← Chapters

မင်္ဂလာပွဲ။

Vol. 161 Ch. 2254

မင်္ဂလာပွဲ။

Vol. 161 Ch. 2254

ဆုစီယာပြောသော စကားကြောင့် နားကြာများ မှားသလားဟု သံသယဝင်လာ တော့၏။

ဤအရာကို တစ်ကြိမ်မျှ အိပ်မက် မမက်ဝံ့ချေ။ ပျော်ရွှင်မှုမှာ အနှိုင်းမဲ့ချေ၏။

“ ဆုစီယာ ... ။ ”

“ မပြောနဲ့ ... မင်းဆန္ဒရှိ-မရှိပဲ ပြောပါ။ ”

ဆုစီယာက အေးတိအေးစက် အရိပ်အမြွက်ပြသည့် အကြည့်ဖြင့် ငေါက်ငမ်း လိုက်လေသည်။

“ ငါ ဆန္ဒရှိတယ်။ ”

လင်းယွန်ထံမှ သရဖူကိုယူပြီး ဆုစီယာ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ သူမက၊

“ ကောင်းပြီ ... ဒါကို ထိမ်းမြှားခြင်း လက်ဆောင်အဖြစ် မှတ်ယူလိုက်မယ်။ ”

ထိုအချိန်တွင် ကောင်းကင်မှ ပုံသဏ္ဍာန် တစ်ခု ဆင်းသက်လာ၏။ ယင်းမှာ ခရမ်းငယ် ဖြစ်လေသည်။

သူမက လင်းယွန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်ကာ မျက်ရည်များ စီးကျလာခဲ့သည်။ ထို့နောက် သူမကိုယ် သူမ မထိန်းနိုင်တော့ဘဲ၊

“ ငါ မနေချင်တော့ဘူး ... နင်က လူယုတ်မာပဲ ... ငါတို့အမြဲတမ်း အတူနေမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား။ ”

-ဟု အော်ဟစ် ငိုကြွေးတော့၏။

သူမကို စွန့်ပစ်လိုက်သည်ဟု ခံစားရပြီး၊ ငိုသံသည် ကြေကွဲဖွယ် ကောင်းကာ လင်းယွန် နှလုံးသားကို တင်းကြပ်သွားစေသည်။

ထို့ကြောင့် နှစ်သိမ့်ပေးချင်သော စိတ်ဖြင့် လှမ်းထွက်လိုက်၏။

“ ငါ လုပ်ပါရစေ။ ”

ဆုစီယာက ဟန့်တားသည်။ လင်းယွန်မှ သံသယဖြင့် သူမကို ကြည့်မိ၏။ ဆုစီယာသည် ခရမ်းငယ်ကို မြင်ချိန်၌ သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။

ယင်းကြောင့် ဆုစီယာ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး၊

“ အတိတ်မှာ သူ ဘာတွေလုပ်ခဲ့ပါစေ ... သူ့ကို မနာကျင်ပါစေနဲ့ ... ဒီတစ်သက် သူက ငါ ကာကွယ်ပေးချင်တဲ့ လူတစ်ယောက်ပါ။ ”

-ဟု ပြောကြားမိသည်။

ခရမ်းငယ်နှင့် သူ့ကြား ဆက်ဆံရေးသည် မိသားစုဝင် နီးပါး ဖြစ်နေ၏။

“ သူ မှန်တယ် ... နင်က လူယုတ်မာပဲ။ ”

ဆုစီယာက လင်းယွန်ကို လှည့်ကြည့်ကာ မှတ်ချက်ပေးသည်။ သို့သော် ဒေါသ မထွက်ဘဲ ပြုံးလျက်၊

“ ငါသူ့ကို ထိခိုက်အောင် မလုပ်ပါဘူး၊ နင်ဂရုစိုက်တဲ့ လူတွေမှန်သမျှကို ငါဂရုစိုက်မယ် ငါ့ကိုယုံ ... ။ ”

နောက်ဆုံးတွင် လင်းယွန်က လက်လွှတ်လိုက်ပြီး ခရမ်းငယ်ထံ သွားနေ သည်ကို ကြည့်နေလိုက်သည်။

