အခန်း (၂၂၄၁)
Vol. 161 Ch. 2241
“ ငါ ... ။ ”
ကျီးဘုရင်က ကျောက်စိမ်းပုလင်းကို ကိုင်ထားပြီး လင်းယွန်ထံ ကြည့်ကာ စကားပင် မပြောနိုင်ချေ။
“ ယူလိုက် ... ။ ”
“ ဒီအတွက် ကျေးဇူးတင်ပါတယ် ... သွေးမီးတောက် လွင်ပြင်က အန္တရာယ်များပြီး မင်း အသက်ရှင်လျက် ...
... ပြန်လာနိုင်မယ်လို့ မျှော်လင့်တယ်၊ မဟုတ်ရင်... မင်းရဲ့ ကျေးဇူးကို ငါပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ ”
ကျီဂဘုရင်က လင်းယွန်ကို လေးလေး နက်နက် တစ်ချက်ကြည့်ပြီး လက်နှစ်ဖက်ကို ခွဲလျက် ပျံသန်းသွားတော့သည်။
“ နင် ... သူ့အပေါ် ဒီလောက် ကောင်းပြနေတာ အံ့သြစရာ မဟုတ်တော့ ပါဘူး။ ”
ခရမ်းငယ်မှ ခေါင်းညိမ့်သည်။
“ သခင့်ဓားက ငါ့ရဲ့ အတိတ်တစ်ခုပါပဲ၊ အဲဒီအကြောင်း ထားလိုက် ... သွေးမီးတောက် လွင်ပြင်ကို မြန်မြန် သွားကြရအောင်။ ”
လင်းယွန်မှ သက်ပြင်းချကာ ဖြေသည်။ ဤနေရာ၌ သူ့ရည်မှန်းချက်သည် နတ်ဘုရား အသွေးတော်နှင့် ဆုစီယာ ဖြစ်၏။
ထိုနှစ်ခုလုံးသည် သွေးမီးတောက် လွင်ပြင်တွင် ရှိနိုင်ခြေဖြစ်ပြီး နတ်မီးတောက်နှင့် ပတ်သက်၍မူ မသိသေးချေ။
“ ဧကရီ ... လနတ်ရူရ်ကို နေနတ်ရူရ်နဲ့ ခြေရာခံလို့ရလား။ ”
လင်းယွန်မှ ရုတ်တရက် မေးလိုက်သည်။
“ ငါစမ်းကြည့်လို့ ရတယ် ဒါပေမယ့် မသေချာဘူး။ ”
“ ကောင်းပြီ နဂါးလေး ငါ့နဲ့အတူနေ ... တစ်ခုခုဖြစ်လာရင် ဓားသေတ္တာထဲ ဝင်လိုက်။ ”
သွေးမီးတောင် လွင်ပြင်တွင် အင်အားစု များစွာရှိသောကြောင့် သူ့ မျက်နှာတစ်ဝက်ကို ဖုံးအုပ်နိုင်သော မျက်နှာဖုံး တစ်ခု တပ်ထား လိုက်သည်။
လွင်ပြင်သို့ ခြေချလိုက် သည်နှင့် မမြင်နိုင်သော ဖိအားတစ်ခု ပြိုကျလာသည်ကို အံ့အားသင့်စွာ ခံစားလိုက်ရသည်။
ဤနေရာ၏ ဆွဲငင်အားသည် ပြင်ပ ကမ္ဘာထက် ဆယ်ဆ ဖြစ်နေ၏။ သွေးအကျဉ်း တောင်တန်း၌ လေ့ကျင့်ပြီးနောက် ၎င်းအပေါ် ကောင်းစွာ လျစ်လျူရှုနိုင်ပြီ ဖြစ်သည်။
စိတ်ဝင်စားစရာ မရှိတော့ချေ။ သွေးကျီးကန်း အစောင့် များစွာကို ရှောင်ရှားပြီး ကျောက်တိုင်တစ်ခု အောက်တွင် ရပ်နား လိုက်သည်။
