တိမ်တွေပေါ်က လမင်း။
Vol. 161 Ch. 2248
မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်နေသော လျူယွင်လန်က ထိတ်လန့် သွားခဲ့သည်။
“ ပန်းသင်္ချိုင်း ... ။ ”
“ အဲဒါသူပဲ ... ဒီကောင်က ပေါ်လာဖို့ ဘယ်လို သတ္တိရှိတာလဲ ... သေမှာ မကြောက် ဘူးလား။ ”
မျက်နှာဖုံးကို ဖယ်ရှားလိုက်သော လင်းယွန်ထံ အကြည့်များ ကျရောက်လာသည်။ ကိုးရက်နေ့ ပြီးနောက် လင်းယွန်သည် ဤသို့ ထွက်လာဝံ့သည်မှာ မယုံနိုင်စရာ ပေပင်။
“ ဘာလို့ ဒီလောက်တောင် အစွမ်းထက်လာတာလဲ။ ”
သခင်ငယ် ဝူရှောင်က တုန်လှုပ်သွား၏။ လင်းယွန်သည် သူ့မာနကို လုံးလုံး လျားလျား ဖြိုခွင်းလိုက်သည်။
ထို့ကြောင့် အခြားလူများထက် ပို၍ တုန်လှုပ်နေခဲ့သည်။ ဤသည်မှာ အမည်ခံ သူတော်စင် တစ်ပါး၏ ခွန်အားပင်လော။ အဓိပ္ပါယ် မရှိချေ။
ဟွာကျင်းယွီနှင့် ကောင်းကင် ဂီတ သူတော်စင်သခင်တို့က မယုံကြည်နိုင်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက် ကြသည်။
“ မှန်တယ် ... ငါက သက်တံဓား မျိုးရိုး ပန်းသင်္ချိုင်း လင်းယွန်ပဲ ... ဓားဧကရာဇ် မျိုးရိုး မဟုတ်ဘူး။ ”
သူ ပြောပြီးသည့်နှင့် လျူယွင်လန်ထံ သူ့ဓားဖြင့် လှမ်းထိုးလိုက်၏။ မီတာ တစ်ထောင် အကွာသို့ လွင့်စဉ်သွားတော့သည်။
“ မင်း ... ထရပ်နိုင်လား။ ”
မြေပြင်ပေါ်တွင် လဲလျောင်းနေသော လီဖေးပိုင်ကို လင်းယွန်မှ လက်ကမ်း ပေးလိုက် မိသည်။
“ ရတယ် ... ။ ”
လီဖေးပိုင်က သူ့လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး မြေပြင်မှ ထရပ်လာခဲ့၏။
“ ငါ မင်းကို ကတိပေးထားတဲ့ အတိုင်း ငါလုပ်ခဲ့တယ်။ ”
ထို့နောက် နတ်သွေး သစ်သီးကို ထုတ်ယူ ကမ်းပေးလိုက်၏။ လင်းယွန် အပေါ်ရှိ အကြည့် အားလုံးက ထိုနတ်သွေး သစ်သီးထံသို့ ကူးပြောင်းသွားသည်။
ဤနေရာမှ ထွက်ခွာရန် လွယ်ကူမည် မဟုတ်ကြောင်း လင်းယွန် သိလိုက်လေသည်။ နတ်သွေး သစ်သီးကို သိုလှောင် လက်ကောက် အတွင်းသို့ သိမ်းယူလိုက်၏။
“ သူ့ကိုသတ် ... ။ ”
လွန်ခဲ့သည့် အခိုက်အတန့်တွင် လီဖေးပိုင် အပေါ် ရန်ငြိုးဖွဲ့မှုသည် လင်းယွန်ထံ ကူးပြောင်း ကုန်တော့သည်။
“ မင်း သေချင်နေတာပဲ။ ”
အဆုံးတွင် ဟွာကျင်းယွီက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ နေလ သူတော်စင်ကျမ်းကို လှည့်ပတ်ကာ၊
“ နတ်နေလ လက်သီး ... ။ ”
-ဟု ကြုံးဝါးလိုက်သည်။
