ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်း။
Vol. 161 Ch. 2250
စတုတ္ထအဆင့် သူတော်စင် သခင် ဖြစ်နေသဖြင့် ဝှက်ဖဲများအားလုံးကို ထုတ်ပြရန် ဆုံးဖြတ်ခဲ့သည်။
အမည်ခံ နတ်အလင်းဓား၊ ဓားတာအို၊ လေတာအို၊ လျှပ်စီးတာအိုးနှင့် နက္ခတ်များပင် အသုံးပြုထား၏။
ကြယ်ဓား နှစ်လက်ကို ဖြန့်ကျက် လိုက်သည်နှင့် ယခင်ထက် ပိုမို အားကောင်း လှသော ဓားရောင်ခြည်များ ပြေးထွက် သွားသည်။
“ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။ ”
ကျီးနက် သူတော်စင် သခင်မှ မီးလျှံများ သိုင်းခြုံလျက် ကောင်းကင်ပေါ် ပျံတက်လာကာ ခရမ်းရောင် နန်းတော်ရှိ ယင်-ယန် သလင်းကျောက်ကို အသက်သွင်း လိုက်သည်။
ယင်-ယန် ပန်းချီကား တစ်ချပ် ကောင်းကင်၌ ပေါ်လာ၏။ ထို့နောက် လက်သီး ဆုပ်ကာ ထိုးချလိုက်တော့သည်။
“ ခရစ် ... ။ ”
အာကာသထဲတွင် အက်ကြောင်းများ ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် ဦးခေါင်းခွံ တစ်လုံး ထင်ရှားလာ၏။
ဤသည်မှာ ကောင်းကင် မီးလျှံဂိုဏ်း၏ ကိုယ်ခံပညာ တစ်ရပ် ဖြစ်သည်။ မီးလျှံအပေါ် မြင့်မားသော နားလည်မှု လိုအပ်၏။
ယင်စွမ်းအင်ကို စုစည်းကာ လောင်ကျွမ်း ရသဖြင့် လုပ်ငန်းစဉ်သည် အဆုံးမဲ့ နာကျင်စေ ပေမည်။
“ ခရစ် ... ။ ”
လက်သီးနှင့် ဓားရောင်ခြည်တို့ ထိပ်တိုက်တွေ့သောအခါ ဓားရောင်ခြည် ပေါ်၌ အက်ကြောင်းများ ပေါ်လာ၏။
“ ဟား ဟား ဟား ... ။ ”
ကျီးနက် သူတော်စင် သခင်က တစ်ဖက်လူသည် အမည်ခံ သူတော်စင် မျှသာ ဖြစ်ကြောင်း သိထားသဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။
ထိုအချိန်တွင် လင်းယွန် တစ်ယောက် လွင့်စဉ်သွားသောအရှိန်မှာ လက်သီးစွမ်းအား များထက် ပို၍ ပြင်းနေသဖြင့် ရယ်မောသံ ရပ်သွားလေသည်။
“ ဒီကောင် ... ။ ”
လင်းယွန်က သူ့ခွန်အားကို အသုံးပြုကာ မိုင်တစ်ထောင် အကွာသို့ လွင့်မျောသွားနေပြီ ဖြစ်၏။
လှည့်စား ခံလိုက်ရခြင်း ဖြစ်ချေပြီ။ ကျန် သူတော်စင်နှစ်ပါး ရောက်ရှိလာချိန်၌ အမြီးပင် မမြင်ရတော့ချေ။
“ ဘယ်ရောက် သွားတာလဲ။ ”
ကျီးနက် သူတော်စင် မျက်နှာသည် စောစောက ဖြစ်ပျက်ခဲ့ သမျှကို ရှင်းပြလျက် မည်းမှောင် နေခဲ့၏။
“ ငါတို့ သူ့ကို လိုက်သင့်ရဲ့လား ... ပန်းသင်္ချိုင်းက မာနကြီးပေမယ့် ... လူမိုက်တော့ မဟုတ်ဘူး။ ”
အနန္တ လျှပ်စီးဂိုဏ်း၏ ရဲဝံ့ခြင်း သူတော်စင် သခင်မှ ပြောကြားလာသည်။
“ ငါတို့ ဆုံးဖြတ်ပြီး ကတည်းက ... စိတ်ပျက်စရာ ကောင်းတဲ့ ဒီလိုစကားတွေကို မပြောပါနဲ့ ... ငါတို့က စတုတ္ထအဆင့် သူတော်စင် သခင်တွေပဲ ... ။ ”
