← Chapters

ပထမနေရာ

Vol. 1 Ch. 7

ပထမနေရာ

Vol. 1 Ch. 7

"ဒီလူငယ်လေးကို ဘယ်သူ သိကြလဲ"

ဓားတောင်ခုနစ်မှ အကြီးအကဲဖြစ်သော ယုရှန်ကျောက်က မေးလိုက်ခြင်းဖြစ်သည်။

"မသိဘူး။ ဒါပေမယ့် တော်တော်ချောတာပဲ"

ရောင်ချန်းချန်က စိတ်ဝင်စားဟန်ဖြင့် တစ်ချက်ပြုံးလိုက်သည်။

"သာမန်ပါပဲ"

ယုရှန်ကျောက်၏ မှတ်ချက်စကားကြောင့် အကြီးအကဲအားလုံး ဆွံ့အသွားရသည်။ ကျောက်တုံးလမ်းတွင် ယွမ်ရှောင်သည် သူ၏ဓားဝိညာဥ်ကို ပထမဆုံးအကြိမ်အဖြစ် သုံးပေရှည်လျားသော ဓားရှည်အဖြစ် အသွင်ပြောင်းလိုက်သည်။

"နင်ရဲ့ဓားဝိညာဥ်က ငါ့ဓားဝိညာဥ်နဲ့ ယှဥ်ဖို့ မတန်ဘူး"

ရေခဲလဓားဝိညာဥ်သည် ဓားအော်ရာသုံးခု ပိုင်ဆိုင်ထားသောကြောင့် အေးစက်ကြမ်းတမ်းနေသဖြင့် ဓားအော်ရာမရှိသော ကောင်းကင်သင်္ချိုင်းထက် အရှိန်အဝါကြီးမားနေသောအခါ ကျန်းရယ်က ကဲ့ရဲ့လိုက်သည်။ ယွမ်ရှောင်က စူးရှစွာ စိုက်ကြည့်ရင်း လေထဲသို့ ခုန်တက်ကာ ဓားအော်ရာမရှိသော်လည်း သတ်ဖြတ်ရာနှင့် တိုက်ခိုက်ရာတွင် အစွမ်းထက်သည့် ဓားဝိညာဥ်ကို ဆန့်ထုတ်လိုက်သည်။ သူက အသက်၁၂နှစ်အရွယ်တွင် စစ်မြေပြင်၌ ကျင်လည်နေခဲ့စဥ် တစ်ဖက်လူမှာ ဝန်ကြီးအိမ်တော်အတွင်း ပန်းခူးနေသည်ဖြစ်ရာ အကွာကြီးကွာနေသည်။ ဓားသွားက လျှပ်စီးပမာလက်သွားပြီး ကျန်းရယ်၏ လှပသော မျက်နှာထံ တိုးဝင်လာကာ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ပြင်းထန်နေ၏။

သူမက ရဲကုရင်သင်ပေးထားသော ဓားကွက်များကို စဥ်းစားနေစဥ် ယွမ်ရှောင်၏ ဓားဖျားက လည်ပင်းထံ တိုးဝင်လာနေသည့်အပြင် မြန်လွန်းသောကြောင့် မျက်လုံးများ ပြူးကျယ်လာ၏။ သူမက ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိသောကြောင့် ရေခဲလဖြင့် ပက်ထုတ်လိုက်သောအခါ တထန်ထန် မြည်သံများနှင့်အတူ မီးပွားများ ဖြာထွက်လာသည်။ အပြာရောင်ဓားသွားက သူမ၏ဆံပင်အချို့ကို ပိုင်းဖြတ်သွားကာ လောင်ကျွမ်းခံလိုက်ရသည်။ သူမက အော်ဟစ်ခြိမ်းခြောက်ချင်သော်လည်း စကားမပြောခင်နိုင်မှာပင် အားခနဲအော်ဟစ်ကာ ကျောက်တုံးလမ်းပေါ်သို့ နောက်ပြန်လန်ကျသွားခဲ့သည်။ သူမ၏ရင်ဘတ်မှာ အနည်းဆုံး ရှစ်ခါအကန်ခံလိုက်ရပြီး ဆံပင်များ ရှုပ်ထွေးသွားကာ တစ်ကိုယ်လုံး ညစ်ပေသွားခဲ့သည်။ သူမက အားယူ၍ မတ်တပ်ပြန်ရပ်လိုက်သောအခါ ဘယ်ဘက်ပါးပြင်၌ ယွမ်ရှောင်၏ လက်ဝါးရာတစ်ခုလည်း ထင်နေသောကြောင့် ဒေါသ ပေါက်ကွဲသွားသည်။ ဤလက်ဝါးချက်ကြောင့် မျက်ခုံးကွဲသွားကာ သွေးများပင် စီးကျလာသောကြောင့် ဓားချက် လွဲချော်သွားချိန်တွင် သူက တပြိုင်နက် လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