ဓားကို သူ့မျက်လုံးထဲ လောင်းထည့် လိုက်သည်နှင့် အမြင်အာရုံများ ကျယ်ပြန့်လာ တော့၏။ သို့သော် ကြက်သွေးရောင် မြူခိုး များကြောင့် ထိရောက်မှု သိပ်မရှိချေ။
အဆုံးတွင် သူတော်စင် ရောင်ဝါများ ထုတ်လွှတ်နေသည့် သစ်ပင်ကြီး တစ်ပင်ကို ခံစားမိသည်။ ထိုသစ်ပင်သည် နှစ်ပေါင်း တစ်သောင်း သက်တမ်း ရှိချေ၏။
“ အား ... ။ ”
မကြာခင် ဒုတိယ သူတော်စင် သခင် တစ်ပါး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ သူတော်စင် မူလ၊ သူတော်စင် ဝိညာဉ်နှင့်၊ သူတော်စင် နက္ခတ်များ ပေါက်ကွဲကုန်၏။
တရားခံမှာ လှံကြီးတစ်စင်း ကဲ့သို့ ချွန်ထက်သော အရာတစ်ခု ဖြစ်ပြီး အာကာသ ထဲသို့ ပျောက်ကွယ် သွားခဲ့သည်။ ပိုင်ရှင် မည်သူ ဖြစ်မည်ကို မမြင်နိုင်ချေ။
“ အစ်ကိုကြီး ... ဒါက ဘယ်လို နေရာမျိုးလဲ။ ”
ဤမြင်ကွင်းအပေါ် အမှောင်ထဲမှ မြင်လိုက်ရသဖြင့် နဂါးလေးနှင့် လင်းယွန်က ကြောက်ရွံ့ အံ့သြသွား၏။
“ ဘာကြီးလဲ ... ။ ”
လင်းယွန်မှ အဖြေ ပြန်မပေးနိုင်ချေ။ မျက်မှောင်ကြုတ် လိုက်သည်။ လှုပ်ရှားသူသည် သွေးကျီးကန်း ဘုရင်၊ နတ်မိစ္ဆာ ကျင့်ကြံသူ သို့မဟုတ် သက်ရှိ နွယ်ပင် စသည့် မည်သည့် အရာများ ဖြစ်မည်ကို မခန့်မှန်းနိုင်ချေ။
အကယ်၍သာ အသူရာ ကျီးဘုရင်ဆိုက တစ်ခုခုကို မြင်နိုင်မည် ဖြစ်သည်။
“ သွားကြည့်ရအောင်။”
အနည်းငယ် မီးတောက်နေသော အပိုင်းအစများဆီသို့ လျှောက်လှမ်းသွားမိသည်။ သူတော်စင် သခင် တစ်ပါးသည် အမည်မသိ ရန်သူ၏ လက်၌ တစ်ချက်တည်းဖြင့် အသက်ပေးခဲ့ရချေပြီ။
“ ဝူး ... ။ ”
ထိုစဉ် သေဆုံးသူ၏ ရုပ်ခန္ဓာကို ဝါးမြိုလိုသော စုပ်ယူမှု လေဝဲကြီး တစ်ခု ထွက်ပေါ်လာ၏။
ခေါင်းမော့ ကြည့်လိုက်သော အခါ တွင်းနက်ကြီး တစ်ခုကိုသာ မြင်လိုက်ရသည်။ ထိုတွင်းနက်သည် အရာရာကို ဝါးမြိုရန် စုပ်ယူနေသည်။
“ ရွှပ် ... ။ “
ထို့ကြောင့် ဓားဖြင့် ၎င်းကို ခွဲပစ်ရန် ကြံရွယ်လိုက်ရသည်။ ကောင်းကင်ပေါ် ပျံတက် လာစဉ် ဤတွင်းနက်၏ မူလဇစ်မြစ်ကို ချက်ချင်း ရှာဖွေတွေ့ရှိလာခဲ့သည်။
ကြက်သွေးရောင် စပါးအုံးမြွေကြီး၏ ပါးစပ်ဖြစ်ချေ၏။ သေဆုံးသွားသည့် သူတော်စင် သခင်၏ အသွေးအသားကို စားသုံးရန် ပါးစပ် ဖွင့်ထားခြင်း ပေပင်။
