← Chapters

ကျေးဇူးကြွေးတင်နေတယ်! အချစ်ဆုံးဦးလေး!

Vol. 36 Ch. 537

ကျေးဇူးကြွေးတင်နေတယ်! အချစ်ဆုံးဦးလေး!

Vol. 36 Ch. 537

လီမိသားစုလူကြီးလည်း လီရှင်းစကားကြားပြီးမေးလိုက်သည်_

''အိုး ဟုတ်သား... အဲကောင်လီခိုင် ဘယ်မှာလဲ? အခုဘယ်ရောက်နေတာလဲ?''

လီရှင်းမှာ အဘိုးကြီးကိုအောင်အောင်မြင်မြင်အာရုံလွှဲနိုင်သဖြင့် သက်ပြင်းခိုးချကာ_

''အဘိုး... အခုတလော ဦးလေးဘာတွေလုပ်နေမှန်းမသိဘူး... ချင်းလင်ဓာတ်ခွဲခန်းမှာ လျှို့လျှို့ဝှက်ဝှက်နဲ့''

အကြောင်းရင်းသိသောထန်ရှိုးဝမ်က အမြန်ရှင်းပြလိုက်သည်_

''အစ်ကိုလီပြောတာတော့ တရုတ်သိပ္ပံအကယ်ဒမီရဲ့နိုင်ငံတော်အဆင့်စမ်းသပ်မှုမှာ ကူပေးနေတာတဲ့... အဲဒီမှာ သုတေသီရောက်နေတယ်... ဒီရက်ပိုင်း သူဓာတ်ခွဲခန်းမှာပဲရှိနေတာ... ကျွန်မဖုန်းခေါ်လိုက်မယ်''

''မခေါ်ပါနဲ့... သူ့အလုပ်သူအေးအေးဆေးဆေးလုပ်ပါစေ''

လူကြီးကထန်ရှိုးဝမ်ကိုအမြန်တားလိုက်သည်။

သိပ္ပံသုတေသနနယ်ပယ်ကမဟုတ်ရင်တောင် နိုင်ငံတော်အဆင့်စမ်းသပ်မှုကဘယ်လောက်အရေးကြီးလဲ၊ ပါဝင်ဆောင်ရွက်တဲ့အတွက် ဂုဏ်နဲ့အကျိုးဘယ်လောက်ရှိမလဲ သူသိသည်။

ဒီတစ်ကြိမ် မိသားစုထဲမှအကြီးဆုံးသားက ရာထူးတက်တော့မည်။ အငယ်ဆုံးသားက ဒိုနာစီမြက်ရင်းလှူထားသည့်အတွက် အကြီးဆုံးသားကိုတချို့ရှုထောင့်မှအကဲဖြတ်ရာတွင်လည်း အကျိုးရှိနိုင်သည်။

သူ့အငယ်ဆုံးသားက ကျုံးယွမ်လိုတော်ဝင်ပညာရှင်ဖြစ်လာနိုင်ရင် သူအပျော်လွန်ပြီး ရယ်ရယ်ပြုံးပြုံးနှင့်အိပ်ရာနိုးလာနိုင်သည်။

လတ်တလော သူ့အငယ်ဆုံးသားရဲ့စွမ်းဆောင်ချက်က နည်းနည်းအံ့ဩစရာကောင်းတယ်ဆိုရင်တောင် ဒီအကြောင်းသူတွေးသာတွေးရဲသည်။

လူကြီးကတွေးတောပြီးနောက် လီရှင်းကိုကြည့်၍_

''တစ်နေကုန် မည်မည်ရရမလုပ်တာကမင်းပဲ... မိသားစုကစီစဉ်ပေးတဲ့လမ်းကိုမလျှောက်ဘူး... ဝိုင်တွေပဲကလိနေတယ်''

လီရှင်းမှာ ရုတ်တရက်ပြောစရာစကားမရှိတော့။

ဘယ်လိုဖြစ်ပြီး ဒါမျိုးလမ်းဆုံးသွားတာလဲ?

အဘိုးပဲပြောတော့ သူနဲ့ဦးလေးကမည်မည်ရရမလုပ်တာဆို၊ ဒါပေမဲ့ အခုဘာလို့သူတစ်ယောက်တည်းဖြစ်ရပြန်တာလဲ?

ရှေ့လျှောက် ခဏခဏဖိနှိပ်ခံရမှာ သူတစ်ယောက်တည်းလား?

မတရားဘူး။

အရင် ချင်လင်ဆီကချင်းလင်ဆေးဖက်ဝင်ဝိုင်ကို သူတစ်ယောက်တည်းရတုန်းက ဒီလိုမဟုတ်။

တံတားပေါ်ဖြတ်ပြီးတာနဲ့ ဘာလို့မီးရှို့ရတာလဲ?

