← Chapters

ငါ့မှာ ဒဏ်ရာ ရထားတယ် ... ။

Vol. 161 Ch. 2242

ငါ့မှာ ဒဏ်ရာ ရထားတယ် ... ။

Vol. 161 Ch. 2242

လျူယွင်လန်မှ လင်းယွန်ကို အေးစက်စွာ ကြည့်သည်။ မျက်နှာဖုံးကြောင့် မမှတ်မိခဲ့ချေ။ သို့သော် သူတော်စင် သခင် ဖြစ်မည်ဟု မှန်းဆနိုင်၏။။ အရမ်းငယ် ပေသည်။

ခွန်လွန် နယ်မြေတွင် ထိုသို့သော ဓားသမားများစွာ ရှိသောကြောင့် ခန့်မှန်းရန် ခက်၏။

“ မင်း ဘယ်သူလဲ ဆိုတာကို ... ငါဂရုမစိုက်ဘူး လက်လွှဲပေးပါ ငါ့ကောင်းကင် မီးလျှံဂိုဏ်းရဲ့ သူတော်စင် အကြီးအကဲက ... အဲဒီ ကြက်သွေးရောင် စပါးအုံး မြွေတွေကို တိုက်နေတာ မြင်တယ် မဟုတ်လား။ ”

လျူယွင်လန် မျက်လုံးတွင် လူသတ်ရန် ရည်ရွယ်ချက်များ တောက်ပလာ လေသည်။

“ ဦးရာလူ စနစ်က ... ဒီမှာ အလုပ် မဖြစ်ပါဘူး ... မင်း စကားကောင်းကောင်း ပြောမယ်ဆိုရင် ငါဝေမျှပေး နိုင်တယ်။ ”

“ ဒါဆို ... မင်းရဲ့ ယုံကြည်မှု ဘယ်ကလာတယ်ဆိုတာ ... ငါကြည့်ပါရစေ ... ။ ”

လင်းယွန် အဖြေကြောင့် လျူယွင်လန်မှ ဒေါသထွက်လာပြီး ဓားကို လွှဲခုန်ချလိုက်သည်။ ဓါးရောင်ခြည်များ ထပ်လျက် ဖိအားများ ထွက်လာ၏။

“ ဆွဲငင်အား တစ်ထောင် ... ။ ”

နောက်တစက္ကန့်တွင် သူ့ဓါးရောင်ဝါ အလေးချိန်သည် အဆပေါင်း တစ်ထောင်ကျော် တိုးလာကာ နှင်းပွင့်များ ကြွေဆင်းလာ၏။

“ လာ ... ။ ”

လင်းယွန်က သူ့ဓားကို ကိုင်လျက် ထိုဓားနှင့်ခေါင်းချင်းလိုက်သည်။ ဓား-ဓားချင်း ထိပ်တိုက်တွေ့သောအခါ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

ကျင့်ကြံမှု နိမ့်ကျသော လူများသာ ရှိက ဤအသံလှိုင်းကြောင့် ဒွာရ ခုနစ်ပါးမှ သွေးများ စီးထွက်နိုင်ပေမည်။

“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”

လျူယွင်လန်၏ တိုက်ခိုက်မှုကို ဖြေရှင်းပြီးနောက် လင်းယွန်မှ ပန်းသင်္ချိုင်းဖြင့် ညင်သာစွာ ခင်းကျင်းလိုက်သည်။

“ ဂျိန်း ... ။ ”

မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ် လာကာ ပန်းသင်္ချိုင်းမှ ဓားအလင်းများ ဖြာထွက်လာ တော့သည်။

ထိုတိုက်ခိုက်မှုကို တားဆီးရန် လျူယွင်လန်မှ ဓားမြှောက်ပြီး လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်နှာ ပြောင်းသွားသည်။

“ ထန် ... ထန် ... ။ ”

အဟုန်ကြောင့် လက်ဖဝါးတွင် ဒဏ်ရာ ရရှိပြီး သွေးများစီးကျလာ၏။ နောက်ဆုတ်စရာ မလိုခဲ့ သော်လည်း လျူယွင်ဖန် တစ်ယောက် စိတ်လှုပ်ရှား သွားလေသည်။

“ မင်း ဘယ်သူလဲ ဆိုတာ ... ငါ အကြမ်းဖျင်းသိပြီ ... အကြွင်းမဲ့ မြို့တော်က လာတဲ့ ဓားသမား မဟုတ်လား ... မင်းက ဉာဏ်ကြီးရှင်ပဲ ...

