Chapters

ဒီမျိုးစေ့ကိုဂိမ်းထဲမှာမြင်ဖူးသလိုလို! ၃

Vol. 36 Ch. 530

ဒီမျိုးစေ့ကိုဂိမ်းထဲမှာမြင်ဖူးသလိုလို! ၃

Vol. 36 Ch. 530

ကျန်းမာရေးချို့တဲ့ခြင်းကို အချိန်မီမပြင်ဆင်ခဲ့လျှင် စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်လွယ်သည်: ဥပမာ - မောပန်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိတ်ဆတ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သေချင်စိတ်တောင်ဖြစ်နိုင်ပြီး အမျိုးမျိုးသောရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာများဖြစ်နိုင်သည်။

ဒီလူအုပ်စုမှာ ရုတ်တရက်သေဆုံးနိုင်ချေများသည်။

တစ်နည်းဆိုရသော် နိုင်ငံအတွင်းလူဦးရေ ၇၅% မှာ ရုတ်တရက်သေဆုံးနိုင်ချေရှိနေသည်။

ထိုဖော်ပြချက်ကို အတော်များများကနှာခေါင်းရှုံ့ကြလိမ့်မည်။ မည်သို့ဆိုစေ ရုတ်တရက်သေဆုံးသူများမှာ အလားတူအယူအဆမျိုးရှိကြသည်။

နောက်ပြီး ကျွန်ုပ်တို့နိုင်ငံအတွင်း ကျန်းမာရေးချို့တဲ့သူအများစုမှာ မော်ဒန်ခေတ်စိတ်မြန်လက်မြန်လူအဖွဲ့အစည်းမှတဆင့် ကြီးကြီးမားမားစိတ်ဖိအားရခြင်းနှင့်စိတ်ကစဉ့်ကလျားဖြစ်ခြင်းကြောင့်ဖြစ်ရသည်။

မြန်မြန်ဆန်ဆန်လူမှုပြဿနာကိုဖြေရှင်းဖို့နည်းမရှိ။ တစ်ခုတည်းသောဖြေရှင်းနည်းမှာ ဒီလိုစိတ်ပိုင်းပြဿနာများကိုထိန်းချုပ်ရန် ဆေးဝါးဖော်စပ်ခြင်းပင်။

အခြေခံပြဿနာကိုမဖြေရှင်းနိုင်သော်လည်း ပြဿနာပိုဆိုးလာသည်ထက်ပိုကောင်းသည်။

တချို့သုတေသနသမားများက လူအများစုသည်ကီလို ၁၀၀၊၂၀၀ ထမ်းပြီး ဆယ်ကီလိုမီတာကျော်လျှောက်နိုင်သည်ဟုဆိုထားသော်လည်း ယခုမူ ကီလို ၁၀၀၊၂၀၀ ထမ်းပြီး မိနစ်ပိုင်းမျှသာလျှောက်နိုင်သည်။ လူသားများသည် ကျန်းမာရေးချို့တဲ့သောပြဿနာများကြောင့် တဖြည်းဖြည်းယုတ်လျော့လာသည်ဟုလည်း တွက်ဆထားသည်။

နည်းနည်းခြောက်လှန့်ထားသည်ဆိုသော်လည်း ဒီကိစ္စ၏ပြင်းထန်မှုကိုသိနိုင်သည်။ ဒီလိုသုတေသနမျိုးကလိုအပ်သည်။ နောင်ရေရှည်မှာ လူသားမျိုးနွယ်အကျိုးအယုတ်အတွက် အဓိကဖြစ်လာနိုင်သည်။

သို့သော် ဒီလိုသုတေသနမျိုးလုပ်ဖို့မလွယ်။ မဟုတ်ရင် ကျန်းမာရေးချို့တဲ့ခြင်းက လူမှုရေးပြဿနာဖြစ်လာမည်မဟုတ်ပေ။

နိုင်ငံတိုင်းက ဒီလိုပြဿနာမျိုးကိုအဆင့်ဆင့်သုတေသနလုပ်လျက်ရှိပြီး အခြေခံအားဖြင့် ပထမအဆင့်မှာသာရှိသည်။

ပါမောက္ခရန်ကဆက်ပြီး_

''U31i ဆေးဝါးအတွက် ထျန်းမုထုံရှန်းဆိုတဲ့သာမန်ဆေးပင်ကိုသီးသန့်ပျိုးထောင်နေပါတယ်''

''အာ!''

