← Chapters

ပျော်စရာတွေ လာနေပြီ။

Vol. 161 Ch. 2243

ပျော်စရာတွေ လာနေပြီ။

Vol. 161 Ch. 2243

သေခါနီး လူတစ်ယောက်သည် ဤမျှ မောက်မာသည်လော။ လင်းယွန် တစ်ယောက် မယုံကြည်နိုင် ဖြစ်လာ၏။

“ အစ်ကိုလီ ... မင်း ငါနဲ့ ရှုပ်နေတာလား။ ”

“ ငါ ... ဟာသတွေ ပြောနေတာ မဟုတ်ပါဘူး၊ ဒါ သေလောက်တဲ့ ဒဏ်ရာ တစ်ခု ဆိုတာ အမှန်ပါ ... ။ ”

“ အစ်ကိုလီ မင်းကတော့ တကယ်ပါပဲ။ ”

“ ကံကြမ္မာ ကောင်းချီးပေးခံရတဲ့ ငါ့လို လူတစ်ယောက် အတွက် ... သေစေလောက်တဲ့ ဒဏ်ရာတွေက အခွင့်အရေးလို့ မှတ်ယူနိုင် ပါတယ်၊ လွယ်လွယ်နဲ့ ငါ မသေနိုင်ဘူး။ ”

“ ဒါဆို ငါက မင်းရဲ့ ကံကြမ္မာလား ... ။ ”

လင်းယွန်က လှောင်ပြုံးဖြင့် ပြန်မေး လိုက်၏။ လီဖေးပိုင်က တရွေးသားမှ မလျော့ပဲ ခေါင်းညိမ့်ပြီး၊

“ မင်းသိထားတာ ကောင်းပါတယ် ... သွားကြရအောင်။ ”

-ဟု ပြန်လည် အမိန့်ပေး လိုက်တော့၏။

“ ဟား ဟား ဟား ... ။ ”

နောက်ဆုံးတွင် လင်းယွန်မှ ရယ်မော လိုက်တော့သည်။

“ မင်း ဘာရယ်တာလဲ ... ။ ”

“ ဒီလို မောက်မာတဲ့ လေသံနဲ့ အကူအညီတောင်းလာတဲ့ လူတစ်ယောက်ကို တွေ့ရတာ ... ငါ့အတွက် ဒါပထမဆုံးပဲ။ ”

“ ဟုတ်လား ... ငါ နတ်ဘုရား အသွေးတော် သစ်သီးရဲ့ တည်နေရာကို သိတယ်။ ”

ထိုစကားကို ကြားသောအခါ လင်းယွန် မျက်နှာ ပြောင်းသွားပြီး လီဖေးပိုင်ထံ ပြန်ကြည့် လိုက်သည်။

“ မြန်မြန် သွားရအောင် ... ငါ့ကို ခေါ်သွားပေးရင် နတ်သွေး သစ်သီးအတွက် ... ငါနဲ့ မပြိုင်တော့ဘူး။ ”

လင်းယွန်က နဂါးလေးကို တစ်ချက် လှည့်ကြည့် လိုက်သည်။

“ မင်း ... မယုံဘူးလား။ ”

လီဖေးပိုင်မှ သူတို့နှစ်ယောက် အမူအရာကို ကြည့်ကာ ပြန်မေးလိုက်၏။

“ ယောကျ်ားတွေ ဆိုရင် ... ငါကျောပိုး ပေးမယ် ငါ့အစ်ကိုကြီးက အမျိုးသမီးတွေကိုပဲ ပွေ့ချီတာ ... ။ ”

“ ဝှစ် ... ။ ”

နဂါးလေးက လီဖေးပိုင်လက်ကို ဆွဲပြီး ကောင်းကင်ပေါ် ပစ်တင်က သူ့ကိုယ်သူ နဂါး မျောက်ဝံ အဖြစ် ပြောင်းလိုက်၏။

“ မိန်းမတွေကိုပဲ ပွေ့ချီတာလား ... ။ ”

နဂါးလေး စကားကြောင့် လီဖေးပိုင် မျက်လုံးပြူးနေစဉ် သူ့ခန္ဓာကိုယ်မှာ လေပေါ်ပစ် ခံလိုက်ရပြီ ဖြစ်သည်။ သည့်နောက် ပခုံးပေါ် ပြန်လည် ပြုတ်ကျလာ၏။

“ ဘုတ် ... ။ ”

“ ဝေါ့ ... ။ ”

