← Chapters

ပါမောက္ခလီခိုင်က အံ့ဩစရာ! လီမိသားစုရဲ့လူကြီး စံအိမ်ရောက်လာပြီ! ၂

Vol. 36 Ch. 535

ပါမောက္ခလီခိုင်က အံ့ဩစရာ! လီမိသားစုရဲ့လူကြီး စံအိမ်ရောက်လာပြီ! ၂

Vol. 36 Ch. 535

တစ်ပတ်အတွင်း အကြီးအကဲရန်က နောက်ဆုံးစမ်းသပ်မှုအခြေအနေကို ပြန်တင်ပြသည်။

ပုံမှန်အားဖြင့် ဒီလိုပျိုးထောင်မှုတွင်တိုးတက်မှုရှိလာတိုင်း သူတို့လိုသုတေသီတွေက အမြန်ဆုံးအစီရင်ခံရသည်။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုဝင်လာသောအချိန်တွင် ပါမောက္ခရန်မှာ စမ်းသပ်မှုအချက်အလက်တစ်စုံကို လူတချို့နှင့်တွက်ချက်နေသည်_

''ပါမောက္ခရန်... ဒီပါမောက္ခလီခိုင်က အံ့ဩစရာပဲ... တစ်ပတ်ပဲရှိသေးတယ်... အခြေအနေကတိုးတက်နေပြီ... သူကတခြားပါမောက္ခနှစ်​ယောက်ထက်ပိုမြန်တယ်''

ဝန်ကြီးလုစကားကြောင့် ပါမောက္ခရန်အံ့ဩသွားပြီး_

''တစ်ပတ်ပဲရှိသေးတယ်... ပါမောက္ခလီရဲ့ထျန်းမုထုံရှန်းကတိုးတက်နေပြီလား?''

ဝန်ကြီးလုက ပါမောက္ခရန်ကိုဓာတ်ပုံတချို့လှမ်းပေးလိုက်ပြီး_

''အဲဒါ အခုပဲရှောင်ရန်ပို့လိုက်တဲ့ဓာတ်ပုံတွေ... တချို့အပင်တွေက ပိုအကြီးမြန်နေတယ်''

ပါမောက္ခရန်က ဓာတ်ပုံယူကြည့်လိုက်သည်။ တပြိုင်တည်းစိုက်ထားသောအပင်တချို့က တခြားအပင်များထက်ပိုမြင့်နေသည်။

သူ့အတွေ့အကြုံနှင့်ထျန်းမုထုံရှန်းကိုနားလည်ထားသလောက် ဒီကြီးထွားနှုန်းမှာ တစ်လလောက်အကြာတွင်ခူးဆွတ်နိုင်လိမ့်မည်။

ဒီကြီးထွားနှုန်းက လုံးဝမယုံနိုင်စရာပင်။

''ဒီမျိုးစေ့တွေက တရုတ်သိပ္ပံအကယ်ဒမီကပို့ပေးတာဟုတ်ရဲ့လား?''

ပါမောက္ခရန်က အံ့ဩပြီးမေးလိုက်သည်။

ဝန်ကြီးလုကရှင်းပြ၏_

''ငါရှောင်ရန်ကိုမေးပြီးပြီ... တစ်သုတ်တည်းဆိုတာသေချာတယ်... မျိုးစေ့တွေစိုက်တုန်းက အဲဒီမှာရှောင်ရန်ရှိတယ်... မျိုးစေ့ကိုသူကိုယ်တိုင်ထုတ်တာ''

''ငါတိတိကျကျအ​ခြေအနေကိုမေးကြည့်တော့ ပါမောက္ခလီခိုင်က အစိုဓာတ်နဲ့လေဝင်လေထွက်အဆင့်ဆင့်ကိုထိန်းချုပ်ဖို့ တခြားနေရာကမြေကြီးရောထည့်ခဲ့ပုံရတယ်တဲ့... နေ့တိုင်း အပင်အားဖြည့်ဆေးရည်အမျိုးမျိုးလည်း သေချာပြင်ဆင်ခဲ့တယ်... မျိုးစိတ်ပြောင်းလဲတာက ဒီအကြောင်းရင်းတွေပေါင်းစပ်သွားလို့ဖြစ်မယ်''

''ဒါကလည်း ပါမောက္ခလီခိုင်ရဲ့စမ်းသပ်မှုတွေက အရမ်းထိရောက်တယ်ဆိုတာ သက်သေပြနေတာ... သူ့ဂုဏ်သတင်းအတိုင်း အံ့ဩစရာပဲ... ဒါနဲ့ ရှောင်ရန်က ပါမောက္ခလီခိုင်စမ်းသပ်ချက်လုပ်တဲ့ပုံတွေလည်းရိုက်ထားတယ်''

