ပါမောက္ခလီခိုင်က အံ့ဩစရာ! လီမိသားစုရဲ့လူကြီး စံအိမ်ရောက်လာပြီ! ၃
Vol. 36 Ch. 536
အမျိုးသမီးကြီးက ရုတ်တရက်မသတီသလိုနှင့်_
''အမျိုးသားဆရာဝန်ပဲရှိတာလား? အမျိုးသမီးမရှိဘူးလား? အမျိုးသားဆရာဝန်နဲ့မပြဖူးဘူး''
''ကျွန်မကြည့်ပေးမယ်!''
ထန်ရှိုးဝမ်က အရင်ထလာသည်။ တချို့လူနာများကဆက်ဆံရခက်သည်၊ တချို့ဆို ထူးတောင်ထူးဆန်းသည်။ သူမကအသားကျနေပြီ။
တာဝန်ကျဆရာဝန်လည်း သူ့စားပွဲသူပြန်သွားသည်။
''အန်တီ'' ထန်ရှိုးဝမ်က အမျိုးသမီးကြီးအား_
''ဘယ်နားနာလဲ ပြပါဦး''
''ပခုံးဘေးမှာ... ယောင်သွားတယ်ထင်တယ်''
အမျိုးသမီးကြီးကချက်ချင်းပြောပြသည်။
ထန်ရှိုးဝမ်က အမျိုးသမီးကြီးကိုချက်ချင်းစစ်ဆေးကြည့်သည်။ သို့သော် အမျိုးသမီးကြီးနှင့်လူကြီးက သူမကိုစိုက်ကြည့်နေမှန်းမသိလိုက်။
နောက်ပြီး သူတို့အကြည့်ကနည်းနည်းထူးဆန်းသည်။
ထန်ရှိုးဝမ်က လူနာခန္ဓာကိုယ်ကိုစစ်ဆေးကြည့်ပြီး ဘာဖြစ်နေလဲအကြမ်းဖျင်းသိလိုက်သည်_
''အန်တီ... လက်ပြင်ရိုးရောင်သွားရုံပါ... ဆေးခန်းမှာ ကျွန်မတို့ကုသနည်းတွေကအတိုင်းအတာတစ်ခုအထိရှိပါတယ်... ကျွန်မနဲ့အထဲလိုက်ခဲ့ပါ... အန်တီ့ကိုရေနွေးတဘက်ကပ်ပြီး အနာသက်သာအောင်အပ်စိုက်ပေးမယ်''
''ကောင်းပါပြီ... အားနာလိုက်တာ ဒေါက်တာ''
အမျိုးသမီးကြီးကပြုံးပြုံးနှင့်ပြောသည်။
ဆရာဝန်တိုင်း အပ်စိုက်အခြေခံအသိပညာရှိရသည်။ ထန်ရှိုးဝမ်မှာ ထဲထဲဝင်ဝင်လေ့လာထားသဖြင့် သူမ၏နည်းစနစ်က အတော်ကောင်းသည်။
အမျိုးသမီးကြီးများနှင့်ပတ်သက်လျှင်လည်း အလွန်စိတ်ရှည်သည်။ တစ်ချိန်တည်းမှာ အမျိုးသမီးကြီးကိုစိတ်လျှော့ဖို့၊ သက်သောင့်သက်သာဖြစ်ဖို့ အသာအယာဖျောင်းဖျနေ၏။
လူကြီးတွေက သူတို့ကျန်းမာရေးအတွက်စိုးရိမ်လေ့ရှိကြပြီး ထိုစိုးရိမ်စိတ်ကြောင့် သူတို့ခံစားချက်ကိုထိခိုက်တတ်သည်။
ဆရာဝန်လုပ်သက်ကြာပြီဖြစ်၍ တချို့လူနာများ၏အခြေခံစိတ်ပိုင်းဆိုင်ရာကို ကောင်းကောင်းနားလည်ထားသည်။
နာရီဝက်အပ်စိုက်ပြီးနောက် အမျိုးသမီးကြီးမှာ လက်မောင်းအုံအနာသက်သာသွားသည်။
''ဒေါက်တာထန်ရဲ့အပ်စိုက်အစွမ်းက အရမ်းကောင်းတာပဲ''
