← Chapters

အခမ်းအနားပြီးဆုံးခြင်း

Vol. 21 Ch. 280

အခမ်းအနားပြီးဆုံးခြင်း

Vol. 21 Ch. 280

မရေမတွက်နိုင်သော ဒေါသထွက်နေသည့် အကြည့်များသည် ဇူယွမ်ထံသို့ ရောက်ရှိလာကြသည်။

ယောင်ယောင်ကဲ့သို့ လှပလွန်းသည့် ကောင်မလေးတစ်ယောက်က လူတစ်ယောက်အတွက် သည်လိုပြောတဲ့အချိန်မှာ လူတိုင်းက သူတို့၏ နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ကြရသည်။ အဘယ်ကြောင့် ထိုအကောင်ရဲ့ နေရာမှာ သူတို့မဖြစ်ရသနည်း…

အားလုံး၏ အကြည့်များထဲတွင် မျက်ခုံးဖြူနှင့် အကြီးအကဲ၏ အကြည့်များက အစူးရှဆုံးဖြစ်ပေသည်။

သူက ဇူယွမ်ကို လောင်ကျွမ်းတော့မတတ် ကြည့်လျက်ရှိသည်။ မူလက ခန့်ညားသော သူ၏ မျက်နှာမှာ ယခုအချိန်တွင် ဒေါသ အရိပ်အယောင်များ ယှက်သန်းနေပေသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သည်လို မူလမှော်စာလုံးပညာတွင် ပါရမီပါသည့် သူတစ်ဦးက ပထမဦးဆုံးအကြိမ် တွေ့ရှိခြင်း ဖြစ်သည်။ ဇူယွမ်နှင့် နှိုင်းယှဉ်လျှင်ပင် အလွန်အမင်း ကွာခြားလှပေသည်။

သည်လိုမျိုးပါရမီက ရှေးဟောင်းရေတွင်း တစ်တွင်းကဲ့သို့ တည်ငြိမ်နေသော မျက်ခုံးဖြူ အကြီးအကဲ၏ စိတ်နှလုံးကို လှုပ်ရှားစေခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ယောင်ယောင်က ပြည့်စုံနေပြီး အချောမသပ်ရသေးသော ကျောက်ရိုင်းတုံးလေး ဖြစ်သည်။ သူမအား သေချာ လေ့ကျင့်သင်ကြားပေးပါက အနာဂါတ်တွင် မူလမှော်စာလုံးပညာတွင် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် သူ့ကိုပင် ကျော်လွန်သွားမည် ဖြစ်သည်။

ထိုကြောင့် ယောင်ယောင်က ဇူယွမ်နှင့် မခွဲနိုင်သဖြင့် သူအားငြင်းပယ်လိုက်သောအခါ မြိုသိပ်ထားရန် ခက်ခဲလှပေသည်။

အစောပိုင်းတွင် ဇူယွမ်အပေါ်၌ ကောင်းသော ထင်မြင်ချက်များ ရှိခဲ့သော်လည်း အခုချိန်တွင် မျက်စိဆံပင်မွေး စရာ တစ်ယောက် ဖြစ်လာပြီဖြစ်သည်။

တောင်လောင်နေသည့် အကြည့်များနှင့် ကြည့်ခံလိုက် ၇ချိန်တွင် ဇူယွမ်မှာ ကို့ယို့ကားယား နိုင်စွာ ခံစားလိုက်ရပြီး မည်သည့်စကား ပြန်ပြောရမှန်း မသိတော့ချေ။

ထိုအကြည့်များ အားလုံးက ယောင်ယောင်ပေးသော အကြောင်းပြချက်ကြောင့် ဖြစ်လာမှန်း သူသိပေသည်။ အဘယ်ကြောင့် သူမကက လူများ ပိုလက်သင့်ခံနိုင်သည့် အကြောင်းပြချက်မျိုး မပေးနိုင်သနည်း။ ဒီအကြောင်းပြချက်က သူ့ကို နွံအိုင်ထဲ ဆွဲချနေသည် မဟုတ်ဘူးလား…