နာကျင်မှုကြောင့် မျက်နှာဖြူဖျော့လျက် ပါးစပ်အပြည့်သွေးများ အန်လိုက်မိ၏။ သို့မှသာ လင်းယွန် တစ်ယောက် ယုံကြည်လာပြီး၊

“ မင်းဒဏ်ရာတွေ အဆင်ပြေရဲ့လား ငါ့ကိုကြည့်စေချင်သလား ... ငါ ကူညီပေး နိုင်တယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ မလိုဘူး ... ဒါက ဒဏ်ရာ မဟုတ်ဘူး၊ သွေးအဆိပ်သင့်နေတာ ... ငါဒီကနေ ထွက်သွား လိုက်ရင် ကောင်းသွားမယ်၊ ဟမ့် ... မင်းရှေ့က သစ်ပင်ကိုခုတ်လိုက် ... အခု မြန်မြန်။ ”

လီဖေးပိုင်က ရှင်းပြနေလျက်မှ သစ်ပင်တစ်ပင်ထံ ညွှန်ပြကာ ခုတ်ခိုင်းလာ ခဲ့သည်။

“ ရွှပ် ... ။ ”

လင်းယွန်က မမေးတော့ဘဲ ဓားဆွဲကာ ခုတ်လှဲပစ်လိုက်၏။ ပတ်ဝန်းကျင်မှ မြူများ လွင့်ပါးကုန်သည်။

သို့သော် သစ်ကိုင်းများက လှံကဲ့သို့ သူ့ဦးတည်ရာထံ တိုးဝင်လာသည်။ ဓားဖြင့် ပြန်လည် ပက်ထုတ်လိုက်မိရာ လက်ဖဝါး တုန်ခါလျက် နာကျင်သွား၏။

“ သွားကြရအောင် ... ငါတို့ကို ရှာတွေ့သွားပြီ။ ”

လီဖေးပိုင်မှ ပြောသည်။ နဂါးလေးက သစ်ကိုင်းများကို ရှောင်ရန် ရတ်တရက် မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ရ၏။

လီဖေးပိုင် ခမျာ ပြုတ်ကျလု နီးပါး ဖြစ်သွားသောကြောင့် လင်းယွန်မှ ဖေးမရန် လက်အမြန်လှမ်း လိုက်သည်။

“ ချက်​ချင်း သွား ... ရပ်မနေနဲ့ ... ။ ”

သို့သော် လီဖေးပိုင်က သူ့လက်ကို ရှောင်ပြီး အော်လိုက်သည်။ မည်သည့် အရာများ ဖြစ်ပျက် နေမှန်းမသိသဖြင့် နဂါးလေးကို အရှိန်မြှင့်ရန် လင်းယွန်က ခေါင်းညိမ့်ပြလိုက်၏။

လမ်းတစ်လျှောက် လီဖေးပိုင်မှ သစ်ပင်တချို့ကို ခုတ်လှဲခိုင်းပြီး မြူများကို ပို၍ ပါးလျလာစေ၏။ ဤနည်းဖြင့် တောအုပ် အစပ်သို့ ရောက်ရှိတော့လာသည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

အန္တရာယ် အငွေ့အသက်များ ပါးလျသွားသည်ကို ခံစားမိကာ လင်းယွန်မှ မေးမိသည်။

“ နတ်ဆိုး သန့်စင်ခြင်း သစ်ပင်တစ်ပင် ဒီတောအုပ်ထဲမှာ ရှိတယ်၊ သူက ဒီဧရိယာကို ထိန်းချုပ်ထား သူပဲ ... အစောပိုင်းက လူ(၁၀) ယောက်လောက် နတ်ဆိုး သန့်စင်ခြင်း သစ်သီးကို ယူဖို့ တိုက်ခိုက်ခဲ့ကြတယ်။ ”

နတ်ဆိုး သန့်စင်ခြင်း သစ်ပင်ကို ကြုံတွေ့ဖူးသဖြင့် လင်းယွန် တစ်ယောက် အံ့အားသင့်သွားသည်။

“ ဒါဆို ... သူက မင်းနောက်ကို လိုက်လာတာပေါ့။ ”

ဤအရာအားလုံး၏ နောက်ကွယ်မှ တရားခံသည် လီဖေးပိုင် ဖြစ်ကြောင်း ထင်ရှား နေသဖြင့် လင်းယွန်က ဒေါသထွက်သွား၏။

သို့သော် လီဖေးပိုင်မှ ထိုအကြောင်းကို ဂရုမစိုက်ဘဲ သစ်သီးတစ်လုံး ထုတ်ယူပြကာ၊

“ ဒါကို အနန္တ နတ်မိစ္ဆာ သစ်သီး လို့ခေါ်တယ်၊ နတ်သွေး သစ်သီးထက်တောင် ရှားပါးတယ် ... နတ်သွေး သစ်သီးက ...