အမျိုးသမီးကြီးက ဒေါက်တာထန်ကိုချစ်ခင်စိတ်နှင့်ကြည့်ရင်း_
''ပြီးတော့ အရမ်းညင်သာတယ်... ဇနီးကောင်းတစ်ယောက်ဖြစ်မှာသေချာတယ်... ဒေါက်တာ့ကိုရတဲ့အမျိုးသားတော့ ကံကောင်းတာပဲ''
အမျိုးသမီးကြီး၏စကားကြောင့် ထန်ရှိုးဝမ်နည်းနည်းရှက်သွားသည်။ ခေါင်းစဉ်တွေလွဲကုန်ပြီ။
ထိုအချိန်တွင် လီရှင်းရုတ်တရက်ဝင်လာပြီး ထန်ရှိုးဝမ်အား_
''ရှောင်ရန်... ငါ့လက်ရေနွေးပူလောင်သွားလို့... ဆေးလေးဘာလေးလုပ်ပါဦး''
သက်တူရွယ်တူလောက်ရှိမည့်လီရှင်းက ရှောင်ရန်ဟုခေါ်သဖြင့် ထန်ရှိုးဝမ်ရှက်သွားသည်။ သို့သော် လီရှင်းနှင့်သူမစီနီယာအစ်ကိုလီ၏ဆက်ဆံရေးအရ သူမကိုဒီလိုခေါ်တာ ဟုတ်သလိုလို။
သို့ရာတွင် လီရှင်းကထိုသို့ပြောပြီးပြီးချင်း လူကြီးနှင့်အမျိုးသမီးကြီးကိုကြည့်ကာ ရုတ်တရက်ကြောင်သွားပုံနှင့်_
''အဘိုး အဘွား... ဒီမှာဘာလာလုပ်တာလဲ?''
လူကြီးက လီမိသားစုရဲ့သခင်ကြီးပင်။
သူ့အငယ်ဆုံးသားနဲ့မြေးက ချင်းလင်စံအိမ်မှာနေတာ၊ ပြီးတော့ အငယ်ဆုံးသားက ဒီမှာကောင်မလေးရနေပြီ။ သူလာကြည့်ချင်တာပေါ့။
''အိုး!'' ထန်ရှိုးဝမ်မှာ လူကြီးနှင့်အမျိုးသမီးကြီးကိုကြည့်ပြီး အံ့ဩသွားသည်။
ဒါစီနီယာအစ်ကိုလီရဲ့မိဘတွေလား?
သူမကသူတို့နှစ်ဦးကိုချက်ချင်းလေးလေးစားစားနှင့်နှုတ်ဆက်လိုက်သည်_
''ဦးလေး အန်တီ... အားနာလိုက်တာ... ကျွန်မဘယ်သူတွေမှန်းမသိလို့ ကောင်းကောင်းမဆက်ဆံမိဘူး''
လီမိသားစုလူကြီးက လက်ကာပြသည်_
''ဘယ်သူမှန်းမသိရတာက လူတစ်ယောက်ရဲ့သဘာဝကိုသိဖို့ပိုလွယ်ပါတယ်... မင်းကမိန်းမကောင်းလေးပါ''
ဆရာဝန်ကလီရှင်းအသံကြားပြီး အမှတ်တမဲ့ခေါင်းထောင်၍ လီမိသားစုမှလူကြီးကိုတအံ့တဩကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ရဲ့နောက်ခံအကြောင်း အားလုံးအသိ။ သူ့အဖေက အရေးပါအရာရောက်သူတစ်ဦးဖြစ်ခဲ့မှန်းလည်းသိထားကြသည်။ ပင်စင်ယူထားသော်လည်း ဖနောင့်တစ်ချက်ပေါက်ရုံနှင့် မင်တစ်မြို့တော်လုံးသိမ့်သိမ့်တုန်အောင်လုပ်နိုင်သောပုံရိပ်မျိုးရှိဆဲပင်။
