← Chapters

ပြန်လည်ရှင်သန်ခြင်း

Vol. 1 Ch. 2

ပြန်လည်ရှင်သန်ခြင်း

Vol. 1 Ch. 2

"ဒါက ဖန်ဆင်းရှင်အင်မော်တယ်လား၊ ကြီးလိုက်တာ"

ယွမ်ရှောင်သည် သူ၏ဝိညာဥ် အခေါင်းအတွင်းသို့ ရောက်သွားသောအခါ မြင်လိုက်ရသော လူသဏ္ဍာန်အလောင်းကြီးကြောင့် တုန်လှုပ်သွားခဲ့သည်။ ၎င်း၏မျက်လုံးအိမ်များက မြေအောက်ဘုံပမာ နက်ရှိုင်းလှပြီး နှုတ်ခမ်းနှစ်လွှာအကြား၌ မြစ်ဝါမြစ်စီးဆင်းနေသကဲသို့ ထင်ရပြီး ဆံပင်များမှာ ရှေးဟောင်းနဂါးကြီးများပမာ ရစ်ခွေနေ၏။ သူက အဖြေမရှာနိုင်ခင် ကြီးမားလှသော စွမ်းအားကြောင့် အလောင်းအတွင်းသို့ စုပ်ယူခံလိုက်ရပြီး အသက်ပြန်ရှင်လာသယောင် ခံစားလိုက်ရသည်။

"ငါ အသက်ပြန်ရှင်လာပြီ"

ယွမ်ရှောင်က မျက်လုံးများဖွင့်လိုက်ပြီး အင်မော်တယ်အလောင်း၏ ရုပ်ခန္ဓာ​ကြောင့် လောကကြီးကို အထင်သေးစွာ ကြည့်သော်လည်း အမှန်တရားကြောင့် မင်သက်သွားခဲ့သည်။ အလောင်းက အရေခွံသက်သက်ဖြစ်ပြီး အရိုးများ၊ သွေးနှင့် အတွင်းအင်္ဂါများများအစား အနက်ရောင်မြူခိုးနှင့် မြွေဆိုးများ၊ ပိုးကောင်းများ၊ သရဲသဏ္ဍာန်ပုံရိပ်များသာ ရှိနေခဲ့သည်။ ၎င်းတို့က လွတ်လွတ်လပ်လပ် ကျင်လည်နေပြီး အော်မြည်နေသောကြောင့် သူ့ကို ကြောက်လန့်သွားစေသည်။ ဖြစ်နိုင်သည်မှာ အလောင်းကြီးမှာ စားသောက်ခံလိုက်ရပြီး ဤအခြေအနေမျိုးအထိ ရောက်သွားပုံရ၏။ သူက ပြန်လည်ရှင်သန်လာသော်လည်း အကျိုးမရှိဟု ခံစားလိုက်ရသောအခါ အလောင်းကြီးက တုန်ယင်လာကာ စစ်သည်များစွာ ချီတက်လာသကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်လာ၏။

"ဖန်ဆင်းရှင်အင်မော်တယ်ကို ခွန်းလွန်ငရဲမှာ အကျဥ်းချဖို့ ရှေးနတ်ဘုရားတွေက အင်မော်တယ်ဘုံသုံးထောင်နဲ့ သက်ရှိသွေးများစွာကို စတေးပစ်ခဲ့တယ်"

ယွမ်ရှောင်၏ အမြင်အာရုံဝေဝါးကာ အော်သံတစ်ခုကို ကြားနေရစဥ် အလောင်းကြီးထံမှ နှာခေါင်းရှုံ့သံတစ်ချက် ထွက်လာခဲ့သည်။

"ငါက ကောင်းကင်နဲ့ မြေကြီးကို အသက်ပေးခဲ့ပြီး လမ်းခြောက်သွယ်နဲ့ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တယ်။ ဒီနိမ့်ကျတဲ့ကောင်တွေကများ ရာရာစစ။ ကောင်းကင်ထောက်တိုင် ပျောက်သွားတဲ့နေ့မှာ ငါ ပြန်လည်မွေးဖွားလာလိမ့်မယ်။ ဘုံခြောက်ဘုံက အဆင့်နိမ့်ကောင်တွေ ဖျက်ဆီးခံရဖို့ ပြင်ထားကြ"