... သူတော်စင် သခင်တွေ အတွက် အသုံးမဝင်ပေမယ့် ... အနန္တ နတ်မိစ္ဆာ သစ်သီး ကတော့ ကွဲပြားတယ်။ ”

-ဟု ရှင်းပြလာသည်။

နီရဲသော သဏ္ဍာန်နှင့် မွှေးရနံ့များ ထွက်ပေါ်နေသည့် အနန္တ နတ်မိစ္ဆာ သစ်သီးကို ကြည့်ပြီး လင်းယွန် မျက်လုံးများ တောက်ပ လာသည်။

ထုတ်လွှတ်ထားသော မြူများတွင် သူတော်စင်တာအို ရှိသည်ကို ခံစား သိရှိနိုင်ပြီး အနားကပ် ကြည့်သောအခါ သေးငယ်သော ရူရ်များကို မြင်လိုက်ရ၏။

“ ဟား ... ဟား ... ဟား ... မဆိုးဘူး မဟုတ်လား၊ အခု ... နတ်ဘုရား အသွေးတော် သစ်သီးအတွက် ... မင်းနဲ့ ဘာလို့ မပြိုင်တာလဲ သိပြီပေါ့၊ ကောင်းပြီ ...

... မင်းရဲ့ သွေးမိုးတိမ် သူတော်စင် သစ်သီးကလည်း ရတနာ တစ်ပါး ဖြစ်ပေမယ့် ဒီနတ်မိစ္ဆာ သစ်သီးကိုတော့ မယှဉ်နိုင်ပါဘူး။ ”

“ မင်း ငါ့ကို စောင့်ကြည့်နေတာလား။ ”

လင်းယွန်မှ အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။ ၎င်းကို ပြန်မဖြေသေးဘဲ သစ်သီး ပြန်သိမ်းကာ၊

“ ငါ ဆန္ဒမရှိရင် ... မင်းငါ့ကို ... ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား ... လျူယွင်လန်က မင်းဘယ်သူလဲ ဆိုတာ မှန်းဆနေတုန်းဘဲ၊ ဒါပေမယ့် ...

... ငါကတော့ တစ်ချက်ကြည့်တာနဲ့တင် မင်းဘယ်သူလဲ သိတယ်၊ မင်းအပြင် ဘယ်သူမှ ဓားရေးမှာ ဒီလိုသာလွန်တဲ့ စွမ်းရည်မျိုး မရှိဘူး။ ”

-ဟု ပြန်ဖြေ၏။

လင်းယွန်မှ ပြုံးပြီး၊

“ မင်းရဲ့ ချီးကျူးမှုကို ရဖို့ ခက်တယ်။ ”

“ သာလွန်တယ် ဆိုတာ ... ချီးကျူးတာ မဟုတ်ဘူး ... စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့ မဆန်ဘူးလို့ ဆိုလိုချင်တာပါ၊ ဓားပညာရပ်နဲ့ ပတ်သက်ရင်တော့ အကြွင်းမဲ့ ကောင်းကင် မြို့တော်က ပြိုင်ဘက်ကင်းပဲ။ ”

လင်းယွန်မှ ပြုံးရုံသာ ပြုံးပြီး ပြန်လည် ငြင်းခုန်ခြင်းမရှိချေ။ တစ်ဖက်လူ စကားများမှာ ရင့်သီး မောက်မာသော်လည်း ၎င်းရုပ်ခန္ဓာမှာ တဖြည်းဖြည်း အားနည်းလာသည်။

ထို့ကြောင့် တောအုပ်မှ လွန်မြောက်သည့် အချိန်တွင် ဘဝ တစ်ဝက်သာ ကျန်ရှိတော့၏။ လင်းယွန်မှ ဒဏ်ရာကို စစ်ဆေးပေးလို သော်လည်း ခွင့်မပြုချေ။

“ ငါ အဆင်ပြေပါတယ် ... တောအုပ်ထဲက ထွက်လိုက်တာမို့ ကောင်းသွားမှာပါ။ ”

လီဖေးပိုင်က နဂါးလေး ပခုံးပေါ်မှ ခုန်ဆင်းပြီး ဆေးလုံး တစ်လုံးကို ထုတ်ယူမြိုချ လိုက်တော့၏။ သည့်နောက် တရားထိုင်၏။

