ယက်ဖွံ့ဖြိုးလာမှုကြောင့် ကိစ္စအတော်များများပိုပြီးအဆင်ပြေလာသည်။

အရင်က ဒီလိုအစည်းအဝေးမျိုးကျင်းပဖို့ ပေကျင်းကိုကားတတန်၊ လှေတတန် ဒါမှမဟုတ် လေယာဉ်နှင့်သွားပြီး ဝန်ကြီးလုနှင့်ပါမောက္ခရန်ကို လူကိုယ်တိုင်သွားပြောရမည်။

အခုက အဆင်ပြေသည်။ ဗီဒီယိုအစည်းအဝေးဖြစ်၍ လူတိုင်းမျက်နှာချင်းဆိုင်တွေ့နိုင်သည်။

မဖြစ်မနေမဟုတ်ရင် ဗီဒီယိုအစည်းအဝေးလုပ်နိုင်သည်။ လူအချင်းချင်းညှင်းဆဲတာမျိုး ဘယ်သူမှမကြိုက်။

လူအချင်းချင်းညှင်းဆဲတတ်သူများမှာ အာဏာလိုချင်သူများဖြစ်တတ်သည်။

ဒီလိုလူမျိုးက နောက်ဆုံးကျရှုံးရလေ့ရှိသည်။

ချင်းလင်ဓာတ်ခွဲခန်းရုံးချုပ်မှာ အခုထိမပြီးသေး။ ချင်လင်နှင့်လီခိုင်က စံအိမ်မှထွက်၍ ယာယီငှားပြီးရွှေ့ပြောင်းထားသောရုံးခန်းဆီ တန်းသွားလိုက်သည်။

အခန်းကသိပ်မကြီးသော်လည်း လောလောလတ်လတ်ဖရဲမျိုးအသစ်ကြော်ငြာဖို့ လုံလောက်သည်။

ချင်းလင်စံအိမ်နှင့်မတူ။ ငှားထားသောအဆောက်အဦးဆိုသော်လည်း ကားပါကင်ရောက်သောအခါ ဝင်ပေါက်တွင်လုံခြုံရေးအစောင့်များ၏စစ်ဆေးခြင်းကိုခံရသည်။

လီခိုင်က လုံခြုံရေးအစောင့်စစ်ဆေးရန် အလုပ်ဝင်ကတ်နှင့် ID ကတ်ပေးလိုက်သည်။ လုံခြုံရေးအစောင့်စစ်ဆေးပြီးမှသာ ဝင်ခွင့်ပေးသည်။

''ဒီမှာ ယွင်ဖေး (အခန်း ၂၃၇) လုံခြုံရေးက အရမ်းတင်းကြပ်တာပဲ''

ချင်လင်ကကားပေါ်မှဆင်းပြီး တာဝန်ကျလုံခြုံရေးအစောင့်များကိုကြည့်၍ ကျေကျေနပ်နပ်ပြောလိုက်သည်။

လီခိုင်ကခေါင်းညိမ့်ပြီး_

''ဘာပဲဖြစ်ဖြစ် မန်နေဂျာယွင်က ပညာရှင်ပဲလေ... ဒီမူလဓာတ်ခွဲခန်းနေရာကိုသူတာဝန်ယူပြီးတော့ လုံးဝပြဿနာမရှိဘူး... မဟုတ်ရင် သူဌေးကြီးမာဖန်တီးထားတဲ့ဓာတ်ခွဲခန်းကိုလူတိုင်းဝင်ပြီး လုံခြုံရေးတာဝန်ခံလုပ်နိုင်မှာပေါ့''

ချင်လင်ထောက်ခံသည်။

နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းမှာအထူးမြေကြီးလျှို့ဝှက်ချက်ရှိသည်။ နောင်မှာ လျှို့ဝှက်ချက်တွေပိုများလာမည်ဖြစ်၍ လျှို့ဝှက်ထောက်လှမ်းသူတွေရှိလာမည်။ ထို့ကြောင့် လုံခြုံရေးကအခိုင်ခံ့ဆုံးဖြစ်ထားဖို့လိုသည်။

လုံခြုံရေးဌာနအတွက် ရံပုံငွေထောက်ပံ့မှုလိုအပ်ချက်ရှိမရှိ မန်နေဂျာယွင်ကိုသူမေးချင်သည်။ မည်သို့ဆိုစေ မော်ဒန်လုံခြုံရေးစနစ်ကို အချိန်နှင့်အမျှ အမီလိုက်ရမည်ဖြစ်ပြီး အကုန်အကျများသည်။

သူကလုံခြုံရေးကို အထူးအလေးထားသည်။

ချင်လင်နှင့်လီခိုင်က ချင်းလင်ဓာတ်ခွဲခန်းမှငှားထားသောရုံးထဲဝင်လာသည်။ ရှန်လီကအသင့်စောင့်နေ၏။ သူတို့နှစ်ယောက်ကိုမြင်သောအခါ သူတို့ဆီရောက်လာပြီး_

''ဥက္ကဌချင်... ပါမောက္ခလီခိုင်... ရောက်လာပြီပေါ့... မာတီမီဒီယာခန်းအသင့်ဖြစ်ပါပြီ... တရုတ်သိပ္ပံအကယ်ဒမီကနေ ပါမောက္ခရန်စာပို့ထားပါတယ်... ရောက်ရင် ဗီဒီယိုလင့်ခ်ဖွင့်လိုက်ပါတဲ့''