ထို့နောက် ဆုစီယာက ခရမ်းငယ်ကို စကားတိုးတိုး ပြောကြားလိုက်ရာ အငိုတိတ် သွားကာ သံသယ မျက်ဝန်းနှင့် ပြန်ကြည့် လာခဲ့၏။

“ တကယ်လား ... ။ ”

ခရမ်းငယ်က မငိုတော့ဘဲ မေးသည်။

“ တကယ် ... ။ ”

ဆုစီယာက ခေါင်းညိတ် ပြလေသည်။ ထို့နောက် ပြုံးပြီး၊

“ ရှေးဦးခေတ်တုန်း ကတောင် မင်းလို ငိုနေတဲ့ ဖီးနစ်ငှက် တစ်ကောင်ကို ရှာတွေ့ဖို့ ... ခဲယဉ်းပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ခရမ်းငယ်မှ ရှက်ရွံ့လာကာ၊

“ ဘယ်တုန်းက ငိုလို့လဲ ... လေက အရမ်းတိုက်တော့ ​သဲတွေ ငါ့မျက်လုံးထဲကို ဝင်သွားတာပါ။ ”

-ဟု ငြင်းဆန်တော့၏။

“ လင်းယွန် ... ယောက်ျားတွေက အိမ်ထောင်ပြုလို့ရတယ် ... နင်တို့နှစ်ယောက်ရဲ့ ဧည့်သည်အဖြစ် ငါကူညီမယ်။ ”

ထို့နောက် ခရမ်းငယ်က ပြေးထွက် သွားတော့သည်။

“ ကောင်းပြီ ... အခု အဆင်ပြေပြီ ... ငါတို့မင်္ဂလာပွဲကို နတ်ဖီးနစ်တစ်ကောင်က ကောင်းချီး ပေးလိမ့်မယ်။ ”

“ မင်း သူ့ကို ဘာပြောလိုက်တာလဲ။ ”

လင်းယွန်က သိချင်စိတ် ပြင်းပြလာသည်။ ဆုစီယာက မျက်ဝန်းများ မှေးစင်းလျက် ပြုံး၏။

“ ဒါက လျှို့ဝှက်ချက်ပဲ ... ။ ”

လင်းယွန်ခမျာ ခေါင်းကုတ်လိုက်သည်။ ခရမ်းငယ်သည် အဘယ့်ကြောင့် မင်္ဂလာပွဲကို သတ်သေအဖြစ် စိတ်အားထက်သန် သွားရ သည်ကို တွေးဆနေမိ၏။

ထိုအချိန်တွင် ဆုစီယာ၏ လက်ဖဝါးက လင်းယွန်ကို ဆုပ်ကိုင်လာလေသည်။

“ သူက ငယ်သေးတယ် ... ဒါပေမယ့် ချစ်စရာ ကောင်းတယ် ... ဘာပဲဖြစ်​ဖြစ်​ သူက နင့်အနားမှာ အမြဲရှိ​နေလိမ့်မယ်။ ”

“ ဒါဆို ... မင်း သူ့ကို စတွေ့ချိန်တုန်းက ဘာလို့ ဒီလောက် သတ်ချင်ခဲ့ရတာလဲ ... ငါ့ကို ပြောပြနိုင်မလား။ ”

လင်းယွန်မှ မေးသည်။

“ ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး ... သူ့ရဲ့အဓိကခန္ဓာမှာ ကြောက်စရာ ကောင်းတဲ့ အပြစ်ကို မြင်လိုက်ရလို့ပဲ ... ။ ”

ဆုစီယာက အနည်းငယ် စဉ်းစားပြီးနောက်၊

“ သူက ... နင့်ကို အသုံးချနေမှာကို စိုးရိမ်ခဲ့တယ် ... ဒါပေမယ့် ငါအတွေးလွန်သွား ခဲ့တာ နေမှာပါ၊ နတ်ဆိုး တစ်ကောင်က ...