သူ့တင်ပါးအောက်တွင် ကြာပန်းတစ်ပွင့် ပွင့်လျက် သူတော်စင် ရောင်ခြည်များ သိုင်းခြုံ သွားလေသည်။

“ အစ်ကိုကြီး ... ။ ”

နဂါးလေးက လောဘနှင့် လီဖေးပိုင်ကို စိုက်ကြည့်သည်။ ဤလူတွင် ရတနာများဖြင့် ပြည့်နှက် နေသည်ဟု ခံစားမိ၏။

“ သူ့ကို ကိုယ်လုံးတီး ချွတ်သင့်ပြီး ရှာသင့်တယ် မဟုတ်လား။ ”

“ မလုပ်နဲ့ ဒီလူကို မကြိုက်ပေမယ့် ... အရမ်းကြီးလည်း မဆိုးသေးပါဘူး။ ”

လင်းယွန်က လီဖေးပိုင် ဘေးတွင် စောင့်လျက်မှ ပြောကြားလိုက်သည်။ မိနစ် အနည်းငယ် အကြာတွင် လီဖေးပိုင်၏ မျက်လုံးများ ပြန်ပွင့်လာ၏။

ဤအဟုန်သည် လင်းယွန်ကိုပင် အံ့အားသင့်စေသည်။ လီဖေးပိုင်မှ ပြုံးကာ၊

“ ပန်းသင်္ချိုင်း ... ငါမင်းကို ကူညီခဲ့တာ အလကား မဖြစ်ဘူး။ ”

လင်းယွန်မှ ခေါင်းညိမ့်ပြီး၊

“ ကောင်းပြီ ... ဒါပေမယ့် မင်းငါနဲ့ အတူရှိနေတည်းက အဆိပ်ဖြေဆေးကို ဘာလို့ မသုံးခဲ့တာလဲ။ ”

“ အဆိပ်ဖြေဆေးကို နဂါး ကျောက်စိမ်း မီးလျှံကြာပန်းနဲ့ တွဲသုံးရမယ် အဲဒီတောထဲမှာ ငါဘယ်လို သုံးဝံ့မှာလဲ ...

... ဒါက မြန်မြန်သေစေမဲ့ နည်းလမ်းပါ နောက်ပြီး ... ငါ့ကို ကူညီခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။ ”

လီဖေးပိုင်မှ ပြုံးလျက်ပြောသည်။

“ ထားတော့ ... နတ်ဘုရား အသွေးတော်သစ်သီးက ဘယ်မှာလဲ။ ”

“ မသိဘူး ... ။ ”

ထိုအဖြေကြောင့် လင်းယွန် မျက်နှာ အေးစက်သွားသည်။ လီဖေးပိုင်ကို ကြည့်ပြီး လူသတ်လိုသော ရည်ရွယ်ချက်များ ထုတ်ဖော်ပစ်လိုက်၏။

“ မင်းရဲ့ ... လူသတ်ချင် စိတ်က ကြောက်စရာ တော်တော် ကောင်းတာပဲ၊ မင်း လူဘယ်လောက် သတ်ထားခဲ့လဲ ... ငါ သိချင်သား၊ ...

... ကောင်းပြီ ... ငါဟာသ လုပ်နေတာကို ရပ်လိုက်မယ်၊ နတ်ဘုရား အသွေးတော် သစ်သီး ဘယ်မှာရှိလဲ ဆိုတာ ... မသိပေမယ့် ရှာလို့ ရပါတယ်။ ”

လီဖေးပိုင်က ကြွက်ဖြူ တစ်ကောင်ကို ထုတ်ကာ ပွတ်သပ်ပေးသည်။

“ ဒါက ရှေးကျတဲ့ အသွေးအသား ပိုင်ဆိုင်ထားတဲ့ ... နှင်းကျောက်စိမ်း ကြွက်ဖြူပဲ၊ ဒါကြောင့် အရင်က အနံ့အသက်ရထားခဲ့တဲ့ ရတနာတွေ မှန်သမျှ မှတ်မိနိုင်တယ်။ ”

“ အရင်က နတ်ဘုရား အသွေးတော် သစ်သီးကို ... သူ အနံ့ရဖူးတာလား ... ။ ”

လင်းယွန်က နှင်းကျောက်စိမ်းကြွက်ကို ကြည့်ကာ မေးသည်။

“ ဟုတ်တယ်။ ”