သည့်နောက် သုံးယောက်သား လင်းယွန် ထွက်သွားရာ အရပ်ထံ ကြည့်ပြီး အရှိန်မြှင့်တင် လိုက်ကြသည်။
မယုံနိုင်လောက်အောင် မြန်ဆန် လွန်းသောကြောင့် သာမန် အမည်ခံသူတော်စင် တစ်ယောက်ပင် ၎င်းတို့၏ အရိပ်ကို မမြင်နိုင်ချေ။
ဤသည်မှာ အာကာသ အကြောင်းကို မြင့်မားစွာ နားလည် သဘောပေါက်နေသည့် လဏ္ခာ ဖြစ်သည်။ စိတ်ကူး မယဉ်နိုင်သော မြန်နှုန်း ရှိနေ၏။
မိနစ်အနည်းငယ် အကြာတွင် လင်းယွန်၏ ရောင်ဝါကို နင်းမိသည်။ လင်းယွန် တစ်ယောက် ထိတ်လန့်သွား၏။
“ နည်းနည်း မြန်တယ် မဟုတ်လား။ ”
သူသည် နေနတ်ဘုရား ဖမ်းဆီးခြင်းကို ကန့်သတ်ချက်သို့ တွန်းပို့ထားပြီး ဖြစ်လေရာ ခြေလှမ်းတိုင်း အာကာပြင်နှင့် ထိနေ၏။
သို့သော်ငြားလည်း ဤသုံးဦးကို ဖြတ်ချ မထားနိုင်ချေ။ တဖြည်းဖြည်းနှင့် နီးကပ်လာ၏။ ထိုစည် ဆွဲငင်အားတစ်ခု ခံစားလိုက်ရသဖြင့် သူ့အရှိန် လျော့ကျသွားလေသည်။
“ ဝှစ် ... ။ ”
ကောင်းကင်မှ ဆင်းသက်လိုက်သော အခါတွင် လေပြင်းတစ်ခု မျက်နှာကို တိုက်ခတ် သွား၏။ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်။
မျှော်ကြည့်လိုက်ရာ ဤနယ်မြေ၏ ကြောက်စရာ အကောင်းဆုံး တားမြစ်ချိုင့်ဝှမ်း ဖြစ်နေ၏။
ကြွေလွင့် နတ်ဘုရား တောင်ကြားဟု အဘယ်ကြောင့်ခေါ်ရသည့် အကြောင်းအရင်းကို ယခု နားလည်လိုက်ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းပြီး ချောက်ကမ်းအတွင်း ပြုတ်ကျပါက သေရပေ လိမ့်မည်။
( ဧကရီ ... အဆင်ပြေသွားမှာ သေချာလား။ )
ထို့ကြောင့် ကြောက်ရွံ့စွာ ပြန်မေးမိ၏။ ခရမ်းငယ် အကြံပြုချက်ကြောင့် ဤအရပ်သို့ ဦးတည်လာခဲ့ခြင်း ဖြစ်သည်။
ရောက်ရှိချိန်၌ တစ်စုံတစ်ရာ မှားယွင်း နေကြောင်း သတိပြုမိ လာလေသည်။ ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်း၏ အန္တရာယ်မှာ စတုတ္ထ သူတော်စင် သခင် သုံးပါးထက် ပိုနေ၏။
( ငါ့ကို ယုံစမ်းပါ ... ။ )
ထိုအချိန်တွင် လှိုင်းဂယက်များ ရိုက်ခတ်လာပြီး သူတော်စင် သခင် သုံးပါး ရောက်ရှိလာခဲ့သည်။
၎င်းတို့က လင်းယွန် နောက်ကျောရှိ ချောက်ကမ်းပါးထံ ကြည့်လိုက်ပြီး ဆင်းသက် လာခဲ့၏။
“ လူကြီးမင်းတို့ ဒီလောက်အထိ သွားချင်တာလား၊ ဒီလိုသာ ဆိုရင် နတ်သွေး သစ်သီးကို ဘယ်သူမှ ရရှိနိုင်မှာ မဟုတ်ဘူး။ ”
ချဉ်းကပ်လာသော သူတော်စင် သခင် သုံးပါးထံကြည့်ကာ လင်းယွန်မှ ပြောကြားလိုက် လေသည်။
“ ကိုယ့်ကိုယ်ကို ... သတ်သေချင် နေတာလား ... ဒီလောက် လွယ်မှာမဟုတ်ဘူး။ ”
