← Chapters

မင်း ဘယ်သူလဲ။

Vol. 161 Ch. 2247

မင်း ဘယ်သူလဲ။

Vol. 161 Ch. 2247

နက္ခတ်ပွင့်သွားသောအခါ ရွှေရောင် အဆင်းသဏ္ဍာန်များ လျှံထွက်လာကာ မီးလျှံ အားလုံးကို ချေမှုန်းပစ် လိုက်သည်။

တောင်ထိပ်ပေါ်တွင် ကြည်ပြာရောင် ကြာပန်းတစ်ပွင့် ပါရှိသော ရွှေပင်လယ်ကြီး ဖြစ်သည်။

လက်ကို ဝှေ့ယမ်းလိုက်သော အခါ လျှပ်စီးတိုင်များ လျင်မြန်စွာ ကျိုးကျကုန်ပြီး ပျောက်ကွယ်သွား၏။

“ ထာဝရ မိုးပြာကြာပန်း ... ။ ”

မိုးပြာရောင် ကြာပန်းက အလင်းတန်း ပစ်လွှတ်ကာ ယင်-ယန် ပန်းချီကားချပ်ကို ကွဲအက်သွားစေသည်။

စက္ကန့်ပိုင်း အတွင်း သူတော်စင် သခင် သုံးပါး ကန့်သတ်ထားသော ဧရိယာ ပွင့်သွား ခဲ့၏။

လီဖေးပိုင်က မြေပြင်ပေါ် ဆင်းသက်စဉ် ကြောက်မက်ဖွယ်ရာ အငွေ့အသက် ဖိအားများ သက်ရောက် လာတော့သည်။

ခြေထောက်များက မြေပြင်နှင့် ထိလိုက်သောအခါ လူတိုင်း ထိုဖိအားကြောင့် မြေပြင်ပေါ် လဲကျသွား၏။

အုပ်စိုးရှင် နက္ခတ်များ အကြောင်း ကြားဖူးကြသော်လည်း အများစုမှာ မမြင်ဖူး ကြချေ။

ဟွာကျင်းယွီတို့ သုံးဦးက မြေပြင်ပေါ် ပြန်လည် ဆင်းသက်လာကြသည်။ ခွန်လွန်တွင် အုပ်စိုးရှင် နက္ခတ်တစ်လုံး ပိုင်ရန် မဖြစ်နိုင် သလောက်ပေပင်။

“ အုပ်စိုးရှင် နက္ခတ်ကို မြင်တာတောင် မင်းတို့က ဘာလို့ ဒူးထောက် မနေတာလဲ။ ”

မျက်လုံးများမှ ရွှေရောင်အဆင်းများ ဖြာကျလျက် လီဖေးပိုင်မှ ငေါက်ငမ်းလိုက်၏။ ဤအခိုက်တွင် သူသည် နတ်ဘုရား တစ်ပါး ဖြစ်ပြီး မည်သူမျှ တိုက်ရိုက် မကြည့်ဝံ့ချေ။

ခမ်းနားထည်ဝါသော ရောင်ဝါများ သိုင်းခြုံထားချေ၏။ လင်းယွန် သည်ပင် အံ့ဩမိ လေသည်။

“ ကောင်းကင် သင်္ချိုင်းနဲ့ ယှဉ်ရင် ... အထင်ကြီးလောက်စရာ မရှိပါဘူး။ ”

ခရမ်းငယ်မှ နှုတ်ခမ်းတွန့်ကာ ဝေဖန်လိုက်သည်။ သူမသည် လင်းယွန်ကို လူယုတ်မာဟု ခေါ်ဆိုနေခဲ့သော်လည်း အထင်ကြီး၏။

လီဖေးပိုင် စကားကြား ပြီးနောက် ဒူးတစ်ဖက် ထောက်လိုက်ကြသည်။ လူတိုင်းက ဖိအားများ ရုတ်တရက် သက်သာသွားသည်ကို ခံစားရသဖြင့် ပြန်မော့ကြည့်မိ၏။

