← Chapters

အုပ်စိုးရှင် နက္ခတ်။

Vol. 161 Ch. 2246

အုပ်စိုးရှင် နက္ခတ်။

Vol. 161 Ch. 2246

လီဖေးပိုင်က ကြာပန်းပေါ် ရပ်နေသည်။ လူတိုင်း လိုချင် တောင့်တခဲ့သော နတ်သွေး သစ်သီးက သူ့လက်ထဲတွင် ရှိ၏။

ဟွာကျင်းယွီက သဘာဝအတိုင်း ဒေါသ ထွက်နေပြီး မျက်နှာသွင်ပြင်မှာ ကြောက်ခမန်း လိလိ နက်မှောင်လာသည်။

“ နဂါး ကျောက်စိမ်း မီးလျှံကြာပန်း ... ဒီလူဟာ ဧကရာဇ် မျိုးနွယ်စုရှစ်ပါး လီမျိုးနွယ် ကနေ ... ဆင်းသက်လာသူ မဟုတ်လား။ ”

လျူယွင်လန်က သတိ ကြီးကြီးနှင့် ညည်းတွားလိုက်၏။ သူသည် ယခင် အကြွင်းမဲ့ ကောင်းကင် မြို့တော်မှ ပါရမီရှင်နှင့် ဆုံတွေ့ ခဲ့ရပြီး ယခုအခါ လီမျိုးရိုး ဖြစ်၏။

ထို့ကြောင့် သူ့လေသံတွင် ယုံကြည်မှု မရှိတော့သည်မှာ သဘာဝ ပေပင်။ အဆုံးတွင် ဧကရာဇ် မျိုးနွယ်စု ရှစ်စုသည် အလွန် တန်ခိုးကြီး၏။

မြင့်မြတ်မြေ အနည်းငယ် သည်သာ ၎င်းတို့ကို ရင်ဆိုင်နိုင်ပေမည်။ ဆိုလိုသည်မှာ ဧကရာဇ် မျိုးနွယ်စု ရှစ်စုသည် သူတို့ကို မကြောက်ချေ။

“ မင်း ... ဘယ်သူလဲ၊ ငါ့ရဲ့ နတ်သွေး အသီးအနှံကို လုယူဖို့ ဘယ်လိုများ သတ္တိရှိလဲ။ ”

ဟွာကျင်းယွီက အေးစက်စွာ ကြည့်ပြီး မေးလိုက်သည်။ သူ့မျက်လုံးများ၌ မနာလိုမှုများ ပါရှိနေ၏။

ဤပုဂ္ဂိုလ်၏ လက္ခဏာကို အကြမ်းဖျင်း ခန့်မှန်းနိုင်သော်လည်း လက်ရှိအရပ်ဒေသသည် ကောင်းကင်နိမ္ဗာန် နယ်မြေ ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်မျိုးနွယ်စု ရှစ်စုမှ ဆင်းသက်လာလျှင်ပင် ကြောက်ရွံ့နေမည် မဟုတ်ချေ။

“ လီ ဖေး ပိုင် ... ။ ”

လီဖေးပိုင်က မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်၏။

“ ကောင်းပြီ အစ်ကိုလီ ... ၊ နတ်သွေး သစ်သီးက မင်းပိုင်သင့်တဲ့ အရာ မဟုတ်ဘူး၊ မင်းရဲ့ အထောက် အထားက အသုံးမဝင် သေးပါဘူး။ ”

-ဟု ဟွာကျင်းယွီမှ ပြန်ပြောလိုက်၏။

“ ပြောတာ ကောင်းတယ် ... မင်းပြန်လိုချင်ရင် လာယူ။ ”

လီဖေးပိုင်က ငြင်းခုန်ခြင်း မပြုဘဲ ပြုံးပြီး လက်ကို ဝှေ့ယမ်းလိုက်သော အခါ ပန်းပွင့်များ ပြန့်ကျဲသွား၏။

ပွင့်ချပ်တစ်ချပ်စီသည် မီးနဂါးအဖြစ် ထင်ရှားပြီး အရေအတွက် ရာနှင့်ချီ ထွက်ပေါ် လာလေသည်။