မင်ဂိုဏ်း၏ ကောင်းကင် ပညာရှင် သူတော်စင်သခင်က သူတော်စင် စွမ်းအင်ဖြင့် ဖန်တီးထားသော ဧရာမလက်ကို ဖန်တီးကာ လင်းယွန်ထံ ဆုပ်ကိုင်လိုက်သည်။
လင်းယွန် တစ်ယောက် ကြွေလွင့် နတ်ဘုရားချိုင့်ဝှမ်း အတွင်း ခုန်ဆင်းဝံ့သည်ဟု မယုံချေ။ ဤသည်မှာ အလွန် အန္တရာယ်များပြီး ပြန်လမ်းမဲ့ တားမြစ်နယ်မြေ ဖြစ်၏။
ပန်းသင်္ချိုင်း ကဲ့သို့သော အလားအလာ ကောင်းများ ပိုင်ဆိုင်သည့် လူငယ် အနေဖြင့် ရွေးချယ်စရာများ ရှိချေမည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်က သူ့စုပ်ယူမှု စွမ်းအားကို ဓားဆွဲပြီး ဖြိုခွဲကာ လေထုအလယ် ခုန်တက်လိုက်သည်။
“ မလုပ်နဲ့ ... ။ ”
“ လင်းယွန် ... အဲဒါကို ဒီလောက်အထိ အလေးအနက် မထားပါနဲ့ ... နတ်သွေး သစ်သီး လွှဲအပ်ရုံနဲ့ ... မင်းကို ငါတို့ လွှတ်ပေးမယ်။ ”
“ ဟုတ်တယ် သစ်သီးကို အပ်ပြီးရင် ငါတို့မသတ်ဘူးဆိုတဲ့ ... ကောင်းကင် သစ္စာ ကျမ်းကျိန်ပါ့မယ်။ ”
ကျီးနက် သူတော်စင် သခင်နှင့် ရဲဝံခြင်း သူတော်စင် သခင်က ရိုးသားမှု အပြည့်ဖြင့် သွေးဆောင်လိုက်၏။
“ ဝှစ် ... ။ ”
လင်းယွန်က ပြန်လည်ဆင်းသက် လိုက်သောအခါ ချိုင်းဝှမ်း ကမ်းပါးအစွန်းကို နင်မိပြီး ယိမ်းထိုးသွားသည်။
သို့သော် ဤသုံးယောက်၏ စကားထက် ခရမ်းငယ် စကားကို ယုံ၏။ ထို့ကြောင့် ချိုင်းဝှမ်း ထဲသို့ ဇောက်ထိုးခုန်ချ လိုက်တော့သည်။
“ မင်း ... ။ ”
“ ရပ် ... ။ ”
သူတော်စင် သခင် သုံးပါးခမျာ အံ့သြတုန်လှုပ် သွားသည်။ ကမ်းပါးအစွန်းထံ အပြေးအလွှား လာရောက် ငုံ့ကြည့်ကြ၏။
တိမ်ပင်လယ် ကြားတွင် စွန်ရဲ တစ်ကောင်ကဲ့သို့ ထိုးဆင်းနေသော လင်းယွန် ပုံရိပ်ကို မြင်နေရသည်။
“ ဘာလို့ ရွေးချယ်ရတာလဲ၊ ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းကနေ ဘယ်သူမှ အသက် ရှင်လျက် ထွက်မလာနိုင်ဘူး ဆိုတာ ... သူ မသိဘူးလား။ ”
ကျီးနက် သူတော်စင်က ရုပ်ဆိုးသော အမူအရာဖြင့် အေးစက်စွာ ပြောသည်။ တစ်ဖက် လူကို ဖမ်းမမိလိုက်သည့် အတွက် တာဝန် ပျက်ကွက် သွားချေပြီ။
“ ဟမ့် ... သူဘာတွေ ကစားချင်တာလဲ ကြည့်ရအောင်။ ”
ကောင်းကင် ပညာရှင် သူတော်စင် သခင်က ချိုင့်ဝှမ်းအတွင်း လိုက်ပါ ခုန်ဆင်းတော့၏။ သို့သော် သူ ခုန်ချလိုက်သည့် အခိုက်မှာပင် ရေမှုန်ရောင်ဝါ အငွေ့ပျံသွားသည်။
“ ခရစ် ... ။ ”
သူတော်စင်တာအို ကွဲအက်လာသဖြင့် ချက်ချင်း လျှို့ဝှက် ရတနာတစ်ခု ထုတ်ယူလိုက် ရသည်။