“ ရွှပ် ... ။ ”
၎င်းက နဂါးလေးကို မျိုချရန် ကြံစည်လာသဖြင့် လင်းယွန်မှ ဓားအလင်း ပစ်လွှတ် လိုက်သော်လည်း စပါးအုံးမြွေက ရှောင်တိမ်း သွားသည်။ သစ်ပင် များစွာ ပြိုကျကုန်၏။
လင်းယွန်သည် ခက်ခဲသော ပြိုင်ဘက် ဖြစ်သည်ကို မြင်လိုက် ရသဖြင့် လျင်မြန်စွာ နောက်ဆုတ် သွားခဲ့သည်။
“ ဂါး ... ။ ”
ထိုအချိန်တွင် နဂါးလေးက နဂါး မျောက်ဝံ အသွင်ယူကာ ကောင်းကင်ပေါ် ခုန်တက်သွား တော့၏။
ကြက်သွေးရောင် စပါးအုံးမြွေသည် ပထမအဆင့် သာမန် သူတော်စင် သခင်မျှသာ ဖြစ်သည်။ ထို့ကြောင့် နဂါးလေး၏ ခေါင်းရိုက်ခွဲ ခြင်းကို ခံလိုက်ရ၏။
ထို့နောက် မြွေကြီး၏ သူတော်စင် မူလကို နှုတ်ယူကာ မြိုချပစ်လိုက်သည်။ ခဏချင်းမှာပင် နဂါးလေး၏ ရောင်ဝါ တိုးလာတော့၏။
“ အစ်ကိုကြီး ... ဒီစပါးအုံးမြွေက အရသာတော်တော် ကောင်းတယ် ... စားကြည့် ချင်လား။ ”
လင်းယွန်သည် အသားစိမ်းများကို မစားသုံးဝံ့ သဖြင့် ခေါင်းယမ်းပြမိ၏။ သို့သော် ကင်စားရန် အသားအချို့ကို သိမ်းယူ လိုက်သေးသည်။
နှစ်ယောက်သား သတိကြီးစွာဖြင့် တောအုပ်ထဲ ဆက်ဝင်လာ၏။ အဆိပ်ပြင်းသော မြူခိုးများက တောအုပ် တစ်ခုလုံးကို ဖုံးလွှမ်း နေခဲ့သည်။
ဤနေရာသည် ဝင်္ကပါ ပုံသဏ္ဍာန် သစ်ပင်များ ပေါက်ရောက်နေ၏။ အစောပိုင်း ခံစားမိသော သူတော်စင် ရောင်ဝါသည် အတုအယောင် ဖြစ်ပေမည်။
နှစ်ရက်အကြာတွင် စိတ်ပျက်လက်ပျက်ဖြင့် လက်လျော့လိုက်မိသည်။ ထိုစဉ် တိုက်ပွဲဖြစ်ပွား နေသံ အချို့ကို ကြားလိုက်ရ၏။
ယင်းသည် သူတော်စင်သခင် အဆင့် အဖိုးအိုတစ်ဦးမှ ကြက်သွေးရောင် စပါးအုံးမြွေ (၃)ကောင်နှင့် ရင်ဆိုင်နေခြင်း ပေပင်။
အဖိုးအိုသည် ကောင်းကင် မီးလျှံဂိုဏ်း၏ အကြီးအကဲ တစ်ဦးဖြစ်ပြီး ၎င်းတို့၏ သခင်ငယ် အနားတွင် ရပ်နေသည်ကို တစ်ကြိမ် မြင်ဖူး၏။
ခွန်အား ကြီးမားသဖြင့် ကြက်သွေးရောင် စပါးအုံးမြွေ (၃) ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ရသော်လည်း မမှုချေ။
သို့သော် ၎င်းကို ကံဆိုးစေသည်မှာ နောက်ထပ် ကြက်သွေးရောင် စပါးအုံးမြွေ (၁၀) ကောင်က သူ့ကို စောင့်ကြည့်နေခြင်း ဖြစ်၏။
