← Chapters

အရက်မူးနေသူ တစ်ယောက်

Vol. 1 Ch. 14

အရက်မူးနေသူ တစ်ယောက်

Vol. 1 Ch. 14

"အစ်ကိုကြီး ငါ့ကို တက်နင်းထားတယ်ဟ"

ယွမ်ရှောင်သည် သားရဲကြီးကို လိုက်လံရှာဖွေနေစဥ် ခြေထောက်အောက်မှ ကြယ်ပြာ၏အသံ ထွက်ပေါ်လာသောကြောင့် ချက်ချင်းဖယ်လိုက်သောအခါ အမြီးနင်းမိထားကြောင်း သိလိုက်ရသည်။ ၎င်းက ပုံမှန်အရွယ်အစားသို့ ပြောင်းလဲသွားသောအခါ နာကျင်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေ၍ လျှာတန်းလန်း ထွက်နေသည်။ ရင်ဘတ်ရှိ လနီမှာလည်း ကြယ်များလများပင်မြင်၍ သတိလစ်နေ၏။

"မင်းတို့ အဆင်ပြေရဲ့လား"

ယွမ်ရှောင်က ၎င်းကို ကြင်နာစွာ ကောက်ချီ၍ ပွတ်သပ်ပေးလိုက်သည်။

"ရတယ် နည်းနည်းခေါင်းမူးသွားတာပါ။ ဒီမိန်းမမှာ စိတ်ကျောက်တုံးရှိလား ကြည့်လိုက်"

သူက ချက်ချင်းစစ်ဆေးလိုက်သောအခါ သိုလှောင်အိတ်တစ်လုံး တွေ့လိုက်ရပြီး ထိပ်တန်းကျင့်ကြံသူများ ပိုင်ဆိုင်တတ်သည့် ရတနာတစ်မျိုး ဖြစ်သည်။ ၎င်း၏တန်ဖိုးသည် တိမ်တိုင်းပြည်တစ်ခုလုံးနှင့် တူညီပြီး အတွင်းသို့ စစ်ဆေးလိုက်သောအခါ နေ့စဥ်အသုံးအဆောင်များအပြင် များပြားလှသော စိတ်ကျောက်တုံးများ တွေ့လိုက်ရ၏။ အရေအတွက်ထောင်ချီပြီး ရဲကွာ ပိုင်ဆိုင်ထားသည်နှင့်ယှဥ်လျှင် အလွန်ကွာခြားနေသည်။

"ဒီမိန်းမက ဘာလို့ အများကြီးပိုင်နေရတာလဲ"

"ဓားသခင်ရဲ့ မယားငယ် ဖြစ်ချင်ဖြစ်နေလောက်တယ်"

"ငါ့ကို မြန်မြန်ကျွေးတော့။ နောက်ထပ်သုံးလလောက် အိပ်မနေချင်ဘူး"

ကြယ်ပြာက အလောတကြီး တောင်းဆိုလိုက်သောကြောင့် ယွမ်ရှောင်သည် စိတ်ကျောက်တုံး လက်တစ်ဆုပ်စာနှိုက်၍ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

"ဘာလုပ်တာတုန်း၊ ဒီပါးစပ်က စကားပြောဖို့ကွ။ မင်းအစာကျွေးချင်ရင် ဒီကောင့်ကို ကျွေး"

ကြယ်ပြာက ခေါင်းယမ်း၍ လနီ၏ပါးစပ်ထံ လက်ညှိုးထိုးပြလိုက်သဖြင့် ပါးစပ်နှစ်ခုအား တာဝန်ခွဲခြားထားသည်ဖြစ်ရာ ယွမ်ရှောင်သည် ခါးသက်သက် ပြုံးလိုက်မိသည်။ လနီသည် မျက်လုံးများမှိတ်နေသော်လည်း စိတ်ကျောက်တုံးများ အနားရောက်လာသောအခါ တစ်လုတ်တည်း မြိုချလိုက်သည်။ သူ၏လက်ကိုပင် ကိုက်မတတ်ဖြစ်သွားသောကြောင့် ချက်ချင်းပြန်ရုတ်လိုက်သော်လည်း မြေပဲပမာ ဝါးစားနေသော လနီ၏ အစာစားချင်စိတ်ကြောင့် စိတ်ကျောက်တုံးများ ဆက်တိုက်ကျွေးမွေးလိုက်၏။ ထိုအချိန်၌ သူက ယောင်ယမ်း၍ မိန်းမအဝတ်အစားတစ်စုံ ထည့်ပေးမိလိုက်သော်လည်း ၎င်းက အရေးမစိုက်ဘဲ ဆက်လက်ဝါးစားနေသည်။ စိတ်ကျောက်တုံးတစ်ထောင်အထက်သို့ ရောက်သောအခါ ကြယ်ပြာ၏ မျက်လုံးများက တောက်ပလာကာ ပြန်လည်အသက်ဝင်သွားခဲ့သည်။

