အခန်း (၅၃၂)
Vol. 36 Ch. 532
ကွာခြားချက်မှာ စမ်းသပ်မှုအကူအညီစာချုပ်က တရားဝင်ဖြစ်ပြီး ဂုဏ်နှင့်အောင်မြင်မှုပိုရသည်။
စမ်းသပ်မှုအောင်မြင်ပါက ဓာတ်ခွဲခန်းကို တရုတ်သိပ္ပံအကယ်ဒမီမှဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ပြီး နိုင်ငံတော်ဘွဲ့လျှောက်ရန်အတွက် အရည်အချင်းလည်းပြည့်မီသည်။
ဒါမျိုးက ငွေနှင့်ဝယ်လို့မရသောအရာ။
တရုတ်သိပ္ပံအကယ်ဒမီက ငွေအားလုံးတလုံးတည်းလွှဲမည်မဟုတ်။ စမ်းသပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်အရ ရံပုံငွေလွှဲပေးလိမ့်မည်။
ပျိူးထောင်သည့်အဆင့်တွင် တစ်ဖက်ကလည်း ချင်းလင်ဓာတ်ခွဲခန်းတွင်အခြေချလိမ့်မည်။
ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းတို့ဘက်တွင်လည်း အခြေအနေအတူတူပင်။
စာချုပ်အကြောင်းအရာကိုဖတ်ပြီးနောက် ချင်လင်ကသူ့နာမည်လက်မှတ်တန်းထိုးလိုက်သည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် စာချုပ်ပါဝေါဟာရနှင့်စည်းမျဉ်းများက သူ့အတွက်သိပ်မဟုတ်။
ထို့နောက် ချင်လင်ကကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး အကြီးအကဲရန်အတွက် စံအိမ်တွင်သတို့သမီးခန်းစီစဉ်ခိုင်းသည်။
နောက်တစ်ဆင့်က ဂိမ်းမျိုးစေ့ထျန်းမုထုံရှန်းကို တရုတ်သိပ္ပံအကယ်ဒမီမှအကြီးအကဲရန်ယူလာသောမျိုးစေ့နှင့်ဘယ်လိုရောမလဲ စဉ်းစားရမည်။
ဒါကိုနိုင်ငံအတွက်အခမဲ့ပေးရမည်။
သူများအမြင်မှာ ဒီလိုပစ္စည်းတွေပေးခြင်းက အရူးလုပ်ရပ်ဟုထင်နိုင်သော်လည်း သူကတော့ပျော်သည်။
သူ့မှာဒီလိုပစ္စည်းတွေဘာလို့ပေါနေလဲ?
သူ့မှာလုပ်နိုင်စွမ်းရှိတုန်း အဆုံးအရှုံးသိပ်မရှိတဲ့အရာတွေများများလုပ်ထားရင် အန္တရာယ်မရှိနိုင်။
တရုတ်သိပ္ပံအကယ်ဒမီမှရံပုံငွေ မြန်မြန်ဆန်ဆန်ရောက်လာသည်။ နောက်တစ်နေ့မနက်အစောကြီးရောက်လာပြီး လီခိုင်ကချင်းလင်ဓာတ်ခွဲခန်းတွင်အလုပ်စသည်။
ပျိုးထောင်သည့်ဖြစ်စဉ်ကိုအထောက်အပံ့ပေးခြင်းမှာ ဘဲကိုခရီးကြမ်းဆီတွန်းအားပေးသကဲ့သို့ ပြဿနာကကျောက်တုံးများရှိပြီးဖြစ်သည်။ သူ့မှာ ဒီလိုတာဝန်အသိစိတ်မျိုးရှိနေသည်။ နောက်ပြီး အထူးမြေကြီးကြောင့် သူ့မှာအနည်းနဲ့အများဆိုသလို ယုံကြည်ချက်ရှိနေသည်။
ဘာပဲဖြစ်ဖြစ် အထူးမြေကြီးရဲ့အာနိသင်ကိုတစ်ကြိမ်ထက်မက သူမြင်ခဲ့ဖူးသည်။