အင်မော်တယ်အလောင်းကြီးထံမှ အလင်းရောင်များ တဖိတ်ဖိတ်တောက်ပလာ၍ အသံက ဖြည်းဖြည်းချင်း တိုးလျသွားခဲ့သည်။

"ငါ့ခန္ဓာကိုယ် ကျုံ့သွားပါလား"

ယွမ်ရှောင်သည် အင်မော်တယ်အလောင်းကြီး ကျုံ့ဝင်လာပြီး အချင်းရှစ်ပေရှိသော အလင်းတစ်ခုပမာဏအထိ သေးငယ်သွားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် လူသားတစ်ယောက်၏ ရုပ်ခန္ဓာအသစ် ပြန်လည်ဖြစ်ပေါ်လာကာ ထက်မြက်ခန့်ညားသော မျက်နှာတစ်ခု ဖြစ်တည်လာ၏။ မျက်လုံးများက လမင်းပမာ ဝင်းထိန်နေပြီး ဆံပင်က ရေတံခွန်ပမာ ဖြာကျနေသဖြင့် အပြစ်ရှာမရလောက်အောင် ချောမောနေသည်။

"ဟား ဟား ငါ ပြန်လာပြီကွ"

အင်မော်တယ်အလောင်းအတွင်း ကိုယ်တွင်းအင်္ဂါ အပြည့်အစုံ ပြန်လည်ဖြစ်ပေါ်လာသော်လည်း ဖြူဝင်းချောမွတ်သော အသားအရေနှင့် ဖြောင့်တန်းသော လက်ချောင်းများကြောင့် သူက ပေါင်ကြားသို့ အလန့်တကြား ငုံ့ကြည့်လိုက်မိသည်။

"တော်ပါသေးတယ်။ ငါက ယောကျ်ားတစ်ယောက်ဖြစ်နေတုန်းပဲ။ ငါက အစကနေပြန်ပြီး လေ့ကျင့်ရတော့မယ်ဆိုပေမယ့် အသက်ပြန်ရှင်လာပြီ"

ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ရုပ်ခန္ဓာအသစ်ကို ကျေနပ်နေခဲ့သည်။ သူက အတိတ်ဘဝတွင် သိုင်းပညာကို ကောင်းမွန်စွာ ကျင့်ကြံခဲ့သော်လည်း ဤရုပ်ခန္ဓာအသစ်က အပြစ်ကင်းသောကြောင့် အလွယ်တကူ အောင်မြင်ပေလိမ့်မည်။ ထိုအချိန်၌ သူက အလောင်း၏ဘေးတွင် ရှိနေခဲ့သော အခေါင်းဆယ်ခုကို မြင်လိုက်ရသောကြောင့် အံ့သြသွားခဲ့သည်။ တစ်ခုချင်းစီက အလျားလိုက်တည်ရှိနေပြီး အရောင်တစ်မျိုးစီနှင့် ထူးခြားနေသည်။

"ကောင်းကင်ကို မြုပ်နှံမယ်"

သူနှင့်အနီးဆုံး အခေါင်းအထက်တွင် အပြာရောင်သွေးဖြင့် စာလုံးများရေးထားပြီး စုတ်ချက်တစ်ချက်ချင်းစီတွင် နက်ရှိုင်းသော အရှိန်အဝါ ပါဝင်နေ၏။ ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာကာ အပြာရောင်အခေါင်းက တုန်ရီ၍ အက်ကွဲသွားကာ အပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်း ပျက်စီးသွားသောအခါ အပြာရောင်ကြာပန်းတစ်ပွင့် ဖြစ်ပေါ်လာသည်။

"ကြီးလှချည်လား"

