← Chapters

လက်ခံဖို့ အရည်အချင်းမရှိရင် ဒါက ဒုက္ခခံယူတာနဲ့ အတူတူပဲ ... ။

Vol. 161 Ch. 2244

လက်ခံဖို့ အရည်အချင်းမရှိရင် ဒါက ဒုက္ခခံယူတာနဲ့ အတူတူပဲ ... ။

Vol. 161 Ch. 2244

လီဖေးပိုင်က ပြုံးလျက် တောင်ကုန်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြင်မြတ်မြေမှ မဟုတ်သော သူတော်စင်များစွာ ရှိနေ၏။

“ လူတွေအများကြီး ပါလား။ ”

လင်းယွန်တစ်ယောက် လေးနက်သွားသည်။ အမှောင်ထဲ၌ သူ့ကဲ့သို့ ပုန်းအောင်းနေသူ မည်မျှ ရှိမည် မသိချေ။

“ စိတ်ပူမနေနဲ့ ... ဒါက ဓားသမားရဲ့ ပုံစံမဟုတ်ဘူး ... အခု ကြည့်ရတာ မင်းက အကြွင်းမဲ့ ကောင်းကင် မြို့တော်က လူတွေထက် ပိုဆိုးနေတယ်။ ”

လီဖေးပိုင်က ပြုံးပြီး ပြောသည်။

“ ဓားသမားဆိုတာ မဆိုင်းမတွ ရှေ့တိုးသင့်တယ် ... ။ ”

လင်းယွန်က ထိုစကားများကို ချေပချင်သော်လည်း အဆုံးတွင် ပါးစိပ်ပိတ်ဆဲ ဖြစ်သည်။

“ ငါ မှားလို့လား ... ။ ”

ထိုအမူအရာကြောင့် လီဖေးပိုင်က ပြုံးပြီး၊

“ မင်းကို ငါ သင်ပေးနေတယ်လို့ ထင်နေတာလား။ ”

-ဟု မေးလိုက်သည်။

“ မင်းပြောတာ မှန်ပါတယ်။ ”

လင်းယွန်မှ ရိုးရိုးရှင်းရှင်း ပြန်ဖြေ၏။

“ ဒါဆို ပြေလည်သွားပြီ ... နတ်ဘုရား အသွေးတော် အသီးအနှံရအောင် ငါကူညီမယ်၊ ဒါပေမယ့် အရွက် နည်းနည်းတော့ပေး ... မင်းရဲ့ ကျင့်ကြံမှုက အားနည်းနေတော့ မင်းသွားရင် သေသွားနိုင်တယ်၊ ...

... တိုက်ပွဲဖြစ်တဲ့ အခါ ... သွေးမြစ်က သူတော်စင်တွေကိုတောင် မျောပါစေလိမ့်မယ်၊ တတိယ အဆင့် သူတော်စင် သခင်တောင် ချွင်းချက် မရှိဘဲ။ ”

“ ကောင်းပြီ ... မင်းကို ငြင်းဖို့ အကြောင်းပြချက် မရှိဘူး။ ”

တစ်စုံ တစ်ယောက်သည် ကူညီရန် ဆန္ဒရှိသည့်အတွက် သဘာဝအတိုင်း ငြင်းမည် မဟုတ်ချေ။

သူတို့ စကားပြောနေစဉ် အပြာရောင် အလင်းတန်းများ ကောင်းကင်ပေါ် ထိုးတက် သွားသည်။

“ ​​ရောင်​ခြည်​​တော် နှစ်ပါး၊ ဒီနတ်ဘုရား အသွေးတော် သစ်သီးရဲ့ ... အရည်အသွေးက မြင့်မားပုံပဲ။ ”

“ ဒီဖြစ်စဉ်ကို ကြည့်ရတာ ... တတိယ အလင်းတန်းလာဦးမယ် ထင်တယ်၊ အနည်းဆုံး ရောင်ခြည်တော် ငါးပါးလောက် လင်းလိမ့်မယ်။ ”

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... မြေခွေးအိုကြီးတွေ အများကြီး ထွက်လာမှာကို ငါ ကြောက်မိတယ်။ ”

ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အချင်းချင်း ဆွေးနွေးနေစဉ် အဖြူရောင် အလင်းများ ဖြာကျလာပြန်၏။

“ သခင်လေး ... ဒီနတ်ဘုရား အသွေးတော် အသီးက အဆင့်မြင့်လိမ့်မယ်။ ”