နေနှင့်လ လှည့်ပတ်လာပြီး တန်ခိုးကြီးလှသော သူတော်စင်ရောင်ဝါများ လေဟာနယ် ခွဲလျက် ပြေးဝင်လာ၏။
“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”
လင်းယွန်က သူ့ဓားကို လွှဲလိုက်သည်။ ထိပ်တိုက်တွေ့ဆုံသွားသော အခါ ဟွာကျင်းယွီ တစ်ယောက် ခြေလှမ်း အနည်းငယ် ပြန်ဆုတ် သွားပြီး နေနှင့်လ ကွဲအက်သွား၏။
ပတ်ဝန်းကျင်ရှိ တုန်ခါလှိုင်းများကို ပယ်ဖျက်ကာ လင်းယွန်မှ လီဖေးပိုင်ထံသို့ လှည့်ကြည့် လိုက်သည်။
“ မြင့်မြတ်သော လရောင်ခြည် ... ။ ”
ဟွာကျင်းယွီက လင်းယွန်ထံ လက်ညှိုးညွှန်ပြကာ အလင်းတန်းများဖြင့် ပစ်ခတ် လိုက်လေသည်။
“ ဝှစ် ... ။ ”
လင်းယွန်က လီဖေးပိုင်ကို ဖမ်းကိုင်လျက်မှ ကောင်းကင်ပေါ် ခုန်တက်လိုက်၏။ ယခင်သူတို့ ရပ်နေခဲ့သည့် အာကာပြင် ပြိုကျသွားသည်။
“ ရွှေမိုးကြိုး အလံ ... ။ ”
ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင်က အလံကို ဝှေ့ယမ်းခဲ့ပြီး မိုင်တစ်သောင်း အတွင်း မိုးကြိုး တိမ်တိုက်များ တဟုန်ထိုး စုရုံးစေ၏။
“ ဂျိန်း ... ။ ”
ကြောက်မက်ဖွယ် မိုးခြိမ်းသံများ မြည်ဟည်းလျက် ရွှေရောင် လျှပ်စီးများက ရေဝဲများအဖြစ် ဆင်းသက်လာသည်။
အဆိုပါ လျှပ်စီးမုန်တိုင်း များသည် နတ်ဘုရားများ၏ ဒေါသကဲ့သို့ ခံစားရစေသည်။ ဒုတိယအဆင့် သူတော်စင်သခင်ကို အစအန မကျန်အောင် သတ်ပစ်နိုင်၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန်က လျှပ်စီးများကို ဖြိုခွဲနိုင်ခဲ့ သော်လည်း ခြေလှမ်း အနည်းငယ် ပြန်ဆုတ် သွားခဲ့သည်။
“ ငါ့ကို ကယ် ... ။ ”
လီဖေးပိုင်က မျက်လုံးပြူးပြီး အော်ဟစ်လိုက်စဉ် လင်းယွန်က သူ့ကော်လာကို ဆွဲကိုင်ကာ ဆွဲယူလိုက်၏။
“ အသက် ပြန်ဝင်လာသော သစ်ခြောက်ပင်။ ”
ဓားကို လွှဲလိုက်သောအခါ အရိုးအပြိုင်းပြိုင်းနှင့် ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်က အရွက်သစ်များ ဝေဝေဆာဆာ ထွက်လာပြီး ပန်းတစ်ထောင် ပွင့်လာ၏။
ဓားရည်ရွယ်ချက်က ပန်းရနံ့များကဲ့သို့ လေဟာနယ်အတွင်း ပျံ့ကျဲပြည့်နှက်နေခဲ့သည်။ ဓားပန်းနှင့် လျှပ်စီးများ ထိမှန်သွားသော အခါ ပန်းပွင့်များ ကြေမွကုန်၏။
လျှပ်စီး စွမ်းအား သည်လည်း အလွန် လျော့ကျ သွားခဲ့သည်။
“ အချိန်ကောင်းပဲ။ ”
