ဒီမျိုးစေ့ကိုဂိမ်းထဲမှာမြင်ဖူးသလိုလို! ၂
Vol. 36 Ch. 529
နောက်ဆုံး လူအဖွဲ့အစည်းအပြင်ရောက်သောအခါ ဘာမှမလုပ်သော်လည်း ကော်ကျားကသူ့ဖိနပ်သယ်ဖို့မတန်၊ ကျူးကောလျန်က သူ့အတွက်ရေနွေးငှဲ့ပေးဖို့သာကောင်းသည်၊ သူ့ကိုဒူးထောက်ပြီး ကူညီပေးဖို့တောင်းဆိုသင့်သည်ဟု ပြောရဲလာသည်။
တကယ်တော့ ဒီနေ့ခေတ်လူငယ်အများစုမှာလည်း ဒီလိုအတွေးမျိုးရှိကြသည်။ မည်သည့်ကုမ္ပဏီတွင်အလုပ်လုပ်သည်ဖြစ်စေ ခပ်ဝဝကြီးကြပ်သူများ၊မန်နေဂျာများမှာ သူတို့ကိုအုပ်ထိန်းနိုင်မည့်အရည်အချင်းမျိုးမရှိ၊ သူတို့သာထိုနေရာနှင့်သင့်လျော်သည်ဟု ထင်တတ်ကြသည်။
သို့သော် အထက်သို့တက်လှမ်းနိုင်သောအရည်အချင်းရှိသူလူတချို့မှလွဲ၍ ၉၉% သောလူများမှာ ဘာမှမဟုတ်ကြပေ။
ရှန်လီက ချင်လင်နှင့်လီခိုင်ကို မီဒီယာခန်းထဲခေါ်လာသည်။
ယွင်ဖေးက အတွင်းပိုင်းဖွဲ့စည်းရန် လုံခြုံရေးတစ်ဖွဲ့ခေါ်ထားပြီး ဝင်ပေါက်တွင်အထိုင်စောင့်မည့်လူတောင်စီစဉ်ထားသည်။
သူ့ကိုအပြစ်မပြောနှင့်။
ယေဘူယျအားဖြင့် နိုင်ငံတော်အဆင့်စမ်းသပ်လုပ်ငန်းများမှာ လျှို့ဝှက်ကိစ္စဟုယူဆနိုင်သည်။ ရလဒ်ကိုမကြေညာခင် အားလုံးလျှို့ဝှက်ထားရသည်။
''ဥက္ကဌချင်... ပါမောက္ခလီ... ဥက္ကဌရှန်''
သူတို့သုံးယောက်ဝင်လာလျှင် ယွင်ဖေးကအမြန်လာနှုတ်ဆက်ပြီး တံခါးစောင့်ဖို့လူတချို့ခေါ်လာသည်။
ရှန်လီက မာတီမီဒီယာစက်နားသွား၍ စတင်လုပ်ဆောင်လိုက်သည်။
တစ်ခဏအတွင်း နံရံပေါ်မှ LCD ဖန်သားပြင်လင်းလာပြီး အပိုင်းပိုင်းခွဲထားသည်။
''ဥက္ကဌချင်... ပါမောက္ခလီ... ဗီဒီယိုအစည်းအဝေးချိတ်ထားပါပြီ''
ရှန်လီကပြောသည်_
''ပါမောက္ခရန်တို့ခွင့်ပြုတာနဲ့ ဝင်လို့ရပါပြီ''
မကြာမီ ဖန်သားပြင်ပေါ်တွင် ''ဗီဒီယိုချိတ်ဆက်ပြီးပါပြီ'' ဟူသောစာလုံးများပေါ်လာသည်။ ထို့နောက် ဖန်သားပြင်တစ်ခုလုံးမှာ ပုံရိပ်တစ်ခုစီနှင့်လေးပိုင်းခွဲထားသည်။
ချင်လင်၊ လီခိုင်နှင့် ရှန်လီက တစ်ကန့်။ ဝန်ကြီးလုနှင့်ပါမောက္ခရန်ကလည်း ပထမအကန့်တွင်ပေါ်လာသည်။
သူတို့နှစ်ယောက်က တစ်ရုံးတည်းရောက်နေမှန်းသိသာသည်။
တခြားနှစ်ကန့်တွင် လူတချို့လည်းပေါ်လာသည်။
ဗီဒီယိုချိတ်ဆက်ပြီးနောက် ဝန်ကြီးလုကအားလုံးကိုနှုတ်ဆက်လိုက်သည်_
''အားလုံးစုံပြီနော်... ပါမောက္ခလီ ပါမောက္ခကျင်း ပါမောက္ခဟွမ်နဲ့ သူဌေးချင်... မတွေ့တာနည်းနည်းကြာသွားပြီ''
ချန်လီကိုလုံးဝလျစ်လျူရှုထား၏။
ဒီအချိန်မှာ ဝန်ကြီးလုကနာမည်ခေါ်ဖို့ အရည်အချင်းမမီ။