မင်ဂိုဏ်း၏ အဖိုးအို တစ်ယောက်က ဟွာကျင်းယွီဘက်သို့ လှည့်ကာ ပြောကြားလိုက် လေသည်။

ဟွာကျင်းယွီက ငြိမ်သက်စွာ တွေးတောနေ၏။ ဤအဆင့် ရတနာဟူသည် ရှားပါးပြီး နတ်မီးတောက်ကို မရရှိခဲ့ လျှင်ပင် ဤခရီးအတွက် ထိုက်တန်မည် ဖြစ်သည်။

“ ဒီသစ်သီးကို ရဖို့ လွယ်မယ် မထင်ဘူး။ ”

သူကဲ့သို့ မာနကြီးသူ တစ်ဦးပင် ဤနတ်ဘုရား အသွေးတော် အသီးကို ရရှိရန် ယုံကြည်မှု မရှိချေ။

ထိုအချိန်တွင် အနန္တ လျှပ်စီးဂိုဏ်နှင့် ကောင်းကင်မီးလျှံဂိုဏ်းမှ သူ့ထံသို့ ဦးတည်လာ လေသည်။ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်နှင့် လျူယွင်လန်မှ ဦးဆောင်၏။

မင်ဂိုဏ်းသည် ယခုအချိန်၌ အရှေ့ဘက် ပျက်စီးမြေမှ မြင့်မြတ်မြေငါးပါး၏ ခေါင်းဆောင် ဖြစ်လာသည်။

“ မင်းတို့ နှစ်ယောက်က ငါနဲ့ အတူတူ လုပ်ဆောင်ဖို့ အတွေးအမြင် ရှိရမယ်။ ”

ဟွာကျင်းယွီက ကောင်းကင်ဘုံ သူတော်စင်သခင်နှင့် လျူယွင်လန်ကို ပြုံးပြီး မေးလိုက်သည်။

သူတို့သည် အသက်တစ်ရာကျော်ပြီ ဖြစ်သောကြောင့် အချင်းချင်း သိနေခဲ့သည်မှာ အချိန်အတော်ကြာချေပြီ။

“ ငါတို့ရဲ့ အရည်အချင်းပေါ် မူတည်ပြီး ဘယ်သူက ရယူနိုင်မလဲ ဆိုတာ ကြည့်ရအောင် ဘယ်သူမဆို ရယူလိုရင် ... ငါတို့ သုံးဖွဲ့ကို ဖြတ်ကျော်ရမယ်။ ”

“ ကောင်းပြီ ... ။ ”

“ သဘောတူတယ်။ ”

ဟွာကျင်းယွီ စကားကို ခေါင်းညိမ့်ပြကြ၏။

“ တစ်ခုရှိသေးတယ် ဘယ်သူရရ ကျန်တဲ့နှစ်ယောက်ကို လျော်ကြေးပေးရမယ်။ ”

လျူယွင်လန်မှ တောင်းဆို လိုက်၏။ ဟွာကျင်းယွီက ခဏတဖြုတ် တုံ့ဆိုင်းနေပြီး၊

“ ကောင်းပြီ ... ။ ”

-ဟု သဘောတူ လေသည်။

“ ဂုဏ်ယူပါတယ် ... ငါတို့ သုံးယောက် လက်တွဲပြီးမှတော့ နတ်ဘုရား အသွေးတော်ကို ဘယ်သူ ယူနိုင်မှာလဲ။ ”

“ ငါတို့လမ်းမှာ ရပ်ရဲတဲ့လူကို သတ် ... ။ ”

လက်တွဲပြီးနောက် စိတ်ဓာတ်များ မြင့်မားလာပြီး သူတို့ဘေးနားမှ အခြားသော လူများကိုပင် ခြိမ်းခြောက် လိုက်ကြ၏။

သို့သော် အမှောင်ထဲ၌ သူတို့ကို လှောင်ပြောင်နေသူ များစွာ ရှိနေခဲ့သေးသည်။

“ သခင်ငယ် ဝူရှောင် ... ဒီကောင်တွေ သုံးယောက်နဲ့ ... ငါတို့ ဘာဆက်လုပ်ရမလဲ ... ။ ”

နတ်တာအို ခန်းမ၏ သူတော်စင် အကြီးအကဲက မျက်မှောင်ကြုတ်ပြီး စိုးရိမ် နေခဲ့သည်။

“ ငါတို့ ယှဉ်ပြိုင်မယ် ... ကြောက်စရာ မလိုဘူး။ ”