''အကြိမ်တိုင်း ပါမောက္ခလီခိုင်ကသူကိုယ်တိုင်လုပ်တယ်... စမ်းသပ်ချက်ကိုပြီးပြည့်စုံအောင်ကြိုးစားတယ်... ချွေးတလုံးလုံးနဲ့... သူ့သိပ္ပံသုတေသနစိတ်ဓာတ်ကို ငါတို့ကြော်ငြာပေးသင့်တယ်''

ဝန်ကြီးလုကပြောရင်းဆိုရင်း ပါမောက္ခရန်ကိုဓာတ်ပုံတချို့ပေးလိုက်သည်။ လီခိုင်မှာ နဖူးနှင့်အဝတ်အစားပေါ်တွင်ချွေးတစိုစိုနှင့် အလုပ်လုပ်နေသည်ကိုတွေ့နိုင်သည်။

ထိုဓာတ်ပုံကြောင့် ပါမောက္ခရန်မှာစိတ်မလှုပ်ရှားဘဲမနေနိုင်တော့။ ပါမောက္ခလီခိုင်၏သုတေသနစိတ်ဓာတ်နှင့်ပြင်းထန်သောသိပ္ပံသုတေသနကို လူငယ်များအတုယူသင့်သည်။

သူတို့နှစ်ယောက်မသိတာက ဒါအထူးမြေကြီးပေါ်သွားမှာစိုးသောကြောင့် လျှို့ဝှက်ချက်ထိန်းသိမ်းခြင်းသက်သက်သာ။ လူသိမခံဘဲပြောချင်ရာလျှောက်ပြောနိုင်ဖို့ လီခိုင်မှာအားလုံးသူကိုယ်တိုင်သာလုပ်ရသည်။

သို့ရာတွင် ယေဘူယျအားဖြင့် လူများက သူတို့အထင်ဆုံးအရာကိုသာယုံကြည်ကြသည်။

ပါမောက္ခရန်မှာမနေနိုင်ဘဲ နောင်တသံနှင့်ပြောလိုက်သည်_

''အာ... ရှောင်လီကဒီလောက်လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ အရင်ကသူ့အဖေရာထူးကြောင့်ဆိုပြီး ဘာလို့ထုတ်မပြခဲ့တာလဲ? မင်မြို့တော်သုတေသနတက္ကသိုလ်မှာ ဒီလောက်အချိန်တွေကုန်ပြီးမှ တွဲဖက်ပါမောက္ခပဲရှိသေးတယ်... ဒီလိုမဖြစ်သင့်ဘူး''

ဝန်ကြီးလုက သက်ပြင်းချပြီး_

''အင်း... သိပ္ပံသုတေသနမှာ ဒါမျိုးတွေမပါသင့်ဘူး... ဒါကိုအထက်လူတွေဆီတင်ပြမယ်... ပါမောက္ခလီခိုင်လည်းရာထူးတိုးသင့်တယ်... သူ့အဆင့်နဲ့ တွဲဖက်ပါမောက္ခပဲဆိုရင် ရှက်ဖို့ကောင်းတယ်... တရုတ်သိပ္ပံအကယ်ဒမီမှာရာထူးတိုးသင့်တာ''

သည်လိုနှင့် သူကမျှော်လင့်ချက်တစ်စွန်းတစရောပြီးပြောလိုက်သည်_

''ပါမောက္ခလီခိုင်ရဲ့စမ်းသပ်ချက်က စိတ်ဖိအားသက်ရောက်မှုမှာ ဖောက်ထွက်နိုင်ခြင်းရှိမရှိ မသိတာပဲ''

ပါမောက္ခရန်က_

''ဒီကြီးထွားနှုန်းနဲ့ဆို မကြာခင်သိရမှာပါ... လုံးဝထိရောက်တယ်... ပြီးရင် ပါမောက္ခကျင်းနဲ့ပါမောက္ခဟွမ် ပါးစပ်အဟောင်းသားဖြစ်သွားလိမ့်မယ်... ဒါလုံးဝအဆင့်ကျော်နေပြီ''

တစ်ဖက်တွင် လီခိုင်မှာ သူတို့နှစ်ဦးဘာတွေးနေသည်မသိ။ လောလောဆယ် စမ်းသပ်မှုအချက်အလက်နှင့်စာတမ်းကိုဘယ်လိုလုပ်ကြံဇာတ်ခင်းရမလဲ ခေါင်းစားနေသည်။