“ ဝေါ့ ... ။ ”

လီဖေးပိုင်ခမျာ မျက်နှာ ဖြူဖျော့လျက် ရင်ဘတ်ကို ကိုင်ကာ ရုတ်တရက် သွေးအန်နေ ချေပြီ။

သူ့ကိုယ်သူ သူတော်စင်စွမ်းအင်နှင့် စစ်ဆေးကြည့်ပြီး ဖြစ်ပျက်နေသည်ကို ချက်ချင်း နားလည်သွား၏။

“ သွေးအဆိပ်သင့် နေတုန်းပဲ ... ။ ”

သွေးအဆိပ်ကို အပြီးတိုင် ဖယ်ရှားပစ် နိုင်ပြီဟု ယူဆကာ သတိ မမူမိခဲ့ချေ။ ပေါ့ဆမှု ဖြစ်၏။

“ ကျင်းယွီ ... ။ ”

လျူယွင်လန်က မျက်နှာပြောင်းသွားပြီး နာမည်ခေါ်လိုက်သည်။ သူကိုယ်တိုင် မဆုံးဖြတ် ဝံ့သေးချေ။

ဟွာကျင်းယွီ အကြည့်များက ပြတ်သားလာကာ သူတော်စင် အကြီးအကဲ များထံ ခေါင်းညိတ်ပြလိုက်၏။

“ ဝှစ် ... ။ ”

သူတော်စင် အကြီးအကဲ သုံးပါးက အကြည့်ချင်းဖလှယ်ကာ ကောင်းကင်ပေါ် ပျံတက်သွားကြသည်။

သည့်အပြင် အခြားသော တပ်ဖွဲ့များမှ သူတော်စင် သခင်များကလည်း လျင်မြန်စွာ လှုပ်ရှားလာ၏။

သူတို့အတွက် ဒူးတစ်ဖက် ထောက်နေသော ဤလီဖေးပိုင်သည် ဆူဖြိုးသော သိုးတစ်ကောင် ပေပင်။

အုပ်စိုးရှင် နက္ခတ် ဖိအား ကွယ်ပျောက် သွားပြီ ဖြစ်သောကြောင့် လူတိုင်း လောဘများ ဖြစ်ပေါ်လာတော့သည်။

“ သေစမ်း ... ငါ့ပေါ့ဆမှုပဲ။ ”

ထို့ကြောင့် လီဖေးပိုင်က မျက်နှာ ငယ်ငယ်ဖြင့် လင်းယွန်ထံ လှမ်းကြည့်ကာ၊

“ ငါ့ကို ကယ်ပါ။ ”

-ဟု အော်ဟစ်လိုက်သည်။

ထိုအသံကို ကြားသော်မှ လူအုပ်ကြီးက ဂရုမစိုက်ချေ။ အကူအညီပေးမည့်သူ ရှိလျှင်ပင် အရမ်း နောက်ကျနေပြီ ဖြစ်သည်။

“ ရွှပ် ... ။ ”

သို့သော် တောက်ပသော တောင်ကြီး တစ်လုံးကဲ့သို့သော ဓားရောင်ခြည် တစ်စင်း အဝေးမှ ပျံသန်းလာသည်။

ထိုအလင်းရောင် အောက်တွင် လူတိုင်း လွင့်စဉ်ကုန်ခဲ့၏။ တောင့်ခံနိုင်သူ အချို့ ရှိနေ သော်လည်း ဓားရောင်ဝါ နီးကပ်လာချိန်၌ ခန္ဓာကိုယ်များ တောင့်တင်းကုန်သည်။

“ ဘာဖြစ်တာလဲ ... ။ ”

“ အား ... ။ ”

ဓားရောင်ခြည် ပျောက်ကွယ် သွားသော အခါတွင် အော်ဟစ် မြည်တမ်းခြင်း နှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွား၏။

“ ဓားသူတော်စင် ... ။ ”

