← Chapters

အခန်း (၅၃၃)

Vol. 36 Ch. 533

အခန်း (၅၃၃)

Vol. 36 Ch. 533

လီခိုင်ကမငြင်းဘဲ ချင်လင်ကိုမျိုးစေ့တချို့ပေးလိုက်သည်။

အထူးမြေကြီးကိုအားထားနေရတယ်ဆိုမှတော့ စိုက်ချင်သလိုသာစိုက်။

သို့ရာတွင် ချင်လင်ကထိုမျိုးစေ့များကိုယူပြီး ဂိမ်းထဲမှထုတ်လာသောမျိုးစေ့နှင့်ရောလိုက်သည်ကို သူမသိလိုက်။

ထို့နောက် ချင်လင်ကမျိုးစေ့များကို လီခိုင်ရှေ့တွင် တမင်သက်သက်ကျပန်းစိုက်ပစ်လိုက်သည်။

ဒီလိုမှ လီခိုင်ရဲ့မျိုးစေ့နဲ့ သူ့မျိုးစေ့ရောပြီး ဘယ်မျိုးစေ့ကိုဘယ်သူစိုက်တာဟူ၍ မပြောနိုင်တော့။

လီခိုင်မှာ သံသယစိုးစဉ်းမျှမရှိ။

ဘာပဲဖြစ်ဖြစ် ညီလေးချင်ကအပျော်လျှောက်လုပ်နေတာ။ သူရမ်းသမ်းစိုက်ချင်လည်း စိုက်စေတော့။ အထူးမြေကြီးနဲ့ဆိုရင် ထိခိုက်မှာမဟုတ်ဘူး။

ချင်လင်ကထပြီးလုပ်ကိုင်ပေးနေသောကြောင့် အကြီးအကဲရန်လည်း ရှန်လီကိုမေးလိုက်သည်_

''ဥက္ကဌရှန်... ပါမောက္ခလီခိုင်ရဲ့စမ်းသပ်မှုမှာ သူဌေးချင်လည်းကူပေးတာလား?''

ရှန်လီကရှင်းပြသည်_

''ကျွန်တော်တို့သူဌေးက ခရီးသွားမေဂျာနဲ့ဘွဲ့ရထားတာ... ဒါမျိုးမလုပ်နိုင်လောက်ပါဘူး... ဒါပေမဲ့ သူဌေးနဲ့ပါမောက္ခလီခိုင်က တတွဲတွဲဆိုတော့ သူ့ဆီကသင်ထားတာဖြစ်မယ်... ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ရဲ့အရည်အချင်းနဲ့ဆိုရင် သူ့သုတေသနကိုထိခိုက်မှုရှိမှာမဟုတ်ပါဘူး''

အကြီးအကဲရန်ကထောက်ခံလိုက်၏_

''အမှန်ပဲ... ပါမောက္ခလီခိုင်က အရမ်းတော်လို့ဖြစ်မယ်... သူဌေးချင်နဲ့ပါမောက္ခလီခိုင်ရင်းနှီးပုံကိုကြည့်ရင် ခရီးသွားမေဂျာဖြစ်တဲ့သူဌေးချင်က ဘာလို့ဓာတ်ခွဲခန်းထောင်လဲဆိုတာ နားလည်လို့ရတယ်... ပါမောက္ခလီခိုင်က တရုတ်သိပ္ပံအကယ်ဒမီကိုပါမောက္ခရန်ကဖိတ်တာလက်မခံဘဲ ချင်းလင်ဓာတ်ခွဲခန်းမှာနေချင်တာ''

အချိန်ယူအားထုတ်ပြီးနောက် လီခိုင်ကမျိုးစေ့အားလုံးကို စမ်းသပ်စိုက်ခင်းထဲစိုက်ပြီးသွားသည်။

သူပြီးမှ သူရောချင်လင်ပါ သက်ပြင်းချလိုက်ကြ၏။

''ညီလေးချင်... ပထမအသုတ်တော့စိုက်ပြီးပြီ''

လီခိုင်မျက်နှာမှာ သူနှင့်ချင်လင်သာနားလည်နိုင်သောအကြည့်နှင့်ပြုံးရွှင်နေသည်။

အားလုံးက ဒီအထူးမြေကြီးအပေါ်မူတည််သည်။

ဒီအချိန်မှာ အကြီးအကဲရန်ရှေ့တွင် မျိုးစေ့များကိုအပင်အားဖြည့်ဆေးလောင်းရန်သာလိုတော့သည်။

''အင်း... ကျွန်တော်ကပြီးပြီ... အခု အစ်ကိုလီလုပ်စရာရှိတာလုပ်လေ''

ချင်လင်လည်းပြုံးရွှင်နေသည်။

နာမည်ကျော်ထျန်းမုထုံရှန်းမျိုးစေ့ကို ဘယ်သူမှမသိအောင်ခိုးစိုက်လိုက်ပြီ။ အစ်ကိုလီတော့ နာမည်ခံရတော့မည်။

''ပါမောက္ခလီခိုင်... ပင်ပန်းသွားပြီနော်''

အကြီးအကဲရန်နှင့်ရှန်လီကရှေ့တိုးလာပြီး လီခိုင်၏ချွေးတလုံးလုံးနှင့်ပုံစံကိုကြည့်ကာ စိတ်ထဲတွင်လေးစားနေကြသည်။

တရုတ်သိပ္ပံအကယ်ဒမီက ပျိုးထောင်ကျွမ်းကျင်ပညာရှင်တွေတောင် သူတို့ကိုယ်တိုင်မလုပ်။ အပင်စိုက်သူသီးသန့်ရှိသည်။