ထို့အတူပင် တခြားနှစ်ကန့်ထဲမှလူအများစုကိုလည်း လျစ်လျူရှုထားသည်။
တခြားနှစ်ကန့်ထဲကလူများမှာ တခြားဓာတ်ခွဲခန်းမှဖြစ်မည်ဟု ချင်လင်သိထားသည်။
ပါမောက္ခရန်ကလည်း_
''ပါမောက္ခလီခိုင် ပါမောက္ခကျင်း ပါမောက္ခဟွမ်... ဒီစမ်းသပ်မှုမှာ ခင်ဗျားတို့အကူအညီလိုပါတယ်... သီးနှံပျိုးထောင်တဲ့အပိုင်းမှာ ခင်ဗျားတို့ရဲ့သုတေသနက နိုင်ငံထဲမှာအကောင်းဆုံးပါပဲ''
လီခိုင်ကထိုစကားကြားပြီး တခြားနှစ်ကန့်ကိုအမှတ်တမဲ့ကြည့်လိုက်သည်။
ပါမောက္ခကျင်းနှင့်ပါမောက္ခဟွမ်ကိုသူသိသော်လည်း လူချင်းတစ်ခါမှမတွေ့ဖူး။
သူနှင့်စာလျှင် ဒီနှစ်ဦးမှာ သီးနှံပျိုးထောင်ခြင်းနှင့်မျိုးစိတ်သုတေသနအပိုင်းတွင် ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။
အရင်ကသူတို့စာတမ်းအတော်များများကိုဖတ်ဖူးပြီး အများကြီးအကျိုးရှိခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်ကိုအတော်မျှော်လင့်ထားသည်။
ထို့အပြင် ဒီနှစ်ယောက်ကိုယ်တိုင်လုပ်ထားသောသုတေသနက အားလုံးအထင်လွဲပြီး အင်တာနက်ပေါ်မှာနာမည်ကြီးနေသော သူနှင့်မတူ။
ပါမောက္ခကျင်းနှင့်ပါမောက္ခဟွမ်ကလည်း လီခိုင်ကိုကြည့်လိုက်သည်။
ပါမောက္ခဟွမ်ကချက်ချင်း လေးစားသံနှင့်_
''ပါမောက္ခလီ... ခင်ဗျားနဲ့ဒီလိုဆုံခွင့်ရတာ ဂုဏ်ယူစရာပါပဲ... အရင်ကဒိုနာစီမြက်ရင်းပျိုးထောင်ဖို့ ကျွန်တော့်ကိုဆက်သွယ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ ခင်ဗျားကဒီလောက်လွယ်လွယ်နဲ့ပျိုးထောင်နိုင်လိမ့်မယ်လို့ မထင်မိဘူး... တကယ်လေးစားမိပါတယ်''
ပါမောက္ခကျင်းလည်းပြုံးပြီး ရိုးသားစွာပြောလိုက်သည်_
''အမှန်ပဲ... ကျွန်တော်ကသုတေသနနယ်ပယ်မှာ တော်တန်ရုံလေးစားခဲပါတယ်... အရင်က ပါမောက္ခဟွမ်ပဲကိုလေးစားတယ်... အခုခင်ဗျားကိုပါလေးစားသွားပြီ ပါမောက္ခလီ''
သူတို့နှစ်ဦးအပြောကြောင့် လီခိုင်နည်းနည်းရှက်သွားသည်။
သူကချက်ချင်းပင် နှိမ့်ချပြီး_
''ပါမောက္ခတို့... ကျွန်တော့်ကိုမနောက်ပါနဲ့တော့... ခင်ဗျားတို့က ကျွန်တော်လေးစားရတဲ့သူတွေပါ... ခင်ဗျားစာတမ်းတွေအများကြီးဖတ်ဖူးတယ်... အဲဒီကနေ အများကြီးသင်ယူခဲ့ရပါတယ်''
ပါမောက္ခဟွမ်ကပြုံးလိုက်ပြီး_
''ပါမောက္ခလီ... စာတမ်းထဲကကိစ္စတွေကို ငါတို့ဆွေးနွေးလို့ရပြီ... ဘာပဲဖြစ်ဖြစ် ကျောက်မျက်ကိုအရောင်ထွက်အောင် တခြားတောင်တန်းကအသိပညာသုံးလို့ရတာပဲ''
