← Chapters

ဗျပ်စောင်း တေးသံ။

Vol. 161 Ch. 2251

ဗျပ်စောင်း တေးသံ။

Vol. 161 Ch. 2251

ဓားသေတ္တာ လျှို့ဝှက် နယ်မြေမှ ထွက်လိုက်သော အခါတွင် တိမ်များ ဖုံးလွှမ်း နေသည့် ကောင်းကင်ကို မြင်လိုက်ရ၏။

ထို့အပြင် ဓားသေတ္တာ၌ အက်ကွဲကြောင်း များစွာ ရှိနေခဲ့သည်။ လက်သည်း ကုပ်ရာမျိုး ဖြစ်၏။

“ လူယုတ်မာ ... ဒီမှာကြည့် ... ။ ”

လင်းယွန် အတွေးများ လွင့်ပါးနေချိန်၌ ခရမ်းငယ် အပြင်ထွက်လာပြီး ပြောကြားလိုက် လေသည်။

“ အဲဒါ ဘာလဲ ... ။ ”

ဓားသေတ္တာပေါ်ရှိ ကုပ်ခြစ်ရာများကို ပြသနေခြင်းဖြစ်၏။ ခရမ်းငယ်က စိတ်လှုပ်ရှား နေပြီး အကြောင်း မပြန်နိုင်သေးချေ။

“ ပြန်ပြင်လို့ ရမလား။ ”

သူ့မေးခွန်းကြောင့် ခရမ်းငယ်က သက်ပြင်းတစ်ချက်ချကာ ခေါင်းမော့လျက်၊

“ ပြင်ဖို့က ပြဿနာ မဟုတ်ဘူး၊ ဒါပေမယ့် အချိန်တစ်ခုတော့လိုအပ်တယ် နောက်ဆုံးတော့ ငါတို့က နတ်ရူရ်နှစ်လုံးပဲ ရထားတာ … ။ ”

ဆွဲငင်အားနှင့် အာကာသ ဒဏ်ကြောင့် အက်ကြောင်းများကို ပြန်၍ပြုပြင်ရန် လွယ်မည် မဟုတ်ချေ။

“ အခြားနည်းလမ်း ရှိသေးလား။ ”

လင်းယွန်မှ မေးလိုက်သည်။

“ မရှိဘူး။ ”

မြေပြင်ပေါ်၌ အလောင်း (၁၀)လောင်းကို တွေ့ရှိလိုက်သည်။ သည့်ပြင် သူတော်စင်အဆင့် သားရဲ အလောင်းများကိုလည်း ပျံ့ကျဲစွာ မြင်နိုင်၏။

ကွယ်လွန်ပြီးနောက် ၎င်းတို့၏ တာအိုသည် ကောင်းကင်၌ စုရုံးခဲ့ပြီး၊ သူတော်စင်မူလများပင် မပျောက်ကွယ်သေးချေ။ မှောင်မိုက်သော ချိုင့်ဝှမ်းကို အလင်းရောင် ပေးစွမ်း၏။

“ သူတို့အားလုံးက ဒီမှာ ပိတ်မိပြီး သေဆုံးကုန်တဲ့ သူတော်စင်တွေပဲ ... ငါတို့ ဒီမှာ ပိတ်မိသွားပြီ။ ”

ခရမ်းငယ်မှ သက်ပြင်းချကာ မှတ်ချက် ပေးလိုက်သည်။ လင်းယွန်က ပတ်ဝန်းကျင်ကို ကြည့်ကာ လေးနက်သွား၏။

ဤနေရာတွင် ပိတ်မိနေခြင်းကြောင့် ပြဿနာ မရှိချေ။ သူတော်စင် ဖြစ်လာသည် အထိ ကြိုးစားချိန် ရ၏။

သို့သော် သူ့ ရည်ရွယ်ချက် နှစ်ခုအနက် ဆုစီယာကို ရှာဖွေရမည့် တာဝန် ပျက်ကွက် သွားနိုင်သည်။

“ နင် ငါ့ကို အပြစ်မတင်ဘူးလား။ ”

“ ဘာလို့ အပြစ်တင်ရမှာလဲ ... အနည်းဆုံးတော့ ငါတို့ အသက်ရှင်နေတယ် မဟုတ်လား ... ပြီးတော့ ငါတို့ဒီမှာ အတူ ရှိနေတာပဲ ပျင်းစရာ မကောင်းပါဘူး။ ”