လင်းယွန်က လီဖေးပိုင်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ပြီး ညာလက်၌ ပန်းသင်္ချိုင်း ကိုင်ကာ ဓားရောင်ခြည်များ ထုတ်လွှတ် လိုက်သည်။
လျှပ်စီးများက သူ့ကို အပေါ်ယံ ဒဏ်ရာမျှသာ ပေးစွမ်းခဲ့သည်။ ကြီးကြီးမားမား မထိခိုက် နိုင်ချေ။ ထို့ကြောင့် ပန်းသင်္ချိုင်းကို ခွန်အားအပြည့် ထုတ်နိုင်၏။
ထိုအချိန်တွင် မြင့်မြတ်သော လရောင် လက်စွပ်က တောက်ပလာသည်။ လီဖေးပိုင်ကို သယ်ဆောင်ထားသဖြင့် လင်းယွန် ခမျာ ရှောင်တိမ်းမရ ဖြစ်လာသည်။
“ ရွှပ် ... ။ ”
“ ဘုန်း ... ။ ”
အဆုံးတွင် မိုးပြာနဂါး နတ်ခန္ဓာဖြင့် ခံယူလိုက်ရ၏။ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး ဒဏ်ရာရရှိလာသည်။
သို့သော် နဂါးပြာအရိုး လင်းလာကာ အပြာရောင် အငွေ့အသက်များ ရစ်သိုင်းလျက် ထိုဒဏ်ရာများကို ကုသပေး၏။
“ သူ့ကိုသတ် ... ။ ”
ဤသည်ကို မြင်ပြီး ဟွာကျင်းယွီနှင့် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။
သို့သော် ၎င်းတို့ အနား မရောက်မီ ကောင်းကင်မှ ဖိအားများ ကျဆင်းလာကာ သူတို့ အရှိန်ကို ချက်ချင်း နှေးသွားစေ၏။
“ ကောင်းကင် ... ။ ”
လင်းယွန်မှ ကောင်းကင်ဓား ပုံစံကို အကောင်အထည်ဖော် နေခြင်း ဖြစ်သည်။ ဤဖိအားမှ မလွတ်မြောက် နိုင်တော့ချေ။
“ မြေကြီး ... ။ ”
သည့်နောက် မြေကြီး ဓားပုံစံကို ဆက်သွား၏။ အရိယာ ဓားသုတ္တန်၏ စွမ်းအင် များက မှင်ကဲ့သို့ လိုက်ပါလာသည်။
ကမ္ဘာကြီး တစ်ခုလုံး အဖြူအမည်း ဖြစ်လာသည်။ ဟွာကျင်းယွီနှင့် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်မှာ လေထုအလယ်တွင် ချုပ်နှောင် ခံလိုက်ရ၏။
“ ရွှေမိုးကြိုး အလံ ... ။ ”
“ မြင့်မြတ်သော လရောင်ခြည် ... ။ ”
နှစ်ယောက်သား ကူကယ်ရာ မဲ့စွာဖြင့် ရတနာများ၏ စွမ်းအားကို အတင်းအကြပ် မြှင့်တင်လိုက် ကြသည်။
သို့သော် လင်းယွန်မှ ပြုံးပြီး တော်ဝင်ဓားပုံစံကို ထုတ်မံထုတ်ဖော် လိုက်၏။ ပန်းသင်္ချိုင်းသည် တိုက်ခိုက်မှု နှစ်ရပ်ကြားတွင် လေးကြိုးများကဲ့သို့ ယိမ်းထိုးသွားချေပြီ။
“ ဝှစ် ... ။ ”
ထို့ကြောင့် ဟွာကျင်းယွီတို့ နှစ်ဦးမှာ သူတို့တိုက်ခိုက်မှုဖြင့် သူတို့ ပြန်၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိကုန်၏။
“ ဝေါ့ ... ။ ”
သွေးတစ်လုတ်စီ အန်လျက် မီတာ ရာဂဏန်းအကွာသို့ လွင့်စဉ် ပြုတ်ကျသွားပြီး ဒလိမ့်ခေါက်ကွေး ဖြစ်ကုန်ကြသည်။
