← Chapters

ကျေးဇူးကြွေးတင်နေတယ်! အချစ်ဆုံးဦးလေး! ၃

Vol. 36 Ch. 539

ကျေးဇူးကြွေးတင်နေတယ်! အချစ်ဆုံးဦးလေး! ၃

Vol. 36 Ch. 539

''သိပါပြီ... အစ်ကိုဝမ်းကွဲ''

လျိုယီက အမြန်ခေါင်းညိမ့်လိုက်သည်။

သူကအရူးမဟုတ်။

လီမိသားစုရဲ့သခင်ကြီးတောင် ချင်းလင်စံအိမ်ရောက်လာတယ်မလား?

…

တစ်ဖက်တွင်_

စံအိမ်ထဲပြန်လာပြီးနောက် လီရှင်းကသူ့ဆုံးရှုံးမှုအတွက်ကာမိအောင်နည်းလမ်းရှာရမည်ဟု စဉ်းစားမိသည်။ ခဏတွေးတောကြည့်ပြီး ဖုန်းထုတ်၍ သူ့ဦးလေးဆီဗီဒီယိုတစ်ပုဒ်ပို့လိုက်သည်။

ဗီဒီယိုမှာ သူ့အဘိုးကိုစံအိမ်ထဲလိုက်ပြစဉ်က ရိုက်ထားခြင်းဖြစ်သည်။ ဗီဒီယိုထဲတွင် ဒေါက်တာထန်က သူ့အဘွားနှင့်အတူတူရှိနေသည်။

အစကတည်းက သူ့ဦးလေးဆီဗီဒီယိုပို့ရန်အကြံနှင့်ရိုက်ထားခြင်းပင်။

လီခိုင်ကချင်းလင်ဓာတ်ခွဲခန်းမှာမဟုတ်၊ ချင်းလင်ဓာတ်ခွဲခန်းမှငှားထားသောအဆောက်အဦး၏ရုံးခန်းထဲရောက်နေသည်။

သူကစာတမ်းအချက်အလက်ပြင်ဆင်ရင်း သူ့ဘေးမှကိရိယာနှင့်ထျန်းမုထုံရှန်းမျိုးစိတ်အချက်အလက်ကိုပါ တပြိုင်တည်းစမ်းသပ်နေသည်။

ဒါတွေအားလုံး တရုတ်သိပ္ပံအကယ်ဒမီအတွက်။





အထူးမြေကြီးပေါ်မသွားစေရန် ခေါင်းမွေးပြောင်မတတ်လုပ်ထားရသည်။

စာအသစ်ဝင်ကြောင်း သူ့ဖုန်းမှအသံမြည်လာ၍ ချက်ချင်းဖွင့်ကြည့်လိုက်ရာ သူ့တူလီရှင်းဆီမှဖြစ်နေသည်။

သို့ရာတွင် ထန်ရှိုးဝမ်နှင့်အဘိုးကြီးအတူတူရှိနေသောဗီဒီယိုမြင်သောအခါ လန့်ဖျပ်ပြီးချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ သူ့မျက်နှာမှာ အထိတ်ထိတ်အလန့်လန့်နှင့်။

ထန်ရှိုးဝမ်ကို သူ့မိဘတွေနဲ့တွေ့ပေးဖို့မစီစဉ်ထား။ အရင်တစ်ခါ ညီလေးချင်ရဲ့အကူအညီနဲ့ သူနဲ့ရှိုးဝမ်ကြားကပြဿနာကိုဖြေရှင်းခဲ့သည်။ ဒီကိစ္စကို ဘိုးတော်စိတ်ထဲများခုသွားမလား သူစိုးရိမ်မိသည်။

အခုဘာတွေဖြစ်နေတာလဲ?

လီခိုင်ဂနာမငြိမ်ဖြစ်နေစဉ် လီရှင်းဖုန်းဝင်လာသည်။ သူက ကမန်းကတန်းဖုန်းကိုင်ပြီး_

''လီရှင်း... ဘာဖြစ်တာလဲ? ဘိုးတော်က ဘာလို့ရှိုးဝမ်နဲ့အတူရှိနေတာလဲ?''

လီရှင်းအသံကိုကြားရသည်_

''ဦးလေး... ခင်ဗျားအတွက်အတော်ဆိုးတဲ့သတင်းရှိတယ်... အဘိုးနဲ့အဘွားက တောင်တန်းစံအိမ်ကိုလာပြီး ဒေါက်တာထန်နဲ့တောင်တွေ့သွားသေးတယ်... အဲဒီကိစ္စအရေးကြီးကြောင်း ခင်ဗျားကိုအသိပေးတာ''

''ဘာကိစ္စလဲ?''

လီခိုင်က ပျာပျာသလဲမေးလိုက်သည်။

လီရှင်းအသံကိုကြားရပြန်သည်_

''ဘယ်လိုထင်လဲ? ကျွန်တော့်ချင်းလင်ဆေးဖက်ဝင်ဝိုင်တွေအကုန် ဘိုးတော်ကိုပေးလိုက်မယ်... ခင်ဗျားမှာရှိသေးမှန်း သူသိတယ်... ခင်ဗျားဘယ်နားဖွက်ထားလဲ? တစ်ယောက်တည်းသိမ်းမထားနဲ့... ဒီတစ်ခါ အဘိုးကိုဒေါသထွက်အောင်လုပ်နေတာလား?''