မျက်ခုံးဖြူနှင့် အကြီးအကဲသည် ဇူယွမ်ကို ကြောက်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေရင်းမှ ယောင်ယောင်ဘက်သို့ လှည့်ကာ ကြင်နာပြီး ရင်းနှီးဟန်ရသော အသံဖြင့် ပြောသည် “ကောင်မလေးငါ့ရဲ့ သူတော်စင် မှော်စာလုံးတောင်ထွတ်မှာ အရေမတွက်နိုင်တဲ့ ရှေးဟောင်း မူလမှော်စာလုံးစာအုပ်တွေ ရှိတယ် ပြီးတော့ တူညီတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေလဲ အလျှံအပယ် ရှိတယ်။ ကန်ရွှမ်းကလန်ထဲမှာ ရှိတဲ့ ဘယ်နေရာမှာမှ မူလမှော်စာလုံး အရင်းအမြစ်တွေက ဘယ်သူမှ ငါတို့လောက် မပေါများဘူး။”

“အကယ်၍ မင်းငါတို့နဲ့သာ ပူးပေါင်းမယ်ဆိုရင် အချိန်မရွေး အဲ့တာတွေကို လေ့လာသင်ယူလို့ ၇တယ်။”

မျက်ခုံးဖြူနှင့် အကြီးအကဲက ယောင်ယောင်အနေဖြင့် ရှေးဟောင်း မူလမှော်စာလုံး စာအုပ်များကို အလွန်နှစ်သက်ကြောင်းကို အကြီးအကဲ ကျုံးမင်ထံမှ သိရှိခဲ့ရပေသည်။ ထိုကြောင့် သူက ထိုအရာကို မက်လုံးပေးကာ သူမ၏ စိတ်ကို ပြောင်းလဲနိုင်ရန် မျှော်လင့်မိခြင်း ဖြစ်သည်။

သူ့၏ စကားလုံးများက ယောင်ယောင်၏ စိတ်ကို အနည်းငယ် လှုပ်ရှားသွားစေပေသည်။ သို့သော်လည်း ခဏမျှ အချိန်ယူပြီးသောအခါ သူမက ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။

သူမက ဇူယွမ်ကို မူလသူတော်စင်တောင်ထွတ်တွင် တစ်ယောက်တည်း ထားရစ်ခဲ့ရမည်ကို အနည်းငယ် စိတ်ပူပေသည်။ တကယ်တော့ သူ၏ ရည်မှန်းချက်မှာ မူလသူတော်စင်တောင်ထွတ်တွင် ဖုံးကွယ်ထားသည့် ဒုတိယမြောက် သူတော်စင် စာလုံးကို အရယူရန် ဖြစ်သည်။ သူမသာ သူ၏ အနားတွင် မရှိပဲ အချို့သော မတော်တဆများ ဖြစ်ပွားခဲ့ပါက ဇူယွမ်အတွက် အလွန်အမင်း အန္တရယ်များပေသည်။

မျက်ခုံးဖြူနှင့် အကြီးအကဲက အကြံအဉာဏ်ပေးရင်း ဖြောင်းဖျပြောဆိုရန် ကြိုးပမ်းလိုက်သည် “ကောင်မလေး။ မင်းသာ မူလသူတော်စင်တောင်ထွတ်ကို သွားမယ်ဆိုရင် အဲ့မှာ မင်းကို မူလမှော်စာလုံး သင်ပေးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ အဲ့တာက မင်းရဲ့ ပါရမီတွေကို အလဟဿဖြုန်းတီးနေသလိုပဲ။”

ယောင်ယောင်က ညင်သာစွာ ရယ်မောလိုက်သည်။ သူမက ဆရာကန်ယွမ်၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ၏ စစ်မှန်သော သင်ကြားမှု များစွာကို လက်ခံရရှိခဲ့သည်။ ယခု အချိန်တွင် သူမကို ကန့်သတ်ထားသည်မှာ သူမ၏ စိတ်ဝိညာဉ် ကျင့်ကြံမှုပင် ဖြစ်သည်၊ သူမ၏ စိတ်ဝိညာဉ်သာ လုံလောက်အောင် သန်မာပါက ကန်ရွှမ်းကလန်တွင် သူမထက်မူလမှော်စာလုံးတွင် သာလွန်မည့်သူ အနည်းငယ်သာ ရှိမည်ဟု ယုံကြည်ပေသည်။

မျက်ခုံးဖြူနှင့် အကြီးအကဲ၏ မျက်နှာမှာ ထပ်တလဲလဲ ငြင်းပယ်ခံရမှုကြောင့် ဝမ်းနည်းပူဆွေးနေပေသည်။ သည်အရာက သူတို့၏ သူတော်စင်မှော်စာလုံးတောင်ထွတ်ကို အနည်းငယ်မျှပင် ဝင်ရောက်ရန် စိတ်ဝင်စားပုံမပြသည့် သူနှင့် ပထမဦးဆုံးတွေ့ရခြင်းပင် ဖြစ်သည်။