... ဘယ်လောက်တောင် ချစ်ဖို့ ကောင်းနိုင်လိုက်လဲ ... ဒီလိုငိုနေတဲ့ ဖီးနစ်လေး တစ်ကောင်ကို ရှာတွေ့ဖို့ မလွယ်ပါဘူး။ ”

ထိုစကားကိုကြားမှသာ လင်းယွန်က ပြုံးရယ်လိုက်တော့သည်။

“ အမှန်ပဲ ... ဒီလိုချစ်စရာ ကောင်းတဲ့ နတ်ဆိုးလေး ဘယ်မှာမှ ရှာလို့ မရနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီတစ်သက် သူ့ကို ...

... ကောင်းကောင်း ကာကွယ်ဖို့ ... ငါ စိတ်ပိုင်းဖြတ်ထားတယ် ဒါနဲ့ဘာလို့ ရုတ်တရက် လက်ထပ်ချင်လာရတာလဲ။ ”

လင်းယွန်မှ မေးသည်။ ဆုစီယာက လမ်းလျှောက်လျက်မှ၊

“ နင်ငါ့ကို ... ညည်းငွေ့သွားပြီလားလို့ ငါမေးတယ် မဟုတ်လား။ ”

“ အင်း ... မေးတယ်။ ”

လင်းယွန်က ခေါင်းညိတ်သည်။

“ ငါတို့ ဘယ်တော့မှ ... ပြန်မဆုံနိုင် တော့ဘူးလို့ ထင်နေတုန်းမှာ ... နင်ဒီနေရာကို ရောက်လာတာ။ ”

သူမ စကား ပြောနေစဉ် အသက်ရှူသံ မြန်လာ၏။ အေးစက်သောအသွင် ရှိသော်လည်း သူမ နှလုံးသားသည် နူးညံ့ချေပြီ။

“ တိမ်လွှာ ဓားဂိုဏ်းကနေ ... ပြန်လာပြီး တည်းက ... ငါစစ်မြေပြင်ကို သွားခဲ့တယ် နင့်ကို မကူညီနိုင်ခဲ့ဘူး ... ဘာပဲဖြစ်ဖြစ် ငါတို့ပိုသန်မာ လာတဲ့ တစ်နေ့ ပျော်ရွှင်ရမယ် မဟုတ်လား၊ ...

... ဒါပေမယ့် ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းထဲကို ပြုတ်ကျလာတဲ့အခါ ငါတုန်လှုပ် သွားမိတယ်၊ ဒီအတွေးက မှားနေလားပေါ့၊ ငါသာဒီမှာ ထာဝရ ပိတ်မိသွားရင် ... ဘာဆက်လုပ်မလဲပေါ့ ...

... အဲဒီနောက်မှာ ငါ့အတွေးတွေ ပြောင်းသွားတယ် ... တခြားလူတွေ ဘယ်လိုပဲ မြင်မြင် ငါစိတ်မဝင်စားတော့ဘူး ... မင်းငါ့ကို မယူချင်မှာပဲ ကြောက်လာမိတယ်။ ”

“ ငါ သဘော မတူရင် ဘယ်လိုလုပ်မလဲ။ ”

လင်းယွန်မှ မေးသည်။ ဆုစီယာက အနား တိုးကပ်လာပြီး၊

“ စမ်းကြည့်လိုက်လေ။ ”

-ဟု ပြောကြားလိုက်၏။

ထို့နောက် ဖြတ်ခနဲ လင်းယွန် နှုတ်ခမ်းကို ကိုက်ချလိုက်သည်။

“ ဒါဉပမာပဲ ရှိသေးတယ် ... လုံးဝ မစဉ်းစားတာ ပိုကောင်းတယ်။ ”

“ ငါမတွေးဝံ့ပါဘူး။ ”

လင်းယွန်က ပေါက်သွားသော နှုတ်ခမ်းကို တို့ထိကာ ကူကယ်ရာမဲ့စွာ တုန့်ပြန်လိုက်သည်။ ဆုစီယာက ခါယမ်းလျက်၊

“ မင်းမှာ စိတ်ပူစရာတွေ ရှိမှန်း ... ငါသိပါတယ် ... ဒါပေမယ့် ငါသူတို့ကို ကိုင်တွယ် ဖြေရှင်းပေးမှာမို့ ... စိတ်အေးအေးထားပါ။ ”