''ဟုတ်တယ်... သိပ္ပံသုတေသနပိုများရင် စိတ်ကူးတွေပိုကောင်းတာပေါ့''
ပါမောက္ခလီကထောက်ခံလိုက်သည်။
လီခိုင်မှာသူတို့နှစ်ဦးပြောနေသံကြောင့် အတော်လေးစိတ်ဖိစီးသွားသည်။
ဘယ်လိုဟာသမျိုးလဲ? သူကနံပါတ်တွေဖန်တိးလိုက်ရုံသက်သက်ပဲ။ သူ့ရဲ့တကယ့်အရည်အချင်းက ဒီနှစ်ယောက်ထင်နေသလို မြင့်တာမဟုတ်ဘူး။
ထိုမြင်ကွင်းကြောင့် ချင်လင်ရင်ထဲထိသွားသည်။ ဆိုရိုးရှိသလို၊ ကျမ်းစာမှာပထမမရှိ၊ ကိုယ်ခံပညာမှာဒုတိယမရှိ။ စာသင်သားအချင်းချင်းအထင်သေးကြသည်ဆိုသော ဆိုရိုးစကားလည်းရှိသေးသည်။
သို့သော် ပါမောက္ခကျင်းနှင့်ပါမောက္ခဟွမ်လို ထူးချွန်သောသုတေသနသမားများက အချင်းချင်းနားလည်ကြသည်။ လုံးဝအပြိုင်အဆိုင်မရှိ။ အစ်ကိုလီအပေါ်သူတို့ရဲ့သဘောထားတွင် သူတို့ရိုးသားမှုကိုခံစားမိနိုင်သည်။
ဒါထိပ်တန်းသိပ္ပံသုတေသနဆောင်ရွက်သူတွေရဲ့ချစ်မြတ်နိုးနိုင်စွမ်းဖြစ်ကောင်းဖြစ်မည်။ ဒီနည်းဖြင့်သာ သူတို့ကိုယ်ပိုင်သိပ္ပံသုတေသနမှာ အောင်မြင်မှုတွေဖန်တီးနိုင်လိမ့်မည်။
သူတို့သုံးယောက်သားပျော်ပျော်ရွှင်ရွှင်စကားပြောနေသောကြောင့် ပါမောက္ခရန်လည်းပြုံးပြီး_
''ခင်ဗျားတို့သုံးယောက်ကိုနှောင့်ယှက်ဦးမယ်... လုပ်ငန်းစကြတာပေါ့... ဝန်ကြီးလုမှာ အရေးကြီးတဲ့အစည်းအဝေးတက်စရာရှိတယ်''
ထိုစကားကြောင့် လူတိုင်းအလေးအနက်ဖြစ်သွားပြီး ပါမောက္ခရန်ဆက်ပြောမည့်စကားကိုစောင့်နေကြသည်။
ပါမောက္ခရန်လည်း စမ်းသပ်မှုအကြောင်း စမိတ်ဆက်ပေးသည်_
''ပါမောက္ခတို့ U31i ဆေးဝါးသုတေသနအကြောင်းသိမယ်ထင်ပါတယ်... လောလောဆယ် တို့နိုင်ငံရဲ့လူဦးရေနောက်ဆုံးအချက်အလက်အရ လူဦးရေ ၅% ပဲအခြေခံကျန်းမာရေးရှိပြီး မကျန်းမာသူ ၂၀% နဲ့ ချို့တဲ့သူ ၇၅% ရှိနေတယ်... ချို့တဲ့သူက သန်း ၉၀၀ ကျော်တယ်... ဒါအရမ်းပြင်းထန်တဲ့အချက်အလက်ပဲ''
ပါမောက္ခရန်စကားနားထောင်ပြီး ဒီတစ်ခါတရုတ်သိပ္ပံအကယ်ဒမီကဘာတွေလုပ်နေမလဲ ချင်လင်အကြမ်းဖျင်းတွေးမိသည်။
အမှန်ပင် ချို့တဲ့သူများကိုပစ်မှတ်ထားသည်။
ကျန်းမာရေးချို့တဲ့ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သော်လည်း ဒီပြဿနာကိုမထိန်းချုပ်နိုင်။ အလွန်ကျန်းမာသူ သို့မဟုတ် အလွန်သန်မာပုံပေါက်သူအတော်များများပင် ကျန်းမာရေးချို့တဲ့နေတတ်သည်။
ကျန်းမာရေးချို့တဲ့ခြင်းမှာ တရုတ်ပြည်တွင်လျစ်လျူရှုထား၍မရသော နိုင်ငံတကာပြဿနာဖြစ်ရုံတင်သာမက ပြည်သူ့ပြဿနာတစ်ခုလည်းဖြစ်လာသည်။