ချင်လင်က ဂိမ်းထဲကပစ္စည်းများ စံအိမ်ပို့လိုက်သည်။ စံအိမ်ကိစ္စများကိုင်တွယ်ပြီးနောက် ဂိမ်းထဲမှယူလာသော ထျန်းမုထုံရှန်းမျိုးစေ့အိတ်ကို ချက်ချင်းထုတ်လိုက်သည်။
သူကမျိုးစေ့ကိုသူ့အိတ်ကပ်ထဲထည့်ပြီး ချင်းလင်ဓာတ်ခွဲခန်းဘက်ထွက်လာသည်။
ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ အရင်ဆုံးစမ်းသပ်သောနေရာသွား၍ အခြေအနေစစ်ဆေးကြည့်သည်။
အရင်သူစိုက်ထားသောမျိုးစေ့များမှာ ကြီးထွားသောအဆင့်ရောက်နေပြီး ပျိုးပင်တိုင်းကကောင်းကောင်းဖွံ့ဖြိုးနေသည်။ ဒီမျိုးစေ့တွေဘယ်လောက်များများက မျိုးစိတ်ပြောင်းမလဲသူမသိခြင်းသာ။
ထို့နောက် ကိုလာသီးစိုက်ထားသောနေရာသွားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒါတွေက ကိုယ့်နယ်မြေအတွင်းမှာ ရှင်းကျန့်တယ်ကဖန်တီးနေသောငွေအိတ်ကိုဖျက်ဆီးနိုင်သော အသွားနှစ်ဖက်နှင့်ဓါးဖြစ်သည်။
ကိုလာသီးမှာ အပင်ငယ်အမျိုးအစားဖြစ်ပြီး အခုပျိုးပင်ပင်စည်လည်းပေါ်နေပြီ။
ကိုလာပင်က ကိုလာသီးသီးလာရင် အစ်ကိုလီနှင့်ရှန်လီတို့ ပါးစပ်အဟောင်းသားနှင့်အံ့ဩကြဦးမည်။
ထို့နောက် ချင်လင်က စမ်းသပ်နေရာအပြင်ထွက်လာပြီး နောက်ထပ်အနီးအနားမှစမ်းသပ်နေရာတစ်ခုကိုသွားလိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းတွင် အလွန်ကြီးသောစမ်းသပ်စိုက်ခင်းရှိသည်။ အထူးမြေကြီးရောထားသည့် တစ်ခုတည်းသောနေရာပင်။ တခြားနေရာများမှာ သာမန်မြေဖြစ်နေဆဲ။
ဒီတစ်ခါ စမ်းသပ်ပျိုးထောင်မှုကိုကူညီဖို့ အကြီးအကဲရန်ရှိနေသည်။ အထူးမြေကြီးပေါ်မသွားစေရန် အစ်ကိုလီကသူနှင့်ဆွေးနွေးပြီး ပျိုးထောင်သောနေရာကို တခြားစမ်းသပ်နေရာမှာထားမည်။
စမ်းသပ်စိုက်ပျိုးသည့်နေရာသို့ ချင်လင်ရောက်သောအခါ လီခိုင်၊ အကြီးအကဲရန်နှင့် ရှန်လီတို့ရှိနေသည်။
လီခိုင်မှာ စမ်းသပ်စိုက်ခင်းထဲတွင်အလုပ်ရှုပ်နေ၏။
တစ်ဖက်တွင် ရှန်လီက ကော်မရှင်အဖွဲ့ဝင်အကြီးအကဲရန်ကို ဘေးမှအဖော်ပြုပေးသည်။
တကယ်တော့ သူတို့နှစ်ယောက်မှာ စမ်းသပ်မှုကိုသိပ်မကူနိုင်။
"ဥက္ကဌချင်!" ရှန်လီ။
"သူဌေးချင်!" အကြီးအကဲရန်။
သူတို့နှစ်ယောက်ကချင်လင်ကိုမြင်ပြီး နှုတ်ဆက်လိုက်သည်။
ချင်လင်ကသူတို့နှစ်ယောက်ကိုတုံ့ပြန်ပြီးနောက် စမ်းသပ်စိုက်ခင်းထဲအလုပ်ရှုပ်နေသောလီခိုင်ကိုလှမ်းကြည့်ပြီး_
''အစ်ကိုလီ... ဘယ်လိုလဲ? ဘယ်အချိန်မျိုးစေ့စိုက်လို့ရမလဲ?''