မြင့်မြတ်မြေ တစ်ပါး အနေဖြင့် နတ်တာအိုခန်းမသည် ဝိညာဉ်ရေးရာ ရူရ်များ၌ ကျော်ကြားမှု ရှိသည်။ သို့သော် ကျိကျစ်ရှီ မရှိ သည်မှာ နှမျောစရာ ပေပင်။ မဟုတ်သော် လက်တွဲပြီး ဖြေရှင်းနိုင်၏။

ကျိကျစ်ရှီ တစ်ယောက် မည်သည့် အရပ်သို့ ရောက်နေမှန်း မသိချေ။ နတ်မီးလျှံထံ သွားနေပုံ ရသည်။

နတ်ဖီးနစ်တောင်သည် နတ်ဘုရား အသွေးတော် သစ်သီးထက် မီးတောက်ကို ပို၍ အလေးထားသည်။ အဆုံးတွင် ၎င်းတို့သည် ဖီးနစ်သွေးသားကို နှိုးဆွနိုင်၏။

လူတိုင်း စိတ်မသက်မသာ ခံစားနေရစဉ် အလင်းတန်းတစ်ခု ကောင်းကင်ပေါ် ထိုးတက် သွားပြန်သည်။

များမကြာမီ ရောင်ခြည်တော် ခုနစ်ပါး ဆုံသွားပြီဖြစ်၏။ ရောင်ခြည်တော် ရင်းမြစ်တွင် အဆုံးမရှိသော သူတော်စင် ရောင်ဝါများဖြင့် ပြည့်လျှံနေသည်။

အကန့်အသတ် မရှိသော အသက် စွမ်းအားများ မြေပြင်မှ လွင့်ထွက်လာကာ လူတိုင်း ရွှင်လန်းကုန်၏။

အသက်ပြင်းပြင်း ရှူလိုက်ရုံဖြင့် အကျိုး ကျေးဇူးများစွာ ရရှိပြီး သက်တမ်း ကုန်နေသော အဖိုးအိုအချို့မှာ ပြန်လည် နုပျိုလာသည်။

“ ခုနစ်ရောင် နတ်သွေး သစ်သီး။ ”

“ ဒီသစ်သီးက သက်တမ်းကို အနှစ်ခုနစ်ရာ အထိ ရှည်စေနိုင်တယ်။ ”

စိတ်လှုပ်ရှားစွာဖြင့် လူတိုင်း ရူးသွပ် ကုန်သည်။ အသွေးတော် သစ်သီး၏ ရောင်ခြည် တော်သည် မိုင်တစ်ထောင် အချင်းဝက်ကို ဖုံးလွှမ်းသွား၏။

အရွက်ခုနစ်ရွက် ပါရှိပြီး လက်သီးဆုပ် အရွယ် အသီးတစ်လုံး ပေပင်။ အရွက်များတွင် သူတော်စင် ရူရ်များ ပါရှိ၏။

တန်ခိုးကြီးသော ရောင်ခြည်တော်များ ထွန်းလင်းလာသောအခါ ဝိညာဉ် မိုးရေစက်များ တဖျောက်ဖျောက် ရွာကျလာသည်။

အကန့်အသတ်မရှိသော သူတော်စင် ရောင်ဝါသည် အဝေးရှိ လင်းယွန် ခန္ဓာကိုယ်ထဲ ကိုပင် ဝင်ရောက်လာ၏။

“ ဒီမိုးက လူတော်တော် များများရဲ့ ကျင့်ကြံမှုကို တိုးတက်စေနိုင်တယ်။ ”

အကယ်၍သာ အတိတ်ဖြစ်ခဲ့သော် ဤမိုးသည် ကြီးစွာသော ကုသိုလ်ကံနှင့် ညီမျှ ပေမည်။ ယခုမူ နတ်ဘုရား အသွေးတော် သစ်သီးနှင့် ယှဉ်နေသဖြင့် မည်သူမျှ စိတ်မဝင်စားချေ။

“ ဝှစ် ... ။ ”