နဂါးလေးက မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ အရသာ ရှိသော ဟင်းလျာများ ပေပင်
“ အစ်ကိုကြီး ... ။ ”
လက်နှစ်ဖက်ကို ပွတ်သပ်ကာ လှုပ်ရှားခွင့် တောင်းခံလိုက်လေသည်။ သို့သော် လင်းယွန်မှ ခေါင်းယမ်းပြ လိုက်သည်။
ကြောက်မက်ဖွယ် ရောင်ဝါကို ခံစားမိ၏။ တတိယအဆင့် သူတော်စင် သခင် ခွန်အားမျိုး ပိုင်ဆိုင်ထားသည့် စပါးအုံးမြွေတစ်ကောင် ဖြစ်ပေမည်။
“ အစ်ကိုကြီး ... ဟိုမှာ နတ်ဘုရား အသွေးတော် မဟုတ်လား။ ”
နဂါးလေးက ဦးတည်ရာ တစ်ရပ်ထံ ညွှန်ပြ၏။ လင်းယွန်မှ လှမ်းကြည့်သော အခါ တောင်ကုန်းတစ်ခုပေါ်တွင် သူတော်စင် သစ်ပင် ပန်းမန်များ များစွာ ပေါက်ရောက်နေသည်ကို မြင်လိုက်ရ၏။
၎င်းတို့ကြား၌ မွှေးကြိုင်သောရနံ့ကို ပေးဆောင် နေသည့် သစ်သီး တစ်လုံး ရှိသည်။ ဤသည်မှာ သွေးမိုးတိမ် သူတော်စင် သစ်သီး ဖြစ်၏။
အနည်းဆုံး နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိကာ နတ်ဘုရားသွေးများ စွန်းထင်း နေချေပြီ။
ယခင် သူ သန့်စင်ဖူးသော စွမ်းအင် ပမာဏထက် အနည်းဆုံး ဆယ်ဆခန့် ပိုမို အားကောင်းသည်။ သည့်အပြင် ပန်းမျိုးစုံ သည်လည်း ရှိနေသေး၏။
၎င်းတို့ အားလုံးသည် ပြင်ပကမ္ဘာ၌ ရတနာများ ဖြစ်ကြပြီး ဤတောင်ကုန်း တစ်ခု တည်းသည်ပင် တန်ခိုးကြီးသော ဂိုဏ်း၏ အခြေခံ အုတ်မြစ်နှင့် ယှဉ်နိုင်သည်။
“ မဟုတ်ဘူး ... ဒီသစ်သီးကို သွေးမိုးတိမ် သူတော်စင် သစ်သီးလို့ ခေါ်တယ် ... သူလည်း အဖိုးတန်တယ်။ ”
လင်းယွန်က ကောင်းကင်မီးလျှံ ဂိုဏ်း၏ သူတော်စင် အကြီးအကဲထံ ပြန်ကြည့်မိသည်။ သူ့အတွက် အခွင့်အရေးကောင်း ဖြစ်၏။
“ ဝှစ် ... ။ ”
ကောင်းကင်ပေါ် ခုန်တက်ကာ တောင်ကုန်းငယ်ပေါ် ချက်ချင်း ပျံသန်းသွား မိသည်။ ထိုအချိန်တွင် ရွှေရောင် ဓါးအလင်း တစ်လက် ပျံဝဲလာ၏။
“ ဝှစ် ... ။ ”
ဓားမော့ တာအိုနှင့် မီးတာအို ပါဝင်သော ဓါးရောင်ခြည် ဖြစ်သည်။ ကြောက်စရာ ကောင်း လှ၏။ မျက်နှာချင်းဆိုင် ဖြေရှင်းရန် မဝံ့သဖြင့် ရှောင်တိမ်း လိုက်မိသည်။
“ ရွှပ် ... ။ ”
သို့သော် ထိုအရာသည် အစပေပင်။ ရွှေဓားရောင်ခြည်များ စွာက ထပ်မံ ပျံသန်းလာ ပြန်၏။