... မဟုတ်ရင် ဒီလောက် မောက်မာဝံ့မှာ မဟုတ်ဘူး ... ဒါပေမယ့် မင်းလူမှားပြီး ရန်စမိ သွားပြီ။ ”

လျူယွင်လန် စကားကြောင့် လင်းယွန်မှ အံ့ဩသွားလေသည်။ အကြွင်းမဲ့ ကောင်းကင် မြို့တော်ဟူသည် ယုချင်းဖန် မြို့ဖြစ်သည်။

သက်တံဓား သူတော်စင် တပည့်သည် ယုချင်းဖန် တပည့်၏ ပုံရိပ်ထက် အနည်းငယ် နိမ့်ကျနေပုံ ရလေသည်။

“ အား ... ။ ”

ထိုစဉ် ကြက်သွေးရောင် စပါးအုံးမြွေ ဘုရင်ကို ထိန်းထားသည့် သူတော်စင် သခင်မှာ ဝါးမျိုခံလိုက်ရသည်။

“ ဝှစ် ... ။ ”

သည့်နောက် မြွေဘုရင်မှ သူတို့ထံ ဦးတည်လာ၏။ လင်းယွန်နှင့် လျူယွင်လန်က အကြည့်ချင်း ဖလှယ်ကာ ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေးလိုက်ကြသည်။

ကံဆိုးစွာဖြင့် စပါးအုံး မြွေဘုရင်သည် လင်းယွန်နောက် လိုက်ပါလာ၏။

“ အစ်ကိုကြီး ... ဒီလမ်း။ ”

နဂါးလေးက လွတ်မြောက်ရာ လမ်းကို ရှင်းပေးပြီး တောအုပ်ထဲ ဦးဆောင် ပြေးဝင်လာ ခဲ့သည်။

ကြောင်ပုံစံသည် လင်းယွန် ထက်ပင် ပိုမြန်နေ၏။ သို့သော် ကြက်သွေးရောင် စပါးအုံး မြွေဘုရင်မှာ ရူးသွပ်စွာ ဆက်လိုက်နေဆဲ ဖြစ်သည်။

“ ငါ စိတ်တို​လာပြီ။ ”

ပြေးနေလျက်မှ ရပ်လိုက်ပြီး ရွှေလှံတစ်စင်းကို ထုတ်ယူမိသည်။ သူတော်စင် စွမ်းအင်နှင့် နဂါးသွေးကို လှံထဲသွန်းလောင်း လိုက်သောအခါ ကြောက်မက်ဖွယ် ဖိအားများ ထွက်လာ၏။

လေထုအတွင်း ကျမ်းစာ ရွတ်ဆိုသံများ ပဲ့တင်ထပ်လာပြီး လှံတစ်ဝိုက် အလင်းရောင် စက်ကွင်းများ ပေါ်လာသည်။

ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံတံဖြစ်၏။ လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး စပါးအုံး မြွေဘုရင် ဦးခေါင်းထံ ရိုက်ချလိုက်သည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

ကြီးမားသော စွမ်းအားက ကြက်သွေးရောင် စပါးအုံးမြွေဘုရင်ကို အော်ဟစ်ပြီး မြေပြင်ပေါ်၌ လူးလိမ့် သွားစေ၏။

ဗုဒ္ဓ ဧကရာဇ် ရွှေကြာပန်းလှံငယ်မှ ထွက်လာသည့် ကြောက်မက်ဖွယ် စွမ်းအားမှာ လေဟာနယ်ကို အက်ကွဲကြောင်းများ ကျန်ရစ် စေခဲ့သည်။ သို့သော် မြွေဘုရင် မသေချေ။

“ ဒီကောင်က တကယ့်ကို အရေခွံထူတာပဲ။ ”

ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံသည် နေလထီးထက် ပိုအားကောင်းသည့် အုပ်စိုးရှင် သူတော်စင်လက်ရာ ဖြစ်သည်။

သို့သော် ခေါင်းကို ရိုက်ခွဲနိုင်ခဲ့သော်မှ သေဆုံးခြင်း မရှိသောကြောင့် ဒေါသထွက်လာ မိ၏။

“ ဝှီး ... ။ ”

ကြက်သွေးရောင် စပါးအုံး မြွေဘုရင်က သူ့ကို အမြီးဖြင့် ရိုက်သည်။ ဤသည်မှာ သေစေ နိုင်ချေ၏။ ထို့ကြောင့် အမြန် ရှောင်တိမ်း လိုက်ရသည်။