သခင်ကြီးလီက သူ့မြေးဘာတွေးနေလဲဂရုမစိုက်ဘဲ အသံမာမာနှင့်_

''ငါနဲ့မင်းအဘွားကို ဒီစံအိမ်တစ်ပတ်လိုက်ပြစမ်း''

လီရှင်းဘာပြောနိုင်ဦးမလဲ?

သူတို့ရှေ့က လမ်းပြရသည်ပေါ့။

သခင်မကြီးလီက ထန်ရှိုးဝမ်လက်ကိုဆုပ်ကိုင်ပြီး_

''သမီး... လမ်းလျှောက်ဖို့အဖော်လိုက်ပေးပါဦး!''

''ကောင်းပါပြီ အန်တီ!''

ထန်ရှိုးဝမ်မှာ နည်းနည်းစိတ်လှုပ်ရှားနေဆဲ။ ဒီအတွက် သူမမပြင်ဆင်ထားရသေး။

လူကြီးလိုအဘိုးကြီးအတွက် ချင်းလင်စံအိမ်ထဲလည်နိုင်သောနေရာမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နှင့်ရေပေါ်တံတားရှုခင်းသာရှိသည်။

လီရှင်းမှာ စံအိမ်နှင့်အကျွမ်းဝင်နေသူဖြစ်၍ လက်မှတ်ဝယ်ဖို့တန်းစီစရာမလို။ ရောင်းသူကိုမျက်နှာပြပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အတွင်းလမ်းကြောင်းမှ လူကြီးများကိုခေါ်သွားရုံပင်။

''အာ!'' သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထဲသိပ်မလျှောက်ရသေး၊ လူကြီးကအံ့ဩသွားသည်_

''ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က တကယ်လှတာပဲ''

အမှန်ပင် သူအံ့ဩသွားသည်။ ဘာပဲဖြစ်ဖြစ် သူ့အသက်အရွယ်တွင် စိတ်ကရေလိုတည်ငြိမ်နေပြီဖြစ်သော်လည်း ဒီပန်းပင်လယ်ထဲဝင်လာပြီး စိတ်မလှုပ်ရှားဘဲမနေနိုင်။

ဒီလိုဆွဲဆောင်မှု၊ ဒီလိုရသ၊ ခမ်းနားတဲ့အလှ၊ တစ်ချက်ကြည့်ရုံနဲ့စိတ်သက်သာသွားပုံမှာ လုံးဝစိတ်ကူး၍မရနိုင်လောက်အောင်ပင်။

ဂိမ်းထုတ်ကုန်၏လှပခြင်း၊ အကြည့်ခံခြင်း၊ စိတ်သက်သာစေခြင်းက အသက်အရွယ်မရွေး။

စိတ်ဘယ်လောက်ငြိမ်ငြိမ် စနစ်၏အရည်အသွေးက သက်ရောက်မှုရှိနေဆဲ။

ဥပမာဆိုရသော် လူယုတ်မာတစ်ယောက်ကြောင့် အသည်းကွဲရသောအမျိုးသမီးတစ်ဦးမှာ စိတ်ပျော်ရွှင်မှုလွှမ်းခြုံထားလျှင် လမ်းခွဲခြင်းမှပျော်ရွှင်ခြင်းလည်းဖြစ်လာနိုင်သည်။

အထဲရောက်လေလေ စိတ်ပျော်ရွှင်မှုအရည်အသွေးပိုမြင့်လေလေ၊ ခံစားချက်ပိုပြင်းထန်လေလေဖြစ်သည်။

စနစ်၏အံ့ဖွယ်ပင်။

ထို့ကြောင့် လူကြီးကပန်းပင်လယ်အတွင်းထဲရောက်လေ မယုံနိုင်အောင်ဖြစ်လေလေနှင့်_

''ဒီပန်းပင်လယ်က တစ်သက်လုံးမြင်ဖူးသမျှထဲမှာအလှဆုံးပဲ... ဒီမလာခင် အင်တာနက်ပေါ်ကဗီဒီယိုတွေထက် လူကိုယ်တိုင်ကြည့်ရတာ ဒီလောက်အံ့ဩစရာကောင်းလိမ့်မယ်လို့ လုံးလုံးမထင်ခဲ့ဘူး''

လူကြီး၏တုံ့ပြန်မှုကို လီရှင်းနည်းနည်းမှမအံ့ဩ။

ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထဲ ပထမဆုံးအကြိမ်လာသူတိုင်း ဒီလိုမဖြစ်ဘဲနေမလား?