တိုက်ခိုက်ခဲ့သူက သွေးမိုးတိမ် သူတော်စင် သစ်သီးထံ လက်လှမ်းသော် မည်သူမဆို သေရ မည်ဟု ကြေငြာနေချေပြီ။
ဝင်လာသော ဓါးမော့ ရောင်ခြည်များ အားလုံးကို ရှောင်တိမ်းရန် အကြိမ်ပေါင်းများစွာ ခုန်ခဲ့ရသည်။
ထို့ကြောင့် ဓားမော့ ပိုင်ရှင်သည် သွေးမိုးတိမ် သူတော်စင် သစ်သီးထံ လက်လှမ်းခွင့် ရရှိသွား လေသည်။
သို့သော် လင်းယွန်မှ ပန်းသင်္ချိုင်းဖြင့် လှမ်းပစ်ကာ ဟန့်တား၏။ ဓားမော့ရောင်ဝါများ ချက်ချင်း ကွဲကြေသွားသည်။
“ ချွင် ... ချွင် ... ။ ”
တစ်ချိန်တည်းမှာပင် လျှပ်စီးများ လက်နေသော သံကြိုးကိုးချောင်း လွင့်ထွက်လာ ပြန်၏။
“ ဗြစ် ... ။ ”
သံကြိုး(၉)ချောင်းထံသို့ တောင်ကုန်းငယ် တစ်ခုလုံးကို အမြစ်ကနေ ဆွဲနှုတ်လိုက် သကဲ့သို့ ချက်ချင်း ပါသွားသည်။
“ ဝူး ... ။ ”
မီတာတစ်ထောင် နီးပါးရှိသော တောင်ကုန်းငယ်သည် ပျက်စီးခြင်း မရှိဘဲ လင်းယွန်ထံ ရောက်ရှိလာ၏။
ပန်းသင်္ချိုင်းနှင့် တိုက်ခိုက်နေရသော ဓားမော့သမားသည် ဤမြင်ကွင်းကို မြင်သော အခါတွင် ထိတ်လန့်သွား၏။
တောင်ကုန်းငယ် တစ်ခုလုံးကို နုတ်ယူ သွားသော ဤလူရိုင်းသည် မည်သူ ဖြစ်သနည်း။ သွေးမိုးတိမ် သူတော်စင် သစ်သီး အပြင် သူတော်စင်အသီး ဆယ်မျိုး ပါရှိသည်။
“ အရမ်းကောင်းတဲ့ ဓါးမော့ပညာပဲ။ ”
လင်းယွန်မှ သူတော်စင် အသီးအနှံများ အားလုံးကို သိုလှောင် လက်ကောက်ထဲတွင် သိမ်းဆည်းလျက်မှ ချီးကျူးလိုက်၏။
ဤသည်မှာ ရိတ်သိမ်းမှုကြီး ပေပင်။ လက်လှိုင်းဖြင့် ပန်းသင်္ချိုင်းကို ပြန်လည် ခေါ်ယူ လိုက်၏။
ဓားမော့ ပိုင်ရှင်သည် ကောင်းကင် မီးလျှံဂိုဏ်းမှ လျူယွင်လန် ဖြစ်သည်။ သူသည် အသက် တစ်ရာသာ ရှိသေးပြီး တိမ်လှိုင်း သူတော်စင် သခင်ဘွဲ့ ရရှိထား၏။
ဒုတိယ အဆင် အထွတ်အထိပ် သူတော်စင် သခင် တစ်ပါးပေပင်။
“ မင်းက ဘယ်သူလဲ ... ။ ”
လျူယွင်လန်မှ သူ့ဒေါသကို ထိန်းကာ မေးလိုက်သည်။ ပြိုင်ဘက်သည် မျက်နှာဖုံး တပ်ထားပြီး ခေသူ မဟုတ်ကြောင်း သူ ပြောနိုင်၏။
“ ဘာလို့ မှန်းဆ မကြည့်တာလဲ။ ”
လင်းယွန်က ပြန်မဖြေဘဲ ပြုံးကာ တုန့်ပြန် လိုက်တော့သည်။
***