← Chapters

ကျေးဇူးကြွေးတင်နေတယ်! အချစ်ဆုံးဦးလေး! ၂

Vol. 36 Ch. 538

ကျေးဇူးကြွေးတင်နေတယ်! အချစ်ဆုံးဦးလေး! ၂

Vol. 36 Ch. 538

လီရှင်း၏အတိုချုပ်စကားအရ အထူးမြေကြီးမှာ အရေးကြီးသော သို့မဟုတ် အဆုံးအဖြတ်ပေးသောကဏ္ဍတွင်ပါဝင်နေကြောင်း လီမိသားစုလူကြီးကအတည်ပြုလိုက်သည်။

မဟုတ်ရင် သူ့သားအငယ်ဆုံး၏ယခင်နှင့်ယခုလုပ်ဆောင်ချက်မှာ ကွာခြားလွန်းနေမည်။ အင်တာနက်မှာပြောကြသလို သူ့ရာထူးကြောင့် အရည်အချင်းများဝှက်ထားဖို့မဖြစ်နိုင်။

သူ့သားအငယ်ဆုံးက အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုတွင် အတော်အားစိုက်ထုတ်ထားမှန်း သူကောင်းကောင်းသိသော်လည်း အချိန်အတော်ကြာသည်အထိ ရလဒ်မရှိခဲ့ပေ။

''လီမိသားစုက သူဌေးချင်ကိုကျေးဇူးကြွေးတင်ပြန်ပြီ''

လူကြီးကစိတ်လှုပ်ရှားပြီး သက်ပြင်းချလိုက်သည်။

ဒီလိုအရာနဲ့ တခြားတစ်ယောက်သာဆိုရင်လည်း သူ့သားအငယ်ဆုံးထက်ညံ့မည်မဟုတ်။

ဒီကျေးဇူးကြွေးဘယ်လောက်ကြီးကြောင်းသိနိုင်သည်။

ဒီနည်းနှင့် သူ့သားအငယ်ဆုံးက သူဌေးချင်နှင့်ရင်းနှီးလာသည်ဟုယူဆနိုင်သည်။

သို့သော် အကြောင်းရင်းသိပြီးနောက်တွင် စိတ်သက်သာမိသည်။ အရင်က အပြစ်ရှိသလို၊ လက်မခံနိုင်သလိုစိတ်မျိုး မခံစားရတော့။

ရှုခင်းကြည့်ကားနှင့်မွေးမြူရေးခြံကိုပတ်ကြည့်ပြီးနောက် လီရှင်းကလူကြီးနှင့်အတူ မွေးမြူရေးခြံမှပြန်ထွက်လာသည်။

''အဘိုး... ချင်လင်နဲ့တွေ့ချင်လား?''

လီရှင်းကမေးလိုက်သည်။

လီမိသားစုလူကြီးကခေါင်းခါပြီး_

''မလိုပါဘူး... ဒီတစ်ခေါက် ငါ့ရည်ရွယ်ချက်ပြည့်သွားပြီ... ဒီအခြေအနေမှာ အလောတကြီးဝင်တွေ့တာမကောင်းဘူး''

''မင်း... မင်းဦးလေးနဲ့သူဌေးချင်ဆက်ဆံရေးအဆင်ပြေတယ်ဆိုပြီးတာပါပဲ... မင်းမိန်းမကကိုယ်ဝန်ကြီးနဲ့... ဒီမှာပဲ တချိန်လုံးအချိန်ဖြုန်းမနေနဲ့... အိမ်ပြန်ပြီး မိန်းမနဲ့နေပေးလိုက်ဦး''

လီရှင်းကထိုစကားကြားပြီး မတတ်သာပုံနှင့်ချက်ချင်းပြန်ဖြေလိုက်သည်_

''သိပါပြီ... ဒီဝိုင်တစ်သုတ်ပြီးရင် တစ်ခေါက်ပြန်လိုက်မယ်''

အခုက ဦးလေးနဲ့သူဌေးချင်ကြား ဆက်ဆံရေးပဲပေါ့။

ချင်းလင်စံအိမ်ကို ဘယ်သူအရင်ရောက်တယ်ဆိုတာ သူ့အဘိုးမေ့နေပုံရတယ်။

အခုတော့ ဦးလေးကိုလုံးဝဥထားတာပဲ။

ဒုက္ခသုခတွေအကုန် မျှဝေခဲ့တဲ့နေ့ရက်တွေက ကုန်ဆုံးသွားပြီပေါ့။

''အိုး... ပြီးတော့ ငါ့ကိုချင်းလင်ဆေးဖက်ဝင်ဝိုင် ၄ ပုလင်းလုံးပေးဖို့မမေ့နဲ့''

လူကြီးကရုတ်တရက်ပြောလိုက်သည်။

လီရှင်းရင်နာသွားသည်။ ထိုစကားကြားပြီး သူကသတိလက်လွတ်ပြောလိုက်၏_

''ဘယ်မှာလဲ လေးပုလင်း? ကျွန်တော့်မှာ သုံးပုလင်းပဲရှိတာ''

''ဟုတ်ပြီလေ... သုံးပုလင်းဆိုတော့လည်း သုံးပုလင်းပေါ့!''