တိုက်ပွဲအတွင်း မပါဝင်ခဲ့သော တစ်စုံတစ်ယောက်မှ ဓားရောင်ခြည် ထွက်ပေါ် လာရာ တောင်ကုန်းငယ် တစ်ခုပေါ်တွင် လူငယ် တစ်ယောက် ရပ်နေသည်ကို၊ ဦးစွာ သတိ ထားမိလာသည်။

“ အတူတူ တိုက် ... ။ ”

ထိုအချိန်၌ လီဖေးပိုင်ထံ ဦးတည်သော အစောပိုင်း သူတော်စင် အကြီးအကဲ သုံးဦးက အကြည့်ချင်း ဖလှယ်ကာ လင်းယွန်ထံ ဦးတည်ချက် ပြောင်းလိုက်၏။

“ နတ်မီးလျှံ ... ။ ”

ကောင်းကင်မီး လျှံဂိုဏ်း၏ သူတော်စင် သခင်က ဒီရေလှိုင်းများ ကဲ့သို့ မီးလျှံများဖြင့် ပစ်ခတ် လိုက်သည်။

“ မိုးကြိုး ပိတ်လှောင်ခြင်း။ ”

အနန္တလျှပ်စီး ဂိုဏ်း၏ သူတော်စင် အကြီးအကဲကလည်း လျှပ်စီးများ ပစ်လွှတ်ကာ လင်းယွန်ကို ပိတ်လှောင်တော့၏။

“ နေ-လ ရပ်တန့်ခြင်း။ ”

မင်ဂိုဏ်း၏ သူတော်စင် အကြီးအကဲက သူ့လက်ဖဝါး၌ နေနှင့်လကို ပေါင်းစပ်ထားကာ ယင်ယန် ပန်းချီကားကဲ့သို့ ဖန်တီးလေသည်။

လီဖေးပိုင်ကို တိုက်သည့် အချိန်ကထက် ပို၍ကြောက်စရာ ကောင်းလွန်းသည့် လှုပ်ရှားမှု သုံးရပ် ဖြစ်ချေပြီ။

“ ပိုးစုန်းကြူး ရောင်ခြည်တော်။ ”

လင်းယွန် (၁၃)ယောက် ကွဲထွက် လာပြီးနောက် ဓားကို စက်ဝိုင်းပုံ လွှဲလိုက်သည်။ ဓားရောင်ခြည်များ ရောနှောသွားကာ လျှပ်စီး အလင်းတိုင်များကို ဖြတ်တောက်ပစ်၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

အနန္တ လျှပ်စီးဂိုဏ်း၏ သူတော်စင် အကြီးအကဲများ မျက်လုံးပြူး ကုန်တော့သည်။ ထိုစဉ် လင်းယွန် လက်ထဲမှ ဓားက ကောင်းကင်ပေါ် ပျံတက်လာ၏။

“ ရွှပ် ... ။ ”

ထို့နောက် ဓားရည်ရွယ်ချက်သည် မိုးကြိုးမုန်တိုင်း စွမ်းအားများဖြင့် ပေါင်းစပ်ကာ ယင်-ယန် ပန်းချီကားကို ဖြတ်ချသွားသည်။

မင်ဂိုဏ်း၏ သူတော်စင် အကြီးအကဲ ရင်ဘတ်ကို ထိမှန်ကာ ကောင်းကင်မှ ပြုတ်ကျ သွားတော့သည်။ ပြန် မထနိုင် တော့ခေျ။

“ ပြန်လာ ... ။ ”

ပန်းသင်္ချိုင်းက ကောင်းကင်မှ ပြန်လည် ဆုတ်ခွာလာပြီး လမ်းကြောင်း ပြောင်းသွား၏။ လင်းယွန်က ဓားအလင်းဖြင့် လှစ်ခနဲ ပစ်ခတ် လိုက်သည်။

ကောင်းကင် မီးလျှံဂိုဏ်း၏ သူတော်စင် အကြီးအကဲမှာ ပို၍ လျင်မြန်သော အဟုန်ဖြင့် လွင့်စဉ် သွားတော့၏။