"နေကောင်းသွားပြီလား"

ယွမ်ရှောင်က စိုးရိမ်စွာ မေးလိုက်သည်။

"ဒီမိန်းမမှာ စိတ်ကျောက်တုံး လုံလောက်အောင် ရှိနေလို့ တော်သေးတယ်။ မဟုတ်ရင် ငါတို့က အိပ်မောကျသွားနိုင်တယ်"

ကြယ်ပြာက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"ဒီကျောက်တုံးအားလုံးနဲ့ဆိုရင် မင်းတို့ အပြည့်အဝ ကောင်းသွားနိုင်လား။ ငါ့ကို တစ်ကြိမ်လောက် ကူညီပေးနိုင်သေးလား"

သူက စိတ်ကျောက်တုံးများ ကျွေးနေရင်း စပ်စုလိုက်သည်။

"လခွမ်း မင်းက ငါတို့ကိုခိုင်းစားဖို့ ကြံနေပြီလား။ ပြန်ကောင်းလာဖို့ အချိန်အကြာကြီး လိုသေးတယ်ကွ။ မင်းသတ်လိုက်တဲ့ ရန်သူတိုင်းမှာ စိတ်ကျောက်တုံးများများ ရှိနေမယ်လို့လည်း မပြောနိုင်ဘူး"

ကြယ်ပြာက သက်ပြင်းတစ်ချက်ချ၍ သတိပေးလိုက်သည်။

"နောက်ထပ်တစ်ချက် ရှိသေးတယ်။ ဒီကောင်မက ငါတို့ကို တောက်တီလို့ အထင်မှားနေတယ်။​တောက်တီက ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်လို့ အကျိုးဆက်က ပြင်းထန်နိုင်တယ်။ ဒါကြောင့် ငါတို့အနေနဲ့ လူမြင်ကွင်းမှာ တိုက်ခိုက်လို့ မရဘူး"

"နားလည်ပြီ။ မင်းတို့ ကောင်းကောင်းအနားယူလိုက်ပါ"

ယွမ်ရှောင်သည်လည်း ကျင့်ကြံရေးလမ်းကြောင်းတွင် ပြင်ပအကူအညီကို အမြဲတမ်းအားကိုးရန် မဖြစ်နိုင်ကြောင်း နားလည်ထားသည်။

"ငါ့ကို အိမ်မွေးသားရဲလေးလို ဆက်ဆံမနေနဲ့ဦး။ ရှေးဟောင်းသားရဲတစ်ကောင်ကွ"

"ဟုတ်ပါပြီကွာ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ကြယ်ပြာ၏ခေါင်းကို ညှင်သာစွာ ပွတ်သပ်ပေးလိုက်ပြန်သည်။ ထိုအချိန်၌ ချိုက်မြောင်သည် တဲအတွင်းမှ ခေါင်းကုတ်ရင်း အပြင်ထွက်လာခဲ့သည်။

"အစ်ကိုမြောင် သွေးတွေရှင်းလင်းဖို့ ကူညီပေးပါလား။ ငါက အလောင်းတွေကို ရှင်းပစ်လိုက်မယ်"

ယွမ်ရှောင်က အကူအညီတောင်းလိုက်၏။ ချိုက်မြောင်က ခေါင်းညိတ်၍ ကူညီရန် ပြင်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေကာ ဆန်းကျယ်စွာဖြင့် လှည့်ထွက်သွားခဲ့သည်။

"အစ်ကိုမြောင် ကျုပ် တစ်ခုလောက် မေးချင်ပါတယ်"

ယွမ်ရှောင်က မေးလိုက်ခြင်းဖြစ်သည်။

"ပြောပါ"

"ကျုပ်တို့သိတာ ဘယ်လောက်မှမကြာသေးဘဲနဲ့ ဘာကြောင့် အသက်စွန့်ကူညီရတာလဲ"