နေ့လယ်ပိုင်း_

အကြီးအကဲရန်မှာ ချင်းလင်စံအိမ်ကစီစဉ်ပေးသောသတို့သမီးခန်းထဲသွားပြီး ပထမနေ့လီခိုင်၏အခြေအနေကို တရုတ်သိပ္ပံအကယ်ဒမီသို့တင်ပြလိုက်သည်။

တရုတ်သိပ္ပံအကယ်ဒမီ_

စမ်းသပ်မှုပထမနေ့မှာ ပါမောက္ခသုံးယောက်အလုပ်စသောပထမဆုံးနေ့ဖြစ်သည်။ ဝန်ကြီးလုနှင့်ပါမောက္ခရန်က နားစွင့်နေကြ၏။

တင်ပြသူက အကြီးအကဲရန်တစ်ယောက်တည်းမဟုတ်။ ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းဆီမှသုတေသီများကလည်းတင်ပြကြသည်။

''ပါမောက္ခရန်... တစ်ချက်ကြည့်ပါဦး... ပါမောက္ခသုံးယောက်က စမ်းသပ်မှုတွေစလုပ်နေပြီ''

ဝန်ကြီးလုက အချက်အလက်သုံးစောင်ကို ပါမောက္ခရန်ဆီပေးလိုက်သည်။

ပါမောက္ခရန်လည်း ယူကြည့်ပြီး_

''ဒီပါမောက္ခကျင်းမှာ တရုတ်သိပ္ပံအကယ်ဒမီရဲ့ပျိုးထောင်ကျွမ်းကျင်တွေနဲ့မတူတဲ့အတွေးမျိုးရှိတာပဲ... သူ့ရဲ့ပထမအဆင့်က ထျန်းမုထုံရှန်းမျိုးစေ့အပေါ်မှာ အစိုဓာတ်ထိန်းသိမ်းမှုနဲ့အပူချိန်ရေရှည်သက်ရောက်မှုရှိတယ်လို့ယူဆလို့ရတယ်... ကျုပ်အရင်ကဒါမျိုးမစမ်းသပ်ဖူးဘူး... ဒီတော့ နောက်ဆုံးရလဒ်ဘယ်လိုဖြစ်မလဲမသိသေးဘူး''

''ပါမောက္ခဟွမ်ရဲ့စိတ်ကူးကလည်း ထူးခြားတယ်... တရုတ်သိပ္ပံအကယ်ဒမီကပျိုးထောင်ကျွမ်းကျင်တွေလုပ်ဖူးတာမျိုးမဟုတ်ဘူး... မြေကြီးကိုလေဝင်လေထွက်နဲ့အာဟာရထိန်းချုပ်ဖို့လုပ်ထားတယ်... ပြီးရင် မျိုးစေ့ကြီးထွားပုံကိုမှတ်တမ်းတင်တယ်''

ဝန်ကြီးလုက ဒီအကြောင်းသိပ်မသိသောကြောင့် မေးလိုက်သည်_

''ပါမောက္ခရန်... ဒီပါမောက္ခနှစ်ယောက်ရဲ့စိတ်ကူးက အကျိုးရှိလား?''

''မသေချာဘူး... ဒါမြေကြီးအခြေအနေကို အခြေခံအကျဆုံးထိန်းသိမ်းမှုပဲ... တကယ့်စမ်းသပ်ချက်က နောက်ပိုင်းထိန်းသိမ်းမှုနဲ့မျိုးစေ့ဖောက်တာ''

ပါမောက္ခရန်ခေါင်းခါလိုက်သည်။ သူကမဆုံးဖြတ်နိုင်သေးသဖြင့်_

''ပါမောက္ခလီရဲ့အတွေးကိုအရင်ကြည့်ရအောင်... ပါမောက္ခလီကတော့ တကယ်ပဲ... ရှောင်လီ... ကောင်းတယ်''

စကားတစ်ဝက်တပျက်နှင့်တန့်သွားပြီး သူ့မျက်နှာတွင်အံ့ဩမှုကအတိုင်းသား_

''ရှောင်လီရဲ့အတွေးက မြေကြီးရဲ့အစိုဓာတ်နဲ့လေဝင်လေထွက်ကိုထိန်းချုပ်ဖို့ပဲ... ပြီးတော့ အစိုဓာတ်နဲ့လေဝင်လေထွက်ကိုအဆင့်ဆင့်ကွဲပြားသွားအောင် တခြားမြေကြီးရောတယ်... ဒီလိုနဲ့ ထူးခြားမှုကိုမှတ်တမ်းတင်နိုင်မယ်''

ဝန်ကြီးလုက နားထောင်ရင်းအံ့ဩသွားသည်_

''ပါမောက္ခဟွမ်နဲ့ပါမောက္ခကျင်းက ဒီအတွေးနဲ့... တစ်ချိန်တည်းမှာ ပါမောက္ခလီခိုင်ကဒီအတွေးနဲ့လား? ပါမောက္ခလီခိုင်ကတော့ နာမည်နဲ့လိုက်ပါပေတယ်... အံ့ဩစရာပဲ''

''အကျိုးရှိတာမရှိတာထက်...''

ပါမောက္ခရန်ကထောက်ခံလိုက်သည်_

''ပါမောက္ခဟွမ်နဲ့ပါမောက္ခကျင်းသိရင် မအံ့ဩဘဲမနေနိုင်မှာစိုးမိတယ်!''



All Chapters