သူ့မျက်နှာမှာ ဝမ်းသာမှုကအတိုင်းသား။

မော်ဒန်လူအဖွဲ့အစည်းတွင် သိပ္ပံသုတေသနသမားဖြစ်ဖြစ်၊ ဓာတ်ခွဲခန်းဖြစ်ဖြစ် အရည်အချင်းကအလွန်အရေးကြီးသည်။

သိပ္ပံသုတေသနသမားကိုနေရာပေးသောအခါ သူတို့အရည်အချင်းကိုကြည့်ရသည်။

နောင်မှာ ဓာတ်ခွဲခန်းကိုနိုင်ငံတော်အဆင့်ချီးမြှင့်ခံချင်ရင်လည်း သူတို့အရည်အချင်းရှိမရှိအပေါ်သာမူတည်လိမ့်မည်။

ဒီတစ်ကြိမ် ချင်းလင်းဓာတ်ခွဲခန်းက တရုတ်သိပ္ပံအကယ်ဒမီကို နိုင်ငံတော်အဆင့်စမ်းသပ်ချက်တွင်ကူညီနိုင်ခြင်းမှာ ချင်းလင်ဓာတ်ခွဲခန်းအတွက် အရည်အချင်းတစ်ရပ်ဖြစ်သည်။

ဓာတ်ခွဲခန်းအတွက် အရည်အချင်းများများရှိလေလေ ပိုကောင်းလေလေပင်။

ဓာတ်ခွဲခန်းတာဝန်ခံတစ်ဦးအနေနှင့် ဝမ်းမသာဘူးဟုဆိုလျှင် ထူးဆန်းနေလိမ့်မည်။

သိပ္ပံသုတေသနကို စီနီယာကျဖို့ဝေဖန်နေကြသော်လည်း တချို့ကိစ္စများကသူတို့ထင်သလိုမရိုးရှင်းပေ။

မဟုတ်ရင် ပါမောက္ခရန်ရဲ့အရည်အချင်းနဲ့ တော်ဝင်ပညာရှင်ဖြစ်ဖို့ဘာလို့တန်းစီနေမလဲ? ပါမောက္ခရန်မှာအမြင်မရှိဘူးလား? စမ်းသပ်အားထုတ်မှုနည်းလို့လား?

တန်းစီနေသူများမှာ သိပ္ပံသုတေသနတွင် အမှန်ပင်ပါဝင်ဆောင်ရွက်ထားကြမှန်း ပါမောက္ခရန်သိသည်။

ဒီလူတွေမှာ ကြီးကြီးမားမားအောင်မြင်မှုရှိချင်မှရှိမည်ဖြစ်သော်လည်း သုတေသနအောင်မြင်မှုဆိုသည်က နောက်ဆုံးအသီးအပွင့်ခံစားရသူကိုအလုံးစုံမှတ်ယူ၍မရနိုင်။

ဒီဖြစ်စဉ်မှာ အတားအဆီးကျော်ဖြတ်ခဲ့သူတွေ၊ နောက်ဆုံးရလဒ်အတွက် လမ်းလွဲတွေအများကြီးကိုသက်သာစေခဲ့သူတွေက ဘာအသိအမှတ်ပြုတာမှမခံရဘူးလား?

လမ်းဖောက်ဖို့အတွက်အသိအမှတ်ပြုစရာအားလုံးက ပုံပေါ်စေတဲ့သူဆီရောက်သွားပါသလား?

ဒီစည်းမျဉ်းအချုပ်အနှောင်မှဖောက်ထွက်လိုလျှင် ထူးထူးခြားခြားအရည်အချင်းမျိုးရှိရမည်။ အရည်အချင်းကအံ့ဩစရာကောင်းပြီး လူတိုင်းထက်အဆင့်တစ်ခုသာလွန်လျှင် ဒီစည်းမျဉ်းကိုလိုက်နာစရာမလို။

တရုတ်ပြည်တွင် အသက် ၃၀ ဝန်းကျင် ငယ်ငယ်ရွယ်ရွယ်တော်ဝင်ပညာရှင်များရှိသည်။

ထူးထူးခြားခြားအရည်အချင်းမရှိရင် အရည်အချင်းတိုးတက်အောင် စည်းမျဉ်းလိုက်နာပြီး အလုပ်ကြိုးစားရမည်။

အကြောင်းမှာ အတွေ့အကြုံရှိသူများကလည်း အလားတူကိစ္စမျိုးဖြတ်သန်းဖူးကြသည်။

ပူညံပူညံလုပ်တတ်သူများမှာ ထူးထူးခြားခြားအရည်အချင်းမရှိသူများ၊ စည်းမျဉ်းမလိုက်နာချင်သူများဖြစ်တတ်သည်။

သူတို့အရည်အချင်းက လူတိုင်းထက်မြင့်သည်၊ သူတို့အရင်တန်းစီနေသူများအားလုံးမှာ သူတို့နှင့်တစ်တန်းတည်းထားဖို့မတန်သော အိုးပုတ်ချိုးရုပ်များဟုထင်ကြသည်။

တကယ်တော့ ဒီလိုလူမျိုးက သုံးပြည်ထောင်မှတစ်ယူသန်ချောင်ဟန်နှင့်နည်းနည်းတူသည်။ သူစာလေ့လာစဉ်က အကောင်းဆုံးစာမေးပွဲရလဒ်များထွက်ခဲ့ပြီး နည်းနည်းကျော်ကြားလာသည်။ ထို့နောက် ဆွေမျိုး၊မိတ်ဆွေအသိုင်းအဝိုင်းကြားတွင်ကြွားဝါပြီး ကမ္ဘာမှာသူကအတော်ဆုံးဟုထင်နေသူဖြစ်သည်။



All Chapters