လီဖေးပိုင်မှ ကြွက်ဖြူကို မြေပြင်ပေါ်တွင် ချလိုက်ပြီး တိုးညင်းစွာ စကားပြော နေခဲ့သည်။ ကြွက်ဖြူက ခေါင်းမော့ပြီး လေကို ရှူရှိုက်ကာ ပြေးထွက်သွားတော့၏။

လင်းယွန်၊ လီဖေးပိုင်နှင့် နဂါးလေးက သူ့နောက်သို့ အမြန် လိုက်သွားမိ တော့သည်။ များမကြာခင် ကြွက်ဖြူက စိတ်လှုပ်ရှားစွာ ရပ်သွားသည်။

“ ကျွိကျွိ ... ကျွိ ... ။ ”

လီဖေးပိုင်မှ မြေပြင်ပေါ် ထိုင်ချပြီး သူ့လက်ဖဝါးပေါ် တက်ခွင့် ပြုလိုက်၏။

“ ငါတို့ တည်နေရာကို ... သိပြီ။ ”

ထို့နောက် ကြွက်ဖြူနှင့် စကား အနည်းငယ်ပြောကာ ပြန်ချပေး လိုက်သည်။ ဤတစ်ကြိမ်၌ ကြွက်ဖြူက ရိပ်ခနဲ ပျောက်သွား တော့၏။

“ ဘယ်​​လောက်​တောင် မြန်လိုက်​လဲ ... ။ ”

လင်းယွင်မှ အံ့သြသွားသည်။

“ ဒီနှင်းကျောက်စိမ်း ကြွက်ဖြူက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်၊ သူ့ရဲ့ အရည်အချင်းက အမြန်နှုန်းပဲ၊ မဟာ သူတော်စင် တစ်ပါးတောင် မမီနိုင်ဘူး။ ”

လီဖေးပိုင်က ဂုဏ်ယူစွာ ပြန်ဖြေ၏။

“ အကယ်၍ ... မင်းရဲ့ နတ်ဘုရား အသွေးတော် သစ်သီးကို ရှာဖို့မှ မဟုတ်ရင် ငါ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ”

“ ကျေးဇူး တင်ပါတယ် ... ။ ”

“ ကျေးဇူးတင် နေစရာ မလိုပါဘူး ... ကြည့်မရ ဖြစ်နေရင်တောင် ... ငါ့ကတိကို စောင့်ထိန်းရမယ် ... ။ ”

“ အဟွတ် အဟွတ် ... ။ ”

ပြောပြီးနောက် နဂါးလေးထံ ကြည့်၏။ စောစောက နဂါးလေး ပြောသည်ကို ကြားခဲ့ပုံ ရသဖြင့် လင်းယွန်မှ ချောင်းဟန့်မိသည်။

များမကြာခင် တောင်ကုန်းပေါ်၌ ရပ်နေသော နှင်းကျောက်စိမ်း ကြွက်ဖြူကို မြင်လိုက်ရသည်။

တောက်ကုန်းအောက် ချိုင့်ဝှမ်းထဲတွင် ပန်းမျိုးစုံတို့ ပေါက်ရောက်နေပြီး သူတော်စင် သခင်များစွာ ထိုအရပ်၌ ရှိနေ၏။ မြင့်မြတ်မြေ ငါးပါး ဆုံနေပြီ ဖြစ်သည်။

အချို့သော သူတော်စင်များသည် အလွန်အိုမင်းနေပုံရပြီး သက်တမ်း ကုန်ဆုံးနေ ကြသည်ကို ပြောနိုင်၏။

“ သူတို့ ရင့်မှည့်ချိန်ကို ... စောင့်နေကြပြီ။ ”

လီဖေးပိုင်မှ နှင်းကျောက်စိမ်း ကြွက်ဖြူကို အင်္ကျီလက်ထဲ ပြန်ဝင်စေလျက်မှ ပြောကြား လိုက်သည်။

“ လူတွေ အများကြီးပဲ ... ။ ”

လင်းယွန်က လက်သီးကို ဆုပ်လျက် လေးနက်သော အမူအရာဖြင့် ညည်းတွားလိုက် မိသည်။ အနည်းငယ် ဒုက္ခရောက်နိုင်၏။

မည်သို့ပင် ဆိုစေကာမူ မူလနဂါး မဟာသူတော်စင်အတွက် ဤသစ်သီးကို ရအောင် ယူသွားရပေမည်။

“ ဒါက ဘာမှ မဟုတ်သေးဘူး ... နတ်မီးတောက် ပေါ်လာရင် ဒီထက် ကြီးမားတဲ့ ပရမ်းပတာ အခြေအနေ ဖြစ်လာလိမ့်မယ်၊ ...