"ညံ့လှချည်လား"

ယွမ်ရှောင်၏ ကောင်းကင်သင်္ချိုင်းဓားထံမှ သတ်ဖြတ်လိုစိတ်က ပြင်းထန်နေပြီး ကျန်းရယ်ထံ တိုးဝင်လာပြန်သည်။ သူမက နာကျင်မှုကြောင့် အာရုံပျက်နေစဥ် တစ်ဖက်လူ၏ ကြောက်စရာအကြည့်ကြောင့် ကြောက်လန့်သွားခဲ့သည်။ ရင်ဘတ်ကို နောက်တစ်ကြိမ် ဆောင့်ကန်ခံလိုက်ရသောကြောင့် လွင့်ထွက်သွားကာ ဦးခေါင်းနှင့် ကျောက်တုံးများ မိတ်ဆက်သွားခဲ့၏။ ကြယ်များလများ မြင်သွားကာ ဆံပင်များအကြားမှ သွေးများစီးကျလာ၍ ရေခဲလဓားကိုပင် ဂရုမစိုက်နိုင်ဘဲ တစ်ဖက်သတ် အနိုင်ကျင့်ခံနေရသည်။ ယွမ်ရှောင်သည် သူမ၏မောက်မာမှုကို ဖျက်ဆီးကာ သေမင်းပမာ ချဥ်းကပ်လာသောကြောင့် ကြောက်လွန်းသဖြင့် အသံပင် မထွက်တော့ပေ။

"ကယ်ကြပါ"

သူမက တုန်တုန်ရီရီဖြင့် အော်ဟစ်ကာ အဝေးရှိ စင်မြင့်ထံ မျှော်လင့်တကြီး ကြည့်နေခဲ့သည်။

"ဒီကလေးက အတော်ကြမ်းတယ်ဟ"

ယုရှန်ကျောက် မှတ်ချက်ပေးလိုက်ပြန်သည်။

"ဒီကောင်က လူသတ်ချင်နေတယ်။ ကျန်းရယ်အတွက် အန္တရာယ်ရှိတယ်"

ဝူယု၏မျက်နှာက ဖြူရော်သွားကာ ရောင်ချန်းချန်ကို သတိပေးလိုက်သည်။ အကယ်၍ ကျန်းရယ်နှင့် ရဲကွာသာ ပထမနေရာနှင့် လွဲချော်သွားလျှင် ရဲကုရင်ထံမှ အကျိုးအမြတ်ယူထားသော သူတို့အတွက် အခက်ကြုံရပေလိမ့်မည်။ ထိုအချိန်၌ ရိုက်နှက်သံများ ထွက်ပေါ်နေပြီး ကျန်းရယ်မှာ အညှာအတာကင်းမဲ့စွာ ရိုက်ခံလိုက်ရသောကြောင့် မျက်နှာတစ်ခုလုံး ဖူးယောင်နေသည်။

"ဘန်း"

ရောင်ချန်းချန်က ထိုင်ခုံလက်ရန်းကို ဒေါသတကြီး ရိုက်ချလိုက်သောကြောင့် စင်မြင့်တစ်ခုလုံး တုန်ခါသွားကာ အကြီးအကဲတိုင်း လှည့်ကြည့်လာကြသည်။

"ငါ့ကို ခြိမ်းခြောက်ချင်တာလား"