ကလန်ခေါင်းဆောင် ချင်းယန်တို့လူစုလဲ မည်သည့် အကူအညီမျှ မပေးနိုင်ဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက်သာ လှမ်းကြည့်လိုက်ကြသည်။ ဇူရှောင်ယိုက ဇူယွမ်ထက်ပင် ထူးခြားပေသေးသည်။

ကလန်ခေါင်းဆောင် ချင်းယန်က မျက်ခုံးဖြူနှင့် အကြီးအကဲ၏ အခြေအနေကို မြင်သောအခါ မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည် “သည်လိုဆိုရင်ကော ဘယ်လိုလဲ။ မင်း မူလသူတော်စင်တောင်ထွတ်မှာ နေနိုင်တယ် ပြီးတော့ မင်းမှာ အချိန်ရခဲ့ရင် သူတော်စင်မှော်စာလုံးတောင်ထွတ်ကို သွားပြီး တောင်ထွတ်ဆရာသခင်ထံကနေ မင်းရဲ့ မူလမှော်စာလုံး ကျင့်ကြံခြင်းနဲ့ပါတ်သတ်ပြီး သင်ကြားမှုကိုကို သွားခံယူပေါ့။ ထပ်ပြီးတော့ သူတော်စင်မှော်စာလုံးတောင်ထွတ်က မူလမှော်စာလုံး စာအုပ်တွေလဲ မင်းလွတ်လွတ်လပ်လပ် ငှားယမ်းလေ့လာလို့ ရမယ်။ ဒါကို ဘယ်လိုထင်လဲ။”

ထိုအချိန်တွင် မျက်ခုံးဖြူနှင့် အကြီးအကဲက တုံဆိုင်းသွားပြီးနောက် ခေါင်းညိမ့်ကာ ပြောလိုက်သည် “ကလန်ခေါင်းဆောင်ရဲ့ အကြံက အလုပ်ဖြစ်လိမ့်မယ်။”

သူအနေဖြင့်လည်း သည်ကောင်မလေးကို ပထမဦးဆုံး ရသည့်နည်းဖြင့် ချိတ်ဆက်ထားသည်က ကောင်းသည်ဟု ခံစားမိပေသည်။ သူမက အနာဂါတ်တွင် တဖြည်းဖြည်းနှင့် မူလမှော်စာလုံး ဆရာသခင် ဖြစ်လာပါက သူပြသခဲ့သော ကြင်နာမှုများကို အမှတ်ရနေပေလိမ့်မည်။

ထိုအချိန်ရောက်မှ တခြားသော ကိစ္စများ ဆွေးနွေးလျှင်လဲ နောက်မကျသေးပေ။

ယောင်ယောင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမအား ဤမျှလောက် တန်ဖိုးထားကြလိမ့်မည်ဟု သူမမမျှော်လင့်မိပေ။ ထိုအချိန်တွင် သူမက အခြားတစ်ဖက်၏ စိတ်ရင်းအမှန်ကို ခံစားမိပေသည်။ သူမသာ ဆက်လက်ပြီး ထပ်ခါထပ်ခါ ငြင်းပယ်နေလျှင် အနည်းငယ် မယဉ်ကျေးရာကျပေလိမ့်မည်။ သည်အချိန်တွင် သူမကော ဇူယွမ်ပါ ကန်ရွှမ်းကလန်၏ တပည့်များ ဖြစ်နေပြီ မဟုတ်ပါလား…

သည်အရာကို ကြည့်ရသည်မှာလည်း သည်နေရာတွင် အချိန်ခဏမျှသာ နေရမည်ပုံမပေါ်ချေ။

ထိုကြောင့် သူမက အဆုံးတွင် ခေါင်းညိမ့်ကာ ပြောလိုက်သည် “အနာဂါတ်မှာ အချိန်ရလို့ ရှိရင် ကျွန်မက သူတော်စင်မှော်စာလုံးတောင်ထွတ်ကို လာရောက်ပြီး ညွှန်ကြားမှုကို ခံယူပါ့မယ်။”