၎င်းသည် ဘုန်းဝိညာဉ် လေးပါး ဆေးကြိုအိုးကြီး ဖြစ်ချေ၏။ ယင်းက ချိုင့်ဝှမ်း၏ ဆွဲငင်အားအပေါ် လျော့ချပေးသည်။
အမှန်တကယ် အစွမ်းထက်ပြီး ကောင်းကင်ဘုံပညာရှင် သူတော်စင် သခင် ရင်ဆိုင်နေရသော ပြဿနာကို ချက်ချင်း သက်သာသွားစေ၏။
“ ခရစ် ... ။ ”
သို့သော် မပြုံးနိုင်မီ ဆေးကြိုအိုး၏ ရောင်ဝါများ လျော့နည်းလာကာ ကွဲအက်သံ ကြားလိုက်ရပြန်သည်။
“ ဘာလဲ ... ။ ”
ထို့ကြောင့် ဆေးကြိုအိုးကို ပခုံးပေါ် ထမ်းကာ ပြန်၍ ခုန်တက်လိုက်ရ၏။ သွေး အလိမ်းလိမ်းဖြင့် ချောက်ကမ်းပါးနှင့် မီတာ တစ်ထောင်အကွာ၌ ရပ်တန့်သွားသည်။
“ ဒါက အဆင်မပြေဘူး ... ။ ”
သူတော်စင်စွမ်းအင် ကုန်ဆုံးသွားသဖြင့် ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်မှာ ပြန်လည် ပြုတ်ကျနေပြီ ဖြစ်၏။
ငုံ့ကြည့်နေသော သူတော်စင် သခင် နှစ်ပါးက လျင်မြန်စွာ ခုန်ဆင်းလိုက်တော့သည်။ နှစ်ယောက်သား လျှို့ဝှက် ရတနာများ ထုတ်ပြီး အမြန်ဖမ်းဆွဲကာ ခုန်တက်လိုက်ကြ၏။
“ ဒါက အရမ်းကြောက်ဖို့ ကောင်းတယ်။ ”
ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ထိတ်လန့် ကြောက်ရွံ့မှုဖြင့် ဖြူဖျော့ နေခဲ့သည်။
“ သက်တံဓားရဲ့ အထူးချွန်ဆုံး တပည့်က ဒီလိုပုံစံနဲ့ လူမသိ-သူမသိ သေဆုံးသွားရတာ သနားစရာပဲ။ ”
“ ဒီကောင်က သူ့ကိုယ်သူ ကာကွယ်ဖို့ ဝှက်ဖဲတွေ မရှိလောက်ဘူး မဟုတ်လား။ ”
ကျီးနက် သူတော်စင် သခင်မှ စိုးရိမ်စွာ မေးမြန်းလိုက်သည်။
“ မရှိလောက်ပါဘူး။ ”
ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က စွမ်းအင်အချို့ ပြန်လည်ရရှိသည်နှင့် အံကြိတ်ကာ၊
“ စိတ်ချနေ ... အုပ်စိုးရှင် သူတော်စင် လက်ရာတောင် သူ့အသက်ကို မကယ်နိုင်ဘူး။ ”
-ဟု ကျိန်ဆဲတော့၏။
ဤသည်မှာ နတ်ဘုရား ဖိအားဖြစ်ပြီး၊ သူတို့၏ ရတနာများပင် အချိန်အနည်းငယ် မျှသာ ခံပေမည်။
“ သူမှာ ခံနိုင်ရည်ရှိရင်တောင် သေရလိမ့်မယ်။ ”
ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ထပ်လောင်း ပြောကြားလိုက်မိသည်။ အသက် ဆုံးရှုံးလု နီးနီး ကြုံခဲ့ရသောကြောင့် မတည်ငြိမ်နိုင်သေးချေ။
“ နတ်သွေး သစ်သီးကို မရပေမယ့် အနည်းဆုံးတော့ ကပ်ဘေးတစ်ခုကို ဖယ်ရှား နိုင်လိုက်ပြီ။ ”
ကျီးနက် သူတော်စင် သခင်မှ နှစ်သိမ့် စကားပြောကြား၏။ တစ်ဖက်လူ၏ စွမ်းရည်မှာ အလွန် ကြောက်စရာကောင်းပြီး ကြီးမားသော ဖိအားများ ပေးစွမ်းသည်။
အမည်ခံ သူတော်စင်တစ်ပါး ဖြစ်သော်မှ ရပ်တန့်၍ မရဟူသော ခံစားချက်မျိုး ဖြစ်စေ၏။ သူတော်စင် ဖြစ်လာပါက မည်မျှ အစွမ်းထက် မည်ကို တွေးကြည့်၍ပင် မရချေ။