ဒီလိုလူမျိုးက ဆေးခန်းထဲမှာရုတ်တရက်ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးမိ။
ဒီလိုလူမျိုးနှင့်ဆုံရတာ သာမန်လူတွေအတွက်စိတ်ဖိအားများလွန်းသည်။
သူကဆေးစာအုပ်တစ်အုပ်ယူဖတ်ပြီး မသိချင်ယောင်ဆောင်နေလိုက်၏။
အမျိုးသမီးကြီးလီလည်းရှေ့တိုးပြီး ထန်ရှိုးဝမ်လက်ကိုဆုပ်ကိုင်လိုက်သည်_
''ငါ့သားနဲ့မင်းလက်ထပ်ရင် စိတ်အေးပါပြီ... မင်းငါ့ကိုသဘောကျမှာပါ''
ထန်ရှိုးဝမ်မှာ ကောင်မလေးတစ်ယောက်လို မျက်နှာနီရဲသွားသည်။
ရုတ်တရက်ကြီး မိဘတွေနှင့်ဆုံမည်ဟု လုံးဝမထင်မိ။
လီမိသားစုလူကြီးက လီရှင်းကိုကြည့်ရင်း စိတ်ပျက်လက်ပျက်ပြောလိုက်သည်_
''ကောင်စုတ်လေး... မင်းမိန်းမက ကိုယ်ဝန်ကြီးနဲ့... မင်းကဒီလာနေနေတယ်... ခင်ပွန်းဝတ္တရားရောသိတတ်ရဲ့လား?''
လီရှင်းကအဆူခံရပြီး ချက်ချင်းပြန်ပြောသည်_
''အဘိုး... ကျွန်တော်က ချင်လင်ကိုဝိုင်လုပ်ကူနေတာ... အိုး.. ကျွန်တော့်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းရှိတယ်... ပြီးရင် အဘိုးကိုပေးမယ်''
လူကြီးကသူ့စကားကြားပြီး ချက်ချင်းမျက်နှာပူသွားကာ_
''မင်းကသိတတ်တယ်''
သို့သော် လူကြီးကတစ်ခုခုအမှတ်ရပြီး မေးလိုက်သည်_
''ဒါပေမဲ့... မင်းထပ်ပြီးဖွက်ထားတာတော့ မဟုတ်ပါဘူးနော်?''
ထိုစကားကြောင့် လီရှင်းရင်အခုန်မြန်သွားသည်။ အရင်သူဖွက်ထားတာတွေအကုန်အသိမ်းခံရပြီးပြီ။ ဒီတစ်ခါ သူနှစ်ပုလင်းဖွက်ထားသည်။ သူပေါ့ဆပြီး အဆုံးရှုံးမခံနိုင်။
သူကသေချာကြောင်း ကမန်းကတန်းပြောလိုက်၏_
''အဘိုး... ကျွန်တော့်မှာတကယ်တစ်လုံးပဲရှိတာ... ဦးလေးမှာလည်း တစ်လုံးရှိလိမ့်မယ်... သူကအခု ကျွန်တော့်ထက်ပိုပြီး ချင်လင်နဲ့ရင်းနှီးနေတာ... ချင်လင်ကသူ့ကိုဝိုင်တွေအများကြီးပေးမှာပဲ''
သူ့ဒုက္ခကို သူ့ဦးလေးဆီအာရုံလွှဲဖို့ကြိုးစားလိုက်သည်။
သူသေတာနဲ့စာရင် သူ့ဦးလေးကပိုကောင်းတယ်။ အခုတလော သူ့ဦးလေးက ညဘက်စံအိမ်ကထွက်ထွက်ပြီး နောက်တစ်နေ့မနက်မှ ဒေါက်တာထန်နဲ့ပြန်ပြန်လာတယ်။ သူ့ကိုယ်သူထိန်းထိန်းသိမ်းသိမ်းနေဖို့အချိန်တန်ပြီ။
ဒါသူ့ဦးလေးကောင်းဖို့လုပ်တာ!