“ ကောင်းပြီ ... ဒါဆို ငါတို့ ဘာလို့ ဒီမှာ မနေကြတာလဲ။ ”

ကြည်လင်သော အပြုံးဖြင့် ခရမ်းငယ်က လင်းယွန်ကို သံသယဝင်းကာ ပြန်ကြည့်လိုက် လေသည်။

“ နင့်ကို အကောင်းဆုံးဆိုတဲ့ ... ကိုယ်ခံပညာတွေ ငါသင်ပေးမယ် ... နှစ်တစ်ရာ ကုန်လွန်လို့ ... ဒီချိုင့်ဝှမ်းက ထွက်နိုင်တဲ့အခါ နင်က စွမ်းအားကြီးနေပြီ၊ ...

... နင့် ကျော်ကြားမှုတွေကို စွန့်ပြီး ... ပြင်ပကမ္ဘာရဲ့ ဖြစ်ပျက်နေတာကို လျစ်လျူရှုပါ၊ ဓားနတ်ဘုရား ဖြစ်ဖို့ပဲ အာရုံစိုက်။ ”

ခရမ်းငယ်မှ စုံစမ်းနေခြင်း ဖြစ်သည်။ သို့သော် လင်းယွန်က အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊

“ အင်း ... ဒါလည်း မဆိုးပါဘူး။ ”

-ဟု ခေါင်းညိမ့်ပြလိုက်၏။

ချိုင့်ဝှမ်း အလယ်တွင် ချောက်နက်ကြီး တစ်ခုထဲသို့ စိမ့်ဝင်နေသော ရေတံခွန်တစ်ခုကို တွေ့လိုက်ရသည်။

ယင်းသည် ထွက်လမ်း တစ်ခု ဖြစ်နိုင် သော်လည်း ထုတ်လွှတ်ထားသော ရောင်ဝါအရ သေဆုံးနိုင်ချေများ၏။

နောက်တစ်နေရာ၌ သူတော်စင်များပင် အရည်ပျော် သွားနိုင်သည့် ပွက်ပွက်ဆူနေသော ချော်ရည် စီးကြောင်းကြီး ရှိသည်။

“ သူတော်စင်တွေ အများကြီး စောင့်ဆိုင်းနေရင်းနဲ့ သေကုန်ကြတာကိုး။ ”

ချိုင့်ဝှမ်းအတွင်း လျှောက်လှမ်း နေလျက်မှ လင်းယွန်က မှတ်ချက်ချလိုက်သည်။ နတ်ခန္ဓာ အသက်သွင်းကာ ကောင်းကင်ပေါ် ခုန်တက် ကြည့်၏။

နတ်ခန္ဓာ အသုံးပြုကာ နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ကို အသက်သွင်းထား ခဲ့သည်။

“ ဝှစ် ... ။ ”

လေဟာနယ် အက်ကွဲကြောင်း အချို့ကို ရှောင်တိမ်းလျက် ပေတစ်ရာသိုသာ့ ရောက်ရှိပြီး ပြန်လည် ဆင်းသက် လိုက်ရသည်။

သူ့ကန့်သတ်ချက်သည် မီတာသုံးရာ ဖြစ်နိုင်၏။

“ မလွယ်ဘူး ... ။ ”

အသက်ပြင်းပြင်းရှူလျက် စွမ်းအင်များ ပြန်လည် ရယူလိုက်သည်။ လက်ရှိကျင့်ကြံမှုဖြင့် တက်မရ ​နိုင်​ချေ။

အတွေးပြောင်းကာ မိုးကြိုး လိပ်နက် သံကြိုးကို ချိတ်အဖြစ် အသုံးပြုလိုက်ပြီး နံရံပေါ် တွယ်တက်လိုက်၏။

မထူးမခြားချေ။ ပေတစ်ရာကျော်သာ တက်နိုင်ခဲ့သည်။ ပြန်လည် ပြုတ်ကျလာချိန်၌ ဒဏ်ရာများ ရရှိသွား၏။

ဆိုလိုသည်မှာ သူ့တွင် ထွက်လမ်း နှစ်လမ်းသာ ကျန်တော့သည်။ ချော်ရည်နှင့် ရေတံခွန်ဖြစ်၏။ နည်းလမ်း နှစ်ရပ်လုံးသည် အန္တရာယ်များ ချေပြီ။