“ ဝေါ့ ... ။ ”
ခက်ခက်ခဲခဲ ထရပ်ကာ နောက်ထပ် သွေးတစ်လုတ်စီ ထပ်အန်၏။ ခေါင်းမော့ကြည့် လိုက်သော အခါတွင် လင်းယွန်မှ ပြုံးပြနေခဲ့သည်။
“ သွားကြရအောင်။ ”
လီဖေးပိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ပန်းသင်္ချိုင်းဆွဲကာ လှည့်ထွက် သွားတော့သည်။
“ သတ် ... ။ ”
ချိုင့်ဝှမ်းရှိ အခြားသော အင်အားစုများက လှုပ်ရှားလာသည်။
“ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။ ”
လင်းယွန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်လာ တော့သည်။
နောက်တစက္ကန့်တွင် အမည်ခံ နတ်အလင်းဓားကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင် အဆင်းများ ပျံ့နှံ့လာ၏။
ချိုင့်ဝှမ်းတစ်ခုလုံး လင်းကျင်းလာသည်။ ဤအချိန်တွင် သူသည် လောကကို အုပ်စိုးသော သူရဲကောင်း ဖြစ်ချေ၏။
“ အနန္တဓားများ ပေါင်းစည်းခြင်း။ ”
လင်းယွန် (၁၃)ယောက် ထွက်လာပြီး ပိုးစုန်းကြူး အလင်းဖြင့် ဓားစက်ဝိုင်းများ ဆွဲလိုက်ကြသည်။
အလင်းစက်ကွင်း (၃၆)ကွင်း တိတိ ဖန်တီးပြီးသောအခါ ကြယ်တာရာ တစ်လုံး ကဲ့သို့ ပေါင်းစပ် တောက်ပလာ၏။
“ ဟား ဟား ဟား ... ။ ”
ဓားရောင်ခြည် လမ်းကြောင်းပေါ်ရှိ လူတိုင်း လွင့်စဉ်ကုန်သည်။
“ ပိုးစုန်းကြူး အလင်းရောင်က ... လမင်းကို မယှဉ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ”
လင်းယွန်က လေညှင်းခံ ထွက်နေသူ တစ်ယောက် ကဲ့သို့ လီဖေးပိုင်နှင့် ပန်းသင်္ချိုင်း ဓားကို တစ်ဖက်ဆီ ဆွဲကိုင်ကာ တရွေ့ရွေ့ သတ်ဖြတ်နေခဲ့သည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
လျူယွင်လန်က နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး ဤမြင်ကွင်းကို မြင်သောအခါ ကျိန်ဆဲလိုက်မိသည်။
တစ်ဖက်တွင် သူတော်စင် ဖြစ်လာ ပြီးနောက် အနိုင်မယူနိုင်လျှင်ပင် ရင်ဆိုင်နိုင် လိမ့်မည်ဟု ထင်ခဲ့သော ဝူရှောင်က အသက်မဲ့ သွားတော့၏။
“ ဒါက ... အမည်ခံ နတ်အလင်းဓား ရည်ရွယ်ချက်ပဲ၊ သူက ကြယ်ဓားကို ကျော်လွန် သွားပြီ။ ”
နတ်တာအို ခန်းမ၏ တပည့်များ တုန်လှုပ် သွားသည်။
“ ဟား ... ဟား ... ဟား ... ငါ့နာမည် ပန်းသင်္ချိုင်း၊ ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေး ပါ့မယ်။ ”
လင်းယွန်က ဟန့်တား သူတိုင်းကို ဓားရောင်ခြည်ဖြင့် ပစ်သတ်ကာ ရယ်မောနေခဲ့ လေသည်။