"ဓားအိမ်တော်ရဲ့ တပည့်အသစ်ဖြစ်တဲ့ မင်းကို လူတိုင်းနဲ့ မိတ်ဆက်ပေးရဦးမယ်။ မင်းရဲ့ဂိုဏ်းတူအစ်ကိုဖြစ်တဲ့ ငါက မင်းကို အနိုင်ကျင့်မခံစေချင်ဘူး"

ချိုက်မြောင်က တစ်လုံးချင်း ပြောလိုက်သည်။

"နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်"

ယွမ်ရှောင်က ကျေနပ်စွာ ပြုံးလိုက်သည်။

"ညီလေးရှောင် မင်းက မိဘမဲ့တစ်ယောက်လို့ ငါ ကြားလိုက်တယ်။ မင်းကို သိစေချင်တာက ဓားအိမ်တော်မှာ အားလုံးဟာ မိသားစုဝင်တွေပါပဲ"

"ဟုတ်ကဲ့"

"မင်းမှာ အဖေ မရှိဘူးဆိုရင်လည်း ....ငါ့ကို"

"တော်ပါဗျာ"

ချိုက်မြောင်က စကားအကောင်းပြောနေရင်း ထဖောက်လာသော​ကြောင့် ယွမ်ရှောင်မှာ ချက်ချင်းထွက်ပြေးသွားကာ အလောင်းများကိုသယ်၍ သစ်တောအတွင်း ရောက်ရှိသွားသည်။ ဝမ်ဟူ၏ဓားဝိညာဥ်က အပိုင်းဆယ်ပိုင်းအဖြစ် ပြိုကွဲသွားသော်လည်း ကောင်းကင်သင်္ချိုင်းက အရိုးအတွင်းမှ တစ်ခုချင်းစီကို စုပ်ယူနိုင်ခဲ့၏။ ဤဓားဝိညာဥ်များအကြားတွင် ဝမ်ဖုန်း၏ ကြယ်အဆင့်နိမ့် ဓားဝိညာဥ်နှင့် ရောင်ချင်းချန်၏ ကြယ်တံခွန်အဆင့်မြင့် ဓားဝိညာဥ်က အသန်မာဆုံးဖြစ်ကာ ဓားအော်ရာ ငါးခုနှင့်ရှစ်ခု အသီးသီး ပိုင်ဆိုင်ထားသည်။ အဆင့်နိမ့်သော်လည်း ဓားအော်ရာ အရေအတွက်ကြောင့် သူမ၏ဓားဝိညာဥ်က အသန်မာဆုံးဖြစ်နေရာ ဓားအော်ရာ၏ အရေးကြီးပုံကို သိနိုင်သည်။ ကောင်းကင်သင်္ချိုင်းက အားလုံးကို စုပ်ယူသွားခဲ့ပြီး စွမ်းအင်များအဖြစ် ပေါင်းစပ်ကာ ဓားအော်ရာလေးခု ထပ်မံဖြစ်တည်လာခဲ့သည်။ ကောင်းကင်လမ်းကြောင်းအစတွင် ၎င်း၌ ဓားအော်ရာ လုံးဝမရှိသော်လည်း အချိန်တိုအတွင်း ကိုးခုအထိ ပိုင်ဆိုင်ခဲ့သည်။

ယွမ်ရှောင်သည် ရန်သူများထံမှ စိတ်ကျောက်တုံးများကို ရှာဖွေလိုက်သောအခါ နှစ်ရာကျော်တွေ့ခဲ့ပြီး ရောင်ချင်းချန် ပိုင်ဆိုင်ထားသည်လောက် မများပေ။ ထို့ကြောင့် သူမက ဂိုဏ်းအတွင်း အတန်ငယ် ရာထူးကြီးမားပုံရသော်လည်း စိတ်ကျောက်တုံးအများစုကို သားရဲလေးက စားသောက်သွားခဲ့သည်။

"စိတ်ကျောက်တုံး နှစ်ရာကျော်နဲ့ဆိုရင် ကောင်းကင်တာအိုဆေးလုံး ရနိုင်လား"

သူက ကြယ်ပြာထံ မေးမြန်းလိုက်သည်။

"ရတယ်"

လနီက ဝင်ဖြေလိုက်ခြင်း ဖြစ်သည်။

"ကျေးဇူးပြီး မင်းစားထားသမျှ အရာတွေနဲ့တော့ မလုပ်ပါနဲ့ကွာ"