ဘာပဲဖြစ်ဖြစ် ဒါကတရုတ်သိပ္ပံအကယ်ဒမီကိုကူညီတဲ့စမ်းသပ်ချက်လေ။

ကံကောင်းချင်တော့ ရလဒ်တွေရှိနေသဖြင့် နောက်ပြန်ဆုတ်ပြီး အချက်အလက်တွေအများကြီးရနိုင်သည်။ ဖြစ်စဉ်ကိုနောက်ပြန်၍ ရလဒ်ကိုမှန်းဆချက်အဖြစ်ထားလိုက်ရုံပင်။

ကယ်ပေါက်အနေနှင့် ရလဒ်ထွက်လာမှတော့ သူရှင်းပြစရာမလို။ မရှင်းပြနိုင်ရင် သူကံကောင်းရုံသက်သက်ပါပေါ့။

ဒီလိုဆိုရင်တောင် အချက်အလက်နှင့်စာတမ်းလုပ်ကြံဖန်တီးခြင်းက ပညာရှင်အသိနှင့်ပညာရပ်ဆိုင်ရာယုတ္တိရှိဖို့ အများကြီးလိုသေးသည်။ အလွန်ခေါင်းစားပြီး စွမ်းအင်လည်းကုန်သည်။

လီခိုင်မှာမတတ်သာဘဲ ဓာတ်ခွဲခန်းထဲအခန်းပိတ်နေသည်။ သူ့ကိုယ်သူကာကွယ်ရန် ပင်ပန်းနေပြီဟူသောဆင်ခြေနှင့် ချင်လင်ဆီမှချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်လုံးတောင် အတင်းတောင်းထားသည်။

ချင်လင်မှာ ဘာပြောရမှန်းမသိ။ ပင်ပန်းနေပြီဆိုတာနဲ့ယန်ဓာတ်မြှင့်တင်တဲ့ကြားမှာ ဘယ်လိုမျိုးအဆက်အစပ်ရှိလဲ သူနားမလည်။

နောက်တစ်ပတ်ကုန်သွားပြန်သည်။

ချင်းလင်စံအိမ်ဆေးခန်း_

ထန်ရှိုးဝမ်က တာဝန်ကျဆရာဝန်ကိုအခြေအနေမေးမြန်းလိုက်သည်_

''ဒီနေ့ စံအိမ်နဲ့မွေးမြူရေးခြံမှာ အကြောင်းထူးရှိသေးလား?''

''ဒီနေ့ ရုတ်တရက်မူးလဲတဲ့လူနာရှိပါတယ်... သွေးတွင်းသကြားဓာတ်ကျတာပါ''

တာဝန်ကျဆရာဝန်က အပြုံးနှင့်ရှင်းပြသည်။

''အင်း!' ထန်ရှိုးဝမ်လည်း သူမစားပွဲပြန်ပြီး ရောဂါအကြောင်းနောက်ဆုံးသတင်းများကြည့်လိုက်သည်။

စီနီယာအစ်ကိုလီက ဒိုနာစီမြက်ရင်းလှူထားသော်လည်း SMA ဆေးဝါးကစျေးကွက်ကိုရိုက်ခတ်ဖို့အချိန်ယူရလိမ့်ဦးမည်။

သူမသမီးမှာ အကြောအားနည်းနေဆဲဖြစ်၍ မကုသမချင်း သူမစိတ်အေးနိုင်မည်မဟုတ်ပေ။

ထို့နောက် စီနီယာအစ်ကိုလီကိုတွေးမိသည်။

စီနီယာအစ်ကိုလီက ညဘက်သူမဆီမရောက်တာကြာပြီ။ သူပြောတဲ့စမ်းသပ်မှုက ဘယ်လောက်ကြာမလဲမသိ။

သူမတွေးတောနေစဉ် ရုတ်တရက်လူကြီးတစ်ဦးက အမျိုးသမီးကြီးတစ်ဦးကိုတွဲပြီးဝင်လာသည်။

''အား'' အမျိုးသမီးကြီးကညည်းလိုက်သည်_

''နာတယ်... ပခုံးတွေနာတယ်''

တာဝန်ကျဆရာဝန်ကချက်ချင်းထလာပြီး အမျိုးသမီးကြီးကိုစစ်ဆေးကြည့်သည်_

''အန်တီ... ဘာဖြစ်လို့လဲ? ကျွန်တော်စစ်ဆေးကြည့်မယ်''



All Chapters