“ ဆုစီယာ ... မင်း ခရမ်းငယ်ကို ဘာပြောလိုက်တာလဲ။ ”

လင်းယွန်မှ အငိုက်ဖမ်းမေးသည်။ ဆုစီယာက ပြန်မဖြေချေ။ ယင်းအစား ခေါင်းစဉ် ပြောင်းသည်။

“ ငါက ပြဿနာတိုင်းကို ... ရှောင်ပြေး တတ်သူ မဟုတ်ဘူး ... ယွဲ့ဝေဝေကို ငါသိတယ်၊ တိမ်လွှာဓား ဂိုဏ်းကနေ ထွက်ပြီး ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်မှာ ... သူမနဲ့ ဆုံတယ်၊ ...

... နဂါပြာ မှတ်တမ်းကို ငှားဖို့ သုံးကြိမ် တိုက်ခဲ့ရတယ် ... ပထမ အကြိမ်မှာ ဂီတတာအို ... ငါ အနိုင်ရခဲ့တယ် ... ဒုတိယ အကြိမ်မှာ အက၊ ငါ ... အရှုံးပေးလိုက်ရတယ်။ ”

“ တတိယ အကြိမ်ရော ... ။ ”

လင်းယွန်မှ စိတ်ဝင်စားလာ၏။

“ တတိယ အကြိမ်မှာ ... ငါသူ့ကို ရွေးချယ်ခွင့် ပေးခဲ့တယ်၊ ဒါပေမယ့် ... သူက တွေးတောပြီး ငါ့ကို အနိုင်ပေးလိုက်တယ်။ ”

“ ဒါဆို ... မင်းနဲ့ တွေ့ခွင့်ရတာ ငါ့အတွက် ကံကောင်းစေတာပေါ့။ ”

“ ဒါတော့ သေချာတယ် ... ။ ”

လေးနာရီကြာပြီးနောက် ခရမ်းငယ်က ကျွန်းတစ်ခုလုံးကို ပန်းပွင့်များဖြင့် အလှဆင် ခဲ့ပြီး ဖြစ်သည်။

ရှေးဟောင်း သစ်ပင် တစ်ဝိုက်ရှိ မြက်ခင်းပြင်အပေါ် သန့်ရှင်းရေး ပြုလုပ်ကာ ပွင့်ချပ်များကို လေထဲပျံဝဲစေ၏။

လေထုအလယ် ပန်းများ အေးခဲပြီးနောက် လက်ညှိုး ညွှန်လိုက်ရာ ရှေးဟောင်း သစ်ပင်က ငြိမ်းချမ်းသော အရိပ်အယောင်များ ထွက်လာသည်။

သည့်အပြင် ခရမ်းရောင် သလင်းကျောက်များ ပျံဝဲလျက် မှိန်ဖျော့သော အဆင်းသဏ္ဍာန်များ ထုတ်လွှတ်စေရာ အိပ်မက်ဘုံ ကဲ့သို့ ခမ်းနားလာ၏။

“ လာ ... ။ ”

ခရမ်းငယ်က လင်းယွန်နှင့် ဆုစီယာကို လှမ်းခေါ်ကာ ပန်းသရဖူ တစ်ခုစီ ကမ်းပေး၏။ ယင်းကို ဖီးနစ်သစ်ကိုင်းများဖြင့် ပြုလုပ်ထား သောကြောင့် လင်းယွန်မှ အံ့ဩသွားသည်။

“ ငါက ဖီးနစ်မျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး ဧကရီပဲ၊ သမုဒ္ဒရာ(၄)စင်း၊ ပျက်သုဉ်းမြေ(၈)ပါး၊ ကောင်းကင် (၃၆)လွှာနဲ့ ကမ္ဘာမြေ (၇၂)ခုကို ပိုင်စိုးတယ် ... ဒီနေ့ ငါတို့မှာ၊ ...

... ချစ်ဇနီးမောင်နှံ တစ်စုံ ရှိတယ် ... သက်သေအဖြစ် ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီဖြစ်တဲ့ ငါက ...