ထိုစဉ် လူဆယ်ယောက် နတ်ဘုရား အသွေးတော် သစ်သီးထံ ပျံသန်း သွားတော့ သည်။

၎င်းတို့က ကြောက်မက်ဖွယ် ကောင်းလွန်းသော သူတော်စင် ရောင်ခြည်များ ထုတ်လွှတ်ထား၏။

“ ဒီမှာနေပါ ... ငါမင်းအတွက် သစ်သီး ယူပေးမယ်။ ”

လီဖေးပိုင်က ချက်ချင်း ပျောက်ကွယ် သွားလေသည်။ တောက်ကုန်းအောက်မှ လွင့်ပျံ လာသော ရောင်ဝါသည် နားထဲ၌ တဝုန်းဝုန်း ပဲ့တင်ထပ်နေ၏။ မိုးခြိမ်းသံ အလား ပေပင်။

ဤဖိအား အောက်တွင် ပထမအဆင့် သူတော်စင်သခင် ပင်လျှင် လမ်းလျှောက်ရန် ရုန်းကန်ရပေမည်။

တိုက်ပွဲက သွေးထွက်သံယို ဖြစ်ပြီး ကောင်းကင်တာအို ဂိုဏ်း၏ (၉)ရက်နေ့ မြင်ကွင်းကို ပြန်သတိရစေ၏။

အရက်စက်ဆုံး လူများမှာ အထူးသဖြင့် သက်တမ်း သိပ်မကျန်တော့သော သူတော်စင် သခင်များ ဖြစ်ချေပြီ။ ၎င်းတို့သည် အသက်နှင့် ဘဝကို ရင်းထားကြ၏။

“ လင်းယွန် ... သူ ရနိုင်မယ်ထင်လား။ ”

ခရမ်းငယ်မှ မေးလာသည်။

“ သူဟာ လီမိသားစုဝင်ပဲ ... ဝှက်ဖဲတွေ ရှိမှာပါ။ ”

သူတော်စင်သခင် တစ်ပါးက နတ်ဘုရား အသွေးတော် သစ်သီးကို ဆုပ်ကိုင်လိုက်သော အခါ ခုနစ်ရောင်အဆင်း ကွဲအက်သွားပြီး သိုင်း ရည်ရွယ်ချက် (၇)ပါး ထွက်လာ၏။

၎င်းက ထိုသူတော်စင် သခင်ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်သဖြင့် လူတိုင်း ထိတ်လန့်စွာ ရှောင်တိမ်းတော့သည်။

သူတော်စင် အများအပြားသည် မျက်စိအောက်၌ပင် အသက် သေဆုံးနေခဲ့၏။ သို့သော်လည်း တွန့်ဆုတ်ခြင်း မရှိကြချေ။

တိုက်ပွဲသည် ဖရိုဖရဲ ဖြစ်လွန်းပြီး ဦးစွာ လှုပ်ရှားသည့် အဖိုးအို(၁၀)ဦးက လူတိုင်းကို သတ်ဖြတ်တော့၏။ နာရီဝက် အတွင်း အသေ အပျောက် ဦးရေတိုးလာခဲ့သည်။

“ အခွင့်အရေး မရှိမှန်း သိပေမယ့် ဒီဖားအိုကြီး တစ်သိုက်က ရောက်လာတုန်းပဲ၊ သူတို့ရဲ့ သေခြင်းတရားကို စာလုံးပေါင်း သင်ပေးရအောင်။ ”

ဟွာကျင်းယွီက ဤမြင်ကွင်းကို မြင်သောအခါ လှောင်ပြောင် မှတ်ချက်ပေး လိုက်သည်။

“ ငါတို့ လှုပ်ရှားဖို့ အချိန်ကျပြီ။ ”

“ ကံကြမ္မာကို လက်ခံနိုင်စွမ်း မရှိရင် ဒုက္ခတောင်းတာနဲ့ အတူတူပဲ ... သခင်ငယ်က လွဲလို့ ... ဘယ်သူမှ ဒီသစ်သီကို ပိုင်ဆိုင်ဖို့ အခွင့်အရေး မရှိဘူး။ ”

“ ကံကြမ္မာက ငါတို့ဘက်မှာ ရှိတယ်။ ”

“ ကံကြမ္မာက ငါတို့ဘက်မှာ ရှိတယ်။ ”

“ ကံကြမ္မာက ငါတို့ဘက်မှာ ရှိတယ်။ ”

ဘေးနားရှိ မင်-ဂိုဏ်း၏ သူတော်စင် အကြီးအကဲများက မြှောက်ပင့် ပေးလာတော့ သည်။

***

All Chapters