နောက်ဆုံးတွင် သူမသဘောတူသည်ကို တွေ့လိုက်ရသောအခါ မျက်ခုံးဖြူနှင့် အကြီးအကဲက သူ၏ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်ရသည့်အလား သက်ပြင်းချလိုက်သည်။ မူလက နာကျင်နေသည့် သူ၏ မျက်နှာမှာလည်း အပြုံးနှင့်တဖန် ပြန်လည်တောက်ပလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက်တွင် များစွာသော တပည့်များမှာ သည်တစ်ခေါက် အပြင်ဘက်တောင် တပည့်အသုတ်၌ ဇူရှောင်ယို၏ ပါရမီမှာ အကောင်းဆုံးဖြစ်ကြောင်း နားလည်သွားကြတော့သည်။

သူတို့အားလုံးမှာ တောင်ထွတ်ခုနှစ်ခုကို ဝင်ရောက်နိုင်ရန်အတွက် လက်သည်းနှင့် သွားများကိုပင် အသုံးပြုပြီး တိုက်ခိုက်ခဲ့၇သော်လည်း သူမကတော့ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ၏ သီးသန့် ဖိတ်ကြားချက်ကိုပင် ငြင်းပယ်လိုက်သေးသည်။

သူမနှင့်နှိုင်းယှဉ်ပါက အခမ်းအနား၏ ချန်ပီယံ ဇူယွမ်ပင်လျှင် အနည်းငယ် နိုမ့်ကျနေပေသေးသည်။

ယခုတွင် ပထမဆယ်ယောက်၏ တောင်ထွတ်ရွေးချယ်မှု ပြီးဆုံးသွားသဖြင့် ကလန်ခေါင်းဆောင် ချင်းယန်က အခြားသောခေါင်းဆောင်ငါးဦးတို့ဖက်သို့ လှည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။

ဝရုန်း

ခဏအတွင်းမှာပဲ ခေါင်းဆောင်ကြီးခြောက်ယောက်က တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ မူလချီ အလင်းတန်းတွေက ကွဲပြားသော အရောင်များဖြင့် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။ အနီးကပ်ကြည့်မည် ဆိုပါက အလင်းတန်းအားလုံးမှာ အရောင်ခြောက်ရောက်ရှိပြီး တောင်ထွတ်ခြောက်ခုကို ကိုယ်စားပြုကြောင်း တွေ့ရပေမည်။

ထိုအလန်းတန်းများက ပြန်လည်ကျဆင်းလာခဲ့ပြီး တပည့်ပေါင်း(၉၀၀၀) ကျော်ပေါ်သို့ ကျဆင်းသွားခဲ့လေသည်။

ထိုနည်းဖြင့် တပည့်များအားလုံးကို ခွဲဝေသတ်မှတ်ခဲ့သည်။

သို့သော်လည်း မည်သည့်တပည့်ကမှ ရွေးချယ်ခွင့်မရှိပဲ ကလန်ခေါင်းဆောင်ချင်းယန်တို့ လူစု၏ အတင်းအကြပ် ရွေးချယ်မှုကို ခံရခြင်းသာဖြစ်သည်။ မည်သို့ပင် ဆိုစေကာမှု ထိုသို့ရွေးချယ်မှုအတွက် မည်သည့်တပည့်ကမှ မပျော်မရွင် မဖြစ်ကြပေ။ နောက်ဆုံးတွင် သူတို့၏ နောက်၌ အတွင်းတောင်သို့ ဝင်ခွင့်မရသော တပည့်များသောင်းနှင့်ချီ ရှိသေးသည် မဟုတ်ပါလော။

အမွှေးတိုင် တစ်တိုင်စာ ကုန်ချိန်အပြီးတွင် တပည့်များ အားလုံးကို ခွဲဝေပြီးသွားပြီး တောင်တစ်ခွင်လုံးတွင် စိတ်လှုပ်ရှားနေသော အသံများနှင့် ပြည့်နှက်နေပေသည်။

နေရာတစ်ခုမှ မရရှိခဲ့ကြသော အပြင်ဘက်တောင်တပည့်များမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြပေသည်။ သူတို့အားလုံး အပြင်ဘက်တောင်တွင်သာ ဆက်လက်ကျင့်ကြံရတော့မည်မှန်း သူတို့အားလုံးသိပေသည်။ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း မူလစဦးစတုတ္ထအဆင့်သို့ တက်ရောက်နိုင်မှသာ သူတို့အားလုံး အတွင်းတောင်သို့ ဝင်ရောက်နိုင်ပေမည်။