ယွမ်ရှောင်သည် အသူရာဓားဂိုဏ်း၏ အကြီးအကဲများထံ အကြည့်ရောက်သွားပြီး ရောင်ချန်းချန်၏ ခြိမ်းခြောက်သော အကြည့်ကို သတိထားမိသော်လည်း ဂရုမစိုက်ပေ။ သို့ရာတွင် ကျောဘက်မှ သွေးဆာရက်စက်သော အရှိန်အဝါကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်သောအခါ အနီရောင်မြူခိုးများကို မြင်လိုက်ရသည်။ ၎င်းအတွင်းမှ သရဲသဏ္ဍာန် သားရဲတစ်ကောင် ထွက်ပေါ်လာကာ လက်များစွာနှင့် လင်းနို့သဏ္ဍာန် ဦးခေါင်းရှိသည့် နတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့၏။

"သွေးနတ်ဆိုး"

သူက ၎င်းအကြောင်း ကြားဖူးနားဝရှိထားပြီး တိမ်တိုင်းပြည်ရှိ မြို့တစ်ခုတွင် ထွက်ပေါ်လာဖူးကာ ပြည်သူပေါင်းရှစ်ထောင်ကျော်မှာ ခြောက်ကပ်နေအောင် သွေးစုပ်ခံခဲ့ရသည်။ အသူရာဓားဂိုဏ်းသည် တပည့်များကို စမ်းသပ်ရန်အတွက် ဤမျှရက်စက်ကြမ်းကြုတ်သော သတ္တဝါကို အသုံးပြုနေသဖြင့် ဂိုဏ်း၏ သိက္ခာတရားအပေါ် သံသယဝင်စပြုလာသည်။

"အကြီးအကဲရောင် ကူညီပေးတာ ဖြစ်ရမယ်။ ဘာဖြစ်ဖြစ် ငါက ပထမနေရာကို အရယူမယ်"

ကျန်းရယ်သည် ချက်ချင်းသတိပြန်ဝင်လာပြီး နှစ်ငါးရာနတ်ဆိုးအရိုးအတွက် ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ ကျောက်တုံးလမ်း၏အဆုံးသို့ ထပြေးခဲ့သည်။ သူမ၏မျက်နှာမှ နာကျင်မှုသည် ယနေ့အရှက်ကွဲမှုအတွက် သေရာပါဒဏ်ရာ ဖြစ်ပေလိမ့်မည်။ သက်တမ်းနှစ်၂၀၀ သွေးနတ်ဆိုးနှင့် တိုက်ခိုက်ရလျှင် အသက်ရှူချိန် သုံးကြိမ်အတွင်း ယွမ်ရှောင် သေဆုံးမည်ဟု သူမက အပိုင်တွက်ထားသည်။

"တစ်"

သို့သော် သူမ၏အနောက်ဘက်မှ အေးစက်စက် ရေတွက်သံတစ်ခုနှင့်အတူ ဟိန်းဟောက်သံများ၊ ဓားသံများ ထွက်ပေါ်လာသောကြောင့် ကျောရိုးတလျှောက် အေးစိမ့်သွားသည်။

"နှစ်"

"ဒီကောင်က ဘာတွေရေတွက်နေတာလဲ"

သူမက သိချင်စိတ်ကြောင့် နောက်လှည့်ကြည့်လိုက်သောအခါ ယွမ်ရှောင်၏ လက်ချက်ဖြင့် မရှုမလှဖြစ်နေသော သွေးနတ်ဆိုးကို အံ့သြဖွယ်တွေ့လိုက်ရသည်။ ၎င်း၏လက်များမှာ ဖြတ်တောက်ခံထားရပြီး သွေးများပန်းထွက်နေကာ နောက်ထပ်ဓားတစ်ချက်တွင် တစ်ကိုယ်လုံး နှစ်ပိုင်းပြတ်သွားသဖြင့် သွေးချင်းချင်းနီကုန်သည်။ ဤဖြစ်ရပ်မှာ အသက်ရှူချိန်နှစ်ကြိမ်သာ ကြာမြင့်ခဲ့ပြီး ယွမ်ရှောင်၏ အေးစက်စက်အကြည့်က သူမထံ ကျလာသောကြောင့် ဒူးပင်မခိုင်တော့ပေ။ သူမက ကြောက်လန့်တကြားဖြင့် ခြေလှမ်းငါးလှမ်းသာလိုတော့သော ကောင်းကင်လမ်း၏အဆုံးထံ ဦးတည်လိုက်သည်။ သူမက ဤလမ်းကြောင်းသည် ထာဝရှည်လျားသည်ဟု ခံစားနေရပြီး ဤမျှကြောက်စရာကောင်းသူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဟု အိပ်မက်ပင် မမက်ဖူးချေ။