'ထျန်းမုထုံရှန်း'ဆိုသောနာမည်ကြားပြီး ချင်လင်ကတိုးတိုးလေးရေရွတ်လိုက်မိသည်။

သူအမှတ်မမှားရင် ဆေးဥယျာဉ်ပွင့်တုန်းက အဆင့် ၁ ဆေးဥယျာဉ်ထဲစိုက်နိုင်သောမျိုးစေ့များတွင် ဂန္တဝင်ဆေးပင်မျိုးစေ့ပါသည်။

ပါမောက္ခရန်က_ ''ထျန်းမုထုံရှန်းက သာမန်ဆေးပင်ဆိုပေမဲ့ သူ့ရဲ့စိတ်ဖိအားအပေါ်သက်ရောက်မှုက U31i ဆေးဝါးအတွက်မဖြစ်မနေလိုတယ်... ဒါပေမဲ့ တို့သီးသန့်ပျိုးထောင်ထားတဲ့ထျန်းမုထုံရှန်းက စိတ်ဖိအားလိုအပ်ချက်နဲ့မပြည့်စုံဘူး''

အခု ဒီခြေလှမ်းရဲ့ရည်ရွယ်ချက်ကို လီခိုင်တို့သဘောပေါက်လိုက်ပြီ။ ထျန်းမူထုံရှန်းကိုပျိုးထောင်ဖို့။

ဒါက တကယ့်ကိစ္စ။

တရုတ်သိပ္ပံအကယ်ဒမီက ဒီဆေးပင်ပျိုးထောင်ရေးအတွက်အကောင်းဆုံးကြိုးစားနေသော်လည်း ရလဒ်ကအကောင်းဆုံးမထွက်လာ။ နောက်ပြီး ဒီပျိုးထောင်သုတေသနတွင် ပါမောက္ခဟွမ်၊ ပါမောက္ခကျင်းနှင့် ပါမောက္ခလီတို့လို နာမည်ကြီးများမှာ အပြင်ကဖြစ်သည်။

ဒါပြင်ပအကူအညီရှာခြင်းဟုဆိုနိုင်သည်!

မည်သို့ဆိုစေ တရုတ်သိပ္ပံအကယ်ဒမီကဘယ်လောက်အင်အားရှိရှိ၊ မျက်နှာဖုံးမပါဘဲ လုံးဝဟန်မပြနိုင်။

ပါမောက္ခရန်မိတ်ဆက်ပြီးနောက် ဝန်ကြီးလုက_

''ဒီအခြေအနေကိုသတိပြုမိကြမယ်ထင်ပါတယ်... ဒီတော့ ထျန်းမုထုံရှန်းကိုပျိုးထောင်ဖို့ ခင်ဗျားတို့ကိုဒုက္ခပေးရမှာပဲ... ပျိုးထောင်ရတဲ့ဦးတည်ချက်က စိတ်ဖိအားသက်သာစေဖို့ပါ... ပြီးရင် တရုတ်သိပ္ပံအကယ်ဒမီရဲ့ကျွမ်းကျင်သူက ခင်ဗျားတို့ရဲ့ဓာတ်ခွဲခန်းကို မျိုးစေ့နဲ့ထောက်ခံချက်စာချုပ်ပို့ပေးပါလိမ့်မယ်''

သိပ္ပံသုတေသနသမားအများစုက ဒီလိုသုတေသနအကူအညီမျိုးကိုငြင်းမည်မဟုတ်။ ပထမအချက်အနေနှင့် နိုင်ငံအတွက်ပါဝင်ဆောင်ရွက်ရခြင်း၊ ဒုတိယအချက်အနေနှင့် အောင်မြင်ခဲ့လျှင် ဂုဏ်တက်ခြင်းကြောင့်ဖြစ်သည်။

မည်သို့ဆိုစေ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပြီး အဆုံးကိုလက်ခံထားရသော လီခိုင်လိုမဟုတ်။ အဆုံးကိုလက်ခံထားရခြင်းမှာ မီးစညှိထားပြီဖြစ်၍ ရပ်လို့မရတော့။

ချင်လင်ကမူ ဂိမ်းထဲတွင်သာလုံးဝအာရုံစိုက်ထားသည်။ သူကသူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားပြီး ဆေးဥယျာဉ်မျိုးစေ့စာရင်းကိုကြည့်စေလိုက်သည်။

မကြာမီ သူ့မျက်လုံးများဝင်းလက်သွား၏။

ထျန်းမုထုံရှန်းမျိုးစေ့: အရည်အသွေး ၁။