သို့သော်လည်း ထိုအချိန်တွင် သူတို့အားလုံးမှာ လက်ဦးမှု မရနိုင်တော့ကြောင်း သူတို့သိကြပေသည်။ အတွင်းတောင်သို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် သူတို့အားလုံးမှာ သည်ကနေ့တွင် အောင်မြင်စွာ အတွင်းတောင်သို့ ဝင်ရောက်နိုင်ခဲ့သော လူတစ်သောင်းနီးပါး၏ အနောက်တွင် ကျန်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အစောပိုင်းက ဝင်ရောက်နိုင်ခဲ့သော တပည့်များသာလျှင် များစွာသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ဦးစားပေးရရှိမည် ဖြစ်သည်။

ပြောကြသလိုပင် ခြေတစ်လှမ်းနောက်ကျခဲ့ပါက အမြဲတမ်း ခြေတစ်လှမ်းနောက်ကျနေမည်သာ ဖြစ်သည်။

သူတို့အား အမှီလိုက်ရန်နှင့် သာလွန်ရန်အတွက် အလွန်အမင်း ကြိုးစားအားထုတ်မှုနှင့် ကံကောင်းခြင်းများ လိုအပ်ပေသည်။

ထိုကြောင့် ပျော်ရွင်စွာ အော်ဟစ်နေကြသူများ ရှိသလို ငိုယို အော်ဟစ်နေသူများလဲ ရှိနေပြီး လေထုထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေပေသည်။

ကလန်ခေါင်းဆောင် ချင်းယန်က အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ စွန်းအားပြည့်ဝသော အသံကို တပည့်များ၏ နားတွင် ကြားလိုက်ရသည်။

“သုံးရက်အတွင်း မင်းတို့ကို တစ်ယောက်ယောက်က လာရောက်ခေါ်ဆောင်လိမ့်မယ်။”

“ဒီနေ့ကစပြီး မင်းတို့(၉၉၉၉)ယောက်က ကန်ရွှမ်းကလန်ရဲ့ အတွင်းတောင်တပည့်တွေ ဖြစ်သွားခဲ့ပြီ။ ဒါကြောင့်မလို့ မင်းတို့ရဲ့ ကျင့်ကြံခြင်းတွေက အတွင်းတောင်ကို ဝင်ရောက်ပြီးတာနဲ့ ရပ်တန့်မသွားပဲ ဆက်လက်တိုးတက်နေဖို့ ငါမျှော်လင့်တယ်။”

“တပည့်တို့နားလည်ပါတယ်။”

တပည့်များက လေးစားစွာဖြင့် ပြန်လည်ဖြေလိုက်သည်။

ကလန်ခေါင်းဆောင် ချင်းယန်က ခေါင်းညိမ့်လိုက်သည်။ ကောင်းကင်ပေါ်ရှိ မူလချီတိမ်တိုက်များမှာ တဖြည်းဖြည်း အထက်သို့ မြင့်တက်သွားပြီး ခေါင်းဆောင်ကြီး ခြောက်ယောက်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ခေါင်းဆောင်ကြီးများ ပျောက်ကွယ်သွားသည်နှင့် လူတိုင်းက အောင်ပွဲခံလိုက်ကြတော့သည်။ နောက်ဆုံးတွင် သူတို့၏ အနာဂါတ်ကို အဆုံးအဖြတ်ပေးမည့် တောင်ထွတ်ရွေးချယ်မှုအခမ်းအနားက ပြီးဆုံးသွားပြီ ဖြစ်သည်။

ကောင်းကင်တွင် ပြည့်နှက်နေသော အောင်ပွဲခံသံများအကြားတွင် ဇူယွမ်က ခေါင်းမော့ကြည့်လိုက်ပြီး ဝေးကွာသော နေရာတစ်ခုသို့ အာရုံစူးစိုက်ပြီး ကြည့်လိုက်သည်။

မူလသူတော်စင်တောင်ထွတ်…

နောက်ဆုံးတော့ ထိုနေရာကို မြင်တွေ့ရတော့မည် ဖြစ်သည်။

အတွင်းတောင်တပည့်ဖြစ်ပြီးနောက်တွင် သူ့အနေဖြင့် အမှန်တကယ်ကို ကန်ရွှမ်းကလန်၏ ကြီးမားသော တံခါးများအတွင်းသို့ ခြေလှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိပေသည်။

All Chapters