မီးနဂါးတိုင်းသည် အထွတ်အထိပ် ဒုတိယအဆင့် သူတော်စင် သခင်နှင့် နှိုင်းယှဉ် နိုင်၏။

“ ဖျစ် ... ။ ”

ဤသို့သော် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းအောက်တွင် လျှပ်စီးများ ကောင်းကင် အပြည့် လောင်ကျွမ်းကုန်သည်။

“ အား ... ။ ”

မြင့်မြတ်မြေသုံးပါးမှာ ချက်ချင်း ဖရိုဖရဲ ဖြစ်လာပြီး ပထမအဆင့် သူတော်စင် သခင်များ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား၏။

“ ကစားပွဲ စပြီ။ ”

နတ်သွေး သစ်သီးကို သိမ်းဆည်းကာ ပရမ်းပတာ အခြေအနေ ကြားမှ လီဖေးပိုင်က ပြေးထွက်သွားသည်။

“ သူ့ကို တား ... ။ ”

မင်ဂိုဏ်း၏ ဒုတိယအဆင့် သူတော်စင် သခင်သုံးပါးက လီဖေးပိုင် ဆုတ်ခွာရာ လမ်းပေါ် ပြေးပိတ်တော့၏။

လီဖေးပိုင် နှုတ်ခမ်း ထောင့်စွန်းတွင် အထင်အမြင် သေးမှုဖြင့် လှောင်ပြုံးထွက်ပေါ် လာသည်။

ထို့နောက် လျှပ်စီး မီးလျှံများ ဖုံးလွှမ်းနေသည့် လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်၏။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

လက်သီးများက သူတော်စင် သခင် သုံးပါး၏ ရေမှုန်ရောင်ဝါကို ခွဲပစ်သည်။ သုံးယောက်သား သွေးအန်လျက် လွင့်ပျံ သွားတော့၏။

“ ဟား ဟား ဟား ... ။ ”

လီဖေးပိုင်က ရယ်မောလျက် ဆက်လက် ပြေးလွှားခဲ့သည်။ သို့သော် သူတော်စင် သခင် အများအပြားက လိုက်ပါလာမြဲ ဖြစ်၏။

မြင့်မြတ်မြေ သုံးပါး လက်မှ ယာယီ လွတ်မြောက်ခဲ့သော်မှ လူတိုင်း၏ ပစ်မှတ် ဖြစ်လာတော့သည်။

“ နောက်ဆုံးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ။ ”

လီဖေးပိုင်မှ မကြောက်ချေ။ တစ်ကိုယ်လုံး နဂါးရောင်ဝါများ ပျံ့နှံ့လာကာ မီးတောက်များ ဖုံးလွှမ်းနေခဲ့၏။

သူ့ရွေ့လျားမှု နည်းစနစ်သည် ထူးထူးခြားခြားဖြစ်ပြီး ပုံရိပ်တစ်ရာ နီးပါးကို ချန်ထားပစ်သည်။

အစစ်အမှန်ကို ခွဲခြားရန် ခက်ခဲပြီး ရှုပ်ထွေးသွားစေ၏။ ထို့နောက် လက်သီးများက မိုးကုပ်စက်ဝိုင်းကို ဖြတ်၍ ဥက္ကာခဲများကဲ့သို့ ဖြတ်ကျ လာသည်။

“ ဝှီး ... ။ ”

လီဖေးပိုင်ထံမှ ထွက်လာသော ရောင်ဝါများသည် ကြာပန်းများ အဖြစ် ပြောင်းလဲကာ ပြေးထွက်လာသည်။

“ ဒီကောင် အရည်အချင်း ရှိတယ် ... မာနကြီးတာ အံ့သြစရာ မရှိတော့ပါဘူး။ ”

လင်းယွန်ဘေးတွင် ရပ်လျက် ခရမ်းငယ်မှ မှတ်ချက်ပေး လိုက်သည်။

“ ဒါက ဘယ်လို လက်သီး နည်းစနစ်လဲ။ ”

လင်းယွန်က မေးမိသည်။ လီဖေးပိုင် သုံးနေသော လက်သီး နည်းစနစ်၏ စွမ်းအား များသည် အဓိပတိ နဂါး လက်သီးကို ယှဉ်နိုင်၏။