“ အရင် အနားယူရအောင် ... ။ ”

လုပ်စရာ မရှိတော့သဖြင့် ထိုင်ချလိုက် လေသည်။ သုံးရက်အကြာ၌ သူတော်စင် ရောင်ဝါနှင့် ဓား ရည်ရွယ်ချက် ပြန်လည် ကောင်းမွန်လာသည်။

ဤနေရာသည် သူတော်စင် တာအိုများ ပြည့်နှက်နေပြီး ကျင့်ကြံရန် ပြီးပြည့်စုံသော အရပ် ဖြစ်​ချေ၏။

သို့သော် အနားယူပြီးဖြစ်ရာ ထရပ်လျက် လမ်းနှစ်သွယ်ကို ​စမ်းကြည့်ရန် ဆုံးဖြတ်လိုက် လေသည်။

ဦးစွာ လက်ကို ​​ချော်ရည်ပူများထဲသို့ ထည့်ကြည့်လိုက်သောအခါတွင် အသားများ ကြွေကျကာ အရိုးများသာ ကျန်ရှိတော့၏။

ပြန်ဆွဲ ထုတ်လိုက်ချိန်၌ အပြာရောင် နဂါးရောင်ဝါများ တောက်ပလာပြီး အသားများ ဖြည့်တင်းလေသည်။

အသက် ဆယ်ရှိုက်စာအတွင်း အကောင်း အတိုင်း ပြန်ဖြစ်လာ၏။ သို့သော် သူတော်စင် ရောင်ဝါ လွန်စွာကုန်ဆုံးပြီး ပင်ပန်းနွမ်းနယ် စေသည်။

“ ရူးမိုက် မနေနဲ့ ... ။ ”

ခရမ်းငယ်မှ မျက်ရည်များဝဲကာ ပြောကြားလာသည်။

“ ငါတို့မှာ နောက်ဆုံး တစ်လမ်းပဲ ရှိတော့တယ်။ ”

လင်းယွန်က သက်ပြင်းချကာ တုန်ပြန်လိုက်သည်။ ချောရည်များကို ခံနိုင်ပါက ဤနေရာမှ ထွက်ခွာ သွားနိုင်၏။ ယခုမူ ရေတံခွန်ကိုသာ ရွေးချယ်ရပေတော့မည်။

ရေစီးကြောင်းသည် ကြမ်းတမ်းပြီး နက်ရှိုင်းသော ချောက်ကမ်းပါးမှာ အောက်ခြေ၌ မည်းမှောင်နေ၏။

“ ဒီမှာ ရှိတဲ့ ရောင်ဝါက ကြောက်စရာ ကောင်းပေမယ့် နည်းလမ်းတစ်ခုတော့ ရှိနိုင် ပါတယ်။ ”

“ ဝှစ် ... ။ ”

လင်းယွန်က ကျောက်တုံးကြီး တစ်တုံးကို ပစ်ချလိုက်သောအခါ လျှို့ဝှက် ဆန်းကြယ်သည့် လက်ကြီးတစ်ဖက်က ပေါ်လာပြီး ကုပ်ယူချေမွ သွားလေသည်။

“ ဘာကြီးလဲ ... ။ ”

ထိုလက်သည် အရိုး အပြိုင်းပြိုင်းနှင့် အာကာသ စုပ်ဝဲများ ပါဝင်၏။ ဓားသေတ္တာကို ကုပ်ခြစ်ခဲ့သည်မှာ ဤလက် ဖြစ်ပေမည်။

“ ဓားသေတ္တာက အချိန်နဲ့ အာကာသ ရတနာတစ်ခုပဲ ... သူ့ကို နတ်ဘုရား အဆင့် ပစ္စည်းတွေ သုံးပြီး သွန်းလုပ်ထားတယ်၊ ဒါကြောင့် သူတော်စင် အထွတ်အထိပ် တွေတောင် ခြစ်ရာ မပေးနိုင်ဘူး။ ”

“ ဒါဆို ဒီလက်ကြီးက ... ။ ”

လင်းယွန်မှ မျက်မှောင်ကြတ်လျက် မေးလိုက်သည်။

“ ဒါနဲ့ပတ်သတ်ပြီး ... ထင်ကြေးတစ်ခု ရှိတယ်၊ ဒါပေမယ့် အဲဒါကို လောလောဆယ် မပြောတာ အကောင်းဆုံးပါပဲ။ ”