လူကြီးကပြုံးပြုံးနှင့်ပြောလိုက်သည်။

လီရှင်းမှာဝိဉာဉ်လွင့်သွားတော့မတတ်ပင်။ သူအခုဘာပြောလိုက်မိတာလဲဟု သူ့ကိုယ်သူသာအထပ်ထပ်မေးနေတော့သည်။

ဒါမျိုးဖြစ်ပြန်ပြီ။ သူ့အတွက်ဝိုင်စုထားမယ့်အစီအစဉ်လေး သွားပြန်ပြီ။

''မင်းအတွက်မိသားစုကစီစဉ်ပေးတဲ့လမ်းကိုမလျှောက်တာလည်း ကောင်းပါတယ်လေ''

လူကြီးကခေါင်းခါလိုက်သည်။

"ဟဲ... ဟဲ"

လီရှင်းငိုချင်နေပြီ။

ရင်ဝကိုဓားနဲ့စိုက်ပြီး ထပ်ထိုးသေးတာလား?

လီရှင်းမှာ လူကြီးကားပါကင်ဆီလျှောက်သွားနေသည်ကိုတလှည့်၊ သူ့လက်ထဲကဆေးဖက်ဝင်ဝိုင်သုံးပုလင်းကိုတလှည့်ကြည့်ရင်း နှလုံးသွေးပွက်သလိုခံစားရသဖြင့် မနေနိုင်တော့ဘဲ_

''အဘိုး... ဦးလေးမှာလည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်ရှိတယ်... အဘိုးဒီကိုလာခဲတယ်လေ... ဘာလို့အပြန်ယူမသွားတာလဲ?''

လုံးဝအပြတ်ရှင်းသည်ဆိုသော်လည်း ဦးလေးကတော်သေး၏။ ဒါသူ့အတွက် လုံးဝမမျှတ။

အရင်က ဆိုးတူကောင်းဖက်နေမယ်လို့သဘောတူထားပြီးသား။ အခု ဦးလေးလည်း အေးအတူပူအမျှနေသင့်တယ်။

''ငါဒီလောက်တောင်အရွယ်ရနေပြီ... ဆေးဖက်ဝင်ဝိုင်တွေအများကြီး ဘာလုပ်မှာလဲ?''

လူကြီးကစိတ်မပါလက်မပါပြောလိုက်သည်_

''မင်းဦးလေးက သုတေသနအလုပ်တွေနဲ့ပင်ပန်းနေတာ... ကောင်မလေးက ရခါစ... သူအားရှိအောင်ထားလိုက်ပါဦး''

လီရှင်းစိတ်ထဲတွင်:

'ကမ္ဘာကြီးက မတရားဘူး!'။

သူတို့ကားပါကင်ဆီရောက်လာသည်။

လူတစ်ယောက်ကားပေါ်မှအပြေးဆင်းလာပြီး လူကြီးကိုဝိုင်ကူသယ်ပေးသည်။

ထိုလူမှာ လူကြီး၏ကိုယ်ပိုင်ကားမောင်းဒရိုင်ဘာပင်။

ပင်စင်ယူထားပြီဖြစ်သော်လည်း ပင်စင်မယူခင်သူ့ရာထူးအရ ဒီလိုအစီအစဉ်များမှာနေရာတကျရှိနေသည်။

လူကြီးကားထဲဝင်မည်အပြုတွင် နောက်ကားတစ်စီးလာရပ်သည်။ ရင်းနှီးနေသောလူနှစ်ယောက်ကားပေါ်မှဆင်းလာသောကြောင့် လီရှင်းအံ့ဩမိသည်။ လျိုယီနှင့် ဝေ့မိသားစု၏သားမက်ဖုန်းရန်ပင်။

လျိုယီနှင့်ဖုန်းရန်လည်း ကားပေါ်မှဆင်းပြီး လီရှင်းတို့ကိုမြင်သွားသည်။ လီမိသားစုလူကြီးကိုမှတ်မိပြီး သူတို့နှစ်ယောက်လန့်သွား၏။

လီမိသားစုလူကြီးကိုယ်တိုင် ချင်းလင်စံအိမ်ကိုတကယ်လာတယ်ပေါ့။ ကြည့်ရတာ လီမိသားစုနဲ့သူဌေးချင်ရဲ့ဆက်ဆံရေးက သူတို့ထင်ထားတာထက်ပိုပြီးရင်းနှီးပုံပဲ။

ဖုန်းရန်မှာ တုံ့ဆိုင်းမနေရဲ၊ ချက်ချင်းရှေ့တိုးလာပြီး_

''မင်္ဂလာပါ သခင်ကြီးလီ... သခင်လေးလီ ထပ်ဆုံပြန်ပြီနော်''

''သူကဘယ်သူလဲ?''