... ဦးဆောင် လက်ထပ်ပေးမယ် ... လင်းယွန်နဲ့ ဆုစီယာ အကြင်လင်မယား အဖြစ် ပေါင်းသင်းဖို့ ဆန္ဒရှိသလား။ ”

“ ရှိပါတယ်။ ”

ဆုစီယာက ပန်းသရဖူကို ပြုံးပြီး လင်းယွန်ခေါင်းပေါ် တင်ပေးလိုက်တော့သည်။ လင်းယွန်မှလည်း ပြန်လည် ပေးအပ်လာ၏။

မိတ်ဆွေ အပေါင်းအသင်း မပါသော်မှ ဖီးနစ်တစ်ကောင်မှ အခမ်းအနားကို ကျင်းပပေး နေခြင်းဖြစ်သည်။ ရိုးရှင်းစွာ ပြီးဆုံးသွား၏။

ပန်းသရဖူကို ခေါင်းပေါ် အပြန်အလှန် တင်လိုက်သည်နှင့် ထာဝရ ချည်နှောင်ခံလိုက် ရသကဲ့သို့ ခံစားရစေ၏။

“ မိုးမြေ ရှိခိုးပါ ... ။ ”

“ ..... ။ ”

“ လူကြီးတွေကို ရှိခိုးပါ ... ။ ”

“ ..... ။ ”

ဤကဏ္ဍရောက်ချိန်၌ နှစ်ယောက်သား ပြန်ကြည့်မိသည်။ ယင်းကြောင့် ခရမ်းငယ်မှ ပွဲစတည်းက လေထဲ ပျံဝဲနေခြင်း ဖြစ်နိုင်၏။

“ နင်တို့ ဘာတွေ ကြည့်နေတာလဲ ... နင်တို့မှာ မိဘတွေ မရှိရင် ... ငါ့ကိုကန်တော့ပါ၊ ငါအသက်က တစ်သိန်းကျော်နေပြီ ... ဘိုးဘေး နေရာကိုတောင် ယူနိုင်တယ် မြန်မြန်လုပ်ကြ ... နင်တို့ အိမ်ထောင် မပြုချင်တော့ဘူးလား။ ”

လင်းယွန်နှင့် ဆုစီယာက ကူကယ်ရာမဲ့စွာဖြင့် ခရမ်းငယ်ကို ကန်တော့ လိုက်ရလေသည်။

“ မဆိုးဘူး ... မဆိုးဘူး။ ”

ခရမ်းငယ်မှ ကျေနပ်သွား၏။

“ တတိယ အစီစဉ်အရ ... အယ် ... နေဦး ဘာဆက်လုပ်ရမလဲ။ ”

ခရမ်းငယ်က ခေါင်းကုတ်ကာ ရပ်သွားသည်။

“ သတို့သမီး အခန်းကို ဝင်ပါ။ ”

လင်းယွန်မှ သတိပေးလိုက်၏။

“ အိုး ... ဟုတ်တာပေါ့ ... နင်မှန်တယ်၊ မင်္ဂလာမောင်နှံ ... သတို့သမီး အခန်း ဝင်ပါ။ ”

ခရမ်းငယ်က ပြုံးလျက် ကြည့်နေသဖြင့်၊

“ ဒါက ... မင်းလို ကလေးတွေ ကြည့်သင့်တဲ့ အရာမဟုတ်ဘူး။ ”

ဆုစီယာက လက်ကို ဝှေ့ယမ်းပြီး ခရမ်းငယ်ကို တွန်းထုတ်လိုက်တော့သည်။ ခရမ်းငယ် ပြန်ကြည့်လိုက်သော အခါ၊ သူမ ပြင်ဆင်ထားသည့် သတို့သမီးအခန်းတွင် ငလျင်အသေးစား လှုပ်ခတ်သွား၏။

“ ဟမ့် ... ငါကလေး မဟုတ်တော့ဘူး၊ ဒါကိုသင်ယူချင်တာကိုး ... ဘယ်လောက်တောင် တွန့်တို နေလိုက်လဲ။ ”

***

All Chapters