မြွေဘုရင်က ထပ်မံ အားယူနေစဉ် အရိပ်တစ်ရိပ် ကောင်းကင်မှ ဆင်းသက်လာ တော့သည်။

“ ဂါး ... ။ ”

ဤသည်မှာ နဂါးမျောက်ဝံ ဖြစ်သည်။ နဂါးလေးက အမြီးကို ဆွဲကိုင်ကာ အဟုန်ကို ရပ်စေလိုက်၏။ ဤအရာက လင်းယွန်အတွက် အခွင့်အရေး ဖြစ်သည်။

“ ဟိတ် ... ။ ”

ကောင်းကင်ပေါ် ပျံတက်ပြီး ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံကို လက်နှစ်ဘက်ဖြင့် ကိုင်လျက် ထိုးသွင်း လိုက်သည်။

အမည်ခံ နတ်အလင်းဓားကို လှံထဲ လောင်းထည့် ထားသဖြင့် စပါးအုံးမြွေဘုရင်၏ ဦးခေါင်းမှာ ဖောက်ခနဲ ပေါက်သွားသည်။

“ ဘောင်း ... ။ ”

လှံရှိ ဘုန်းဝိညာဉ်များ အသက်ဝင်လာ ပြီးနောက် ပေါက်ကွဲ သေဆုံးသွား၏။ သူတို့၏ ခေါင်းဆောင် သေဆုံးသွားသည်ကို မြင်သဖြင့် လိုက်ပါလာသော စပါးအုံး မြွေများမှာ လှည့်ပြေးလေသည်။

လင်းယွန်က ရွှေကြာပန်း လှံငယ်ကို သိမ်းဆည်းလိုက်၏။ ဤလှံကို ပထမဆုံး အကြိမ် အသုံးပြုဖူးခြင်း ဖြစ်သည်။

မိုးပြာနဂါး နေလထီးကဲ့သို့ ရင်းနှီးမှု မရှိသေးချေ။ အထူးသဖြင့် နေ-လထီးသည် မိုးပြာနဂါး နတ်ခန္ဓာနှင့် လိုက်ဖက်ပြီး စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

“ အစ်ကိုကြီး ... ဒီသားရဲ အမြုတေက ရွှေရောင်ပဲ။ ”

လင်းယွန်မှ အတွေးထဲ နစ်မျောနေစဉ် နဂါးလေးက သားရဲ အမြုတေကို နှိုက်ယူကာ ရောက်ရှိလာ၏။

“ သွားရအောင် ... နတ်ဘုရား အသွေးတော်က ဒီနေရာမှာ မရှိဘူး၊ လက်ရှိ ငါတို့ရောက်နေတဲ့ နေရာက ထူးဆန်းတယ်၊ မြန်မြန် ထွက်သွားတာ အကောင်းဆုံးပဲ။ ”

သူတို့ ထွက်သွားပြီးနောက် လျူယွင်လန် ရောက်လာ၏။ စပါးအုံး မြွေဘုရင် အလောင်းကို မြင်ချိန်၌ မျက်မှောင်ကြုတ် သွားသည်။

“ သူက ဓားဧကရာဇ်ရဲ့ တိုက်ရိုက် တပည့် ဖြစ်ရမယ် ... ။ ”

တစ်ကိုယ်တည်း ရေရွတ်ကာ လင်းယွန် ထွက်သွားရာသို့ မျှော်ကြည့် လိုက်လေသည်။ ဤနတ်ဘုရား သင်္ချိုင်း တောင်တန်း၏ အစီရင် ပြေလျော့မှုသည် လူတိုင်းကို စူးစမ်းချင်စိတ် ဖြစ်စေ၏။

ထို့ကြောင့် သူ့ကဲ့သို့ မြင့်မြတ်မြေ၏ အထက်တန်းစား တပည့်များနှင့် ဓားဧကရာဇ် တပည့်များ ရောက်ရှိလာ ကြသည်။ ပန်းသင်္ချိုင်း သည်လည်း ရောက်ရှိနိုင်ခြေ မြင့်မား၏။

“ မေ့လိုက်ပါ ... ဒီနေရာက အရင် ထွက်သွားသင့်တယ် ။ ”