လီခိုင်မှာထိုသတင်းကြားပြီး ချက်ချင်းရင်ခံသွားသည်။

နောက်ဆုံးမှ ညီလေးချင်ဆီက သုံးပုလင်းရထားတာ၊ ဘိုးတော်ကဘာလို့လာတောင်းနေရတာလဲ?

ဒါပေမဲ့ လီရှင်းပြောပုံအရ ဘိုးတော်ကရှိုးဝမ်နဲ့ဆုံပြီးပြီ။ ဝိုင်အတွက်နဲ့ ဘိုးတော်စိတ်ဆိုးအောင်မလုပ်ချင်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို လီရှင်းဖွက်ထားတာတွေ့တုန်းက သူဘယ်လောက်အပြောခံရလဲ မှတ်မိသေးသည်။

ထိုအကြောင်းတွေးမိပြီး လီခိုင်က ကမန်းကတန်းပြောလိုက်သည်_

''လီရှင်း... ဘိုးတော်ကိုပြောလိုက်... ငါအလုပ်တွေများနေလို့မလာနိုင်တာလို့... ငါ့သတို့သမီးခန်းထဲသွားပြီး စမ်းသပ်ကိရိယာတွေထည့်ထားတဲ့သေတ္တာကိုဖွင့်လိုက်... အထဲမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်သုံးပုလင်းရှိတယ်... လျှို့ဝှက်နံပါတ်က ၅၄၈၇... ဘိုးတော်အတွက်နှစ်ပုလင်းယူပြီး ငါ့အတွက်တစ်ပုလင်းချန်ထားနော်... ငါလောလောဆယ် အဲဒီဝိုင်ကိုတကယ်လိုနေတာ''

ချင်းလင်စံအိမ်_

လီရှင်းကချက်ချင်းသတို့သမီးခန်းဘက်သွား၍ လီခိုင်အခန်းထဲဝင်လိုက်သည်။ ထင်ထားသည့်အတိုင်း အထူးသေတ္တာတစ်လုံးတွေ့သည်။

အရင်ဆုံး လျှို့ဝှက်နံပါတ်ထည့်၍ သေတ္တာဖွင့်လိုက်သည်။

အမှန်ပင် ချင်းလင်ဆေးဖက်ဝင်ဝိုင်သုံးပုလင်းရှိနေသည်။

သူ့ဦးလေးကို အထင်မသေးဘဲမနေနိုင်တော့။

အရင်ကတော့ ယန်ဓာတ်အားကောင်းစေပြီး ကျောက်ကပ်အားဖြည့်ပေးတဲ့ဒီဆေးဖက်ဝင်ဝိုင်ကို ဦးလေးကရွံသလိုလိုနဲ့၊ ဒါပေမဲ့ အခုကျ...

ဖုန်းထဲမှလီခိုင်အသံထွက်လာသည်_

''လီရှင်း... ဘိုးတော်ရှေ့မှာ ငါ့အတွက်စကားကောင်းပြောပေးဦး... အရေးကြီးတဲ့အချိန်ကျမှ ငါ့ကိုကြပ်မနေနဲ့''

''ဦးလေး စိတ်မပူပါနဲ့... ကျွန်တော်ကအရင်းနှီးဆုံးတူလေးပါ... လီမိသားစုထဲမှာ ကောင်းကောင်းဆိုးဆိုး ကျွန်တော်တို့နှစ်ယောက်အတူတူပဲဖြတ်ကျော်ခဲ့တာ... ခင်ဗျားကိုလှည့်စားပါ့မလား?''

လီရှင်းကပိုသေချာသောအသံနှင့်_

''ကျွန်တော်လုံးဝမလုပ်ဘူး... အတတ်နိုင်ဆုံး ဒေါက်တာထန်ကိုစကားကောင်းပြောပေးမယ်... စိတ်ချ... အဘိုးနဲ့အဘွားက ဒေါက်တာထန်ကိုအရမ်းသဘောကျသွားမှာ''

သူလိမ်တာမဟုတ်ဘူး။ သူ့အဘိုးနဲ့အဘွားက ဒေါက်တာထန်ကိုတကယ်သဘောကျတာ။

လီရှင်း၏ကတိစကားကြားပြီး လီခိုင်ကကျေးဇူးတင်သံနှင့်_

''လီရှင်း... မင်းကအရေးအကြောင်းဆို ငါအားကိုးလို့ရတဲ့သူပဲ''

''ဖြစ်ရမယ်လေ!''

လီရှင်းကအပြုံးနှင့်ပြန်ဖြေလိုက်သည်။

ဖုန်းချပြီးနောက် သေတ္တာထဲမှချင်းလင်ဆေးဖက်ဝင်ဝိုင်သုံးပုလင်းကို ဝမ်းသာအားရထုတ်ပြီး လက်ထဲပိုက်ထားလိုက်သည်။

သို့ရာတွင် သေတ္တာအလွတ်ကိုကြည့်လိုက်ရာ သူ့ဦးလေးအသက်အရွယ်နှင့် ဒေါက်တာထန်လိုကောင်မလေးရထားသည်ကိုလည်း တွေးမိပြန်သည်။ နောက်ဆုံး သူကစိတ်ကောင်းဝင်ပြီး တစ်ပုလင်းပြန်ထားလိုက်၏။

သူကဘာလို့အချစ်ဆုံးဦးလေးဖြစ်နေတာလဲ?

All Chapters