... ကောင်းကင် နိမ္ဗာန် နယ်မြေထဲကို ရက်စက် ကြမ်းကြုတ်တဲ့ လူတွေ အများကြီး ဝင်လာကြတယ်။ ”

လီဖေးပိုင်က သူ့ဆံပင်ကို သပ်တင်ကာ ပြုံးလျက် ပြောကြားလာ၏။ လင်းယွန်မှ ၎င်းထံ ပြန်ကြည့်ပြီး၊

“ လူတွေက ငါ့ကို မာနကြီးတယ်လို့ ပြောကြပေမယ့် ငါ့အမြင်အရတော့ မင်းလောက် မောက်မာတဲ့လူ မမြင်ဖူးသေးဘူး။ ”

လင်းယွန်၏ လုပ်စရာ မရှိသဖြင့် စကားစမြည်ပြောရန် ပြင်လိုက်သည်။

“ ဒါကပုံမှန်ပါပဲ ... စိတ်ထဲမထားနဲ့၊ ဒီလောကကြီးမှာ မင်းတစ်သက် ပိုင်ခွင့်မရတဲ့ အရာတွေကို မွေးထဲက ရထားတဲ့ လူတွေ အများကြီး ရှိတယ်။ ”

“ ကောင်းပြီ ... အခု မင်း ထွက်သွားတော့မယ် မဟုတ်လား။ ”

“ ဟမ့် ... ။ ”

လင်းယွန်မှ သူ့ကို နှင်ထုတ်နေသဖြင့် လီဖေးပိုင်က အံ့အားသင့် သွားသည်။

“ မင်းက ထူးဆန်းတယ် ... နတ်ဘုရား အသွေးတော် အသီးအနှံအတွက် ယှဉ်ပြိုင်ဝံ့တဲ့ အမည်ခံ သူတော်စင် တစ်ပါးကို အခုမှ ငါ မြင်ဖူးတော့တယ်၊ ဓားသမားရဲ့ အစွယ်က ကြောက်စရာ ကောင်းလိုက်တာ ...

... ဒါပေမယ့် မင်း သက်ဆိုးရှည်မှာ မဟုတ်ဘူး၊ တစ်ယောက်ယောက် မြင်တာနဲ့ မင်းကို အရင် လာသတ်လိမ့်မယ်၊ အသက် ကိုးချောင်းရှိရင်တောင် ရှင်သန်နိုင်မယ် မထင်ဘူး၊ ...

... ဒါပေမယ့် မင်းက ငါ့အသက်ကို ကယ်ခဲ့တာဆိုတော့ သဘာဝအတိုင်း ပြန်ကူညီ ပေးမယ်၊ ငါက နတ်ဘုရား အသွေးတော် အသီး မလိုဘူး၊ အရွက် နည်းနည်းလောက် ပေးရင် အဆင်ပြေပါတယ်။ ”

လင်းယွန်က စကား ပြန်မပြောဘဲ လီဖေးပိုင်ပြောသည့်စကားကို အလေးအနက် စဉ်းစား နေခဲ့သည်။

( အဟား ... ဒီကောင်က ဟန်ဆောင် ကောင်းတယ်။ )

ခရမ်းငယ်မှ လှောင်ပြောင် ရယ်မော လိုက်၏။ လီဖေးပိုင်က တုန့်ပြန်မှု မရသည့် အပေါ် လျစ်လျူရှုလိုက်ပြီး အနားယူရန် ထိုင်ချလိုက်သည်။

ဤလူကို နားမလည်နိုင်သောကြောင့် လင်းယွန်မှ စဉ်းစားခန်း ဝင်နေဆဲ ဖြစ်သည်။ သုံးရက်အကြာတွင် ကောင်းကင်ပေါ်သို့ ရောင်ခြည်များ ထိုးတက်လာ၏။

ချိုင့်ဝှမ်း အတွင်းရှိ လူတိုင်း မတ်တပ် ထရပ်လာကြသည်။ ထိုဖြစ်စဉ်ကို အဝေးမှပင် ခံစားရသဖြင့် လီဖေးပိုင် သည်လည်း မျက်လုံးဖွင့်ကြည့် လာတော့၏။

“ ပျော်စရာတွေ လာနေပြီ။ ”

***

All Chapters