သူ့ဓားအောက်တွင် ခိုးဝင် တိုက်ခိုက်ရန် ကြံစည်သူများ အားလုံး နာကျင်စွာ အော်ဟစ် ငိုကြွေးကုန်ကြ၏။
ဤနေရာ၌ လူအရမ်း များချေသည်။ ထို့ကြောင့် ဒေါသထွက်လာပြီး သူ့ကိုယ်သူ မထိန်းနိုင် ဖြစ်လာ၏။
တော်ဝင် ဓားကျမ်းနှင့် နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အတူတူ လှည့်ပတ် လိုက်သည်။ ဓား၊ လေနှင့် မိုးကြိုး တာအိုက အမည်ခံ နတ်အလင်း ဓားဖြင့် ပေါင်းစပ် ကုန်၏။
တစ်ဆက်တည်းမှာပင် ပန်းသင်္ချိုင်း၏ ဘုန်းဝိညာဉ် လေးပါးသည်လည်း အသက်ဝင် လာတော့သည်။
“ လူခွဲ ... ။ ”
ထောင်ပေါင်း များစွာသော ဓားရောင်ခြည်များ ကျဆင်းလာသည်ကို မြင်လိုက်ရ သဖြင့် လူတိုင်း လှည့်ပြေး၏။
သူတို့၏ အမြင်တွင် ဤဓားသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်ပြီ။ တားဆီး၍ မရချေ။
လေဟာနယ် အတွင်း အက်ကွဲကြောင်း ပေါ်လာပြီး မိုင်ထောင်ပေါင်းများစွာ အကွာသို့ ချက်ချင်း ပျံ့နှံ့သွား၏။
အဝေးမှ ကြည့်သော် ချိုင့်ဝှမ်းသည် ကောင်းကင်သို့ တက်ရာ တံခါးဝ ဖြစ်သည်ဟု ခံစားရစေသည်။
လီဖေးပိုင်က မျက်ဝန်းများ မှေးစင်း သွားသည်။ ဤသည်မှာ သာမန် ဓားသမား တစ်ယောက် ပင်လော။ သို့မဟုတ် ဓားသူတော်စင် သည်လော။
ထိုအတွေးက သူ့ကိုယ်သူ လှောင်ပြုံး ပြုံးမိစေ၏။ အုပ်စိုးရှင် နက္ခတ် သည်ပင် ဤမျှ အဖျက်စွမ်းမျိုး မပြသနိုင်ချေ။ ကြောက်စရာ ကောင်းသောဓားဖြစ်၏။
လင်းယွန်က လက်ထဲရှုပ်နေသော လီဖေးပိုင်ကို နောက်ပို့ကာ ကျောပိုးလိုက်သည်။ သို့သော် ချက်ချင်း တစ်စုံတစ်ရာ မှားယွင်း နေကြောင်း သတိထားမိလိုက်၏။
“ သခင်လေးလီ ... မင်းက ငယ်ငယ် ရွယ်ရွယ်နဲ့ ဒီလောက် ဖွံ့ဖြိုးတဲ့ ... ရင်ဘတ်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါမထင်မိဘူး။ ”
လင်းယွန်က ပြုံးလျက် ပြောကြား လိုက်သည်။ ထိုအချိန်တွင် လက်မလျှော့နိုင် သေးသော လူအချို့က ကောင်းကင်ပေါ် ခုန်တက်ကာ လိုက်လာပြန်၏။
လင်းယွန်က သူတို့ထံ တစ်ချက် ပြန်မော့ကြည့်လိုက်ရာ ကြောက်ရွံ့တုန်လှုပ်ပြီး ရန်တန့်သွား၏။ ရှေ့မတိုး ဝံတော့ချေ။
“ ဟား ဟား ဟား ... ငါက တိမ်တွေပေါ်က လမင်းပဲ၊ ထာဝရ တည်ရှိနိုင်တယ်။ ”
ဟက်ဟက်ပက်ပက် ရယ်မောကာ ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။ ရယ်သံသည်သာ ချိုင့်ဝှမ်းထဲ ပဲ့တင်ထပ် ကျန်ရစ်ခဲ့၏။
***