ယွမ်ရှောင်သည် သူ၏ဝိညာဥ်က ကြာပန်းနှင့်အတူ ဆွဲယူခံလိုက်ရပြီး ကြေးအခေါင်းကြီးအတွင်းမှ ထွက်သွားကာ မရေမတွက်နိုင်သော ကုန်းမြေများကို ဖြတ်သန်းရာမှ နောက်ဆုံး၌ အမြင်အာရုံ ပြန်လည်ရရှိသွား၏။ သူက သင်္ချိုင်းမှတ်တိုင်ကြီးကို မြင်နေရပြီး ကြာပန်းသည် ၎င်းထံပေါင်းစပ်သွားကာ တစ်လောကလုံးကို အပြာရောင် လင်းထိန်သွားစေခဲ့သည်။ ၎င်းတို့က တစ်ခုတည်းဖြစ်သွားကာ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသည့် ဧရာမဓားကြီးတစ်လက်အဖြစ် အသွင်ပြောင်းလာ၏။ ထို့နောက် သူက ဆတ်ခနဲ တုန်ရီသွားကာ ကြေးအခေါင်းအတွင်း ပြန်ရောက်လာပြီး လက်ဝါးအတွင်း၌ အပြာရောင်လင်းလက်နေ၍ တစ်ကိုယ်လုံးတွင် ပြောင်းလဲမှုများ ဆန်းကျယ်နေသည်။

"ဒါက ဓားဝိညာဥ်"

သူက လက်ဝါးဖြန့်လိုက်သောအခါ အရှည်သုံးလက်မရှိသော ဓားတစ်လက် ဖြစ်ပေါ်လာကာ ဓားသွားအတွင်း၌ အပြာရောင် ကြာဖူးငယ်တစ်ခုကို မြင်လိုက်ရသည်။ သင်္ချိုင်းမှတ်တိုင်ကြီးနှင့် ကြာပန်းပြာကြီးက ဤဓားဝိညာဥ်နှင့် ပတ်သက်နေနိုင်ပြီး သူက ကျန်အခေါင်းထံ အကြည့်ရောက်သွားကာ စူးစမ်းလိုခဲ့သည်။

"ဒီအခေါင်းတွေကရော ဘယ်လိုဆန်းကျယ်နေမှာလဲ"

ထိုအချိန်၌ ခရမ်းရောင်အခေါင်းက တုန်ရီလာ၍ ရှေးဟောင်းအရှိန်အဝါတစ်ရပ်ကို ထုတ်ဖော်ကာ အကျဥ်းထောင်ဟု ရေးထွင်းထားသည်။ ၎င်းက တဆတ်ဆတ်တုန်ခါနေ၍ ရှေးဟောင်းသားရဲတစ်ကောင်၏ ပုံရိပ်တစ်ခုကို ထုတ်လွှင့်လာသဖြင့် သူက အကြည့်မလွှဲနိုင်ခဲ့ပေ။

"ဒါကလည်း ငါ့ဓားဝိညာဥ် ဖြစ်လာမှာလား"

ထူးဆန်းလှသော အဖြစ်အပျက်များ ဆက်တိုက်ကြုံနေရသဖြင့် ယွမ်ရှောင်က ကြောက်စိတ်ကင်းမဲ့နေသည်။

"ဘုန်း"

အခေါင်းက သူ၏စကားကို နားလည်ပုံရပြီး မကျေနပ်စွာ ခုန်အပ်လာသောအခါ တောင်ပေါင်းများစွာနှင့် ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ နာကျင်စေသည်။ သူက အသိစိတ်ပျောက်ကွယ်သွားကာ နောက်ဆုံးအတွေး၌ ဤအဖြစ်အပျက်များက အမှန်တကယ်လား၊ သို့မဟုတ် သေကာနီး မြင်ချင်ရာမြင်ခြင်းလားဟု အဖြေရှာနေခဲ့သည်။

"ဒါက တိမ်တိုင်းပြည်ရဲ့ တော်ဝင်မြို့တော်လား"

ယွမ်ရှောင်က မသိရသော အချိန်တစ်ခုအကြာတွင် ရုတ်တရက် နိုးထလာကာ အနီးရှိမြင်ကွင်းကို ရင်းနှီးနေခဲ့သည်။

"ငါက ပြန်လည်မွေးဖွားလာခဲ့ပြီ။ ပါရမီကလည်း ဆယ်ဆလောက် မြင့်မားလာတယ်။ ငါ့ပိုင်ဆိုင်ထားတဲ့ ရုပ်ခန္ဓာက သိုင်းပညာလေ့ကျင့်တုန်းကထက်တောင် ပိုသန်မာနေသေးတယ်။ အထူးသဖြင့် ငါက ကျင့်ကြံဖို့ ဓားဝိညာဥ်တစ်ခု ပိုင်ဆိုင်လာတယ်။ ကျန်းရယ်ရဲ့ ရေခဲလဓားဝိညာဥ်က ကြယ်အဆင့်ဆိုတော့ ငါ့ဓားဝိညာဥ်က ဘယ်အဆင့်လဲ"