“ အား ... ။ ”

ပန်းသင်္ချိုင်းက လမ်း၌ ဖြတ်ပြီး လေထဲ လွင့်စဉ်နေသော ထိုသူတော်စင် အကြီးအကဲ၏ မျက်နှာကို လှီးဖြတ်ပစ်လေသည်။

“ ပြောင်း ... ။ ”

ထို့နောက် ပန်းသင်္ချိုင်းက အနန္တ လျှပ်စီးဂိုဏ်း၏ သူတော်စင် အကြီးအကဲထံသို့ ဦးတည်သွားပြန်သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ထိုအကြီးအကဲက ချက်ချင်း ရပ်ကာ၊ သူ့ရှေ့တွင် မိုးကြိုးဒိုင်းသုံးလွှာကို ချက်ချင်း ခင်းကျင်း လိုက်၏။ သို့သော် အလွယ်တကူ ကွဲကြေသွားလေသည်။

ပန်းသင်္ချိုင်း ထိမှန်သောအခါ သက်ရောက်မှုကြောင့် မီတာ ထောင်ဂဏန်း အကွာသို့ လွင့်ပျံသွားတော့၏။

“ ဝုန်း ... ။ ”

အဆုံးတွင် တောင်ကုန်းတစ်ခုအတွင်း နစ်မြုပ်သွားလေသည်။ ဖုန်မှုန့်များ လေထု အလယ် ဝဲပျံကုန်၏။

“ ဓားသူတော်စင် ... ။ ”

အသက်ပြင်းပြင်းရှူလျက် ဦးရေပြားများ ထုံကျင်ကုန်၏။ ရပ်ကြည့်နေသည့် လူတိုင်း၏ မျက်နှာများ ပြောင်းကုန်သည်။

နောက်ဆုံးတွင် ဤလူရွယ်သည် ဓားသူတော်စင် တစ်ပါး ဖြစ်ကြောင်း သေချာ သွား၏။ အံ့ဩစရာ မရှိတော့ချေ။

“ ဒါ ... ။ ”

လီဖေးပိုင် သာလျှင် ဤအကြောင်းကို သိထားသူ ဖြစ်သဖြင့် မျက်လုံးပြူး သွားတော့ သည်။

“ သေစမ်း ... ။ ”

လျူယွင်လန်မှ ဓားကို ဆွဲထုတ်လိုက်၏။ ကောင်းကင် တစ်ဝက် ချက်ချင်း လင်းထိန်သွား လေသည်။

“ ကောင်းကင်ဘုံက မီးလျှံ သန့်စင်ခြင်း။ ”

ထို့နောက် ဓါးရောင်ခြည်နှင့်အတူ ကြက်သွေးရောင် တစ္ဆေ(၆)ကောင်က လေထဲ ရောပါလာ၏။

“ ကလန် ... ။ ”

ပန်းသင်္ချိုင်း ခမျာ တောင်ပေါ်သို့ ပြန်သွားနိုင်ခြင်း မရှိတော့ဘဲ လမ်းတစ်ဝက်၌ မြေပြင်ပေါ် ပြုတ်ကျသွားသည်။

ထို့ကြောင့် ဓားသူတော်စင် တစ်ပါး ဖြစ်လျှင်ပင် လက်ဗလာဖြင့် သူ့ဓား မယူနိုင်ဟု ယုံကြည်ကာ ပြေးဝင် တိုက်ခိုက် လိုက်တော့သည်။

ဤသည်မှာ သူ့အမြင် ဖြစ်သည်။ မျက်နှာဖုံးတပ်ထားသော လင်းယွန်က ပြုံးလိုက် မိ၏။

သူ့မျက်လုံးထဲ ရွှေရောင်အဆင်းများ ပွင့်လာကာ အမည်ခံ နတ်အလင်းဓား ထွက်ပေါ် လာလေသည်။

“ ရွှပ် ... ။ ”