အမြန်နှုန်းသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားသော အခါ သူတော်စင် သခင်ကို သတ်နိုင်ပေမည်။

သူ့လက်သီး နည်းစနစ်သည် မီးကို အဓိကအာရုံစိုက်ကာ အရှိန်ဖြင့် အသုံးပြုရခြင်း ဖြစ်၏။ ၎င်းက အံ့ဖွယ်ကောင်းသော အကျိုး သက်ရောက်မှုကို ရရှိစေသည်။

“ ဒါက ကောင်းကင် ပိတ်လှောင်ခြင်း အလင်း လက်သီးပဲ၊ သူ့ကို လေ့ကျင့်ဖို့ မဟာ တာအိုကိုးပါးနဲ့ ... အုပ်စိုးရှင် တာအို တစ်ပါး ကျွမ်းကျင်ဖို့ လိုတယ် ... အရမ်း ရှုပ်ထွေးတဲ့ နည်းစနစ်ပဲ။ ”

ခရမ်းငယ်မှ ရှင်းပြသည်။

“ ဒါတွေအပြင် ... လေ့ကျင့်ဖို့အတွက် ရွေ့လျားမှုပညာနဲ့ ကျင့်ကြံမှု နည်းစနစ်လည်း လိုသေးတယ်၊ ဒါကြောင့် ဒီလက်သီးပညာရပ်ကို လူအတော် များများက ... မကျင့်သုံးကြတော့လို့ ပျောက်ကွယ် သွားခဲ့တာ ကြာနေပြီ ...

... သူ့မှာ အသုံး မချရသေးတဲ့ ဝှက်ဖဲတွေရှိနိုင်သေးတယ် ဒါပေမယ့် ဒီခွန်အား လောက်နဲ့ နတ်သွေးသစ်သီး ရနိုင်ပါ့မလား။ ”

ခရမ်းငယ် မေးခွန်းကြောင့် လင်းယွန်မှ မေးစေ့ကို ကိုင်လိုက်ပြီး၊

“ ဒါပြဿနာပဲ ... လူတွေ ငါ့ကို လိမ်ရင် အရမ်းမုန်းတယ်၊ သူပေးတဲ့ ကတိ တည်နိုင်ဖို့ မျှော်လင့်ပါတယ်။ ”

-ဟု ပြန်လည် ပြောကြားလိုက်သည်။

“ ကျင်းယွီ ... ဒီလူဟာ လီမိသားစုရဲ့ အထက်တန်းစား တပည့်ပဲ။ ”

လျူယွင်လန်က အတည်ပြု နိုင်ခဲ့သည်။

“ ငါတို့ သူ့ကို မသတ်ဝံ့ဘူး ဆိုတာ ... ဒီလူသိတယ် ... အဲ့ဒါကြောင့် သူ မောက်မာ ဝံ့တာ။ ”

ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က လီဖေးပိုင်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လျက် သုံးသပ်လာ၏။

သန်မာပြီး ဒုက္ခပေးသော ရန်သူ ဖြစ်သောကြောင့် ခေါင်းကိုက်လှ၏။ သူတော်စင် များစွာ စေလွှတ်ထားသော်လည်း ခက်ခဲနေ သေးသည်။

ကန့်သတ်ချက်များကြောင့် အများစုမှာ စတုတ္ထအဆင့် သူတော်စင် သခင်များ ကိုသာ စေလွှတ်နိုင်ကြ၏။

စတုတ္ထအဆင့် အထက် ကျွမ်းကျင်သူ များသည် အင်အားစုတိုင်းတွင် တစ်ယောက် တစ်လေမျှသာရှိပြီး စွန့်စားလိုခြင်း မရှိကြချေ။

၎င်းတို့သည် နတ်မီးတောက် အတွက်သာ လှုပ်ရှားမည် ဖြစ်၏။ အမှောင်ထဲ၌ စောင့်ကြည့် နေသည့် ပြိုင်ဘက်များ ရှိချေပြီ။

“ ငါတို့ လှုပ်ရှားသင့်လား ... ။ ”

ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်လျက် အကြံပြုသည်။

စတုတ္ထအဆင့် သူတော်စင် သခင်များကို စေလွှတ် သင့်သည်လောဟု အတွေးများဝင်လာ ခဲ့၏။

သို့သော် ၎င်းတို့သည် ဝှက်ဖဲများ ဖြစ်ပြီး တစ်ဖက်လူ အပေါ် မတော်တဆ သတ်မိမည်ကို စိုးရိမ်ချေပြီ။

ဟွာကျင်းယွီက ခေါင်းယမ်း လိုက်သည်။ များမကြာခင် လှောင်ပြောင်လိုသော အပြုံးဖြင့်၊

“ နတ်သွေး သစ်သီးနဲ့ ... ထွက်သွားဖို့ ဆိုတာ သိပ်တော့ မလွယ်ပါဘူး ... စောင့်ကြည့် ရအောင်။ ”

-ဟု ပြန်လည် ပြောကြားလိုက်သည်။

“ ဝှစ် ... ။ ”

ထိုစဉ် ရုတ်တရက် အန္တရာယ်ရှိသည့် ရောင်ဝါကို ခံစားမိသောကြောင့် လီဖေးပိုင်က ချက်ချင် ရှောင်တိမ်းတော့၏။

မူလ သူရပ်နေသော အရပ်တွင် မီးတောက်များက အပေါက်များအဖြစ် လောင်ကျွမ်း လာသည်။

၎င်းအနားရှိ သူတော်စင် သခင်သည် မီးလျှံများ ကူးစက်ကာ သူတော်စင် စွမ်းအင်များ လောင်ကျွမ်း ခံလိုက်ရ၏။

“ ဂျိန်း ... ။ ”

ထို့ကြောင့် အချိန်တိုအတွင်း မြေပြင်၌ အလောင်းများ ပြန့်ကျဲ ကုန်လေသည်။ ထိုစဉ် ကောင်းကင်မှ မိုးကြိုးတစ်ခု ဆင်းသက် လာပြန်၏။

“ ဘယ်​​လောက်​ မြန်​လဲ ... ။ ”

လီဖေးပိုင်းက အစွမ်းကုန် ရှောင်တိမ်းလျက် ထိတ်လန့်သွားသည်။ ဤသည်မှာ အနန္တလျှပ်စီး ဂိုဏ်း၏ သူတော်စင် အကြီးအကဲ ဖြစ်၏။

တတိယ အဆင့် သူတော်စင်သခင် တစ်ပါးဖြစ်ပြီး အခြားသော သူတော်စင်သခင် များထက် သန်မာချေပြီ။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ကောင်းကင် မီးလျှံဂိုဏ်း၏ သူတော်စင် အကြီးအကဲမှ လက်ဝှေ့ရမ်းလိုက်ရာ မီးလျှံများ လျှံတက်လာသည်။

မင်ဂိုဏ်း၏ သူတော်စင် အကြီးအကဲ သည်လည်း ၎င်းနှင့်အတူ ဝင်ရောက် လာချေပြီ။ ထိုမြင်ကွင်းကြောင့် လီဖေးပိုင်က နည်းလမ်း မျိုးစုံဖြင့် ရှောင်တိမ်း လိုက်ရ၏။

ကောင်းကင်အလွှာတစ်ခု ပြိုကျလု နီးပါး ဖြစ်လာသည်။ ကြောက်စရာ အကောင်းဆုံးမှာ အနန္တလျှပ်စီး ဂိုဏ်း၏ သူတော်စင် အကြီးအကဲ ဖြစ်၏။

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

၎င်းကလက်ကိုဝှေ့ယမ်းကာ သံကြိုး ကိုးချောင်းဖြင့် လျှပ်စီးသံတိုင်များ ဖန်တီးလိုက် လေသည်။

လီဖေးပိုင် တစ်ယောက် ရှိရာအရပ်တွင် ချက်ချင်း ကန့်သတ်ခံလိုက်ရ၏။ ဤသည်မှာ တတိယအဆင့် သူတော်စင်သခင် သုံးပါး လက်တွဲ လှုပ်ရှားလာခြင်း ဖြစ်သည်။

ယင်းကို မြင်သူတိုင်း အသက်ရှုကြပ် သွားတော့၏။ အဆုံး၌ သူတော်စင် အကြီးအကဲ သုံးပါးသည် မြင့်မြတ်မြေ သုံးပါးကို ကိုယ်စားပြုချေပြီ။

“ သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

“ မြင့်မြတ်မြေ သုံးပါးက ... သူ့ကို မသတ်ဝံ့ပေမယ့် နတ်သွေး သစ်သီးကို လွှဲအပ်ဖို့ ဖိအားပေးနိုင်တယ်။ ”

“ ဧကရာဇ်မျိုးနွယ်စု ရှစ်ခုရဲ့ အနွယ် ဖွားတွေက ထူးကဲတယ်၊ သူ ကိုကြည့်ပါလား၊ ပထမအဆင့် သူတော်စင်သခင် ဖြစ်ပေမယ့် အထွတ်အထိပ် တတိယအဆင့် သူတော်စင် သခင်သုံးပါး လှုပ်ရှားနေရပြီ။ ”

“ ဒီမှာ ပြီးသွားပြီ ... နတ်သွေး သစ်သီးက မြင့်မြတ်မြေ သုံးပါးလက်ထဲ ပြန်ရောက်သွားပြီ အဆုံးသတ်ပဲ။ ”

လူတိုင်းက သက်ပြင်းချ လိုက်ကြသည်။ ခရမ်းငယ်က လင်းယွန်ထံ လှည့်ကြည့်တော့၏။ လင်းယွန်မှ ခေါင်းယမ်းပြကာ၊

“ သူ့မှာ ဝှက်ဖဲတွေ ရှိသင့်သေးတယ်။ ”

-ဟု ငြင်းဆန်လိုက်သည်။

မြေပြင်ပေါ်ရှိ မီးတောက်များသည် သမုဒ္ဒရာနှင့်တူနေ၏။ လျှပ်စီး အလင်းများက ဆုတ်ခွာရာ လမ်းကို တံဆိပ်ခတ်ထားကာ၊ ယင်ယန် သလင်းကျောက်က ကောင်းကင်မှ စောင့်ကြည့်နေ၏။

ဟွာကျင်းယွီက ပြုံးပြီး၊

“ လောကကြီးက တရားမျှတမှု မရှိဘူး၊ ညီအစ်ကိုလီ ငါတို့က အရေအတွက်နဲ့ အနိုင်ယူ နိုင်ခဲ့တဲ့အတွက် အပြစ် မမြင်ပါနဲ့၊ မင်းအတွက် နတ်သစ်ရွက် (၂)ရွက်ယူပြီး ... နတ်သွေး သစ်သီးကို နာခံစွာ အပ်နှံပါ ... ။ ”

-ဟု လှမ်းပြောလိုက်သည်။

“ စိတ်မကောင်း ပါဘူး ... နတ်သွေး သစ်သီးကို ... သွားယူလာ ပေးမယ်လို့ ... တစ်စုံ တစ်ယောက် အပေါ် ... ငါကတိပေးမိခဲ့တယ်၊ မဟုတ်ရင် မင်းရဲ့ တောင်းဆိုချက်က လက်ခံနိုင်စရာပါ။ ”

“ ကောင်းပြီ ... မင်းမှာ တခြား ဝှက်ဖဲတွေ ရှိသေးလား ငါကြည့်မယ်။ ”

ဟွာကင်းယွီက ပြုံး၏။

“ ဒီနည်းလမ်းနဲ့ ငါ့ကို ဖမ်းလို့ရမယ် ထင်နေတာလား ... နုံအလွန်းတယ် ဧကရာဇ် မျိုးနွယ်စု ရှစ်စုရဲ့ ... အုတ်မြစ် ဘယ်လောက် ကြောက်စရာ ကောင်းလဲ ... ငါပြမယ်။ ”

စကားဆုံးသည်နှင့် သူ့နောက်၌ နက္ခတ် ပွင့်လာသည်။ မီးပင်လယ်မှာ မီးရှူးမီးပန်းများ ကဲ့သို့ ပေါက်ကွဲသွားတော့၏။

လူတိုင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်စွာဖြင့် ထိုနက္ခတ်ထံ ငေးမော လိုက်မိသည်။ ဤသည်မှာ အုပ်စိုးရှင် နက္ခတ် ဖြစ်ချေ၏။

***

All Chapters