လူကြီးကဖုန်းရန်ကိုမသိသောကြောင့် လီရှင်းကိုမေးလိုက်သည်။

''အဘိုး... သူကဝေ့ချန်ရဲ့ယောက်ျားလေ''

လီရှင်းကရှင်းပြသည်_

''အရင်တစ်ခါ သခင်ကြီးဝေ့လည်း ဆေးရုံတက်ခွဲစိတ်ရသေးတယ်မလား? သူတို့က သူဌေးချင်ဆီသက်လုံအားဖြည့်ဝိုင်လာတောင်းကြတာ''

ဝေ့မိသားစုအကြောင်းကြားသောအခါ သခင်ကြီးလီကခေါင်းညိမ့်လိုက်ပြီး_

''သူဌေးချင်အကြောင်း မင်းသိထားရင်ရပြီ... သူ့ကိုဒုက္ခမရောက်စေနဲ့''

''စိတ်မပူပါနဲ့ သခင်ကြီး!''

လီမိသားစုသခင်ကြီး၏သဘောကို ဖုန်းရန်နားလည်သည်။ သက်လုံအားဖြည့်ဝိုင်အကြောင်း တခြားလူတွေကိုပြောပြလိုက်ရင် သူဌေးချင်ကိုလာတောင်းဆိုကြလိမ့်မည်။

ဒီလိုဆို သူဌေးချင်စိတ်ညစ်ရမည်။

ဝေ့မိသားစုက မအ။ ဒီအကြောင်းသူတို့ဘာသာသိထားပြီး ဘယ်သူ့ကိုမှမပြောဖို့ သူ့ယောက္ခမကလည်းသတိပေးထားသည်။

လီမိသားစုသခင်ကြီးမှာ ဖုန်းရန်ကိုသိပ်အာရုံမထားဘဲသူ့ဇနီးနှင့်ထွက်သွား၏။

လီရှင်းမှာထွက်သွားသောကားကိုကြည့်ရင်း နည်းနည်းဝမ်းနည်းမိသည်။

ဝိုင်ချစ်သူတစ်ယောက်ဖြစ်ပြီး ကိုယ့်မှာရှိတဲ့ဝိုင်ကိုမထိန်းသိမ်းနိုင်ဘူး။ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ?

''သခင်လေးလီ... ဘာ​ဖြစ်လို့လဲ? ကြည့်ရတာ နုံးချိနေသလိုပဲ''

ဖုန်းရန်ကဇဝေဇဝါနှင့် လီရှင်းကိုမေးလိုက်သည်။

''ခင်ဗျားက ဘာလာလုပ်ပြန်တာလဲ?''

လီရှင်းကမဖြေချင်သောကြောင့် ပြန်မေးလိုက်သည်။

ဖုန်းရန်ကရှင်းပြသည်_

''ကျွန်တော့်မိန်းမရဲ့အဘိုး ဆေးရုံကဆင်းပြီ... ကျွန်တော်ကဝေ့မိသားစုရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်းလာပြောတာပါ... ဒါနဲ့ ကျွန်တော့်ဝမ်းကွဲမှာလည်း အကြီးအကဲစားပွဲနဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်ရှိသေးတယ်... ပစ္စည်းကောင်းတွေလေ''

'ချင်းလင်ဆေးဖက်ဝင်ဝိုင်'ဆိုသောစကားကြားပြီး လီရှင်းမျက်နှာညှိုးကျသွားသည်။ သူကစကားတစ်ခွန်းမှမဆိုဘဲ စံအိမ်ထဲလျှောက်ဝင်သွားလေသည်။

အခု ဒီနာမည်ကြားရင် အသည်းနာတယ်။

သူ့ပုံစံကြောင့် ဖုန်းရန်နှင့်လျိုယီက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

သခင်လေးလီဘာဖြစ်နေတာလဲ?

သို့ရာတွင် ဒီအကြောင်းတွေးနေဖို့အချိန်မရှိ။ သူဌေးချင်နှင့်တွေ့ရဦးမည်။

''သူဌေးချင်နဲ့တွေ့ရင် နှိမ့်နှိမ့်ချချနေပါ''

ဖုန်းရန်သတိပေးလိုက်သည်။



All Chapters