သူက သတိပေးလိုက်ပြီးနောက် အလောင်းများကို ဓားဖြင့် အပိုင်းပိုင်းခုတ်ထစ်ကာ တောင်အောက်တွင် စီးဆင်းနေသော မြစ်အတွင်း ပစ်ချလိုက်သောအခါ မည်သည့်သဲလွန်စမျှ မကျန်ရစ်ပေ။ သူက ထွက်ခွာသွားရန် ပြင်လိုက်သောအခါ အကြည့်တစ်ချက်ကို ခံစားလိုက်ရသောကြောင့် တုန်ယင်သွားကာ သစ်တောအတွင်း စစ်ဆေးလိုက်သည်။ မိန်းကလေးတစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရပြီး အနီရောင် မျက်ဝန်းတစ်စုံကြောင့် ကျန်းရယ်ဟု သံသယဝင်သွားသော်လည်း မဟုတ်ခဲ့ပေ။ သူမ၏လက်အတွင်းမှ သေရည်ခွက်တစ်ခွက် လွတ်ကျသွားကာ ယွမ်ရှောင်က အနီးကပ်သွားလိုက်သောအခါ တစ်ဖက်လူ၏ မျက်လုံးမှာ အရက်ကြောင့် နီမြန်းနေခြင်းဖြစ်ကြောင်း နားလည်သွားသည်။

သူမသည် အရပ်ရှည်လျားပြီး ကွဲကြောင်းအတွင်းမှ ခန္ဓာကိုယ်ကောက်ကြောင်းများ ပေါ်လွင်နေသည့် အနက်ရောင်ဝတ်ရုံတစ်ထည် ဝတ်ဆင်ထားသည်။ မက်မွန်ပန်းသဏ္ဍာန် မျက်ဝန်းများ၊ နှင်းဆီရောင်နှုတ်ခမ်းနှင့် ဘဲဥပုံ မျက်နှာသွယ်သွယ်လေးကြောင့် ဆွဲဆောင်အားပြင်းထန်လှကာ ရောင်ချင်းချန်ထက် များစွာသာလွန်ပေသည်။ ရောင်ချင်းချန်က လှပသော်လည်း အသက်ကြီးရင့်နေပြီး ဤမိန်းကလေးမှာ ငယ်ရွယ်မှု၏ အထွတ်အထိပ်အခြေအနေကို ပိုင်ဆိုင်ထားကာ ပိတုန်းနက်ရောင်ကေသာများ ဖြန့်ချထား၍ မျက်တောင်လေးများမှာ ငှက်တောင်သဖွယ် ကော့ညွှတ်နေ၏။ သူမက နတ်ပြည်မှ နတ်မိမယ်ပမာ လှပသော်လည်း ထူးဆန်းစွာ အရက်မူးနေပြီး မျက်နှာထက်တွင် ခပ်ယဲ့ယဲ့အပြုံး ပိုင်ဆိုင်ထား၏။

"မင်း"

ယွမ်ရှောင်က သေရည်နံ့နံ့ပြင်းပြင်း ထွက်နေသော သူမထံ ချဥ်းကပ်သွားကာ စကားစရန် ပြင်လိုက်၏။

"ငါ့ကို အိမ်လိုက်ပို့ပေး"

သူမ၏နှုတ်ခမ်းနှစ်လွှာမှ စကားသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏ရင်ခွင်အတွင်း ပြိုလဲကျလာကာ လက်ချောင်းသွယ်သွယ်လေးများဖြင့် တစ်နေရာသို့ ညွှန်ပြလျက်ရှိသည်။ ထိုတည်နေရာဘက်တွင် တောင်ကုန်းတစ်ခုအထက်၌ မီးအိမ်တစ်ခု ခပ်ဖျော့ဖျော့လင်းနေကာ သူ့အနေဖြင့် လိုက်ပါပို့ဆောင်ရမည့်ပုံ ပေါ်နေသည်။

"နို့"

"ဂရုစိုက်။ ငါတို့က သားရဲတွင်းထဲကို ရောက်တော့မယ်"

လနီ၏စကားသံ ထွက်ပေါ်လာသောအခါ ကြယ်ပြာက တစ်ချက်ပုတ်၍ သတိပေးလိုက်သဖြင့် ယွမ်ရှောင်သည် တစ်ချက်ပြုံးလိုက်လေသည်။

All Chapters