ခရမ်းငယ်က သူ့မေးခွန်းကို ရှောင်လိုက်သည်။ အရိုးစုလက်ကြီး၏ မူလမှာ ရိုးရှင်းပုံ မရခေျ။

“ ကောင်းပြီ စမ်းကြည့်ရအောင်။ ”

လင်းယွန်က ဆက်၍ မေးခွန်း မထုတ်တော့ဘဲ အသက် ပြင်းပြင်းရှူလျက် ခုန်ချလိုက်တော့သည်။

“ ဝှစ် ... ။ ”

ဆွဲငင်အားက သူ့အရှန်ကို ချက်ချင်း ဆွဲချတော့၏။ နဂါးသွေးများ လောင်ကျွမ်းကာ ကန့်သတ်ချက်အထိ တွန်းပို့လိုက်သည်။

သူ့ခန္ဓာကိုယ်မှ စူးရှ တောက်ပသော အလင်းတန်းများ ထွန်းလင်းလာပြီး သွေးများ ပွက်ပွက်ဆူ ကုန်၏။

သို့မှသာ ဆွဲငင်အားကို ပြေလျော့စေ၏။ အဆုံးတွင် အောင်မြင်သွားပြီ ဖြစ်သောကြောင့် ပျော်ရွှင်လာစဉ် အရိုးလက်သည်းကြီးက အမှောင်ထဲမှ ထွက်လာတော့သည်။

“ ခရစ် ... ။ ”

အငွေ့အသက်ဖြင့်​ပင် သူ့ဝိညာဉ် တုန်ယင်လာပြီး နတ်ခန္ဓာကိုယ် တဖြည်းဖြည်း ကွဲအက်သွားခဲ့၏။

“ ဝေါ့ ... ။ ”

ယင်းကြောင့် ဓားရည်ရွယ်ချက်ဖြင့် ပြန်လည်သိမ်းထုပ်လိုက်ရာ သွေးတစ်လုတ် အန်သွားသည်။

တုံ့ဆိုင်းမနေဝံ့တော့ဘဲ လက်ဝှေ့ယမ်းကာ မိုးကြိုး လိပ်နက် သံကြိုးများဖြင့် ရေတံခွန်ပေါ် ပြန်တက်ရန် ကြိုးစားလိုက်ရ၏။

“ ချွင် ... ချွင် ... ချွင် ... ။ ”

သံကြိုးများက မြွေများကဲ့သို့ ချောက်ကမ်းပါးကို ကိုက်ကာ အပေါ်သို့ ဆွဲခေါ် လေသည်။

“ ဒါလည်း အလုပ်မဖြစ်ဘူး။ ”

ထိတ်လန့်စွာဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ သို့သော် နတ်သွေး သစ်သီးကို ပေးအပ်ရမည် ဖြစ်သောကြောင့် အရှုံး မပေးလိုသေးချေ။

သည့်ပြင် ဆုစီယာကိုလည်း ရှာဖွေ ရပေဦးမည်။ ခုနစ်ရက် ကုန်လွန်ပြီးနောက် လင်းယွန် တစ်ယောက် ဒဏ်ရာများ ပြန်၍ ကောင်းမွန်လာသည်။

ထရပ်ပြီး ရေတံခွန်ရှေ့သို့ ထပ်မံ ရောက်ရှိလာခဲ့၏။ ဤတစ်ကြိမ်၌ ဓားသေတ္တာ နှင့်အတူ လာခဲ့ခြင်း ဖြစ်သည်။

“ နင် ... ထပ်ပြီး စဉ်းစားနေတာလို့ မပြောနဲ့ ... ။ ”

ခရမ်းငယ်မှ အံ့သြတကြီး ပြောကြားလာသည်။

“ ဟုတ်တယ် ... ငါလုပ်ကြည့် ရမယ်။”

လင်းယွန်က ခေါင်းညိတ်ပြ လိုက်သည်။ ဤဓားသေတ္တာသည် လက်သည်း ကုပ်ချက်ကို ခံနိုင်ရည် ရှိနိုင်၏။ ပျက်စီးခဲ့လျှင်ပင် သူ့ကို အန္တရာယ် ရှိစေမည် မဟုတ်ချေ။