''မနေ့ညက ထျန်းမုထုံရှန်းအကြောင်းသေချာလိုက်ရှာကြည့်တော့ ဒီဆေးပင်က အစိုဓာတ်နဲ့မြေကြီးဖွပေးဖို့ ကြပ်ကြပ်မတ်မတ်လုပ်ရမယ်''
လီခိုင်ကရှင်းပြသည်။
''အစိုဓာတ်ထိန်းသိမ်းမှုနဲ့ လေဝင်လေထွက်ကို အတိုင်းအတာတစ်ခုအထိထိန်းထားနိုင်ရင် တချိူ့အာနိသင်တွေရှိလာလိမ့်မယ်... ဒီတော့ အစိုဓာတ်နဲ့လေဝင်လေထွက်ထိန်းသိမ်းဖို့ ငါကိုယ်တိုင် ဒီမြေကွက်ကိုတခြားမြေကြီးနဲ့ သမအောင်ရောမယ်... နောက်ဆုံးရလဒ်ကဘယ်လောက်ကြီးလဲကြည့်မယ်''
သူကပြောရင်းဆိုရင်း သူ့ဘေးမှအိတ်ကိုကြည့်ရန် ချင်လင်ကိုအရိပ်အကဲပြသည်။
ချင်လင်က မြေကြီးအိတ်ကိုကြည့်ပြီး ချက်ချင်းသဘောပေါက်၍ အိတ်ကိုလီခိုင်ဆီပေးလိုက်သည်။
ဒါနောက်ထပ်စမ်းသပ်နေရာမှယူလာသော အထူးမြေကြီးနှင့်ရောထားသည့်မြေကြီး။
လီခိုင်ကအိတ်ကိုယူပြီး စိုက်ခင်းထဲထည့်လိုက်သည်။
'အစိုဓာတ်နဲ့လေဝင်လေထွက်ထိန်းသိမ်းမယ်'ဆိုသည်က အကြီးအကဲရန်ကြားအောင်လျှောက်ပြောနေသောမဟုတ်တရုတ်တွေ။ အဲဒါမျိုးလုံးဝမရှိ။ ကျပန်းကြမ်းပြင်လှန်ခြင်းသာ။
နောက်ဆုံးတော့လည်း အထူးမြေကြီးကိုအားထားနေရဆဲပင်။
အကြီးအကဲရန်က ဒီအကြောင်းမသိ။ လီခိုင်စကားနားထောင်ပြီး သူကအံ့ဩသံနှင့်ပြောလိုက်သည်_
''တရုတ်သိပ္ပံအကယ်ဒမီမှာတုန်းက ထျန်းမုထုံရှန်းပျိုးထောင်တဲ့အကြောင်းကိုလေ့လာခဲ့တယ်... တရုတ်သိပ္ပံအကယ်ဒမီကလူတွေအကုန် မြေကြီးရဲ့အာဟာရပါဝင်နှုန်းကိုတိုးတက်အောင်လုပ်ရင်လုပ် မလုပ်ရင် မျိုးစေ့ဖွဲ့စည်းမှုကိုတိုးတက်အောင်လုပ်ကြတဲ့သူတွေချည်းပဲ... ဒီအပိုင်းမှာ ဘယ်သူမှမစမ်းသပ်ခဲ့ကြဘူး... ပါမောက္ခလီခိုင်ကတော့ နာမည်နဲ့လိုက်ပါပေတယ်... တကယ်အံ့ဩစရာပဲ''
"ဟဲ.. ဟဲ" လီခိုင်။
"ကျစ်.. ကျစ်" ချင်လင်။
အကြီးအကဲရန်စကားကြားပြီး နှစ်ယောက်သားအသံတိတ်ကြည့်လိုက်ကြသည်။
အရမ်းကောင်းတယ်။ ဒီလူကိုအရူးလုပ်လိုက်ပြီ။
လီခိုင်လက်က အလွန်ပေါ့ပါးနေပြီး အထူးမြေကြီးပါသောမြေကို စမ်းသပ်စိုက်ခင်းထဲသမအောင်မြန်မြန်မွှေလိုက်သည်။
နောက်တစ်ဆင့်က အကြီးအကဲရန်ယူလာတဲ့ထျန်းမုထုံရှန်းမျိုးစေ့ကိုစိုက်ဖို့။
အကြီးအကဲရန်က ထျန်းမုထုံရှန်းမျိုးစေ့အများကြီးယူလာခဲ့သည်။ ရေရှည်သုတေသနဖြစ်သောကြောင့် အများကြီးယူလာခြင်းပင်။
ဒီတစ်ခါ လီခိုင်လည်း ပထမအသုတ်စိုက်ပျိုးရန်အတွက် မျိုးစေ့တချို့ထုတ်လိုက်သည်။
လီခိုင်မျိုးစေ့များထုတ်နေသောကြောင့် ချင်လင်ကမြန်မြန်ပြောလိုက်သည်_
''အစ်ကိုလီ... ကျွန်တော့်ကိုမျိုးစေ့နည်းနည်းပေး... ကျွန်တော်လည်းစိုက်ချင်တယ်... ဒါမှ နိုင်ငံတော်အဆင့်စမ်းသပ်မှုမှာ ဝင်ပါရတယ်ဆိုတဲ့ခံစားချက်မျိုးရမှာ''