သူက အနီးရှိ ရေကန်တစ်ခုတွင် ကိုယ့်ကိုကိုယ်စစ်ဆေးလိုက်ပြီး လက်ဖဝါးအတွင်း၌ ဓားဝိညာဥ်ကို ထုတ်ဖော်လိုက်၏။ ထို့နောက် သူကြီးပြင်းလာသော တိုက်ကြီးတွင် ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် ထောက်တိုင်ကြီး ပျောက်ကွယ်နေကြောင်း သိလိုက်ရသည်။ မရေမတွက်နိုင်သော တိုင်းပြည်များ ဖြစ်တည်မလာခင်ကပင် ၎င်းမှာ တည်ရှိခဲ့ပြီး ရဲရင့်သူများက ထိပ်ဆုံးသို့တက်ရန် ထွက်ခွာသွားကြသော်လည်း မည်သူမှ ပြန်မလာနိုင်ခဲ့ပေ။ ကုန်းမြေကြီးတစ်ခုလုံး၏ နေရာတိုင်းမှ မြင်နိုင်သော ကြီးမားလှသည့် အရာကြီးက ပျောက်ကွယ်သွားသဖြင့် အခေါင်းအတွင်းမှ အော်သံများကို သူက အမှတ်ရလိုက်သည်။

"ဒါဆိုရင် ငါ မြင်လိုက်ရတဲ့ သင်္ချိုင်းမှတ်တိုင်ကြီးက ကောင်းကင်ထောက်တိုင်လား။ ဒါဆိုရင် အပြာရောင်အခေါင်းထဲက ကြာပန်းနဲ့ ဒါကြီးပေါင်းစပ်ပြီး ငါ့ဓားဝိညာဥ် ဖြစ်လာတာလား"

ယွမ်ရှောင်က ရေရွတ်လိုက်သော်လည်း ဓားဝိညာဥ်၏ အရွယ်အစားကြောင့် မယုံနိုင်ဖြစ်နေခဲ့သည်။ လက်ရှိတွင် သူ၏စွမ်းအားဖြင့် ဤဆန်းကျယ်မှုများကို အဖြေမထုတ်နိုင်သောကြောင့် ဘေးချိတ်ထားလိုက်ရ၏။ ဓားဝိညာဥ်၏အစွမ်းသည် လူတစ်ယောက်၏ မွေးရာပါ ပါရမီနှင့် ဆက်စပ်နေသည် မဟုတ်ပါလော။

"မင်းက ကောင်းကင်ကိုမြုပ်နှံမယ့် အလောင်းက လာတာဆိုတော့ ကောင်းကင်သင်္ချိုင်းလို့ အမည်ပေးမယ်။ ဘယ်သူက ငါ့ကို တိမ်တိုင်းပြည်ဆီ ပြန်ခေါ်လာတာလဲ"

သူက မတ်မတ်ရပ်လိုက်ပြီး ဓားဝိညာဥ်ဖြင့် ကျင့်ကြံရေးလမ်းကြောင်းကို စတင်ရန် ဆုံးဖြတ်ထားသည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ အနက်ရောင် အခေါင်းငယ်လေးတစ်ခုကို မြင်လိုက်ရသဖြင့် ကောက်ယူလိုက်၏။ ရှေးဟောင်းကြေးအခေါင်းကြီးက ဤအရွယ်အစားအထိ ကျုံ့ဝင်သွားလျှင် အတွင်း၌ အခေါင်းငယ်ကိုးလုံး ရှိနေပေလိမ့်မည်။

"ဒီအခေါင်းကြီး မရှိတော့တာတောင် နတ်ကုန်းမြေတိုက်ကြီးက ပျက်စီးမသွားပါလား။ ဆန်းကျယ်လိုက်တာ။ ဒီခေါင်းတလားက သေချာပေါက် အစွမ်းထက်လိမ့်မယ်"