ထို့နောက် သူကလူကြီးကိုရေပေါ်တံတားရှုခင်းဆီခေါ်လာသည်။ ရေကန်အနှံ့မျောနေသောရေမှော်ပင်များကိုကြည့်ရင်း လူကြီးအံ့ဩနေသည်_

''ရိုးရိုးရေလှောင်တမံကို ဒီလောက်လှတဲ့မြင်ကွင်းဖြစ်အောင်ဆောက်ထားတယ်... ငါခရီးသွားလုပ်ငန်းအကြောင်းမသိရင်တောင် ဒါလွယ်တဲ့ကိစ္စမဟုတ်မှန်းသိတယ်... လက်ရှိခရီးသည်အရေအတွက်နဲ့ ရုံချန်းကချင်းလင်စံအိမ်အတွက်ထောက်ပံ့ပေးသင့်တယ်''

''သူတို့ကိုးကွယ်နေတာပဲ''

လီရှင်းကအပြုံးနှင့်ပြောလိုက်သည်။

လူကြီးကခေါင်းညိမ့်ပြီး_

''အနည်းဆုံးတော့ ရုံချန်းကလူတွေမှာဦးနှောက်ရှိသားပဲ''

ရေပေါ်တံတားရှုခင်းက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထက်ပိုကျယ်သည်။ လူကြီးမှာအရွယ်ရပြီဖြစ်သောကြောင့် လျှောက်ပတ်မသွားနိုင်။ လီရှင်းက လူကြီးကိုဝင်ပေါက်သာခဏခေါ်ပြပြီး ချင်းလင်မွေးမြူရေးခြံခေါ်သွားလိုက်သည်။

မွေးမြူရေးခြံထဲဝင်ပြီး အဆုံးမဲ့မြက်ခင်းပြင် မြက်မွှေးနံ့ +၂၊ စိတ်လွတ်လပ်ခြင်း +၂၊ စိတ်သက်သာပျော်ရွှင်ခြင်း +၂၊ အကြည့်ခံခြင်း +၂ အားလုံးက လူကြီးကိုအံ့ဩစေပြန်သည်။

လီရှင်းလည်း လူကြီး၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုတွက်ဆပြီး ရှုခင်းကြည့်ကားပေါ်တန်းခေါ်သွားလိုက်သည်။

လူကြီးကရှုခင်းကြည့်ကားပေါ်ထိုင်ရင်း အဆုံးမဲ့ရှည်လျားသောအံ့ဩစရာမြက်ခင်းပြင်ကိုကြည့်ကာ မနေနိုင်ဘဲမေးလိုက်သည်_

''လီရှင်း... အင်တာနက်မှာပြောကြတာ... မွေးမြူရေးခြံတစ်ခုလုံး ဒီလောက်လှတဲ့မြင်ကွင်းမျိုးဖြစ်တာ ဒီစားကျက်မြေကြောင့်တဲ့... ဒီစားကျက်မြေက တကယ်ပဲမင်းဦးလေးလုပ်လိုက်တာလား?''

ဒါကလည်း ဒီတစ်ခေါက်သူလာရတဲ့အကြောင်းရင်းတစ်ခုပင်။

အဖေတစ်ယောက်အနေနှင့် သူ့သားအငယ်ဆုံးရဲ့လတ်တလောအောင်မြင်မှုများကိုမြင်ရတာ ဝမ်းသာသော်လည်း အရင်ကသူ့သားဘယ်လိုပုံနေခဲ့လဲ သူမှတ်မိနေသေးသည်။

အခု သူ့သားအငယ်ဆုံးက အင်တာနက်မှာခဏခဏချီးကျူးခံနေရတော့ သူနည်းနည်းအပြစ်ရှိသလိုခံစားရသည်။

''အဘိုး... အဲဒါဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ?''

လီရှင်းကရှင်းပြသည်_

''ချင်းလင်စံအိမ်ကလူတွေ ဦးလေးလေ့လာနေတာမြင်တယ်ဆိုပေမဲ့ ပြင်ပအကူအညီမရှိတာတော့ဟုတ်မယ်မထင်ဘူး... သူဌေးချင်က သူ့မွေးရပ်မြေမှာ အရမ်းရှားပါးတဲ့မြေကြီးတစ်မျိုးတွေ့ခဲ့တယ်... အဲဒါကိုဦးလေးစမ်းသပ်ဖို့ပေးထားတာ... ပြီးတော့ အပြင်ကလူတွေမသိအောင်လျှို့ဝှက်ထားတာဆိုတော့ကာ ဘယ်သူမှမသိဘူး''



All Chapters