လျူယွင်လန်က ပတ်ဝန်းကျင်ပေါ် တစ်ချက်ဝေ့ကြည့်ကာ လေထဲ လွင့်ဝဲလာသော သစ်ရွက်တစ်ရွက်ကို ဖမ်းယူပြီး သက်ပြင်းချ လိုက်လေသည်။

တစ်ဖက်တွင် လင်းယွန်၏ ခရီးစဉ်မှာ ဒုက္ခရောက်နေခဲ့သည်။ သုံးကြိမ်တိတိ ကြိုးစား သော်လည်း တောထဲမှ မထွက်နိုင်ဘဲ လမ်းပျောက် နေမိ၏။

ပတ်ဝန်းကျင်၌ ကြက်သွေးရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေပြီး ဓားရည်ရွယ်ချက် သည်ပင် မြင်နိုင်အောင် ဖြစ်နေသည်။

“ ထူးဆန်းတယ် ... ။ ”

အဝေးရှိ ကောက်ကြောင်း အချို့သာ မြင်နိုင်သည်။ ၎င်းနည်းဖြင့် တောအုပ်ထဲတွင် သုံးရက်ကြာ ပိတ်မိနေခဲ့သည်။

“ ဘာဖြစ်တာလဲ ... ။ ”

နေ့တစ်ဝက် ထပ်မံ ကုန်လွန်ပြီးနောက် မြေပြန့်လွင်ပြင် တစ်ခုထံ ရောက်ရှိလာသည်။ မြေပြင် တစ်ခုလုံး သန့်ရှင်းပြီး ပေါင်းပင်များ မရှိချေ။ ထို့ကြောင့် ချက်ချင်း ထွက်သွားချင် သော်လည်း နောက်ကျသွား၏။

“ စွပ် ... ။ ”

မြေပြင်ပေါ်မှ နွယ်ပင်တစ်ပင် တိုးထွက်လာပြီး သူ့ခြေကျင်းဝတ်ကို ရစ်ပတ် တော့သည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို မြေကြီးထဲ ဆွဲခေါ်နေ၏။

တစ်ဖက်တွင် နဂါးလေးသည် ၎င်း၏ ကြောင်အရွယ်အစားကြောင့် လွတ်မြောက်ပြီး ချက်ချင်း နောက်ပြန်ဆုတ်နိုင်ခဲ့သည်။

လင်းယွန်သည်သာ နွယ်ပင်များ၏ တင်းကျပ်စွာ ရစ်ပတ်ခြင်းခံနေရ၏။ ၎င်းတို့က အသားထဲ ထိုးဖောက် ဝင်ရောက်လာသည်။

( ဓားနဲ့ မြန်မြန်ခုတ် ... ။ )

ခရမ်းငယ်မှ အော်သည်။ အမည်ခံ နတ်အလင်းဓားကို အသုံးပြုရန် လင်းယွန်မှ ကြံရွယ်လိုက်သည်။

သို့သော် ဓားထွက် မလာမီ သူ့ခန္ဓာကိုယ်ပေါ်၌ မီးတောက်များ ရုတ်တရက် လောင်ကျွမ်းလာသည်။

“ ဘာလဲ ... ။ ”

၎င်းမီးတောက်သည် သူ့ခန္ဓာကိုယ်ကို မရည်ရွယ်ဘဲ နွယ်ပင်များထံသာ လောင်ကျွမ်း လေသည်။

ခဏအကြာတွင် နွယ်ပင်များအားလုံး ပြာအဖြစ် ပျောက်ကွယ်သွား၏။ အခွင့်အရေး ရသည်နှင့် လင်းယွန်က ချက်ချင်း နောက်ပြန် ဆုတ်ခွာလိုက်သည်။

“ ပန်းသင်္ချိုင်း၊ ငါ မင်းကို ထပ်ပြီး ကယ်တင်ရပြန်ပြီ။ ”

ရုတ်တရက် သစ်ပင်ပေါ်မှ လူရိပ်တစ်ရိပ် ခုန်ချလာ၏။ ဤသည်မှာ လီဖေးပိုင် ဖြစ်သည်။ လင်းယွန်က ၎င်းအပေါ် ကောင်းမွန်သော အမြင်မရှိချေ။

“ ထပ်ပြီး ကယ်တင်တာလား ... မင်း ဘယ်တုန်းက ငါ့ကို ပထမအကြိမ် ကယ်ခဲ့လိုလဲ။ ”