“ သူက အနည်းဆုံး ... သုံးကြိမ်လောက် ပိတ်ဆို့နိုင်ပါလိမ့်မယ်။ ” ​​

ခရမ်းငယ်က လင်းယွန် အတွေးကို သိမြင်နေကာ တွေးဆဆဖြင့် ပြောကြား လိုက် လေသည်။ ဓားသေတ္တာပေါ်ရှိ ပျက်စီးသွားသော ရူရ်များမှာ ပြန်လည် ကောင်းမွန်နေပြီး ဖြစ်၏။

“ သုံးကြိမ်ပြီးရင် လုံးဝ ပျက်စီးသွား လိမ့်မယ်၊ ဖီးနစ်သစ်ပင်နဲ့ အုပ်စိုးရှင် နတ်ရူရ် နှစ်လုံးတောင် ပြုပြင်နိုင်မှာ မဟုတ်ဘူး၊ သူက နင်နဲ့အတူ အချိန်အကြာကြီး ဖြတ်သန်း ခဲ့ရတယ် ... ။ ”

ဓားသေတ္တာပေါ်ရှိ ခရမ်းငယ်၏ ခံစားချက်များသည် လင်းယွန်ထက် များစွာ လေးနက်ချေပြီ။

၎င်း၏ အထွတ်အထိပ် အချိန်အခါ၌ မြင့်မြတ်မြေ အုတ်မြစ်နှင့် ယှဉ်နိုင်ခဲ့သည်ကို သူမ ကိုယ်တွေ့ဖြစ်၏။

သို့သော် လင်းယွန်သည် ဤနေရာ၌ ပိတ်မိနေသည်။ ထို့ကြောင့် ဆန္ဒ မရှိလျှင်ပင် ဤစတေးမှုကို တားမြစ်မည် မဟုတ်ချေ။ သူမ အတွက် လင်းယွန်သည်သာ အဓိကဖြစ်၏။

“ ခဏလောက် စောင့်ကြည့်ရအောင် ... ။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ရပ်လိုက်သဖြင့် ခရမ်းငယ် တစ်ယောက် ဓားသေတ္တာကို ပွေ့ဖက်လျက် ပြုံးရွှင်လာတော့သည်။

ထိုအမူအရာသည် ချစ်စဖွယ် ကောင်းလွန်းသဖြင့် လင်းယွန် သည်ပင် ပြုံးလိုက်မိ၏။

“ ဒင် ... ။ ”

ထိုစဉ် ဗျပ်စောင်း သံများ ကြားလိုက်ရ၏။ ချောက်ကမ်းပါး အောက်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ၊

“ အောက်မှာ တစ်ယောက်ယောက် ရှိနေတယ်။ ”

-ဟု အော်ဟစ်လိုက်သည်။

တစ်စုံ တစ်ယောက်သည် ရေတံခွန်အောက်မှ ဗျပ်စောင်းတီးခတ်နေ၏။ ထိုတေးသံသည် ရင်းနှီးနေသောကြောင့် လင်းယွန်မျက်နှာ ပြောင်းသွားသည်။

“ ငါ ဂီတကို မကြိုက်ဘူး ... မင်းနဲ့ ကစားရတာ ကြိုက်တယ်၊ တိမ်လွှာဓား ဂိုဏ်းကို မကြိုက်ဘူး ... ဒါပေမယ့် မင်းနဲ့အတူ ဒီမှာ နေရတာ ကြိုက်တယ်၊ တခြား လူတွေကို ကျိုးကြောင်း ဆီလျော်အောင် ပြောဆိုဖို့ ...

... ငါစိတ်မဝင်စားဘူး ... မင်းဆီကတော့ ဖြေရှင်းချက်လိုချင်တယ် ... ဝိုင်သောက်ရတာ မကြိုက်ဘူး ... ဒါပေမယ့် မူးနေတဲ့ မင်းကို မြင်ရတာ သဘောကျတယ် ... ။ ”

ဤသည်မှာ ဆုစီယာ ဖြစ်၏။ သူမ သည်လည်း ဤနေရာတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်ပေမည်။

“ ဒါက ... ။ ”

ခရမ်းငယ်က ဗျပ်စောင်းတေးသံကို အသိအမှတ်ပြုခဲ့ပြီး ရေတံခွန် အောက်ခြေသို့ အပြေးအလွှား ငုံ့ကြည့်ကာ လက်သီးများ ဆုပ်လိုက်တော့သည်။

***

All Chapters