ထို့နောက် ဓားအလင်းဖြင့် မြေပြင်ရှိ ပန်းသင်္ချိုင်းထံ ပစ်ခတ်ကာ လျူယွင်လန်၏ လည်ပင်းထံ ပြေးဝင်စေလိုက်၏။

“ ဘရူး ... ။ ”

ပစ်မှတ်ထား ခံရသော လျူယွင်လန်မှာ မသက်သာလှချေ။ နားထဲတွင် ဓားရည်ရွယ်ချက် လှိုင်းများကြောင့် သွေးများ ယိုစီးကျလာ၏။

ဆက်လက် ပြေးဝင်နေပါက တစ်ဖက်လူအပေါ် ပြင်းထန်စွာ ဒဏ်ရာပေးနိုင် သကဲ့သို့ သူသည်လည်း သက်သာမည် မဟုတ်ချေ။

“ ထန် ... ထန် ... ။ ”

အံကြိတ်လျက် ပန်းသင်္ချိုင်းထံ ပြန်လှည့် ဖြေရှင်းလိုက်ရသည်။ ဓား-ဓားချင်း ရိုက်မိကာ ပန်းသင်္ချိုင်း လွင့်စဉ်သွား၏။

ဤနည်းဖြင့် ပန်းသင်္ချိုင်းကို အဝေးမှ ကြိုးကိုင်ကာ လျူယွင်လန် အပေါ် ဖိအားပေး နေခဲ့သည်။

“ ဝှစ် ... ။ ”

အဆုံးတွင် ပန်းသင်္ချိုင်းကို ကြည့်ကာ သူ့ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် လျူယွင်လန်မှ ခုခံလိုက်ရ၏။

သို့သော် လေးလံသော ဖိအားကြောင့် ခြေထောက်များ တုန်ယင်လာပြီး လက်ဖဝါး၌ သွေးများ စီးကျလာသည်။

ဤဓားရည်ရွယ်ချက် အောက်တွင် တောင်ကြား ချိုင့်ဝှမ်းတစ်ခုလုံး တုန်လှုပ်စ ပြုလာ တော့သည်။

“ ဝေါ့ ... ။ ”

အဆုံး၌ မထိန်းနိုင်တော့ဘဲ ဒူးတစ်ဖက် ထောက်ကာ သွေးတစ်လုတ် အန်လိုက်တော့၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။

( ဒါ ... ဓားသူတော်စင်ရဲ့ စွမ်းအားလား။ )

လျူယွင်လန်မှ ဒေါသထွက်လာပြီး၊

“ ဓားဧကရာဇ် မျိုးရိုးက ... ငါ့လမ်းကို ဝင်ရှုပ်ချင်တာလား၊ အရှေ့ဘက် ပျက်စီးမြေမှာ မင်းကို ရိုက်နိုင်တဲ့ လူ မရှိဘူးလို့ တကယ် ထင်မနေနဲ့။ ”

ဤလူသည် ယခင်အကြိမ်၌ သူ့ပိုင် သဘာဝရတနာကို လုယူခဲ့ဖူးသည့် အတွက် ဒေါသ ထွက်လာတော့သည်။

“ ဓားဧကရာဇ်ရဲ့ မျိုးရိုးလား ... ငါက ဓားဧကရာဇ် မျိုးရိုးလို့ မင်းကို ဘယ်သူပြောလဲ။ ”

လင်းယွန်က ပြုံးပြီး ပြန်မေး၏။ လျူယွင်လန်မှ အံ့အားသင့် သွားပြီး ‘ဒါဆို မင်းက ဘယ်သူလဲ၊’ -ဟု မေးမြန်းလေသည်။

လင်းယွန်က မျက်နှာဖုံးကို ခေါင်းငုံ့ ချွတ်လိုက်ပြီး၊

“ ငါက ပန်းနဲ့ လူတွေကို မြှပ်နှံပေးတယ်။ ”

-ဟု ပြန်ဖြေ လိုက်တော့၏။

***

All Chapters