သူက အခေါင်းနက်ကို အိတ်ကပ်ထဲ ထည့်လိုက်သော်လည်း အခေါင်းအဖုံးမှ မျက်တောင် တဖြတ်ဖြတ်ခတ်ရင်း စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံကိုမူ သတိမထားမိခဲ့ချေ။

"ရဲကုရင် ကျန်းရယ် ငါ့စကားတွေကို မှတ်မိကြလား။ သေချာပေါက် လက်စားချေမယ်။ အခုတော့ မင်းတို့က အသူရာဓားဂိုဏ်းကို ပြန်သွားလောက်ပြီဆိုတော့ ကျန်းမျိုးနွယ်က ငါ့ထီးနန်းကို လုသွားလောက်ပြီ"

ယွမ်ရှောင်သည် အိမ်သို့ ပြန်လာရသောကြောင့် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသော်လည်း ချက်ချင်းဆိုသလိုပင် ခံစားချက်များ ပြောင်းလဲသွားခဲ့၏။ သူက တော်ဝင်မြို့ရိုးပေါ်သို့ ရောက်လာခဲ့ပြီး အလင်းရောင်များ ထိန်ညီးနေသည့် နန်းတော်ကို စောင့်ကြည့်လိုက်သည်။ ကျန်းမျိုးနွယ်သည် အပြစ်မရှိသူများကို စတေးကာ ထီးနန်းလုယူသွားသည့်အတွက် အပြစ်ပေးရပေလိမ့်မည်။

"ကျန်းစန် မင်းက ဝန်ကြီးနေရာကနေ ဘုရင်နေရာကို လိုချင်တယ်ပေါ့။ မင်းနဲ့ တန်လို့လား"

သူ၏မျက်လုံးများက ညအမှောင်ထဲတွင် မီးဝင်းဝင်းတောက်လောင်နေခဲ့သည်။ သူက ဓားဝိညာဥ်ကို ဓားတစ်လက်အဖြစ် ဆုပ်ကိုင်ရင်း နန်းတက်ပွဲကျင်းပပြီး ကျေနပ်ပျော်ရွှင်နေသော ကျန်းမျိုးနွယ်ထံ ဦးတည်လာနေပြီဖြစ်သည်။

"ကောင်းကင်ထောက်တိုင်ကြီး ပျောက်ကွယ်သွားပြီ"

"ဒါက ဘာအရေးလဲ။ ငါတို့ကျန်းမျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး"

"ဟား ဟား ငါတို့က တော်ဝင်မျိုးနွယ်ဖြစ်ပြီ"

"အခုကစပြီး ငါတို့ကို ဘယ်သူမှစိန်ခေါ်နိုင်မှာ မဟုတ်ဘူး။ ရယ်အာက အင်မော်တယ်တစ်ယောက်ဖြစ်လာရင် ကျန်တဲ့တိုင်းပြည်တွေအကုန် ဒူးထောက်လာကြလိမ့်မယ်"

ကျန်းစန်က တော်ဝင်ဝတ်ရုံကို ဆင်မြန်း၍ တက်ကြွစွာ အော်ဟစ်နေသည်။

"ယွမ်မျိုးနွယ် မလုပ်နိုင်ခဲ့တာကို လုပ်နိုင်ရင် ငါတို့နာမည်က သမိုင်းထဲမှာ မှတ်တမ်းရေးခံရလိမ့်မယ်"

"အရင်မင်းကြီးက သားတစ်ယောက်ပဲ ချန်ခဲ့တာဆိုတော့ ငါတို့ စိုးရိမ်စရာ မလိုပါဘူး"

"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

စုဝေးနေသော ကျန်းမျိုးနွယ်ဝင်၃၃ယောက်က ရယ်မောပျော်ရွှင်နေစဥ် နန်းဆောင်တံခါးက ဝုန်းခနဲပွင့်လာကာ အဖြူရောင်ဝတ် လူငယ်တစ်ယောက် ဝင်ရောက်လာခဲ့သည်။

"ဘယ်သူလဲကွ"

"အစောင့်တွေ ဘယ်ရောက်နေလဲ လာကြစမ်း"

ကျန်းရယ်၏အကို ကျန်းယန်က ဓားကို ချက်ချင်းဆွဲထုတ်လိုက်၏။

"လုပ်ကြံသူလား။ ဘယ်အရူးကများ ငါတို့ကို လာတိုက်ခိုက်ရဲရတာလဲ"