"သုံး"

အေးစက်စက်ရေတွက်သံက ထပ်မံထွက်ပေါ်လာပြီး ပြင်းထန်လှသော အင်အားတစ်ရပ်ဖြင့် ကျောကို တိုက်ခိုက်ခံလိုက်ရသောကြောင့် မျက်နှာနှင့် ကြမ်းပြင် တွေ့ဆုံသွားခဲ့သည်။ ကျန်းရယ်သည် မြေပြင်တွင် ခြေလေးလှမ်းစာမျှ လျှောတိုက်သွားကာ တစ်ကိုယ်လုံး ကျောက်ချွန်များဖြင့် ထိုးခွဲခံလိုက်ရသောကြောင့် ဒဏ်ရာပြင်းထန်လှ၏။

"ဟင်"

သူမက ရူးသွပ်စွာ ထရပ်လိုက်သော်လည်း ကျောပေါ်မှ ဖိအားကြောင့် သွေးများအန်ထွက်လာကာ နောက်ဆုံးခြေလှမ်းထံ မရောက်နိုင်တော့ပေ။ ယွမ်ရှောင်သည် သူမ၏နောက်ကျောဘက်မှ စာနာမှုကင်းမဲ့စွာ ပြေးဝင်လာ၍ ခုန်ကန်လိုက်ပြီး ခြေထောက်ဖြင့် တက်နင်းထားခြင်းဖြစ်သည်။ သူက ကျန်းရယ်အပေါ်မှ ဖြတ်လျှောက်၍ ကောင်းကင်လမ်းကြောင်းကို အဆုံးသတ်ကာ ဓားအမွေခံစင်မြင့်သို့ ပထမဆုံး ပန်းဝင်ခဲ့သည်။

"နတ်ဆိုးအရိုး"

ကျန်းရယ်၏မျက်နှာက အညစ်အကြေးများနှင့် ပေပွနေပြီး မျက်ရည်များ ကျဆင်းလာကာ မောက်မာမှုအားလုံး ချေမွခံလိုက်ရသည်။

"ရဲကုရင်သေရင် မင်းတို့နှစ်ယောက်လုံးရဲ့ခေါင်းကို ယူပြီး တိမ်တိုင်းပြည်ကို ပြန်မယ်"

ယွမ်ရှောင်က တစ်ချက်ပင်လှည့်မကြည့်ဘဲ စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ သူက အပြစ်မဲ့ပြည်သူများအတွက် ဤတရားခံနှစ်ယောက်ကို အလွယ်တကူ သေခွင့်မပေးနိုင်ချေ။ ကျန်းရယ်ကို သတ်ရန် လွယ်ကူသော်လည်း ရဲကုရင်က စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။ သူက အင်မော်တယ်၏ရုပ်အလောင်းဖြင့် ပြန်လည်ရှင်သန်လာသောကြောင့် ဤမြွေမကို ကျင့်ကြံရေးလမ်းကြောင်းတွင် အဖုအထစ်တစ်ခုအဖြစ်ပင် သတ်မှတ်မထားပေ။

"ယွမ်ရှောင် နင်က ယောက်ျားမပီသဘူးလား"

ဓားအမွေခံစင်မြင့်ထက်မှ ရောင်ချန်းချန်၏ စကားသံက ဒေါသဖြင့် ထွက်ပေါ်လာ၏။

"ယောကျ်ားပီသတယ်ဆိုတာ ဘာကို ပြောတာတုန်း။ သူမက အစ်ကိုကြီးရဲ့ ဘောလုံးတွေကို စိတ်ဝင်စားနေတာလား"

လနီက ကြယ်ပြာထံ ကပ်တိုးလေး မေးခွန်းထုတ်လိုက်သည်။

"ဒါက စကားသက်သက်ပါဟ။ သူမပြောချင်တာက အစ်ကိုကြီးက မိန်းမတစ်ယောက်ကိုရိုက်လို့ အပြစ်တင်နေတာ"

ကြယ်ပြာက ခါးသက်သက်ဖြင့် ကလေးဉာဏ်မျိုးသာရှိသော လနီကို ရှင်းပြလိုက်လေသည်။

All Chapters