နောက်ဆုံးတွင် ဤနေရာ၌ သေဆုံးခြင်းသည် သူတို့အတွက် သတင်း ကောင်း ဖြစ်ချေ၏။
“ သွားကြရအောင် ... ဒီနေရာက ထူးဆန်းတာ တစ်ခု ရှိတယ်။ ”
ကောင်းကင်ဘုံ သူတော်စင်သခင်က ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် နတ်ဘုရားချိုင့်ဝှမ်း ကြီးကို ကျောခိုင်းလိုက်လေသည်။
ထိုအချိန်တွင် လင်းယွန်သည် အသက်ရှင်နေသေးသော်လည်း အခြေအနေ မကောင်းလှချေ။
ချောက်ကမ်းပါးမှ ခုန်ဆင်းမိသော အခါ ဓားသေတ္တာထဲ ဝင်ရန် တံဆိပ်ကို ဖွင့်လိုက်၏။ သို့သော် ဤချိုင့်ဝှမ်း၏ အန္တရာယ်များကို လျှော့တွက် နေမိချေပြီ။
မိုးပြာနဂါး နတ်ခန္ဓာ ကြောင့်သာ မဟုတ်သော် ဆွဲငင်အား တစ်ခုတည်းကပင် သူ့ကို သေစေနိုင်၏။
ကိုယ်လုံး ကိုယ်ပေါက်သည် နာကျင်မှုကို ခံနိုင်ရည်ရှိ သော်လည်း သူတော်စင် ရောင်ဝါမှာ နတ်ဘုရား ဖိအားကြောင့် အေးခဲသွားသည်။
နောက်ဆုံး အခိုက်တွင် အသက် မသေဆုံးခင် ကံကောင်းစွာဖြင့် တံဆိပ်ပွင့်ကာ ဓားသေတ္တာထဲ ပြုတ်ကျ သွားတော့၏။
တစ်ချိန်တည်းမှာပင် ဓားသေတ္တာက မြေပြင်ပေါ် ရောက်ရှိသွားပြီ ဖြစ်သည်။ လျှို့ဝှက် နယ်မြေရှိ လင်ယွန်မှာ ထိုအရှိန်ကြောင့် မြောက်တက် သွားခဲ့၏။
“ ဝေါ့ ... ။ ”
ပါးစပ်မှ သွေးများ အန်ထွက်နေစဉ် နယ်မြေသည် အချိန်မရွေး ပြိုကျတော့မည့် ကဲ့သို့ အက်ကြောင်းများ ပေါ်လာသည်။
“ ဒီကိုလာ ... ။ ”
ခရမ်းငယ်မှ လင်းယွန် ကော်လာစကို ဖမ်းကိုင်ကာ ဖီးနစ်သစ်ပင်ပေါ် ဆွဲခေါ်လိုက် လေသည်။
“ အဟွတ် ... ဟွတ် ... ။ ”
လျှို့ဝှက်နယ်မြေ တစ်ခုလုံး ပြင်းစွာ တုန်လှုပ်နေသော်လည်း ဖီးနစ်သစ်ပင်အောက်၌ တည်ငြိမ်နေ၏။ အံ့ဩစရာပေပင်။
“ ဘယ်လိုလဲ ... နင်ငါ့ကို မနာလိုဖြစ်နေတာလား။ ”
ခရမ်းငယ်မှ မျက်မှိတ်ပြလျက် ပြုံးလိုက်တော့သည်။
“ ဒီနယ်မြေ အက်ကွဲတော့မှာကို မင်းက ပြုံးနိုင်သေးတာလား။ ”
လင်းယွန်က စိတ်မသက်မသာဖြင့် ပြောကြားလိုက်သည်။
“ ဒါက ဖီးနစ်သစ်ပင်ပဲ ... သူရှိနေ သ၍ ဒီနယ်မြေ ပြိုကျမှာ မဟုတ်ဘူး ... အဲဒါကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကုသပါ။ ”
လင်းယွန်က ဖီးနစ်သစ်ပင်ကို ပြန်ကြည့် မိသောအခါ ဤနယ်မြေ တစ်ခုလုံးကို တည်ငြိမ် သွားအောင် လှိုင်းအချို့ ထုတ်ပေးနေမှန်း မြင်လိုက်ရ၏။
အချိန်အတော်ကြာ ပြီးနောက် အက်ကြောင်းများ ပြန်ပိတ်ကာ တုန်ခါမှုများ ငြိမ်သက်သွားသည်။
လင်းယွန်က အသက်ပြင်းပြင်းရှူကာ၊
“ မင်း အပြင်ထွက်ပြီး ငါနဲ့အတူ လိုက်ကြည့်ချင်သေးလား။ ”
-ဟု မေးလိုက်တော့၏။
***