ကျန်းစန်၏ အပေါင်းအပါများက ဆက်လက်တည်ငြိမ်နေပြီး ရယ်မောနေကြသော်လည်း နန်းတော်အစောင့်များ ပျောက်ကွယ်နေသည်။ သို့ရာတွင် ကျန်းမျိုးနွယ်က သိုင်းပညာကို အလေးပေးကျင့်ထားသဖြင့် ကြောက်စရာမလိုသည့်အပြင် ယွမ်ရှောင်ပြီးလျှင် ကျန်းစန်က အသန်မာဆုံး သိုင်းသမားဖြစ်၍ မကြောက်ကြပေ။

"ကျန်းရန် ဒီကောင့်ကို သတ်လိုက်စမ်း"

"ဒီကောင့်ကို ချက်ချင်းမသတ်နဲ့။ ဘယ်သူလဲဆိုတာသိရင် တစ်မျိုးလုံး သေဒဏ်ချမယ်"

ကျန်းစန်က အေးစက်စက် အမိန့်ပေးလိုက်သကဲ့သို့ တိုင်းပြည်အပေါ် အာဏာပြလိုသော ကျန်းအမျိုးသမီးက အော်ဟစ်လိုက်သည်။

"ငါ မင်းကို သုံးကွက်အတွင်း...."

ကျန်းရန်က စကားမဆုံးခင်မှာပင် လျှပ်တပြက်ဓားချက်က နံရိုးအကြား ဝင်ရောက်လာကာ အဆုတ်ကို ဖောက်ဝင်သွားခဲ့သည်။

"အား"

သူက နာကျင်စွာ အော်ဟစ်ရင်း နှုတ်ခမ်းအတွင်းမှ သွေးများ စီးကျလာကာ ယွမ်ရှောင်၏ ခြေရင်း၌ အဆုံးသတ်သွားခဲ့သည်။

"နောက်တစ်ယောက် ဘယ်သူသေချင်လဲ"

ယွမ်ရှောင်က ကျန်းမျိုးနွယ်ဝင်များကို ဓားဖြင့်ချိန်ရွယ်လိုက်ရင်း အေးစက်စက်ရယ်မောလိုက်သောအခါတွင်မှ သူတို့က ကြောက်လန့်ကုန်သည်။

"သားလေး"

ကျန်းတိုင်းပြည်၏ အိမ်ရှေ့မင်းသားက အသတ်ခံလိုက်ရသောအခါ ကျန်းလင်မယားက ဒေါသထွက်လာခဲ့သည်။

"သတ်ကြစမ်း"

ကျန်းစန်က အော်ဟစ်အမိန့်ပေးလိုက်သဖြင့် လူတိုင်းက လက်နက်ကိုယ်စီ ဆွဲကိုင်လိုက်ကြသည်။

"ကျန်းမျိုးနွယ်ဝင်၃၂ယောက် ကျန်တယ်"

ယွမ်ရှောင်က အေးစက်စက်ရေတွက်၍ အဖြူရောင်သေမင်းပမာ တိုးဝင်သွားသောအခါ လေထဲတွင် သွေးနံ့များလှိုင်နေ၏။ သူ၏ဓားချက်အောက်တွင် တိမ်တိုင်းပြည်၏ စစ်သူကြီးဖြစ်သော ကျန်းဟိုင်ပင် လည်ပင်း၌ အပေါက်တစ်ခုနှင့် အသက်ပျောက်သွားသည်။

"နောက်ဆုတ်ကြ၊ မင်း ဘယ်သူလဲ။ ငါ့သမီးက အသူရာဓားဂိုဏ်းရဲ့ အင်မော်တယ်တစ်ယောက်နော်။ ဒီအကြောင်းသိသွားရင် မင်း ဆယ်ခါပြန် သေရလိမ့်မယ်"

ကျန်းစန်က မျက်လုံးအပြူးသားနှင့် ခြိမ်းခြောက်လိုက်လေသည်။

"ငါက ဒီခွေးမရဲ့မျိုးနွယ်ကို ရှင်းပစ်ဖို့ ရောက်လာတာပဲ”

All Chapters