လင်းယွန် တစ်ယောက် နားရှုပ်သွားကာ ပြန်မေးမိသည်။ ဤတစ်ကြိမ်ထက် ပို၍ စဉ်းစား မရချေ။

“ ခြောက်ပါးသော မြို့တော်ကို ထည့်မတွက်ဘူးလား ... ငါ့ သတိပေးချက် ကြောင့်သာ မဟုတ်ရင် ... မင်း အဲဒီမှာ သေသွားနိုင်တယ်။ ”

လီဖေးပိုင်မှ ပြန်ဖြေ၏။ လင်းယွန် နှုတ်ခမ်းထောင့် လှုပ်ယမ်းသွားပြီး၊

“ ကောင်းပြီ ... မင်း ကြိုက်သလို သတ်မှတ်လို့ရတယ်။ ”

-ဟု ပြန်လည် ပြောကြား လိုက်ရသည်။

“ ခေတ်တွေ ပြောင်းသွားပြီလို့ ... ငါပြောခဲ့တယ် မဟုတ်လား၊ ကောင်းကင် နဂါး သခင်နဲ့ ပတ်သက်ပြီး ... အထင်ကြီးစရာ ဘာတစ်ခုမှ မရှိပါဘူး။ ”

လီဖေးပိုင်က ဂုဏ်ယူဝင့်ကြွားစွာ ရေရွတ်လိုက်လေသည်။ ထိုစကားကြောင့် လင်းယွန်က ပြုံး၏။ ပြန်မပြောချေ။

“ ဘာလို့လဲ ... ငါပြောတာ မှားသွားလို့လား၊ ငါ့သာ မကယ်ရင် မင်းသေသွားလိမ့်မယ်။ ”

“ ဧကရာဇ် မျိုးနွယ်စုထဲက လူတိုင်းက မင်းလိုပဲ အရမ်း မောက်မာကြတာလား။ ”

လင်းယွန်က မျက်ခုံးပင့်ကာ မေးမြန်းလိုက်၏။

“ အတိအကျတော့ မဟုတ်ဘူး ... မာနဆိုတာကို ဧကရာဇ် မျိုးနွယ်စု (၈)ပါးရဲ့ သားမြေးတွေက မွေးတည်းက ပိုင်ဆိုင်တယ်၊ ငါမင်းကို တမင် လုပ်ပြနေတာ မဟုတ်ဘူး။ ”

“ မင်း ဆိုလိုတာကို နားလည်တယ် ... ၊ မင်းက ငါ့တစ်ယောက်တည်းကို ပစ်မှတ်ထား နေတာ မဟုတ်ဘူး၊ လူတိုင်းအပေါ် အထင်ကို မကြီးတာ၊ မွေးရာပါ မောက်မာမှု။ ”

“ အနည်းတော့ မှန်တယ် ... မင်းက အမှိုက်တော့ မဟုတ်ဘူး သာမာန်ပဲ၊ မင်းထက် ညံ့ဖျင်းတဲ့ ဧကရာဇ် မျိုးနွယ်စုဝင် တပည့်တွေ အများကြီး ရှိတယ်။ ”

လီဖေးပိုင်မှ ခေါင်းညိတ်သည်။ လင်းယွန်က ပြုံးကာ၊

“ မင်းမှာ အကြောင်း မရှိရင် ... ငါ့လိုလူနဲ့ အချိန်ကုန်ခံပြီး စကားပြောမှာ ... မဟုတ်ဘူး ဟုတ်တယ် မဟုတ်လား။ ”

“ ထက်မြက်တယ်။ ”

လီဖေးပိုင်က ပြုံးသည်။

“ ဒါဆို ပြောပါ။ ”

လင်းယွင်မှ မေးလိုက်၏။ အဆုံးတွင် တစ်ဖက်လူသည် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ပြီး မောက်မာစွာ ပြောကြား လာတော့သည်။

“ ငါ မင်းကို ရိုးသားမယ် ... ငါ့မှာ ဒဏ်ရာ အပြင်းအထန် ရထားတယ်၊ တစ်နာရီပဲ အသက် ရှင်ခွင့် ရှိတော့တယ်၊ ဒါကြောင့် ...

... မင်းငါ့ကို ... ဒီတောအုပ်ထဲ ကနေ ကေျာပိုးပြီး သယ်ထုတ်သွားပေးပါ ... ဘယ်လို ထွက်သွားရမလဲ ဆိုတာ ကိုတော့ ... လမ်းမှာ ငါပြောပြမယ်။ ”

***

All Chapters